အခန်း (၂၉၀)
Vol. 20 Ch. 290
အ၀ေးတွင်ရပ်နေသည့် ဒါလီမှာတိတ်ဆိတ်ကာ ကျက်သေသေနေ၏။
“ဒီချမ်းဘော့ဒ်ဘုရင်က...သူကသိုင်းဆရာတစ်ယောက်ဖြစ်ပြီး မှော်အစွမ်းကိုလည်းအသုံးပြုတတ်တာလား။ စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်လဲဖြစ်ပြီးတော့ သန်မာတဲ့မီးမှော်ဆရာတစ်ယောက်လာား။ ဘယ်လိုတောင်လဲ။ သူက ဘယ်လောက်တောင်အစွမ်းထက်တာလဲ။ သူကအသက်ငယ်ငယ်လေးနဲ့ ဒီအဆင့်ထိတောင်ရောက်နေပြီလား။ နောက်ပြီး သူမှော်အစွမ်းသုံးတုန်းကလဲ အတော်အေးဆေးတဲ့ပုံပဲ။ ဂါထာမန္တာန်တွေလဲ ရွတ်စရာမလိုပါလား။ သူက ဘယ်လောက်တောင်အစွမ်းထက်တာလဲ။ “ သူတွေးလိုက်မိ၏။
ဒါလီသည် သူ၏တွေးခေါ်နိုင်မှုအစွမ်းများအားလုံးပျောက်ဆုံးသွားပြီဖြစ်၏။ ရန်သူ၏ခွန်အားသည် သူ့အား အားနည်းပြီးစွမ်းအားကင်းမဲ့သွားသလိုခံစားရစေ၏။ အခိုက်တန့်တစ်ခုအကြာခန့်ဒါလီသည် ကြယ်အသစ်တစ်လုံးတောက်ပလာသည်ကို မြင်တွေ့လိုက်ရသည့်အတိုင်းပင် ဂုဏ်ယူသည့်ခံစားချက်ကို ခံစားလိုက်ရသည်။
“ငါတို့လာတဲ့နေရာကိုပဲ ပြန်သွားကြရမှာပေါ့...ယော့ခ်၊ တီနာနဲ့ တစ်ခြားလူတွေရဲ့သန့်စဥ်တဲ့၀ိဉာဥ္တ်တွေကို အနားယူစေလိုက်ပါတော့။ ဖှေးသည် အတောင်တန်စွမ်းအားကြီးသည့်လူတစ်ယောက်ဖြစ်သော်လည်း အားလုံးကိုမူမကယ်တင်လိုက်နိုင်ချေ။
မျက်ရည်ပူများသည် အစ်ဇာနီ၏ မျက်နှာပေါ်တွင် ထက်မံ၍စီးဆင်းလာ၏။
မီးတောက်သည် သူ၏မိသားစုနှင့် သူငယ်ခြင်းများကို ၀ါးမျိုသွားသည်ကိုကြည့်ရင်းဖြင့် သူ၏နှလုံးသားသည်လည်းမာကြောလာသကဲ့သို့ခံစားလိုက်ရသည်။ သူ၏ရှေ့တွင်ရပ်နေသည့် လူမှလွှဲ၍ သူ၏နှလုံးသားကိုကုစားပေးနိုင်မည့်သူမရှိတော့ချေ။
“ဟမ်...” ဖှေး၏မျက်နှာအမူရာသည်ရုတ်တရက်ပြောင်းလဲသွား၏။
သူသည် လူရိုင်းဇာတ်ကောင်အဖြစ်သို့လျှင်မြန်စွာပြောင်းလဲလိုက်ပြီး လေပေါ်သို့ခုန်ပျံလိုက်သည်။ သူသည် ထောင်လှည်း၏အရှေ့သို့ရောက်သွားပြီး ရိုက်ဖွင့်လိုက်သည်။ မီးတောက်များအထဲသို့ပြေး၀င်သွားပြီးသည့်နောက်တွင် သူသည်ပိန်ပါးသည့် ကလေးလေးယောက်ကိုသယ်ဆောင်ကာ ပြန်ထွက်လာခဲ့၏။
“ကလေး လေးယောက်ကအသတ်ရှင်နေတုန်းပဲလား...”
ဖှေးပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ကုသခြင်းအစွမ်းကိုအသုံးပြုလိုက်သည်။
မြင့်မြတ်သည့်ရွှေရောင်စွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါ်ထွက်လာပြီးကလေးလေးယောက်ကိုလွှမ်းခြုံလိုက်၏။ ဤအခိုက်တန့်တွင် ဖှေးသည် အလွန်ကြင်နာတတ်ပြီးနတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူသည် ကလေးလေးယောက်ကို ကောင်းချီးပေးနေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်ဖြစ်ပြီး သေခါနီးဖြစ်နေသည့်ကလေးလေးယောက်သည်မကြာမှီမှာပင် အသက်ပြန်ရှူလာကြပြီး မျက်နှာများသည်လည်း ပြန်လည်ကာ သွေးရောင်သန်းနေပြီဖြစ်သည်။
“ဟာ တော်သေးတာပေါ့...ကာ၀ါနီ၊ မိုက်ကယ်၊ ဂွန်ဇာ၊ ဒေးဗစ်.တော်သေးတယ်။ သူတို့အသက်ရှင်နေတုန်းပဲ။..” ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အစ်ဇာနီသည်အလွန်ပျော်ရွှင်သွား၏။
လွန်ခဲ့သည့်သုံးနှစ်လုံး ဤမိဘမဲ့ကလေးများသည် သူ၏မိသားစု၀င်ကဲ့သို့ပင်။ သူသည် တစ်ယောက်တည်းသောအသတ်ရှင်ခဲ့သူဖြစ်ပြီး ဤလက်စားချေမှုခရီးကို တစ်ယောက်တည်းလျှောက်လှမ်းရတော့မည်ဟု ထင်မှတ်ခဲ့သော်လည်း သူ၏သူငယ်ချင်းလေးယောက်လဲ အသက်ရှင်နေဦးမည်ဟုလုံး၀ထင်မထားခဲ့ချေ။
“ဖီးလစ် ငါမင်းကို သူတို့လေးယောက်ကိုဂရုစိုက်ခွင့်ပေးလိုက်မယ်” ဖှေးကုသခြင်းအစွမ်းအသုံးပြုနေသည်ကို ရပ်တန့်လိုက်၏။ ဤကလေးလေးယောက်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သော်လည်း နိုးလာခြင်းမရှိသေးချေ။ ဤသည်မှာ သူတို့သည် အစာအဟာရချို့တဲ့မှုဒဏ်ကြောင့်အားနည်းနေပုံရ၏။
“ဟုတ်ကဲ့ပါအရှင်မင်းကြီး...” အစ်ဇာနီမှာ ပျော်ရွှင်သွား၏။
“အေးအေး သွားနားတော့....”
