အခန်း (၂၉၁)
Vol. 20 Ch. 291
စွမ်းအားအရဆိုပါက ဒိုင်လီသည် ရေပူစမ်းမြို့တော်ထဲတွင် လူငယ်မျိုးဆက်များထဲတွင် နံပါတ်၁စစ်သည်တစ်ယောက်နေဖြင့်ဂုဏ်သတင်းကြီးမားသော်လည်း သူသည်ဆူတွန်နှင့်အလှမ်း၀ေးနေဆဲပင် ဖြစ်သည်။
သူသည် ကြယ်ငါးလုံးစတင်သူအဆင့်သာရှိသေးပြီး သူ၏အစွမ်းထက်ဆုံးသိုင်းကွက်ကို ထုတ်သုံးသည့်အချိန်တွင်သူသည် ကြယ်ငါးလုံးအလယ်လတ်အဆင့်စစ်သည်တစ်ယောက်၏ထိခိုက်စေနိုင်မှုကို ဖန်တီးနိုင်စွမ်းရှိ၏။ ဖှေးဆူလ်တွန်နှင့် ရင်ဆိုင်နေရသည့်အချိန်တွင်မူ သူသည် ဘူးလ်-ခရေးတိ့စ်၏ ကလေးငယ်များချပ်၀တ်ကို ၀တ်ဆင်ထားသော်လည်း ဆူတွန်၏သိုင်းကွက်ကြောင့် ဒဏ်ရာများရရှိခဲ့သည်။ သို့သော် သူဒိုင်လီနှင့်ရင်ဆိုင်ရသည့်အချိန်တွင်မူ သူ့အားအနိုင်ယူရန်အတွက်သူ၏စုံလိုက်ပစ္စည်းများကိုပင် ထုတ်သုံးရန်အတွက်လိုအပ်ခဲ့ခြင်းမရှိချေ။ ဒါလီအား လက်သီးချက်ပေါင်း၃၀ခန့်ကို ပေါင်းစည်းပြီးအနိုင်ယူခဲ့သည်။ ဒါလီသည် ဤတိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့ခြင်းမရှိချေ။ ဤသည်မှာ ကွာခြားချက်ကို ပြသလိုက်ခြင်းပင်။
သို့သော် ဖှေး “မင်းတို့နှစ်ယောက်က အတူတူလောက်ပါပဲ”ဟု ပြောခဲ့ခြင်းမှာ သူတို့နှစ်ယောက်၏အစွမ်းများကို ဆိုလိုနေခြင်းမဟုတ်ပေ။ သို့သော် သူတို့၏ သာမန်လူများအပေါ်တွင်မာနထောင်လွှားသည့်အမူကျင့်ကိုသာဆိုလိုခြင်းဖြစ်၏။ သူတို့နှစ်ယောက်သည် ဆွေကြီးများကြီးမိသားစုများမှဖြစ်သောကြောင့် မာနထောင်လွှားနေကြခြင်းဖြစ်ပြီး ဖှေးထိုအရာကို မုန်းတီသည်။
သို့သော် ဒါလီသည် ဖှေး၏ဆိုလိုချက်ကိုနားမလည်ခဲ့ချေ။
ဤသည်မှာကောင်းကင်မှကျဆင်းလာသည့် ဖှေး၏ကောင်းကင်လက်သီးအစွမ်းဆိုစေကာမူ၊ ဖှေးမှော်ဆရာဇာတ်ကောင်အနေဖြင့် အသုံးပြုခဲ့သည့်ငရဲမီးတောက်အစွမ်းဆိုစေကာမူ၊ ပါလာဒင်ဇာတ်ကောင်းအနေဖြင့် ဖှေးအသုံးပြုခဲ့သည့် ကုသခြင်းအစွမ်းဆိုစေကာမူ ဒါလီသည်ဤအစွမ်းများကိုမြင်ပြီးထိတ်လန့်အံ့သြခဲ့ရသည်။ ဤအခိုက်တန့်တွင် ရေပူစမ်းမြို့တော်၏ လူငယ်များဆက်များထဲတွင်နံပါတ်၁စစ်သည်မှာ စိတ်ရှုပ်ထွေးနေ၏။ သူဖှေးမည်မျှအစွမ်းထက်သည်ကို