အခန်း (၂၈၇)
Vol. 20 Ch. 287
အန်ဒရူးသည် ရေပူစမ်းမြို့တွင်ရှိသည့်နံပါတ်၁လူငယ်စစ်သည်ကို ကြောက်လန့်ပုံရပြီး သူသည် ဤလူငယ်အား ကောင်းမွန်စွာသိရှိသည်။ ထို့ကြောင့်အကြောင်းရာတစ်စုံတစ်ရာကို ဖုံးကွယ်ထားရဲခြင်းမရှိပေ။
“အကို အကိုတိုလီမီမိသားစုရဲ့ဂုဏ်သိက္ခာကိုကာကွယ်မှရမယ်။ ဒီသောက်ဘုရင်က ကျွန်တော့ကို ဒဏ်ရာရအောင်လုပ်ပြီး အကို့ရဲ့ညီနှောင်ရဲဘော်တွေကိုလဲဒဏ်ရာရအောင်လုပ်ခဲ့တာပဲ။ အဲ့ကောင်က ကျွန်တော်တိ့မိသားစုရဲ့ဂုဏ်သိက္ခာကိုချနင်းဖို့ပြင်နေတာပဲ။” ဒဏ်ရာရရှိနေသည့်လူလန်သည် စစ်သသည်နှစ်ယောက်မထူပေးနေရာမှ ကုန်းရုန်းထရင်းဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
“ထွီ မင်းသောက်သုံးမကျတဲ့ အမှိုက်သရိုက်ပဲ။ ဂုဏ်သရေဆိုတာက ဓားတွေကို၀ှေ့ရမ်းပြီးတိုက်ပွဲတွေတိုက်ခိုက်မှ ရရှိလာတဲ့အရာကွ။ မင်းလို မိန်းမတွေရဲ့အတွင်းခံအောက်မှာ ရှာရတဲ့ဟာမဟုတ်ဘူး။ “ ဒိုင်လီမှာ သူ၏ညီဖြစ်သူ လူလန်၏စရိုက်နှင့်ပတ်သက်ပြီး သိပ်သဘောကျသည့်ပုံမရချေ။ သူလူလန်အား ပြန်လည်အော်ဟစ်ကာ ကျိမ်းမောင်းလိုက်သည်။ သို့သော် သူထိုကဲ့သို့ပြုမူပြီးသည့်အချိန်တွင် ဖှေးဘက်သို့လှည့်လိုက်ပြီး မာနထောင်လွှားသည့်အသံနေအသံထားဖြင့်ပြောလိုက်သည်။ “ဒါပေမယ့် ချမ်းဘော့ဒ်ဘုရင် အဲ့ကောင်က လူလန်ကို ဒဏ်ရာရအောင်လုပ်ခဲ့တာပဲ။ တိုလီမီမိသားစု၀င်တစ်ယောက်ကို အဲ့လိုဖြစ်အောင်လုပ်တဲ့လူကို အရှင်ထားမှာမဟုတ်ဘူး။ အဲ့တာကြောင့်အဲ့ကောင်ကို ငါတို့ကို လွှဲပေးတာကောင်းမယ်။”
“ဟားဟား ဟာသပဲ သူက ငါရဲ့ပထမဆုံးတပည့်ပဲ။ မင်းညီကိုသူကသတ်ခဲ့ရင်တောင်မင်းဘာလုပ်နိုင်မှာ မို့လို့လဲ။ မင်းက ငါ့စီကနေရာဇ၀တ်သားကိုလာတောင်းနေတာဟုတ်လား။ ငါလဲမင်းစီကနေရာဇ၀တ်ကောင်တွေကို ပြန်တောင်းလိုက်မယ်။ ငါ့တပည့်ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့လူတွေကို ငါ့ဆီလွှဲပေးလိုက်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ငါကမင်းတို့တိုလီမီမိသားစုတင်မကဘူး လေမြန်တပ်ဖွဲ့နဲ့တိုက်ခိုက်ရမယ်ဆိုရင်တောင် တိုက်ခိုက်ဖို့၀န်လေးနေမှာမဟုတ်ဘူး။”
ဖှေး ပြန်လည်ပုတ်ခတ်လိုက်သည်။
“မင်း...” ဒိုင်လီမှာ ဒေါသဖြစ်သွားသည်။ သူ၏မီးစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ်၀န်းရံလာပြီး သူသည် ငရဲပြည်မှနတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။ “တိုလီမီမိသားစုတောင်မကပဲ လေမြန်တပ်ဖွဲ့နဲ့တောင်တိုက်ခိုက်ရဲတယ်ဟုတ်လား။ အတော်မာနထောင်လွှားနေတဲ့ ဘုရင်လေးပဲ။ မင်းကိုယ့်နေရာကိုယ်မသိသေးဘူးပဲ။ အေးအဲ့တာဆိုရင်လဲမင်းမှာ ဘာအစွမ်းရှိလဲ ကြည့်ရသေးတာပေါ့။ မင်းက ရွှေရောင်နေမင်းသူရဲကောင်းဆူတွန်ကို ဘယ်လိုအနိုင်ယူခဲ့လဲဆိုတာ...”
