← Chapters

အခန်း (၂၉၅)

Vol. 20 Ch. 295

အခန်း (၂၉၅)

Vol. 20 Ch. 295

နေ၀င်ချိန်မတိုင်မှီတွင် ချမ်းဘော့ဒ်တပ်ဖွဲ့မှစစ်သည်များသည် ရွက်ဖျင်တဲများနေရာချခြ

င်းကို ပြီးဆီးသွားပြီဖြစ်သည်။

ချမ်းဘော့ဒ်တပ်ဖွဲ့စခန်းချထားသည့်နေရာတစ်၀ိုက်တွင်ရှိနေသည့် နေရာတစ်၀ိုက်မှတိုင်း

ပြည်များမှာ အကြောင်းရာတစ်စုံတစ်ခုကြောင့်သာ အံ့သြနေကြရ၏။ ဇိမ်ခံပစ္စည်းများ

ဖြင့် ပြည့်နှက်နေလွန်းသောကြောင့်ပင်။ ရွက်ဖျင်တဲများအားလုံးသည် အတွင်းပိုင်းအ

ပူပေးသည့်မှော်အစီရင်များပါရှိသည့် အကောင်းစားရွက်ဖျင်တဲများဖြစ်နေသောကြောင့်ပ

င်။ ထိုရွက်ဖျင်တဲများသည် စစ်သည်များကို အနွေဓာတ်ပေးနိုင်ရုံဿာမကပေ အ၀ေး

မှရောက်ရှိလာသည့်အန္တရာယ်များကိုလည်း ကြိုတင်ကာသတိပေးနိုင်သည့် အစီရင်

များလည်းပါရှိ၏။

ဤရွက်ဖျင်တဲတစ်ခုခြင်းစီသည် အနည်းဆုံးရွှေဒင်္ဂါးတစ်ထောင်ခန့်ကုန်ကျမည်ဖြစ်သည်။

ထို့အပြင် ရွက်ဖျင်တဲများတွင်ရှိသည့်မှော်အစီရင်များအလုပ်လုပ်ရန်အတွက် မှော်သလ

င်းကျောက်များထည့်ရန်လည်းလိုအပ်သေး၏။ အဆင့်နိမ့်မှော်သလင်းကျောက်များတွင်

ပါရှိသည့် မှော်စွမ်းအင်သည် ဤရွက်ဖျင်တဲများတွင် သုံးရက်ခန့်သာအသုံးပြုနိုင်၏။

အင်အားနည်းတိုင်းပြည်များမှာ ဘုရင်များသည် ဤကဲ့သို့အသုံးဆောင်များကို အသုံးပြု

နိုင်ခြင်းမရှိပေ။ ဤအတွက်ကြောင့်ချမ်းဘော့ဒ်တပ်ဖွဲ့၏ဘေးတစ်၀ိုက်တွင်ရှိနေသည့်တို

င်းပြည်များမှာ မနာလိုအားကျနေရ၏။

အမှန်ပင် လူများမှာချမ်းဘော့ဒ်တပ်ဖွဲ့ထုတ်ဖော်ပြသနေသည့် အင်အားကြောင့်အံ့သြ

နကွေရ၏။

ဤရွက်ဖျင်တဲအခု၅၀အပြင်ကျန်ရှိနေသည့် အသုံးဆောင်ပစ္စည်းများတွင်လည်း မှော်စွ

မ်းအင်များပါရှိနေပုံရ၏။ မှော်တာ၀ါတိုင်တစ်ခုဆောင်လုပ်ထားသကဲ့သို့ချမ်းဘော့ဒ်တပ်ဖွဲ့

စခန်းချထားရာနေရာမှ မှော်အရှိန်၀ါများတောက်ပလျှက်ရှိသည်။ တစ်ချိန်တည်းမှာပင်

သုံးမီတာခန့်အမြင့်ရှိသည့်နံရံဒိုင်းကာကြီး၁၀ခုသည် စခန်းကိုကာကွယ်ရန်အတွက် ဘေး

ပတ်ပတ်လည်တွင် ထောင်ထား၏။ နံရံဒိုင်းကာကြီးတစ်ခုစီ၏ အပေါ်တွင်ယာယီက

င်းတဲများကို သစ်သားဖြင့်ဆောက်လုပ်ထားပြီးကင်းတဲပေါ်တွင် လေးသည်တော်များသ

ည်နေရာယူပြီးအဆင်သင့်အနေထားဖြင့် ကင်းစောင့်နေကြ၏။

ဤကဲ့သို့နေရာချထားမှုမှာ အဆင့်၁အဖွဲ့၀င်နိုင်ငံများဖြင့်ပင် နှိုင်းယှဥ်၍ရနိုင်သည့်အ

