အခန်း (၂၉၂)
Vol. 20 Ch. 292
ရေပူစမ်းမြို့တော်မှ ထွက်ခွာလာပြီးသည့်နောက်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့၏ခရီးနှင်မှုနှုန်းမှာ များစွာနှေးကွေးစွာချီတပ်လျှက်ရှိသည်။ လမ်းပါ့ဒ်ဦးဆောင်သည့်တပ်ဖွဲ့နှင့်ပြန်လည်ပေါင်းစည်းရန်အတွက် စောင့်စားနေခဲ့သောကြောင့်ပင်။ တစ်ရက်ကြာပြီးနောက်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့သည် လေမြန်တပ်ထိန်းချုပ်နယ်နိမိတ်မှ ထွက်ခွာလာခဲ့ကြသည်။
ဆိုရိုကုန်သွယ်ရေးအဖွဲ့မှလူများသည် ရေပူစမ်းမြို့တော်ထဲတွင် သူတို့၏ကုန်ပစ္စည်းအမြောက်များကို ပို့ချပြီးဖြစ်သော်လည်း မန်နေဂျာဟယ်ရီ၊ အနီရောင်၀တ်စုံနှင့် ရှယ်လီတို့သည် အကြောင်းပြချက်တစ်ချို့ကို ပြုလုပ်ပြီးဖှေးနှင့်အတူမြို့တော်စိန့်ပီတာစဘာ့တ်တို့ ဆက်လက်ခရီးဆက်လိုက်ပါလာခဲ့ကြသည်။ အိုင်ဗီလိဂ်ဘုံဆိုင်ထဲတွင် ဤမန်နေဂျာသည် တောင်ညီနှောင်မှတိုက်ပွဲသတင်းကိုဖြန့်ခဲ့သူဖြစ်ကြောင်းကို ဖှေးသိရှိပြီးဖြစ်၏။ သူသည် ဆိုရိုကုန်သွယ်ရေးအဖွဲ့သည် တစ်စုံတစ်ခုကို ကြံစည်နေကြောင်းကိုလည်းသိရှိ၏။ သို့သော်သူသည် ဆိုရိုအဖွဲ့သည် သူ့ဘက်တွင်ရှိနေသည်ဟုခံစားနေရဆဲပင်။။ ထို့ကြောင့်သာ ဖှေး ဟယ်ရီနှင့် တစ်ခြားလူများကို သူနှင့်ဆက်လက်ခရီးဆက်လိုက်ပါလာခွင့် ပေးထားခြင်းပင်။
“အဖေ ကျွန်မတို့က ရေပူစမ်းမြို့တော်နယ်နိမိတ်ကထွက်လာပြီဆိုတော့ အဖေလည်းစိတ်အေးလို့ရပါပြီ။...” ရှယ်လီသည် ဘေးပတ်၀န်းကျင်မှ မြေမျက်နှာပြင်များကို ကြည့်ရှုပြီးပြောလိုက်၏။
“ဒါကအတော်ထူးဆန်းတာပဲ...ဟိုအဘိုးကြီးနှစ်ယောက်ရောက်မလာခဲ့ဘူးပဲ....ဒါက သူတို့ရဲ့အကာကွယ်လွန်တဲ့ သဘာ၀ကိုဆန့်ကျင်နေတယ်။” မန်နေဂျာသည် ဗဟေဥိဆန်နေသည့်အမူရာတစ်ခုဖြင့်ပြောလိုက်၏။ “ငါမှတ်မိပါသေးတယ်...အထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အမှောင်သူရဲကောင်းခီလုဒ်က လေမြန်တပ်ဖွဲ့ရဲ့သာမန်စစ်သည်တစ်ယောက်ကိုသတ်လိုက်မိတုန်းကဆိုရင် တိုလီမီနဲ့ အက်ဒ်၀တ်-ကာတာတို့က သူ့နောက်ကိုချက်ချင်းလိုက်ပြီး အသေသတ်လိုက်ခါနီးပဲ။ သူကစိန့်ပီတာစဘာ့တ်နယ်မြေထဲကို ထွက်ပြေးနိုင်သွားလို့သာ။ ဒီတစ်ခါက ဘုရင်အလတ်ဇန္ဒားက ခေါင်းဆောင်အန်ဒရူးကိုရော စစ်သည်အယောက်၅၀ကိုရောသတ်ဖြတ်ခဲ့ပြီး တိုလီမီရဲ့သားနှစ်ယောက်ကိုပါ ဒဏ်ရာရအောင်လုပ်ခဲ့တာပဲ။ ဒါပေမယ့် အဲ့ခွေးရူးနှစ်ကောင်က ဘာမှမတုန့်ပြန်ခဲ့ဘူး။ အဲ့တာအတော်ထူးဆန်းတယ်...”