“ဟားဟား ဒီလောက်စကားတွေအများကြီးပြောပြီးမှ မင်းက မင်းကိုယ်မင်းစိတ်ကျနပ်ဖို့အတွက်ငါ့ကိုလာပြီးစိန်ခေါ်နေတဲ့ပုံပါပဲ။ မင်းက ရွှေရောင်နေမင်းသူရဲကောင်းဆူတွန်ထက်ပိုပြီးအစွမ်းထက်ကြောင်းကို သက်သေပြချင်နေတာလား...” ဖှေးရယ်မောလိုက်သည်။ “အဲ့လိုဆိုရင်တော့ ငါ့မှာမင်းကို နည်းနည်းလောက်အထင်သေးရုံကလွဲပြီးရွေးချယ်စရာရှိမှာ မဟုတ်ဘူး။ ကောင်းပြီးလေး မင်းကိုအခွင့်ရေးတစ်ခုပေးလို့လဲ ငါ့အတွက် ဆုံးရှုံးစရာတော့မရှိပါဘူး။ တစ်ချက်ပဲ...မင်းငါ့ရဲ့တိုက်ခိုက်မှုတစ်ချက်ကို ခံနိုင်တယ်ဆိုရင် မင်းက ခရစ်-ဆူတွန်ထက်သန်မာတယ်လို့ငါအသိမှတ်ပြုပေးမယ်။”
ဖှေးပြောအပြီးတွင် မြေပြင်ပေါ်သို့ခြေစောင့်ချလိုက်သည်။
ဤကဲ့သို့ရိုးရှင်းသည့်ရွေ့လျားမှုတစ်ခုနှင့်အတူ မယုံနိုင်စရာကောင်းသည်ပင့်အားတစ်ခုကလိုက်ပါလာ၏။ မုန်တိုင်းထန်နေသည့် ပင်လယ်ပြင်ကဲ့သို့သော မမြင်နိုင်သည့်စွမ်းအားများသည်လည်း သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ပေါ်ပေါက်လာတော့သည်။ လေထုသည် သိပ်သည်းလားပြီး မရဏနွံအိုင်တစ်ခုကဲ့သို့ ဖြေးညင်းစွာဖြင့်စီးဆင်းနေတော့သည်။ ဆံပင်အပြာရောင်နှင့် ဒါလီကိုပို၍အံ့သြစေသည်မှာ ချမ်းဘော့ဒ်ဘုရင်၏အနောက်တွင် မီတာ၁၀၀ခန့်မြင့်မားသည့် နတ်ဘုရားရုပ်တုပုံသဏန်တစ်ခုပေါ်လာသည်ကို ရေးတေးတေးမြင်နေရခြင်းပင်။ နတ်ဘုရားရုပ်တု၏အသေးစိတ်အချက်လက်များကို မြင်ရခြင်းမရှိပေ။ ထို့ကြောင့်သူသည် တိုက်ပွဲတူကြီးတစ်ချောင်းကို ကိုင်ထားသည့်နတ်ဘုရားရုပ်တုတစ်ခုကိုသာမြင်တွေ့နေရသည်။ ခြေဆုံးခေါင်းဆုံးမှ နေရာတိုင်းတွင် လွှမ်းမိုးသည့်အရှိန်၀ါများကို ထုတ်လွှတ်နေလျှက်ရှိသည်။
“ဒီငါ့ရဲ့သိုင်းကွက်ကို ကောင်းကင်လက်သီးလို့ခေါ်တယ်ကွ...”
ဖှေးအရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏လက်သီးနှစ်လုံးကို လျှပ်စီးကဲ့သို့ လျှင်မြန်စွာဖြင့် ဆက်တိုက်ထိုးလိုက်သည်။ ကြည်လင်သောအရောင်ရှိသည့် လက်သီးရာများသည် ရုတ်တရက်ပေါ်ပေါက်လာပြီး တစ်ခုနှင့်တစ်ခုပေါင်းစီးလျှက်ရှိပြီး ကြီးမားသည့်လက်သီးရာကြီးတစ်ခုကို ဖန်တီးလျှက်ရှိသည်။ လက်ချောင်းတစ်ချာင်းခြင်း၊ အဆစ်တစ်ခုခြင်း၊ မျဥ်းကြောင်းတစ်ခုခြင်းစီနှင့် သွေးကြောများကိုပင် ထိုလက်သီးရာပေါ်တွင် ထင်ရှားစွာဖြင့် မြင်တွေ့ရလျှက်ရှိသည်။ လက်သီးများသည် သူတို့ထဲတွင် အသက်၀ိညင်များစီးဆင်းနေသည့်အတိုင်းပင်။
ရေပူစမ်းမြို့တွင်ရှိသည့်လူငယ်မျိုးဆက်များထဲမှ နံပါတ်၁စစ်သည်ဖြစ်သည့် ဒါလီသည် မျက်မှောင်ကြုံ့လိုက်မိသည်။
တောက်ပသည့်လက်သီးရာများလေထုထဲတွင် ပေါင်းစီးနေခြင်းမှ သူတစ်ခါမှမကြုံတွေ့ဖူးသည့် ဖိအားကိုခံစားရလျှက်ရှိသည်။ သူ၏ရန်သူ၏ခွန်အားသည် သူမျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေ၏။
“မီးအတွင်းအားအထူးသိုင်းကွက်....သားရဲဘုရင်ရဲ့ အသက်ရှူသံ...”
ဒါလီသူ၏အစွမ်းထက်ဆုံးသိုင်းကွက်ကို ထုတ်သုံးလိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ကို ၀န်းရံနေသည့်မီးတောက်များမှာ ကြက်သွေးရောင်မှလိမ္မော်ရောင်အဖြစ်သို့ စတင်၍ပြောင်းလဲလာကြတော့သည်။ ကြောက်မက်ဖွယ်အပူချိန်ပြောင်းလဲမှုမှာ သူ၏ပတ်၀န်းကျင်တစ်၀ိုက်ကိုပင်အရည်ပျော်စေ၏။ ရက်စက်ကြမ်းကြုတ်သည့် သားရဲကောင်အရိပ်များသည် မီးတောက်များထဲမှ ရံဖန်ရံခါထွက်ပေါလာလျှက်ရှိသည်။ ထိုသားရဲကောင်များသည် ပြိုင်တူဟိန်းဟောက်လိုက်ကြပြီး ချိုများနှင့်တောင်ပံခြောက်ခုပါရှိသည့် သားရဲဘုရင်ကောင်အဖြစ်သို့ပေါင်းစီးသွားကြ၏။ ဒါလီအား၀န်းရံနေသည့်မီးတောက်စွမ်းအင်များမှာလည်း သားရဲဘုရင်ထံသို့ စီး၀င်သွားသည်။ ရေပူစမ်းမြို့တော်တွင်ရှိသည့် ထိပ်တန်းသိုင်းသများတစ်ယောက်အနေဖြင့် ဒါလီသည်ဖှေးထံသို့ စတင်ကာ ပြေး၀င်သွားတော့သည်။ မီးတောက်သားရဲဘုရင်သည်လည်း သူ၏အတောင်ပံများကို ခတ်ကာ ဒါလီ၏ ဘေးမှပျံသန်းလိုက်ပါလာလျှက်ရှိသည်။