နေထားပင်။

ချမ်းဘော့ဒ်တိုင်းပြည်ပြသခဲ့သည့်ကြွယ်၀မှုတို့မှာ ဘေးတွင်ကြည့်နေသူမှန်သမျှကို ထိ

တ်လန့်အံ့သြစေ၏။

“ဒီချမ်းဘော့ဒ်တိုင်းပြည်သားတွေက ချမ်းသာလိုက်တာကွာ...”

“ဒါကမယုံနိုင်စရာပဲ မြောက်ပိုင်းအစွန်ဆုံးမှာရှိတဲ့အဆင့်၆တိုင်းပြည်ငယ်လေးက...

ငါကြားဖူးတာကတော့ သူတို့က ဆင်းရဲလွန်းလို့စစ်သည်တွေကိုတောင် လက်နက်ဆင်

မပေးနိုင်ဘူးဆို။ အခုဘာလို့ ချမ်းသာနေရတာလဲ။ ဘာတွေများဖြစ်ပျက်ခဲ့လို့ပါလိမ့်”

“ဒီကောင်တွေဘယ်လောက်ပဲ ကြွားနေနေ နေ့တွင်းညတွင်းချမ်းသာလာတဲ့တော

သားတွေပါကွာ အထင်ကြီးလာစရာမရှိပါဘူး...”

ချမ်းဘော့ဒ်စခန်းတစ်၀ိုက်တွင် တစ်ခြားတိုင်းပြည်မှလူများစုပြုံကာရောက်ရှိလာကြပြီး

သူတို့မြင်နေရသည့်အရာများကို မှတ်ချက်ပေး၊ အချင်းချင်းတီတိုးပြောကြားနေကြ၏။

တစ်ချို့တိုင်းပြည်များသည် မတိုင်ခင်းကတည်းက ကြိုတင်ပြီးပူးပေါင်းမှုရယူရန်အတွ

က်ဆွေးနွေးထားပြီးဖြစ်သည်။ တစ်ချို့တိုင်းပြည်များမှာ ချမ်းဘော့ဒ်ကိုအားကျနေကြပြီး

ချမ်းဘော့ဒ်နှင့်တစ်ဖက်ထဲတွင် နေလိုနေကြသည်။ တစ်ချို့တိုင်းပြည်များမှာ လေးစား

မှုဖြင့် သက်ပြင်းချလိုက်မိကြသည်။ တစ်ချို့တိုင်းပြည်များမှာ တိတ်ဆိတ်နေကြပြီး

တစ်ချို့မှာ မနာလိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေကြ၏။ တစ်ချို့တိုင်းပြည်များဆိုလျှင်

ရက်စက်ကြမ်းကြုတ်ပြီး မကောင်းသည့်အကြံစည်များကိုပင်စတင်ချမှတ်နေပြီဖြစ်သည်။

ဤအချိန်တွင် ၁၀ကီလိုမီတာအချင်း၀တ်ခန့်ရှိသည့် စခန်းချနေရာတစ်ခုလုံးမှလေထုသည်

တိတ်ဆိတ်ငြိမ်သက်နေသည့်ဟန်ရှိသော်လည်း အမှန်တကယ်မှာ အလွန်ပြင်းထန်နေ

လျှက်ရှိသည်။

မြို့တော်စိန့်ပီတာစဘာ့တ်မှာ ဆွေကြီးမျိုးကြီးများနှင့် အင်အားကြီးအဖွဲ့စည်းများ၏မျ

က်လုံးများထဲတွင် ဤပြိုင်ပွဲမှာ အင်အားကြီးတိုင်းပြည်များသည် သူတို့၏အစွမ်းကိုပြ

သနိုင်သည့်ပြိုင်ပွဲတစ်ခုဖြစ်ပြီး အကျိုးမြတ်တစ်ချို့လဲရရှိနိုင်မည်ဖြစ်သည်။ ပို၍သေးင