“သူတို့က အခုအသက်များပိုကြီးလာလို့အရင်လိုမဟုတ်တော့တာများလား...” ရှယ်လီသည် သူမ၏အဖေကိုပြောလိုက်၏။
“မဖြစ်နိုင်ဘူး...ဒီစကားကတစ်ခြားလူတွေအဖို့ကတော့မှန်ရင်မှန်လိမ့်မယ်။ ဒါပေမယ့် ဒီနှစ်ယောက်အတွက်ကတော့...ဟီးဟီး ခွေးတွေပိုအိုလာလေပိုပြီးရူးသွပ်လေလေ။ မြို့တော်စိန့်ပီတာစဘာ့တ်က ဆွေကြီးမျိုးကြီးတွေနဲ့ အင်အားကြီးအဖွဲ့စည်းတော်တော်များများကတောင် သူတို့နဲ့ရန်သူဖြစ်ချင်ကြတာမဟုတ်ဘူး။ မဟုတ်မှလွဲရော သူတို့က ငါသတိမထားမိတာတစ်ခုကိုများ သတိထားမိသွားကြလို့လား...” ဟယ်ရီမှာ သူ၏နီရဲနေသည့်နှာခေါင်းကို ပွတ်သပ်လိုက်၏။ ဤသည်မှာ သူစဥ်းစားနေသည့်အချိန်တွင် လုပ်နေကြအရာတစ်ခုပင်။ “ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒား...သူ့ဘေးမှာ လျို့၀ှက်ချက်တွေအများကြီး၀န်းရံနေတယ်။ ငါဆိုရိုအဖွဲ့ဥက္ကကြီးကို ဇီးနစ်အင်ပါယာကိုလာခဲ့ဖို့များပြောသင့်နေပြီလားမသိဘူး...”
“ခွေးရူးတွေက သူတို့ထက်ပိုပြီး ရူးသွပ်တဲ့လူကိုတွေ့လို့များ ဘာမှမလုပ်ကြတော့တာလားမသိဘူး...” တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ အဖြူရောင်၀တ်စုံနှင့်ဓားသမားသည့် ရုတ်တရက်ပြောလိုက်၏။
ဟယ်ရီ၏ မျက်လုံးများသည် ထိုအရာကိုကြားလိုက်ရသည့်အချိန်တွင် တောက်ပသွားတော့သည်။
“ဒါက မြို့တော်စိန့်ပီတာစဘာ့တ်လား...”
နောက်ဆုံးတောင်ထိပ်ပေါ်သို့တက်ပြီးသည့်နောက်တွင် ဖှေးသည် သူမြင်နေရသည့်အရာကိုမယုံနိင်သည့်ဟန်ဖြင့်သတ်ပြင်းချလိုက်မိသည်။ မိုရိုတောင်ထိပ်ပေါ်တွင်ရပ်နေရင်းဖြင့် သူသည် ၁၀ကီလိုမီတာခန့်အကွာ၀ေးတွင်ရှိနေသည့် ခမ်းနားလှသည့်မြို့တော်ကြီးကို လှမ်းမြင်နိုင်နေပြီဖြစ်သည်။
ဤသည်မှာ ဖှေးစိတ်ကူးပင် မယဥ်ခဲ့ဖူးသည့် ခမ်းနားလှသည့်မြို့တော်ကြီးတစ်ခုပင်။ ချမ်းဘော့ဒ်အား ကျေးရွာတစ်ခုကဲ့သို့တွေးပါက၊ ရေပူစမ်းဂိတ်သည် ချမ်းသာကြွယ်၀သည့် မြို့ကြီးတစ်ခုကဲ့သို့ပင်။ သို့သော် မြို့တော်စိန့်ပီတာစဘာ့တ်မှာမူ နတ်ဘုရားများနေထိုင်သည့်နန်းတော်ကြီးတစ်ခုကဲ့သို့ပင်။ မိုရိုတောင်ခြေတွင် မြို့တော်အတွင်းသို့ဦးတည်သွားသည့် ကျယ်ပြောရှည်လျားသည့်အဖြူရောင်လမ်းရှည်ကြီးတစ်ခုရှိနေ၏။
ဖှေးသည် နည်းပညာထောက်ပံ့ထားသည့် မြို့ကြီးများစွာကို မြင်တွေ့ဖူးသော်လည်း ဤကဲ့သို့ခမ်းနားလှသည့်မြို့ကြီးသည် ဤကဲ့သို့နည်းပညာမထွန်းကားသေးသည့်ကမ္ဘာပေါ်တွင်တည်ရှိနေမည်ဟုလုံး၀တွေးမထားမိခဲ့ချေ။ တစ်ကီလိုမီတာကျော်သည်အထိရှည်လျားသည့် မှော်မျှော်စဥ်ကြီးများစွာသည် ကောင်းကင်နှင့်ဆက်သွယ်ထားသည့်အတိုင်းပင် ထောင်မက်နေကြ၏။ နန်းတော်များ၊ အဆောက်ဦးများစွာသည် မိုးကုတ်စက်၀ိုင်းအောက်သို့ရောက်ရှိသည်အထိတည်ရှိနေကြ၏။ မြို့လည်ခေါင်တွင် ကြီးမားသည့်တောင်ကြီးတစ်ခုတည်ရှိနေပြီး တောင်ထိပ်ပေါ်တွင် နတ်ဘုရားတစ်ပါးနေထိုင်နေသကဲ့သို့ နန်းတော်ဆောင်ကြီးတစ်ခုတည်ရှိနေ၏။ အဖြူရောင်ခံတပ်နံရံကြီးများသည်လည်း ရှည်လျားလှသည်။ ၄င်းတို့သည်သိမ်းပိုက်၍မရနိုင်သည့် ကောင်းကင်မျဥ်းများကဲ့သို့ပင်။ ကြီးမားသည့် ကင်းစောင့်မျှော်စဥ်ကြီးများမှာလည်း ဤမြို့တော်ကြီးကို ကာကွယ်နေသည့် လူ့ဘီလူးကြီးများကဲ့သို့ပင်။ ဤမြို့တော်ကြီးသည် နတ်ဘုရားများ၏လက်ရာဟုပင် ထင်မက်ဖွယ်ဖြစ်နေ၏။