မီးတောက်သားရဲ၏အသက်ရှူသံမှာ အလွန်အစွမ်းထက်သည့်အတွင်းအားစွမ်းအင်သိုင်းကွက်တစ်ခုဖြစ်သည်မှာ ထင်ရှားသည်။ စွမ်းအားပင်ဆိုစေ၊ ဖျက်ဆီးနိုင်မှုနေရာတွင်ဆိုစေကာမူ ဤသိုင်းကွက်မှာ ရွှေရောင်နေမင်းသူရဲကောင်းဆူတွန်၏ သိုင်းကွက်ထက်နိမ့်ကျခြင်းမရှိလှချေ။ ရေပူစမ်းမြို့မှ သိုင်းဆရာတစ်ယောက်၊ လေမြန်တပ်ဖွဲ့မှခေါင်းဆောင်တစ်ယောက်၊ တိုလီမီမိသားစု၏အမွေဆက်ခံသူတစ်ယောက်အနေဖြင့် သူ့ထံတွင် မာနထောင်လွှားရန်အတွက် အကြောင်းပြချက်လုံလုံလောက်လောက်ရှိသည်ဖြစ်သည်။
“ကောင်းတယ်..”
ဖှေးချီးမွမ်းလိုက်ပြီး အသက်ရှူထုတ်လိုက်သည်။ ထို့နောက်တွင် သူ၏လက်သီးကိုလည်းပစ်လွှတ်လိုက်တော့သည်။
“၀ုန်း..”
ကောင်းကင်နှင့် မြေကြီးပါတုန်ခါသွားသည်။ သူ၏ရှေ့တွင်ရှိနေသည့် စိန်တစ်လုံးကဲ့သို့ ကြည်လင်ကတောက်ပနေသည့်လက်သီးရာကြီးသည် ရွေ့လျားသွား၏။ ကောင်းကင်အားပိုင်းဖြတ်ကာ၊ ဥက္ကာပြန်တစ်ခုကဲ့သို့ပင် အဟုတ်စွမ်းအားကြီးမားပြီး မြေပြင်ကို တုန်ခါစေသည်။
နောက်အခိုက်တန့်တွင် ဒါလီပစ်လွှတ်လိုက်သည့် အတောင်ပံခြောက်ခုပါ မီးတောက်သားရဲဘုရင်နှင့် တောက်ပသည့်လက်သီးရာတို့တွေ့ဆုံံလိုက်ကြတော့သည်။ ပေါက်ကွဲစေသည့်စွမ်းအင်မှာ ကမ္ဘာတစ်ခုလုံးကိုပင် ကိုင်လှုပ်လိုက်သကဲ့သို့ပင်။ အန်ဒရူးနှင့် တစ်ခြားလူများသည် အသံတစ်ခုတည်းဖြင့်ပင် သူတို့နားစည်များပေါက်ကွဲသွားသလိုခံစားလိုက်ရ၏။ တစ်ခြားသာမန်စစ်သည်များဆိုလျှင်မျက်လုံးများမှပင် သွေးများယိုစီးကျလာတော့သည်။
အနိုင်အရှုံးသည်ဤအခိုက်တန့်တွင် သဲကွဲတော့မည်ဖြစ်သည်။
အတောင်ပံ၁၆ခုနင့် မီးတောက်သားရဲမှာ မီးမှုတ်ရန်ပင်အခွင့်ရေးမရရှိလိုက်ချေ။ ၄င်း၏ကြီးမားသည့်ခန္ဓာကိုယ်ကြီးသည် လက်သီးရာကြီး၏ထိုးဖောက်ခြင်းကိုခံလိုက်ရ၏။ မီးတောက်များသည် ဘေးပတ်၀န်းကျင်သို့လွှင့်စင်သွားပြီး လက်သီးရာကြီးသည်လည်း ဒါလီထံသို့ ဦးတည်သွားတော့သည်။
“ဟာ...” ဒါလီ၏ မျက်နှာမှာ ပြောင်းလဲသွားတော့၏။