ယ်သည့်တိုင်းပြည်များသည်လည်း အကျိုးမြတ်အနည်းငယ်ရရှိနိုင်သေးသည်။ အင်

အားကြီးတိုင်းပြည်များသည် အကျိုးမြတ်များစွာရယူမည်ဖြစ်ပြီး အင်အားနည်းတိုင်းပြ

ည်များမှာ အကြွင်းကျန်များကိုစားသုံးရမည်ဖြစ်၏။ တစ်ချို့တိုင်းပြည်ငယ်လေးများတွင်

မျှော်လင့်ချက်များရှိနေကြပြီး သူတို့၏တိုင်းပြည်ကို အဆင့်မြှင့်လိုနေကြသည်။ တစ်

ချို့တိုင်းပြည်များမှာမူ သူတို့၏လက်ရှိအဆင့်ကိုသာဆက်လက်၍ထိန်းထားလိုကြသည်။

စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲ၏ဖွဲ့စည်းပုံနှင့် စည်းကမ်းများအရ တိုင်းပြည်များ

သည်အခြင်းခြင်းနှစ်သက်ရာတိုင်းပြည်ကို စိန်ခေါ်ခွင့်ရှိသည်ဖြစ်သည်။ ထို့ကြောင့်ပြိုင်ပွဲ

မစတင်မှီအချိန်တွင် တစ်ခြားတိုင်းပြည်များ၏သတင်းအချက်လက်များကို ရနိုင်သ

လောက်စုဆောင်းထားရမည်ဖြစ်သည်။

ဖှေးရောက်ရှိလာသည့်အချိန်မှစပြီးချမ်းဘော့ဒ်တပ်ဖွဲ့သည် အကောင်းဆုံးစခန်းချရန်နေ

ရာများထဲမှတစ်ခုကိုရရှိခဲ့သည်။ ဤအချက်ကပင် အာရုံစိုက်မှုများစွာကိုရရှိနေပြီဖြစ်

သည်။ သို့သော် အထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်ထဲမှတစ်ယောက်ဖြစ်သည့်

လူလတ်ကပင်ဖှေးကို ဒဲ့စိန်ခေါ်လိုက်သေး၏။ ဤအချက်ကြောင့်တိုင်းပြည်များအား

လုံးလိုလို၏ အာရုံစိုက်မှုများသည် ဖှေးအပေါ်သို့ကျရောက်သွား၏။

ရလဒ်သည်မည်ကဲ့သို့ပင်ဖြစ်စေကာမူ အင်ပါယာတွင်ရှိသည့်ထိပ်တန်းစစ်သည်များထဲမှ

တစ်ယောက်နှင့်တိုက်ခိုက်ခွင့်ရခြင်းသည် တစ်ခြားမည်သည့်တိုင်းပြည်များကမှမရရှိဖူး

သည့်ဂုဏ်ယူစရာတစ်ခုပင်။ ဖှေးနာမည်ကို တစ်ခါမှမကြားဖူးသေးသည့်ဘုရင်မျာသည်

စိတ်၀င်စားမေးမြန်းလာကြပြီး တောင်ညီနှောင်တွင်ဖြစ်ပွားခဲ့သည့်တိုင်ပွဲသတင်းများမှာ

ပို၍ပင်ပြန့်နှံ့ကုန်တော့၏။ ဤအချက်သည် မေးခွန်ပေါင်းများစွာကိုထွက်ပေါ်လာစေပြီး

လူများကို လာတော့မည့်တိုက်ပွဲအားပို၍ပင်စိတ်၀င်စားစေ၏။

မိုရိုတောင်ခြေနှင့် မြို့တော်ကိုကွာခြားထားသည့်မြေပြင်သည်၂၀ကီလိုမီတာခန့်ကျယ်၀န်းပြီး

