အခန်း (၂၉၃)
Vol. 20 Ch. 293
“သူရဲကောင်းအစစ်မှန်တစ်ယောက်ကပဲ ဒီလိုအိမ်မက်ဆန်တဲ့အဖြူရောင်မြို့တော်ကြီးတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက်ထိုက်တန်မှာပဲ...”
မဟူရာမုန်တိုင်း၏ကြောပြင်ပေါ်တွင် လိုက်ပါစီးနှင်းနေသည့်ဖှေးသည် သူ၏အမဲရောင်ဆံပင်များကြားထဲတွင် ဖြတ်သန်းတိုက်ခတ်နေသည့်လေများကို ခံစားရင်းဖြင့်သက်ပြင်းချလိုက်မိသည်။ သူသည် စကားလုံးများပျောက်ဆုံးသွားသည်အထိပင် ထိတ်လန့်အံ့သြသွားခဲ့ခြင်းပင်။ တစ်ချိန်တည်းမှာပင် တစ်ခါမှမကြုံဖူးသေးသည့် သိမ်းပိုက်လိုသည့်ဆန္ဒများသည် သူ၏နှလုံးသားအတွင်းမှပေါ်ထွက်လာလျှက်ရှိသည်။ ဤသည်မှာ လူတွင်း၏စိတ်၀ိဉာဥ်များထဲတွင် ကိန်းအောင်းနေတတ်သည့်စိတ်ဆန္ဒတစ်ခုပင်။
ဖှေး၏အနောက်တွင် ပီတာနှင့် တိုးရိစ်တို့လည်းတစ်ချိန်တည်းမှာပင် ရောက်ရှိလာကြ၏။
သူတို့နှစ်ယောက်လုံးသည်လည်း ဖှေးနည်းတူပင် တုန့်ပြန်လိုက်မိကြသည်။ ထိတ်လန့်အံ့သြမှုများနှင့် စိတ်ဆန္ဒများသည် သူတို့၏နှလုံးသားထဲတွင် ပြည့်နှက်နေ၏။ မကြာမှီတွင် တခြားလူများထက်မံ၍ရောက်ရှိလာကြသည်။ အ၀ေးမှကြည့်နေရင်းဖြင့်ပင် ဤမြို့တော်ကြီးကြောင့်မအံ့သြမိသောသူဟူ၍မရှိကြပေ။ လူတိုင်းသည် သူတို့၏အိမ်မက်များထဲမှချစ်သူကိုတွေ့လိုက်ရသည့်အတိုင်းပင် မျက်လုံးများပြူးကျယ်ကာကြောင်ကြည့်နေကြ၏။ သူတို့သည်ကျေးလက်သားများကဲ့သို့ပင် နတ်ဘုရားများနေထိုင်ရာမြို့တော်ကဲ့သို့ပင် ခမ်းနားလှသည့်မြို့ကြီးထဲသို့၀င်ရတော့မည့်အချိန်တွင် သူတို့အားလုံးဘာလုပ်ရမည်ကိုမသိပဲဖြစ်နေကြ၏။
ဆိုရိုကုန်သွယ်ရေးအဖွဲ့မှလူများသည်လည်း နောက်ဆုံးတွင်ရောက်ရှိလာကြ၏။
သူတို့သည်ဤမြို့တော်ကြီးကို အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးပြီးဖြစ်၏။ မြို့တော်စိန့်ပီတာစဘာ့တ်ကို ပထမဆုံးအနေဖြင့်မြင်တွေ့ဖူးသည့်လူ မည်သူမဆိုသည်ဤကဲ့သို့ပင် ထိတ်လန့်အံ့သြမိကြမည်ဖြစ်သည်။ နှိုင်းယှဥ်ကြည့်ပါက ချမ်းဘော့ဒ်တိုင်းပြည်မှလူများတုန့်ပြန်သည့်ပုံမှာ သာမန်အတိုင်းသာဖြစ်၏။ ကျယ်လောင်စွာအော်ဟစ်လိုက်မိပြီး ထိုင်၍ရှိခိုးသည့်လူပေါင်းများစွာပင် ရှိခဲ့ဖူးနေသောကြောင့်ပင်။ ဇီးနစ်အင်ပါယာမြို့တော်အ၀င်လမ်းတွင် ဒူးထောက်သည့်လူများပင်ရှိခဲ့ဖူးသည်။
“ဟားဟား တစ်နေ့ကျရင် ငါလည်း မြို့တော်စိန့်ပီတာစဘာ့တ်ထက်ပိုပြီးခမ်းနားတဲ့ မြို့ကြီးတစ်ခုကိုပိုင်ဆိုင်ရမယ်....”