တိုးရိစ်သည် ချမ်းဘော့ဒ်မှစစ်သည်များအား အစ်ဇာနီနှင့်ကလေးလေးယောက်ကို စခန်းသို့အနားယူရန်ခေါ်ဆောင်သွားရန်အတွက်အမိန့်ပေးလိုက်သည်။
ဤအခိုက်တန့်တွင် သတင်းကြားလိုက်ရသည့် ပီတာနှင့် အိုလတ်ဂ်တို့မှာ ပြေးလာနေပြီဖြစ်သည်။ ဥပဒေပြုအရာရှိများနှင့် သူတော်စဥ်စစ်သည်များသည်လည်း သက်ဆိုင်ရာဖွဲ့စည်းပုံများကိုပြင်ဆင်ပြီး စခန်းရှေ့တွင်အသင့်အနေထားဖြင့်ရှိနေကြပြီဖြစ်၏။ သူတို့၏ဖြစ်တည်မှုမှာလည်း လျစ်လျူရှု၍မရနိုင်သည့်အရာတစ်ခုပင်။
ဖှေးအပြင်းထန်ဒဏ်ရာရရှိနေသည့် ဒါလီနှင့် သေချင်ယောင်ဆောင်နေသည့်လူလန်တို့ညီကိုနှစ်ဦးကိုညွှန်ပြလိုက်ပြီး တစ်ဖက်သို့လှည့်ကာ စခန်းထံသို့လမ်းလျှာက်သွားရင်းဖြင့် ပြောလိုက်သည်။ “ဒီနှစ်ယောက်ကလွဲပြီး ကျန်တဲ့လူတွေအကုန်သတ်ပစ်လိုက်။”
အန်ဒရူးနှင့် လူလန်တို့နှင့်အတူလိုက်ပါလာသည့် စစ်သည်၆၀ခန့်မှာ တစ်ဖက်သို့လှည့်ကာ အသဲသန်ထွက်ပြေးကြတော့သည်။ သို့သော် သူတို့မည်မျှပင် လျှင်မြန်စွာဖြင့်ထွက်ပြေးစေကာမူ ချမ်းဘော့ဒ်စစ်သည်များလက်အောက်မှ လွတ်မြောက်နိုင်ခြင်းမရှိပေ။ ချွင်းချက်မရှိပင် ဤစစ်သည်များမည်မျှပင် ငိုကြွေးအသနားခံနေစေကာမူ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရ၏။
လူငယ်မျိုးဆက်များထဲတွင် နံပါတ်၁စစ်သည်ဖြစ်သည့် ဒါလီသည်မျက်မှောင်ကြုံ့လိုက်ပြီး သူ၏ဒဏ်ရများကို အမြန်ကုသနိုင်ရန်အတွက်ကြိုးစားနေ၏။ သို့သော် သူသည် ဤမိုက်မဲသည့်စစ်သည်များကို ကယ်တင်လိုသည့်ဆန္ဒရှိနေသော်လည်း ကယ်တင်နိုင်ခြင်းမရှိပေ။ ချမ်းဘော့ဒ်တိုင်းပြည်၏ခွန်အားသည် သူ့ကိုထိတ်လန့်စေခဲ့သည်။ ချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားများအပြင် ဆံပင်ရွှေရောင်နှင့်ကောင်လေး၏ အထင်ကြီးလောက်ဖွယ်လေးအတတ်နှင့် အရပ်မိန်ရှည်ရှည်စစ်သည်နှင့် ခပ်၀၀ထိပ်ပြောင်လူကြီး၏အစွမ်းများသည်လည်း သူ့ကိုထိတ်လန့်အံ့သြစေခဲ့သည်။ ဤစစ်သည်မျာသည် သူ့အားယှဥ္န်နိုင်သည်မဟုတ်သော်လည်း ချမ်းဘော့ဒ်ကဲ့သို့အဆင့်၆တိုင်းပြည်ငယ်လေးတွင် ဤမျှအစွမ်းထက်သည့်စစ်သည်များစွာရှိနေခြင်းသည် သူ့အားအံ့သြစေခြင်းပင်။
သူလုံး၀ပင် စဥ်းစား၍မရအောင်ဖြစ်နေ၏။
“ချမ်းဘော့ဒ်ဘုရင် ရွှေရောင်နေမင်းသူရဲကောင်းဆူတွန်နဲ့ ငါနဲ့ဆိုရင်ဘယ်သူက ပိုပြီးသန်မာလဲ...” ဒါလီရုတ်တရက် ဤဘုရင်ကိုစိန်ခေါ်ခဲ့ရသည့်အကြောင်းကိုသတိရလိုက်ပြီးအော်မေးလိုက်သည်။
“ဆူလ်တွန်လား...မင်းတို့နှစ်ယောက်...ဟားဟား အတူတူလောက်ပါပဲ...” ဖှေးအနောက်သို့ပြန်လှည့်မကြည့်ပဲပြန်လည် ဖြေကြားလိုက်၏။