ထိုမြေနေရာလက်ကို စတုရန်းကွက်များစွာပိုင်းခြားထား၏။ ဤစတုရန်းကွက်တစ်ခုခြ

င်းစီတိုင်သည် အဖွဲ့၀င်တိုင်းပြည်များယာယီစခန်းချနေထိုင်နိုင်ရန်အတွက်ဖြစ်သည်။

ကောင်းကင်ပေါ်မှကြည့်ပါက ဤစတုရန်းကွက်များသည် ကျားကွက်ကြီးတစ်ခုကဲ့သို့ပ

င်ဖြစ်နေပြီး အဖွဲ့၀င်တိုင်းပြည်များသည် ကျားကစားရုပ်များကဲ့သို့ပင် ဖြစ်နေ၏။

ချမ်းဘော့ဒ်သည်လည်း အာရုံစိုက်မှုများစွာကိုရရှိနေ၏။

နေ့ခင်းမှစတင်ကာနေ၀င်သည့်အချိန်ထိ တိုင်းပြည်တိုင်းသည်ချမ်းဘော့ဒ်တိုင်းပြည်၏

အခြေနေကိုသိရှိရန်အတွက်လူတစ်ယောက်လွှတ်လေ့ရှိသည်။ အထူးပါးကွက်သားသူ

ရဲကောင်းတစ်ယောက်ကပင် စိန်ခေါ်ခြင်းခံရသည့်သိုင်းဆရာတစ်ယောက်သည် အဆင့်

၆အဖွဲ့၀င်နိုင်ငံမှဘုရင်တစ်ပါးဖြစ်နေခြင်းသည် ကျန်ရှိနေသည့်အဖွဲ့၀င်တိုင်းပြည်များအ

တွက် သိပ်ပြီးသတင်းကောင်းမဟုတ်လှချေ။ ဤကျားရိုင်းသည်မည်သည့်တိုင်းပြည်နှင့်

မဆိုရင်ဆိုင်လာရနိုင်ဖွယ်ရှိပြီး မည်သည့်တိုင်းပြည်ကိုမဆိုအန္တရာယ်ပေးနိုင်၏။ ဤကဲ့

သို့ဆိုပါက ချမ်းဘော့ဒ်သည် အဖွဲ့၀င်တိုင်းပြည်တိုင်း၏ရန်သူဖြစ်နေသကဲ့သို့ပင်။

ညဘက်သို့ရောက်သည့်အချိန်တွင် ချမ်းဘော့ဒ်တပ်ဖွဲ့စခန်းချထားရာနေရာတစ်၀ိုက်သို့

လူများ ပိုမို၍ပင်စုရုံးလာသည်။

ပုန်းကွယ်နေစရာအကြောင်းမရှိပေ။ လာမည့်ရက်အနည်းငယ်အတွင်းပင် သူတို့သည်ပြို

င်ပွဲထဲတွင် ရင်ဆိုင်လာရနိုင်ချေရှိသည်။ ပြိုင်ပွဲမြေပြင်ထဲတွင် အလောင်းများစုပြုံနေ

မည်မှာ အဆန်းအပြားမဟုတ်လှချေ။ တိုင်းပြည်များအားလုံးသည် အကြမ်းဆုံး၊ အရို

င်းဆုံး၊ အစွမ်းထက်ဆုံးစစ်သည်များကိုသာ ယူဆောင်လာကြသည်ဖြစ်ပြီး သူတို့သည်

ပုံမှန်အားဖြင့် လူသတ်လိုစိတ်များပြင်းပြနေကြသူများဖြစ်၏။ သူတို့၏ဓားများကို ဆွဲ

ထုတ်ပြီး မြင်မြင်ခြင်းတစ်ဦးနှင့်တစ်ဦးစိန်ခေါ်တိုက်ခိုက်တတ်ကြသည်မှာလည်း အဆန်း

မဟုတ်လှချေ။ အင်ပါယာသည် စစ်သည်များနှင့် သိုင်းဆရာများကြားမှ နှစ်ကိုယ်

ကြားတိုက်ပွဲများကိုလည်း ကန့်သက်ထားခြင်းမရှိပေ။ ဤကဲ့သို့လူများတိုက်ခိုက်နိုင်ရန်

အတွက် ဓားကွင်းအခု၅၀ကိုပင် ပြင်ဆင်ပေးထား၏။ ယခင်က ပြိုင်ပွဲမစတင်မှီကပင်

လူပေါင်းတစ်ရာကျော်သေဆုံံးခဲ့ဖူးပြီး ထိုလူများကြားထဲတွင် ကြယ်လေးလုံးအဆင့်သ

စ်သားဂုဏ်သတ္တိစွမ်းအင်သုံးသိုင်းဆရာတစ်ယောက်လဲ ဤနေရာ၌ပင်သေဆုံးသွားခဲ့ဖူး

သည်။

All Chapters