ဖှေးအံ့သြထိတ်လန့်နေရာမှ ပြန်လည်ကာ သတိရလာပြီဖြစ်သည်။ သူရယ်မောလိုက်ပြီး ကျန်ရှိနေသည့်ထိတ်လန့်အံ့သြနေသည့်လူများကို သတိပေးရန်အတွက်အော်ဟစ်ပြောဆိုလိုက်သည်။ ထို့နောက်တွင် သူမဟူရာမုန်တိုင်း၏ ဦးခေါင်းကို ပွက်သပ်ပေးလိုက်ပြီး မဟူရာမုန်တိုင်းသည်လည်း ကျယ်ပြန့်လှသည့်အဖြူရောင်လမ်းမကြီးထံသို့ဦးတည်ကာ ပြေးသွားတော့၏။ သူတို့၏အနောက်တွင်ရှိနေသည့်လူများသည်လည်း ပျော်ရွှင်စွာအော်ဟစ်လိုက်ပြီး သူတို့ဘုရင်၏အနောက်မှလိုက်ပါလာခဲ့ကြသည်။ သူတို့သည် အဖွဲ့စည်းတစ်ခုအနေဖြင့် တောင်ပေါ်မှပြေးဆင်းလာသည့်ကျားတစ်ကောင်ကဲ့သို့၊ ပင်လယ်ထဲမှထွက်ပေါ်လာသည့်နဂါးတစ်ကောင်ကဲ့သို့ပင် ပြေး၀င်သွားကြတော့၏။
မန်နေဂျာဟယ်ရီသည် တစ်စုံတစ်ခုကိုတွေးခေါ်လိုက်မိရင်းဖြင့် ဖှေး၏စကားများကိုမှတ်သားထားလိုက်၏။
မိုရိုတောင်ထိပ်မှ မြို့အ၀င်လမ်းလို့ဦးတည်ထားသည့်တောင်စောင်းမှာအနည်းငယ်မက်စောက်လှပြီး မြင်းစစ်သည်များအရှိန်ဖြင့်ပြေးဆင်းရန်အတွက် သင်လျှော်လှ၏။ ပို၍မြန်မြန်ဆန်ဆန်ပြေးလေလေပို၍ခရီးရောက်လေဖြစ်သည်။ မကြာမှီတွင် ချမ်းဘော့ဒ်တပ်ဖွဲ့သည်တောင်ခြေသို့ရောက်ရှိလာကြတော့၏။ ဤချိန်တွင် တောင်ချေတွင် စခန်းချထားသည့်ရွက်ဖျင်တဲများစွာတည်ရှိနေသည်။ အဖွဲ့၀င်နိုင်ငံများမှ တပ်ဖွဲ့များစွာသည် ဤနေရာတွင်ခနတာခန့်စခန်းချနေမည်ဖြစ်သည်။ ရောင်စုံအလံများသည် ကောင်းကင်ပေါ်တွင်ရှိနေသည့်တိမ်တိုက်များကဲ့သို့ပင်။ သူတို့သည် ကောင်းကင်တစ်၀ပက်ခန့်ကို ဖုန်းလွှမ်းထားပြီးတိုက်ပွဲဆာလောင်သည့်အရှိန်၀ါများကို ပေးလျှက်ရှိသည်။
အဖွဲ့၀င်နိုင်ငံများကြားမှ ဇီးနစ်စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကြီးစတင်ရန်မှာ နှစ်ပတ်ခန့်သာလိုတော့သည်ဖြစ်ပြီး အဖွဲ့၀င်နိုင်ငံ၉၀ရာခိုင်နှုန်းခန့်မှာ ဤနေရာသို့ရောက်ရှိနေနှင့်ကြပြီးဖြစ်သည်။ မြို့တော်၏လုံခြုံရေးကိုကာကွယ်ရန်အတွက် မည်သည့်တပ်ဖွဲ့မှ မြို့တော်အနီး၁.