ပြောနိုင်ခြင်းမရှိချေ။ သူအရိုက်ခံလိုက်ရပြီးနောက်တွင် သူ၏စိတ်ထဲတွင်ရှိသည့် ဖှေး၏စွမ်းရည်နှင့်ရာထူးဂုဏ်ရှိန်တို့မှာ ကောင်းကင်သို့ရောက်သည်ထိပင် ထိုးတက်သွားပြီဖြစ်သည်။ ထို့ကြောင့် ဖှေးသူနှင့်ဆူတွန်တို့မှာ အတူတူပဲဟုပြောခံလိုက်ရသည့်အချိန်တွင် သူစိတ်ဓာတ်ကျခြင်းမရှိချေ။ ထို့အစားသူအနည်းငယ်ပင် ပျော်ရွှင်လိုက်မိသည်။
ချမ်းဘော့ဒ်ဘုရင်နှင့် တစ်ခါတိုက်ခိုက်ဖူးလိုက်သည်မှာ ဂုဏ်ယူစရာတစ်ခုကဲ့သို့ပင်။
လူသားဦးနှောက်တစ်ခု၏ အလုပ်လုပ်ပုံမှာ အံ့သြဖွယ်ရာပင်။
ယနေ့တွင်ဆိုင်းကျနေသည့်မြူခိုးများမှာ အလွန်ထူထဲလှသည်။ မြင်ကွင်းထဲတွင်အဖြူရောင်များဖြင့်သာပြည့်နှက်နေလျှက်ရှိပြီး အချိန်နှင့်အမျှပို၍ပို၍ပင်ထူထပ်လာ၏။
ချမ်းဘော့ဒ်စစ်သည်မျာသည် အန်ဒရူး၊ လူလန်တို့နှင့်အတူလိုက်ပါလာသည့်စစ်သည်များကိုသတ်ဖြတ်ပြီးဖြစ်သည်။ သူတို့သည် ထိုစစ်သည်များကို ဖမ်းဆီးပြီး သူတို့၏ခေါင်းများကို သူတို့၏ဓားများဖြင့်ထိုးစိုက်ကာ ဓားရိုးများကို မြေပြင်ပေါ်တွင်စိုက်ထူထားကြ၏။ ဤသည်မှာရက်စက်စွာအသတ်ဖြတ်ခံခဲ့ရသည့် ယော့ခ်နှင့်တီနာတို့အတွက်လက်စားချေမှုပင်။
ဤကဲ့သို့ပြုလုပ်ပြီးသည့်နောက်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့သည် မြို့တော်စိန့်ပီတာစဘာ့တ်တည်ရှိရာအရပ်ထံသို့ဦးတည်ကာ ထွက်ခွာသွားကြတော့၏။
ဒါလီသည် ထိုနေရာ၌ပင်ရပ်ကာ ချမ်းဘော့ဒ်တပ်ဖွဲ့များထွက်ခွာသွားသည်ကို ငေးကြည့်ကာကျန်ခဲ့တော့၏။ သူတို့ထွက်ခွာသွားပြီးသည့်နောက်တွင် သူသည်နောက်ဆုံးတွင် သူ၏မီးအတွင်းအားစွမ်းအင်များကို ပြန်လည်ကာအသုံးပြုနိုင်ပြီဖြစ်ပြီး ကောင်းကင်လက်သီးအစွမ်းကြောင့်ရရှိခဲ့သည့် ဒဏ်ရာများကို ပြန်လည်ကာထိန်းချုပ်လိုက်ပြီး ပြန်လည်ကာလမ်းလျှောက်နိုင်ခဲ့သည်။
မြေပြင်ပေါ်တွင် လဲကျကာအကူညီတောင်းခံနေသည့် သူ၏ညီငယ်ဖြစ်သူလူလန်ကို ကြည့်ရင်းဖြင့် သူ၏မျက်နှာပေါ်တွင် ရွံရှာစက်စုပ်သည့်အမူရာတစ်ခုပေါ်ထွက်လာ၏။ သူတစ်ဖက်သို့လှည့်လိုက်ပြီး လူလန်ကိုမကြည့်တော့ပဲပင် ထွက်ခွာသွားတော့၏။
.....
“အေးအဖိုးကြီး ခင်ဗျားဘယ်လိုထင်လဲ....”
