← Chapters

အခန်း (၂၉၄)

Vol. 20 Ch. 294

အခန်း (၂၉၄)

Vol. 20 Ch. 294

ချမ်းဘော့ဒ်တပ်ဖွဲ့အနောက်မှ ကပ်ပြီးလိုက်ပါလာကြသည့်လူများသည် စခန်းချထားသည့်အလည်တွင်ရှိသည့် ကျောက်တိုက်ကိုမြင်ကာ ဤတပ်ဖွဲ့သည်မည်သည့်တိုင်းပြည်မှတပ်ဖွဲ့ဖြစ်သည်ဆိုသည်ကို သိရှိသွားကြ၏။ ဤလူအများစု၏မျက်နှာအမူရာများသည် ရုတ်တရက်ပြောင်းလဲကုန်ကြပြီး သူတို့ဘုရင်ကိုသတင်းပို့ရန်အတွက် သူတို့နှင့်သက်ဆိုင်သည့်စခန်းကိုသာအမြန်လှည့်ပြန်ကုန်ကြတော့၏။

“သေစမ်....ဒါဆိုဒီကောင်တွေက နာမည်ကြီးနေတဲ့ ချမ်းဘော့ဒ်ကရက်စက်တဲ့လူသတ်သမားတွေပဲပေါ့။ ငါအရှင်မင်းကြီးကိုဒီသတင်းအမြန်သွားပြောမှဖြစ်မယ်။ သူတို့ကိုရန်မစသင့်ဘူး။ ရွှေရောင်နေမင်းသူရဲကောင်းကို အနိုင်ယူခဲ့တဲ့ ချမ်းဘော့ဒ်ဘုရင်ဆိုတာက ငါတို့လိုအဆင့်လေးအဖွဲ့၀င်နိုင်ငံတစ်ခုကိုင်တွယ်နိုင်တဲ့ဟာမဟုတ်ဘူး။”

“ချမ်းဘော့ဒ် ဒီကောင်တွေက ချမ်းဘော့ဒ်ကလား။ ဒါဆိုရင်တော့ ငါတို့သူတို့နဲ့ရန်သူသွားမလုပ်သင့်ဘူး။”

“အဲ့ထူးဆန်းတဲ့သားရဲကြီးပေါ်မှာ စီးနှင်းနေတဲ့ ဆံပင်အမဲရောင်နဲ့လူငယ်က လက်ရှိမြို့တော်စိန့်ပီတာစဘာ့တ်မှာနာမည်ကြီးနေတဲ့ ချမ်းဘော့ဒ်ဘုရင်ဖြစ်လိမ့်မယ်။ သူက ဒီလောက်တောင်ငယ်သေးတာလား။ မယုံနိုင်စရာပဲ။ သူကတကယ်ပဲ သူရဲကောင်းနန်းတော်က ရွှေရောင်နေမင်းသူရဲကောင်းကို အနိုင်ယူခဲ့တာလား။ ဒီလိုလူမျိုးတွေက မိတ်ဆွေဖြစ်လို့ပဲကောင်းတယ် ရန်သူသွားလုပ်လို့မရဘူး။”

“ချမ်းဘော့ဒ်ဘုရင်က မထင်မှတ်တဲ့အပြုမူနဲ့ရောက်လာခဲ့တာပဲ။ တောင်ညီနောင်ကတိုက်ပွဲသတင်းက ပြန့်နေတာကြာပြီ။...ဟီးဟီး ငါမင်းကို ခနတော့ဂုဏ်သတင်းကျော်ဇောခွင့်ပေးလိုက်ပါဦးမယ်။ ဒါပေမယ့် သူရဲကောင်းနန်းတော်က မင်းကို ဒီလိုဆက်ပြီးတော့ မာနထောင်လွှားဖို့ခွင့်ပြုမှာမဟုတ်ဘူး”

သူတို့၏လူများထံမှ သတင်းများရရှိပြီးသည့်နောက်တွင် အဆင့်၄မှော်သားရဲများဖြစ်သည့်မီးမှုတ်သားရဲများကို မျက်စိကျနေခဲ့ကြသည့်ဘုရင်တစ်ချို့သည် သူတို့၏လောဘများကို ဖြေဖျောက်လိုက်ကြရသည်။ ဤဘုရင်များထံတွင် ယုံကြည်ရသည့်သတင်းအချက်လက်ရင်းမြစ်များရှိကြသည်။ ထို့ကြောင့် သူတို့အားလုံးသည်တောင်ညီနှောင်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအကြောင်းကို သတင်းရရှိထားပြီးဖြစ်၏။ ရွှေရောင်နေမင်းသူရဲကောင်းကိုအနိုင်ယူခဲ့သည့်လူတစ်ယောက်သည် သူတို့ယှဥ်ပြိုင်၍မရနိုင်သည့်လူတစ်ယောက်ဖြစ်သည်ကို သိရှိလိုက်သည့်အတွက် ဆက်လက်၍ဉာဏ်နီဉာဏ်နက်များမထုတ်ရဲကြတော့ပေ။