၅ကီလိုမီတာခန့်ကို ကပ်ခွင့်မရှိပေ။ ပါ၀င်ယှဥ်ပြိုင်ရန်လာကြသည့်အဖွဲ့၀င်တိုင်းပြည်များသည် မြို့ပြင်တွင်ရှိသည့်နေရာတွင်သာ စခန်းချနေရမည်ဖြစ်သည်။ အဖွဲ့၀င်နိုင်ငံကိုယ်စီကို စခန်းချရမည့်နေရာကြိုတင်ကာ စီစဥ်ပေးပြီးဖြစ်၏။ စခန်းချနေရာနင့်မြို့တော်အတွင်းအကွာ၀ေးကို တိုင်းပြည်တစ်ခု၏ အင်အားပေါ်မူတည်ကာ သတ်မှတ်ပေးထားခြင်းဖြစ်ပြီး မည်သည့်တိုင်းပြည်တပ်ဖွဲ့မှ သက်မှတ်ထားရာနေရာမှ ထွက်ခွာခွင့်မရှိချေ။ သို့မဟုတ်ပါက သူတို့သည်သစ္စာဖောက်သည့်အပြုမူအဖြစ်သက်မှတ်ခြင်းခံရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အင်ပါယာ၏အင်အားအကြီးဆုံးတပ်ဖွဲ့ကြီးဆယ်ခုထဲမှ လေးခုဖြစ်သည့် [မိုးကြိုးနတ်ဘုရားကြာပွတ်], [မီးနတ်ဘုရား၏အမျက်], [မဟာသစ်တောတပ်ဖွဲ့]နှင့် [နှင်းမုန်တိုင်းတပ်ဖွဲ့]တို့မှာ ဤနေရာတစ်၀ိုက်တွင်သာစခန်းချထားကြ၏။ ကျွမ်းကျင်စစ်သည်နှစ်သိန်းကျော်၊ အထူးပါးကွပ်သားသူရဲကောင်း၆ယောက်နှင့် ယာယီမှော်မျှော်စဥ်များနှင့်အင်ပါယာအတွင်းတွင်နေထိုင်နေကြသည့် စွမ်းအားကြီးမှော်ဆရာများစွာတို့လည်းရှိနေကြသည်။ အင်ပါယာ၏လုံခြုံရေးအတွက်ကာကွယ်စောင့်ရှောက်ထားသည့်ပုံတို့မှာ စိတ်ကူးမယဥ်နိုင်လောက်အောင်ပင်။
ချမ်းဘော့ဒ်တပ်ဖွဲ့ တောင်ခြေသို့ရောက်ရှိသည့်အချိန်တွင် အင်ပါယာမှတပ်ဖွဲ့တစ်ခုသည် သူတို့အားစောင့်ကြိုနေ၏။ သူတို့၏ရင်းမြစ်ကိုအတည်ပြုပြီးသည့်နောက်တွင် ခေါင်းဆောင်တစ်ယောက်သည် သူတို့အားသက်မှတ်ထားသည့်စခန်းချရာနေရာသို့ခေါ်ဆောင်သွား၏။ သူတို့တစ်ခြားတိုင်းပြည်များစခန်းချရာနေရာများဘေးမှဖြတ်သန်းသွားသည့်အချိန်တွင် ဖှေးပါ၀င်ယှဥ်ပြိုင်နေကြသည့်တစ်ခြားတိုင်းပြည်တပ်ဖွဲ့များစွာကိုမြင်တွေ့နေရ၏။ ထိုတပ်ဖွဲ့များသည် ချပ်၀တ်မျိုးစုံ၊ ၀တ်ရုံမျိုးစုံနှင့် လူများစုံတို့ဖြစ်ကြသည်။ သူတို့သည် ချမ်းဘော့ဒ်တပ်ဖွဲ့ကို ရင်းနှီးသည့်အမူရာဖြင့်ဖြစ်စေ၊ ရန်လိုသည့်အမူယာနှင့်ဖြစ်စေ အသီးသီးကြည့်ရှုနေကြ၏။