ရေပူစမ်းမြို့တော်ထဲတွင်ရှိသည့် မှော်မျှော်စဥ်၏အမြင့်ဆုံးအထပ်တွင် လူနှစ်ယောက်ပြတင်းပေါက်နားတွင်ရပ်လျှက်ရှိသည်။ အလွန်ဉာဏ်ပညာရှိပုံရသည့် ဆံပင်အဖြူမုတ်ဆိတ်အဖြူနှင့်အဖိုးကြီးတစ်ယောက်သည် မေးလိုက်၏။ သူ၏အဖြူရောင်၀တ်ရုံမှာ တိမ်တိုက်များကဲ့သို့ပင် ဖြူစဥ်နေ၏။ သူ၏လက်ထဲတွင်အရပ်ထက်ပင်ပိုမိုရှည်လျားသည့်မှော်တောင်၀ှေးကြီးတစ်ခုကိုဆွဲကိုင်ထားသည်။ စွမ်းအားကြီးမားသော်လည်း ၀ေ၀ါးသည့်စွမ်းအင်အရှိန်၀ါများသည် သူ၏ခန္ဓာကိုယ်မှာထွက်ပေါ်လာလျှက်ရှိသည်။
“ငါသေချာမခန့်မှန်းနိုင်ဘူး...” မာကြောသည့်အဖြူရောင်ဆံပင်များနှင့်လူသည် ပြန်လည်ကာဖြေကြားလိုက်သည်။
ဤလူသည်ရိုးရှင်းသည့်သံမဏိချပ်၀တ်တစ်စုံကို၀တ်ဆင်ထားလျှက်ရှိသည်။ သို့သော် ဤချပ်၀တ်ပေါ်တွင် ဓားခုတ်ရာများဖြင့်ပြည့်နှက်နေလျှက်ရှိ၏။ ဤချပ်၀တ်မှာ အိုဟောင်းပြီး စုတ်ပျက်နေသည့်ဟန်ရှိသော်လည်း သူနောက်တွင် စစ်သည်သိန်းချီပြီးရှိနေသကဲ့သို့ ဖော်ပြ၍မရနိုင်သည့်အရှိန်၀ါများကို ထုတ်လွှတ်နေလျှက်ရှိသည်။ တိုက်ပွဲမြေပြင်များတွင်သာ ခံစားရလေ့ရှိသည့်ရက်စက်ကြမ်းကြုတ်ပြီးသွေးထွက်သံယိုခံစားချက်များသည်လည်း သူ့ထံမှထွက်ပေါ်လာလျှက်ရှိသည်။ ဤသည်မှာ သဘာ၀အတိုင်းသာဖြစ်ပေါ်နေခြင်းပင် ထိုလူသည်ဤကဲ့သို့အရှိန်၀ါကို သေချာထုတ်လွှတ်နေခြင်းမဟုတ်ပေ။
“ဟားဟား လေမြန်တပ်ဖွဲ့ရဲ့ခေါင်းဆောင်ချုပ်ကတောင် မခန့်မှန်းနိုင်တဲ့ပါရမီရှင်လူငယ်တစ်ယောက်ရှိနေလိမ့်မယ်လို့ငါလုံး၀ထင်မထားဘူး...” ပထမဆံပင်အဖြူမုတ်ဆိတ်အဖြူနှင့်အဖိုးကြီးမှာ သူ၏မုတ်ဆိတ်များကို ပွတ်သပ်လိုက်ရင်းဖြင့်ရယ်မောလိုက်၏။ “ဒီချမ်းဘော့ဒ်ဘုရင်က အတော်ရဲတင်းလွန်းတာပဲ...ခင်ဗျားတို့တိုလီမီမျိုးနွယ်တွေက ဒေါသကြီးတယ်လို့နာမည်ကြီးတယ်လေ။ ခင်ဗျားသူ့ကိုသတ်တော့မယ်ထင်နေတာ။ အခုလိုလွှတ်ပေးလိုက်မယ်လို့ ငါထင်မထားဘူး....”