အမှန်ပင် ဘုရင်တိုင်းတွင် ဤကဲ့သို့ကောင်းမွန်သည့် သတင်းအချက်လက်ရင်းမြစ်များရှိနေကြသည်မဟုတ်ပေ။ တောင်ညီနောင်တွင်ဖြစ်ပွားခဲ့သည့်သတင်းကို မကြားရသေးသည့်ဘုရင်တစ်ချို့လဲရှိနေကြသေး၏။ သူတို့၏မျက်လုံးထဲတွင် ချမ်းဘော့ဒ်သည် အဆင့်၆အဖွဲ့၀င်နိုင်ငံငယ်လေးတစ်ခုသာဖြစ်ပြီး ဖှေး၏အသက်ရွယ်ကိုကြည့်ပါက သိပ်ပြီးပြသနာရှိလိမ့်မည်ဟု သူတို့မယူဆကြေချေ။

လောဘတစ်ချို့သည် စတင်၍ယိုစိမ့်လာတော့၏။

“ဒါကမမျှတပါဘူး။ အဆင့်၆အဖွဲ့၀င်တိုင်းပြည်ချမ်းဘော့ဒ်က ဘာလို့အဲ့လောက်ကောင်းတဲ့ စခန်းနေရာကိုရထားရတာလဲ။ အဲ့လိုနေရာက အဆင့်၁၊ ဒါမှမဟုတ်အဆင့်၂အဖွဲ့၀င်တိုင်းပြည်တွေပဲ စခန်းချခွင့်ပေးတဲ့နေရာမဟုတ်ဘူးလား...”

“ချမ်းဘော့ဒ်တိုင်းပြည်က လူတွေကအတော်မျက်နှာလိုက်ခံနေရတာပဲ...”

ဘုရင်တစ်ချို့မှာ မေးခွန်းထုတ်လိုက်ကြသည်။

သို့သော် သူတို့မည်ကဲ့သို့မှမလှုပ်ရှားနိုင်သေးခင်မှာပင် တစ်စုံတစ်ယောက်သည် အရင်လှုပ်ရှားလိုက်ပြီးဖြစ်သည်။

ရုတ်တရက်ပင် မိုးကြိုးကဲ့သို့ကျယ်လောင်သည့်အသံကြီးတစ်ခုထွက်ပေါ်လာ၏။ စခန်းချရာနေရာနှင့် အချင်း၀တ်၁၀ကီလိုမီတာထဲတွင်ရှိနေသည့်လူတိုင်းဤအသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

“ချမ်းဘော့ဒ်ဘုရင် ငါကီလုမင်းကိုစိန်ခေါ်တယ်။ မနက်ဖြန်နေ့လည်ခင်း ပထမဓားရေးလေ့ကျင့်ကွင်းမှာ ငါမင်းကိုစောင့်နေမယ်...”

အသံသည်ကောင်းကင်ပေါ်တွင် ပဲ့တင်သွား၏။

ဘုရင်တိုင်းဤသံကိုကြားလိုက်ရပြီး သူတို့ထိတ်လန့်အံ့သြသွားကြ၏။

“ကီလုဟုတ်လား...သူကအထူးပါးကွပ်သား သူရဲကောင်းဆယ်ယောက်ထဲက နံပါတ်၇သူရဲကောင်းမလား။ သူကစွမ်းအားနဲ့အာဏာကြီးမားတဲ့သူရဲကောင်းတစ်ယောက်ပဲ သူကဘာလို့ချမ်းဘော့ဒ်ဘုရင်ကို လာပြီးစိန်ခေါ်နေရတာလဲ...”