နေရာတစ်ခုလုံးသည် သတ်ဖြတ်လိုပြီး တင်းမာသည့်လေထုများဖြင့်ပြည့်နှက်နေလျှက်ရှိသည်။ တိုင်းပြည်မျိုးစုံမှစစ်သည်များကြားထဲတွင် သိုင်းဆရာများနှင့် ရက်စက်ကြမ်းကြုတ်ကာ သွေးဆာလောင်နေသည့်တိုက်ခိုက်ရေးသမားများမျိုးစုံလဲပါ၀င်နေ၏။ အကူညီရရှိရန်အတွက်လေ့ကျင့်ပေးထားသည် နတ်ဆိုးသားရဲတစ်ချို့ကိုပင် ဖှေးမြင်တွေ့နေရ၏။ ဤစစ်သည်များကြားထဲတွင် အတက်ကြွဆုံးစစ်သည်များမှာ သူတို့၏လက်နက်များကို ကိုင်မြှောက်နေကြပြီးအသစ်ရောက်ရှိလာသည့်တပ်ဖွဲ့များကို စိန်ခေါ်အော်ဟစ်နေကြ၏။
ကြမ်းကြုတ်မှုများ၊ သွေးဆာလောင်မှုများ၊ ရက်စက်မှုများ၊ ရူးသွပ်မှုများ....ဤသည်မှာ သံမဏိနှင့်မီးတောက်များဖြင့် ပြည့်နှက်နေသည့် သုခဘုံတစ်ခုပင်။
“ဟေ့ကောင်တွေ ပြိုင်ပွဲစတာနဲ့မင်းတို့ရဲ့ခေါင်းတွေကို ငါကိုယ်တိုင်ဖြတ်ပစ်မယ်ကွ....” အရပ်နှစ်မီတာကျော်ခန့်ရှည်လျားသည့် လူသန်ကြီးတစ်ယောက်သည် စခန်းချထားသည့်နေရာတွင် ရပ်နေရင်းဖြင့် ချမ်းဘော့ဒ်တပ်ဖွဲ့ဖြတ်သန်းသွားသည်ကိုမြင်သည့်အချိန်တွင် ဓားများကို လျှာဖြင့်ယက်ကာ လှမ်းစိန်ခေါ်လိုက်၏။
“၀ုတ်....” ကြီးမားသည့်အမဲရောင်ချိုတစ်ချောင်းမြင်းကြီးသည် သူရှိနေရာလှောင်အိမ်တစ်ဖက်မှနေ၍ ချမ်းဘော့ဒ်တပ်ဖွဲ့ရှိရာထံသို့ဦးတည်ကာ ဟိန်းဟောက်လိုက်၏။
မျက်လုံးများသာဖော်ထားပြီး တစ်ကိုယ်လုံးကိုသံမဏိချပ်၀တ်များ၀တ်ဆင်ထားသည့် စစ်သည်တစ်ယောက်လဲရှိနေသည်။ သူသည် သူ၏စခန်းအတွင်းတွင် ရပ်နေရင်းဖြင့် သွေးများစီးကျနေဆဲဓားကိုကိုင်ဆောင်ကာ ဖြတ်သန်းနေသည့်လူတိုင်းကို သတ်ဖြတ်လိုသည့်မျက်လုံးများဖြင့်လိုက်လှံကာကြည့်ရှုနေ၏။ သူသည် အချိန်စက္ကန့်မရွေးပင် ထပြီးရန်ပြုတော့မည့်ဟန်ပင်။
မဟူရာမုန်တိုင်း၏ကြောပြင်ပေါ်တွင် လိုက်ပါစီးနှင်းနေသည့်ဖှေးသည် ကျယ်လောင်သည့်စကားသံများကိုလည်းကြားနေရ၏။
“ခေါင်းနှစ်လုံးပါတဲ့ခွေးအလံလား...အဲ့တာဘယ်တိုင်းပြည်ရဲ့အလံလဲမင်းသိလား...”