“ငါသူ့ကို မခန့်မှန်းနိုင်ဘူး။ အဲ့တာကြောင့် ငါသူ့ကို သတ်နိုင်ပါ့မလားဆိုတာလဲမသေချာဘူး။ အဲ့တာကြောင့်ငါမလှုပ်ရှားခဲ့တာပဲ....” သံမဏိချပ်၀တ်၀တ်ဆင်ထားသည့်အဖိုးကြီးမှ ပြောလိုက်သည်။
“ဟမ် ခင်ဗျားကခေါင်းဆောင်ချုပ်လေ။ အဲ့တာကို ခင်ဗျားက ဒီလူငယ်ကိုအနိုင်ယူနိုင်ဖို့အတွက်ယုံကြည်ချက်မရှိဘူးလို့ဆိုလိုချင်တာလား။” အဖြူရောင်၀တ်ရုံနှင့်အဖိုးကြီး၏ မျက်နှာပေါ်မှအပြုံးသည်ပြောင်းလဲသွားခြင်းမရှိပေ။ “ငါထင်တာမှန်တယ်ထင်တယ်။ ဒီချမ်းဘော့ဒ်ဘုရင်ဒါလီနဲ့တိုက်ခိုက်တုန်းက သူကအလျှော့ပေးပြီးတိုက်ခိုက်နေခဲ့တာပဲ။ ဇီးနစ်အင်ပါယာရဲ့အဖွဲ့၀င်၂၅၀နိုင်ငံထဲမှာ ပါရမီရှင်တစ်ယောက်ရှိနေတဲ့ပုံပဲနော်...”
“ကစဥ့်ကယားဖြစ်စဥ်ကြီးက နီးကပ်လာပြီလေ။ အရည်ခြင်းမရှိတဲ့ပါရမီရှင်လူငယ်တွေလဲတစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာလိမ့်မယ်။ ဘုရင်အလတ်ဇန္ဒားကသူတို့တွေထဲက တစ်ယောက်ပဲ....” သံမဏိချပ်၀တ်နှင့်အဖိုးကြီး၏မျက်နှာပေါ်မှအမူယာသည် လုံး၀ပြောင်းလဲခြင်းမရှိပေ။ တည်ငြိမ်ပြီးနန်းဆန်လှသည်။ “ခင်ဗျားမှန်တယ် ကြယ်ခြောက်လုံးမှော်ဆရာကြီး အက်ဒ်၀တ်-ကာတာ။ ချမ်းဘော့ဒ်ဘုရင်ကပါရမီရှင်တစ်ယောက်ပဲ။ အဲ့တာကြောင့် ငါသူ့ကိုအနိုင်ယူနိုင်ပါ့မလားဆိုတာမသေချာတာပဲ...”
“ခင်ဗျားသူ့ကိုအနိုင်မယူနိုင်ဘူးဆိုပေမယ့် ခင်ဗျားသူ့ကို သေချာပေါက်သတ်ပစ်နိုင်တာပဲ။ ခင်ဗျားဘာလို့မလုပ်ခဲ့လဲ...”
“ခင်ဗျားဆိုလိုတာကို ကျွန်တော်သဘောပေါက်ပါတယ်။ ကျွန်တော်တာ လေမြန်တပ်ဖွဲ့ကိုအသုံးပြုမယ်ဆိုရင် သူ့ကိုအလွယ်တကူသတ်ပစ်လို့ရတာပေါ့။ ဒါပေမယ့် ဒီလိုပါရမီရှင်တစ်ယောက်ကို သတ်ဖြတ်ဖို့ဆိုရင် ကျွန်တော့ရဲ့စစ်သည်တွေလဲအများပြားကျဆုံးလိမ့်မယ်ဗျ။ ဒီလိုကိစ္စလေးတစ်ခုအတွက်နဲ့တော့ ဇီးနစ်အင်ပါယာရဲ့အကြီးဆုံးစစ်အင်အားဆယ်ခုထဲကတစ်ခုဖြစ်တဲ့ ကျွန်တော့ရဲ့လေမြန်တပ်ဖွဲ့ကိုအသုံးမပြုချင်ဘူး။” ချပ်၀တ်နှင့်အဖိုးကြီးသည် ခေါင်းခါရမ်းလိုက်ပြီးဆက်လက်ပြောကြားလိုက်သည်။ “နောက်ပြီး လောလောဆယ်ကျွန်တော်တို့ရဲ့အင်ပါယာကဖိအားတွေအများကြီးနဲ့ရင်ဆိုင်နေရတဲ့အချိန်လေ။ အင်ပါယာထဲမှာ ဒီလိုပါရမီရှင်တစ်ယောက်ပေါ်ထွက်လာတာက ကောင်းတဲ့အရာတစ်ခုမဟုတ်လား...”
“အိုး...” ၀တ်ရုံနှင့်အဖိုးကြီးသည် သူ၏မုတ်ဆိတ်များကို ပွတ်သပ်လိုက်ရင်းဖြင့်မေးလိုက်သည်။ “မိတ်ဆွေကြီး ခင်ဗျားသူ့ကိုအတော်တန်သဘောကျနေတဲ့ပုံပါလား...”