“ဟားဟား ချမ်းဘော့ဒ်ဘုရင်ရွှေရောင်နေမင်းသူရဲကောင်းကိုအနိုင်ယူလိုက်တယ်ဆိုတဲ့အချက်က သူရဲကောင်းနန်တော်ကိုအရှက်ရသွားစေတယ်ထင်တယ်။ မြို့တော်စိန့်ပီတာစဘာ့တ်ထဲမှာ ပြန့်နှံ့နေတဲ့သတင်းတွေက နန်းတော်ရဲ့နာမည်ကိုထိခိုက်စေလို့ သူတို့ရောက်ရောက်ခြင်း၁၀မိနစ်တောင်မရှိသေးတာကို အထူးပါးကွပ်သားသူရဲကောင်းတစ်ယောက်က လာပြီးစိန်ခေါ်လိုက်တာနေမယ်။”

“ဒါချမ်းဘော့ဒ်ဘုရင်က ကောလဟာလတွေထဲကလို တကယ်ရောအစွမ်းထက်ရဲ့လားဆိုတာကြည့်ဖို့အခွင့်ရေးတစ်ခုပဲ...”

...

ဖှေးလည်း ဤအသံကိုကောင်းမွန်စွာကြားလိုက်ရသည်။

“ကီလုဆိုတာဘယ်သူလဲ...”

ဘုရင်သည် အသံနေအသံထားကိုနားထောင်ကြည့်ရုံဖြင့်ပင် ဤစိန်ခေါ်လာသည့်လူမှာအားနည်းသည့်လူမဟုတ်မှန်းရိပ်မိလိုက်၏။ အနည်းဆုံးဤစိန်ခေါ်လာသူသည် ဆူတွန်ထက်ပိုပြီးသန်မာသည့်လူတစ်ယောက်ဖြစ်သည်။ “ဒါက ငါ့မျက်နှာကြောင့်မို့လို့များလား။ ငါ့ရဲ့မျက်နှာကများလူတိုင်းကို င့ါကိုစိန်ခေါ်ချင်အောင်ဆွပေးနေတာလား။ ဘာလို့လူတိုင်းက င့ါကိုတစ်ချိန်လုံးလာပြီးစိန်ခေါ်နေရတာလားဟ။ ဒါမှမဟုတ် ငါကများအရမ်းကြင်နာတတ်နေလို့ ဒီကောင်တွေကငါ့ကိုစိန်လာခေါ်ပြီး ဟန်ထုတ်ချင်နေကြတာလား...”

“အရှင်မင်းကြီး ကီလုကအထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်ထဲက နံပါတ်၇သူရဲကောင်းတစ်ယောက်ပါ။ သူက ဆူတွန်ထက်အများကြီးပိုအစွမ်းထက်တယ်။ နောက်ပြီးသူကအရှင်မင်းကြီးမတိုင်ခင်မျိုးဆက်က စစ်သည်တစ်ယောက်ပဲ။” အဖိုးကြီး ဇိုလာရစ်သည် ရှင်းပြလိုက်၏။ သူနှင့်လူကာတို့သည် ချမ်းဘော့ဒ်တိုင်းပြည်အတွက်သတင်းအချက်လက်များကိုရနိုင်သမျှရအောင်စုဆောင်းနေခဲ့ကြခြင်းဖြစ်၏။ ထိုအချက်လက်များထဲတွင် အင်ပါယာတစ်ခွင်တွင် ကျော်ကြားသည့် အထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်၏ သတင်းများသည်လည်းအတိုင်းတာတစ်ခုအထိပါရှိနေ၏။

“နောက်ထပ် ပါးကွပ်သားသူရဲကောင်းတစ်ယောက်လား...”

ဖှေးသူ၏မေးစေ့ကို ပွတ်သပ်လိုက်၏။ သူသည် ချက်ချင်းပင် သူမည်သည့်အတွက်ကြောင့်စိန်ခေါ်ခြင်းခံရသည်ကို သဘောပေါက်လိုက်သည့်အတွက်ကြောင့်ပင်။ “ကလေးကိုရိုက်လိုက်ပါက လူကြီးပါလာလိမ့်မည်” ဟူသည့်စကားပုံတစ်ခုအတိုင်းပင်။

“ဒါဆိုသူကလက်စားချေဖို့ရောက်လာတာပေါ့..ဒါပေမယ့် ဒီအဆင့်၇သူရဲကောင်းရှုံးသွားရင်လည်း သူ့အပေါ်ကအဆင့်သူရဲကောင်းတွေထပ်ပြီးလာနေကြဦးမှာပဲလား...” ဖှေးတွေးလိုက်မိသည်။

“ဒီတစ်ကြိမ်မှာတော့ ဒီကောင်တွေငါ့ကိုထပ်ပြီးရန်လာမစရဲတော့အောင်ကြမ်းပြမှပဲ ရတော့မယ်...”

All Chapters