“မသေချာဘူး ကြည့်ရတာတော့တိုင်းပြည်ငယ်လေးတစ်ခုပဲနေမှာပေါ့...”
“ဟီးဟီး တိုင်းပြည်ငယ်လေးလား....သူတို့ကဒီပြိုင်ပွဲမှာတော့ ဘေးကရပ်ကြည့်နေတဲ့လူတွေလိုပါပဲ....”
“ဒါပေမယ့် သူတို့စီးနေတာဘာတွေလဲကွ...ဟင်။ အဲ့တာတွေက အဆင့်လေးမီးမှုတ်သားရဲတွေလား။ ချီရှူအီတိုင်းပြည်များလား။ ဒါပေမယ့်ချီရှူအီတိုင်းပြည်ရဲ့ဘုရင်က အဲ့လောက်တော့မငယ်ပါဘူး။ တပ်ဖွဲ့ကိုဦးဆောင်လာတဲ့ကောင်လေးကိုကြည့်လိုက်။ မဟုတ်မှလွဲရော သူက ဘုရင်များလား...”
“သူစီးနေတာကရော ဘာကောင်ကြီးလဲ...ဟင်။ ငါအဲ့လိုသားရဲကို တစ်ခါမှမမြင်ဖူးပါဘူး။ မြင်းကြီးလား။ မြင်းနဲ့မတူပဲ ခွေးတစ်ကောင်နဲ့ပိုတူနေတယ်...”
“ပေါက်ကရ ခွေးကအဲ့လောက်ကြီးပါ့မလား...”
ဖှေးနှင့် သူ၏တပ်ဖွဲ့ဖြတ်သွားသည့်အချိန်တွင် အနားတစ်၀ိုက်တွင် စခန်းချနေကြသည့်တပ်ဖွဲ့များသည် သူတို့ကိုလှမ်းကြည့်နေကြ၏။ အဖွဲ့၀င်တိုင်းပြည်၂၅၀အကြားတွင် ဘုရင်အမျိုးမျိုးရှိနေကြ၏။ တစ်ချို့ဘုရင်များဆိုလျှင်တိရိစ္ဆာန်အရေခွံများကိုသာ၀တ်ဆင်ထားကြပြီး လူရိုင်းတစ်ကောင်ကဲ့သို့ပင်။ ချမ်းဘော့ဒ်တပ်ဖွဲ့သည် တောက်ပသည့်သံမဏိချပ်၀တ်များကို ၀တ်ဆင်ထားကြသဖြင့် မနာလှိအားကျမှုများစွာကို ဆွဲဆောင်လျှက်ရှိ၏။ အထူးသဖြင့် သူတော်စဥ်တပ်ဖွဲ့၀င်များစီးနှင်းနေသည့် အဆင့်လေးမီးမှုတ်သားရဲများပင်။ ဤသားရဲများသည် အဆင့်မြင့်စစ်သည်များစွာကို သွားရေတမြားမြားဖြင့် ဖြစ်နေစေ၏။
တစ်ချို့ရဲတင်းသည့်လူများဆိုလျှင် ချမ်းဘော့ဒ်တပ်ဖွဲ့အနောက်မှ ကပ်ပါပြီးလိုက်ပါလာလျှက်ပင်ရှိကြ၏။
“ဘုရင်အလတ်ဇန္ဒား ဒီမြစ်ကမ်းဘေးကနေရာက ချမ်းဘော့ဒ်တိုင်းပြည်အတွက် စီစဥ်ပေးထားတဲ့နေရာပဲ။” လမ်းပြနေသည့်တပ်ဖွဲ့ခေါင်းဆောင်မှာ အလွန်ဖော်ရွေလွန်းလှသည်။ သူသည် မြစ်ကမ်းဘေးတွင်ရှိသည့် စခန်းချရာနေရာတစ်ခုကို ညွှန်ပြလိုက်ပြီးပြောလိုက်၏။