“ငယ်ရွယ်တဲ့ပါရမီရှင်တစ်ယောက်။ မွေးရာပါအရည်ခြင်း...ကျွန်တော်သူ့ကိုဘယ်လိုလုပ်သဘောမကျပဲနေမလဲ...”
“ရိုးရှင်းပါတယ်။ ခင်ဗျားပြောနေတဲ့ပါရမီရှင်က ခင်ဗျားသားကြီးကိုရိုက်နှက်ခဲ့ပြီးတော့ သူ့ရဲ့ယုံကြည်ချက်တွေကို ဖျက်ဆီးပစ်လိုက်တဲ့ပုံပဲ။ နောက်ပြီး ခင်ဗျားရဲ့ ဒုတိယသားကိုလည်း ခွေးတစ်ကောင်လိုရိုက်သွားတာလေ။ ခင်ဗျားရဲ့ကလေးတွေကို ဂရုမစိုက်ဘူးလား...”
“ဒိုင်လီရဲ့ဘ၀က အဆင်မြေချောမွေ့နေခဲ့လွန်းတယ်။ အကျရှုံးတစ်ချို့က သူ့အတွက်သင်ခန်းစာကောင်းတစ်ခုပေါ့။ လူလန်အတွက်ကတော့...ငါတိုလီမီက အဲ့လိုအမှိုက်သရိုက်အတွက် ဘယ်တော့မှဂရုစိုက်မှာမဟုတ်ဘူးလေ...”
“၀ိုး...အရင်လိုပါပဲလား...လူလန်ကလူကောင်းတစ်ယောက်မဟုတ်ပေမယ့်။ သူက ခင်ဗျားရဲ့သားပဲလေ။ သူက ခင်ဗျားရဲ့ဇနီး ဗီရာခင်ဗျားအတွက်နောက်ဆုံးချန်ခဲ့တဲ့အရာမလား...”
ချပ်၀တ်နှင့်အဖိုးကြီး၏ မျက်နှာအမူရာမှာ ချက်ချင်းပင်အေးစက်သွားပြီးပြောလိုက်၏။ “ဗီရာအတွက်သာမဟုတ်ရင်တော့ လူလန်ကသူရေပူစမ်းမြို့ထဲမှာ လုပ်ခဲ့တဲ့အရာတွေအတွက်နဲ့ ကျွန်တော်ကိုယ်တိုင်သတ်ပြီးတာ အခါပေါင်း၁၀၀လောက်ရှိနေတော့မယ်...”
ဤအကြောင်းရာသို့ရောက်လာသည့်အချိန်တွင် လေထုသည်အနည်းငယ်တိတ်ဆိတ်သွားပြီး မည်သူမှစကားပြောခြင်းမရှိတော့ချေ။
သူတို့နှစ်ယောက်သည် အထူးစွမ်းအားတစ်ခုကိုအသုံးပြုပြီး ရေပူစမ်းမြို့ပြင်တွင်ဖြစ်ပျက်နေသည့်အရာများကို ဤမျှော်စဥ်ထိပ်မှနေ၍ လှမ်းကြည့်နိုင်သည်။ သူတို့တိတ်ဆိတ်နေသည့်အတွက် ဒိုင်လီနှင့်ဖှေးတို့တိုက်ပွဲမှာ ဆူညံလှသော်လည်း မည်သည့်တပ်ဖွဲ့မှ သွားရောက်ခဲ့ခြင်းမရှိပေ။ ဤကဲ့သို့မဟုတ်ပါက တစ်ခြားအဖြစ်ပျက်တစ်ခုထက်မံကာ ဖြစ်ပျက်သွားနိုင်၏။
ဤအဖိုးကြီးနှစ်ယောက်သည် တစ်ယောက်၏စိတ်ထဲတွင်ဖြစ်နေသည်များကိုအပြန်လည်နားလည်နိုင်နေသည့်အတိုင်းပင် ဤကိစ္စကို မျက်နှာလွှဲလိုက်ကြသည်။
သို့သော် သူတို့မသိသည်မှာ ဖှေးမှီခိုနေသည့်အရာသည် သူတို့အိမ်မက်များထက်ပင် ကျော်လွန်နေသည့်အရာတစ်ခုဖြစ်နေသည်ဟူသည့်အချက်ပင်။