ဤသည်မှာ ၂၀ဧကခန့်ကျယ်၀န်းသည့် နေရာလပ်တစ်ခုပင်။ မြေပြင်မှာညီညာပြီး စခန်းပေါင်းများစွာကိုဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်ခု၏ဘေးတွင်ရှိနေခြင်းဖြစ်သည်။ ဤသည်မှာ စခန်းချရန်အတွက် အလွန်သင့်လျှော်သည့်နေရာတစ်ခုပင်။ ဤနေရာလပ်ကို သံမဏိချိန်းကြိုးများကျောက်တိုင်များဖြင့် ရစ်ပတ်ပြီး တစ်ခြားတိုင်းပြည်များစခန်းချထားသည့်နေရာမှကွာခြားထား၏။ ချမ်းဘော့ဒ်ဟု ရေးသားကာစိုက်ထူထားသည့် ကျောက်တိုင်ကြီးတစ်ခုလည်းတည်ရှိနေသည်။
“အရှင်မင်းကြီး ကျွန်တော့နာမည်ကတော့ တော်စီပါ။ အရှင်တစ်ခုခုမေးချင်တာရှိရင် နှင်းမုန်တိုင်းတပ်ဖွဲ့စခန်းချထားတဲ့နေရာစီကို လူလွတ်ပြီး ကျွန်တော့ကိုရှာခိုင်းလိုက်လို့ရပါတယ်။ အရှင်တို့ခရီးရှည်လာခဲ့ရတာဆိုတော့ ပင်ပန်းနေလောက်ရောပါ့ ကျွန်တော်သိပ်ပြီးအနှောင့်ယှက်မပေးလိုတော့ပါဘူး။ ကျွန်တော်တို့ မကြာခင်ပြန်တွေ့ရမှာပါ...သွားလိုက်ဦးမယ်ဗျ...”
တော်စီဟုအမည်ရသည့်ခေါင်းဆောင်မှာ အလွန်ဖော်ရွေလှသည်။ သူပြောသည့်ပုံအရ သူသည် အထူးတပ်အင်အားဆယ်ခုထဲတွင် နံပါတ်၁ဖြစ်သည့် နှင်းမုန်တိုင်းတပ်ဖွဲ့မှ အဖွဲ့၀င်တစ်ယောက်ဖြစ်ပုံရ၏။ ဤသည်မှာ ဖှေးကိုအနည်းငယ်အံ့သြသွားစေ၏။ ဖှေးနှင့် ချမ်းဘော့ဒ်စစ်သည်များကို စခန်းချရန်နေရာသို့ခေါ်ဆောင်လာပေးပြီးသည့်နောက်တွင် တော်စီသည် စည်းမျဥ်းစည်းကမ်းများကို ရေးသားထားသည်စာအုပ်တစ်အုပ်ကိုလည်း ဖှေးတို့ကိုပေးထားခဲ့၏။ ထို့နောက်တွင် သူထွက်ခွာသွားသည်။ တော်စီသည် စကားပြောဆိုရာတွင် အလွန်ပါးနပ်သည့်ပုံရသည်။ သူသည် ဖှေးနှင့်အလွန်နီးကပ်နေသည့်ပုံမရှိသော်လည်း သူ၏ဖော်ရွေမှုကိုလည်း ပြသ၏။
ခေါင်းဆောင်တော်စီကို နှုတ်ဆက်ပြီးသည့်နောက်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့သည် စခန်းချရန်တွက် စတင်ကာပြင်ဆင်ရပြီဖြစ်သည်။ သူတို့ခရီးတစ်လျှောက်တွင် ချခဲ့ရသည့်တစ်ခြားစခန်းများနှင့်မတူညီသည်မှာ ဤနေရာတွင်တစ်လနီးပါးခန့်စခန်းချပြီး နေထိုင်နေရဦးမည်ဖြစ်သောကြောင့် အရာအားလုံးသည်ခိုင်မာမြဲမြံနေရန်အတွက် လိုအပ်၏။ အိုလတ်ဂ်ကိုယ်တိုင်ဦးဆောင်ကာ စစ်သည်များနှင့်အတူစခန်းချရန်အတွက် ပြင်ဆင်နေ၏။ ရေပူစမ်းမြို့တော်အတွင်းမှ ၀ယ်ယူခဲ့သည့်ယာယီရွက်ဖျင်တဲများမှာ ယခုအချိန်တွင် အလွန်အသုံး၀င်လာနေပြီဖြစ်သည်။