← Chapters

အခန်း (၂၉၆)

Vol. 20 Ch. 296

အခန်း (၂၉၆)

Vol. 20 Ch. 296

ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်စခန်းချထားသည့်နေရာသို့လာရောက်ကာ အခြေအ

နေကြည့်ရှုနေကြသည့်စစ်သည်များ၏နောက်ကြောပေါ်တွင်လွယ်ဓားသည့် ဓားများမှာ

သိသာလှသည်။ ဤနေရာသို့ လူပေါင်းများစွာပင်ရောက်ရှိစုရုံးနေကြပြီး မြို့တော်စိန့်

ပီတာစဘာ့တ်တွင်ရှိသည့် ပေါ်ပြူလာအဖြစ်ဆုံးလောင်းကစားရုံတစ်ခုကဲ့သို့ပင်။

ဤလူများအကြားတွင် ထူးချွန်သည့်ပုံရှိသည့်လူငယ်သုံးလေးယောက်ခန့်လဲ ပါ၀င်နေ၏။

သူတို့၏ပတ်၀န်းကျင်တွင် တောက်ပသည့်ချပ်၀တ်များ၀တ်ဆင်ထားသည့် စစ်သည်၁

၂ယောက်ခန့်ပါရှိနေကြပြီး သူတို့ခန္ဓာကိုယ်မှအတွင်းအာစွမ်းအင်အရိပ်ယောင်များကို

ထုတ်လွှတ်လျှက်ရှိသည်။ မည်သူမျှသူတို့၏အနားသို့ မကပ်ရဲကြပေ။ လူများသည်

၀ေးလှံသောနေရာ၌တွင်သာရပ်နေကြပြီး ဤလူငယ်များကို လေးစားကြောက်ရွံ့မှုများ

ဖြင့် စိုက်ကြည့်နေကြ၏။

“မင်းသား ဆိုလို ခင်ဗျားဘယ်လိုထင်လဲ။ ဒီကောင်တွေက ကျွန်တော်တို့အတွက်စိုး

ရိမ်စရာဖြစ်လာနိုင်လောက်လား...” အပြာရောင်ကျောက်မျက်များစီချယ်ထားသည့်

ဆံထုံးတစ်ခုကို ထုံးထားသည့် ပြာရောင်ဆံပင်နှင့်လူငယ်တစ်ဦးသည် မေးလိုက်၏။

သူသည် ရွှေရောင်၀တ်ရုံတစ်ခုကို၀တ်ဆင်ထား၏။

“ဒီကောင်တွေက ဘာမှမကြုံတွေ့ရသေးတဲ့ တောသားတွေပါကွာ...” မင်းသား

ဆိုလိုမှာ နှာခေါင်းရှုံ့လိုက်၏။ သူသည်အတော်အတန်ကြည့်ကောင်းသည့်လူငယ်တစ်ဦး

ပင်။ သို့သော် သူမျက်နှာအမူယာမှာအလွန်မာနထောင်လွှားနေသည့်ဟန်ရှိပြီး မနာလို့မု

န်းထားမှုများဖြင့် ပြည့်နှက်နေ၏။

“အရှင့်သားသို့ကိုအထင်မသေးပါနဲ့။ ဒီချမ်းဘော့ဒ်ဘုရင်က နံပါတ်၁၀ပါးကွပ်သားသူ

ရဲကောင်းတစ်ယောက်ကိုအနိုင်ယူခဲ့ပြီးတော့ နံပါတ်၇ပါးကွပ်သားသူရဲကောင်းကတောင်

သူ့ကိုစိန်ခေါ်ထားတာ။ သူကအဲ့လောက်တုန်းအတဲ့ပုံမပေါ်ဘူး။ အရှင့်သားက ကြယ်

ငါးလုံးအလယ်လတ်အဆင့်စစ်သည်တစ်ယောက်ဆိုပေမယ့် သူ့ကိုယှဥ်နိုင်လောက်မှာမ

ဟုတ်ဘူးလို့ကျွန်တော်ထင်တယ်...” ရွှေရောင်ခေါင်းစည်း၀တ်ဆင်ထားပြီး ခရ

မ်းရောင်ဆံပင်များနှင့်လူငယ်တစ်ယောက်သည် ပြုံးကာပြောလိုက်သည်။ သူ၏လက်

များကို ဓားရိုးပေါ်သို့တင်ထားပြီးသူသည် တည်ငြိမ်ရင့်ကျက်သည့်ဟန်ပန်ရှိသည်။ သူ

၏မျက်လုံးများတွင်အလင်းရောင်များဖြင့်တောက်ပနေပြီး သူသည်အတွေးခေါ်မြင့်မား

သည့်လူတစ်ယောက်ကဲ့သို့ပင်။ ထို့အပြင် သူ၏အသံနေအသံထားအရသူသည် မင်း

သားဆိုလိုဆိုသူကို အနည်းငယ်ခနဲ့လိုက်သည့်ဟန်ပင်။

“...” မင်းသားဆိုလိုနှာခေါင်းရှုံ့လိုက်၏။ သူဘာမှပြန်မပြောသော်လည်း သူဒေါ

သဖြစ်သွားပြီး ချက်ချင်းပင် ဖှေးနှင့်တိုက်ခိုက်ပြီးသက်သေပြချင်နေသည့်ပုံပင်။

“အရှင့်သား ကျွန်တော်က ဒီချမ်းဘော့ဒ်ဘုရင်ကို အရှင်ကလည်းတွေ့ဖူးတယ်။ သူက

ညံ့တဲ့သိုင်းဆရာတစ်ယောက်တော့မဟုတ်ဘူး။ ဒါပေမယ့် သူကမာနထောင်လွှားပြီး

အတော်ရူးသွပ်လွန်းတယ်။ နောက်ပြီးတဏှာလဲအရမ်းကြီးပုံရတယ်ဗျ။ သူ့ဘေးပတ်၀

န်းကျဥ်မှာရှိတဲ့ မိန်းမလှလေးတွေကိုသာကြည့်လိုက်စမ်းပါ။” ဤမင်းသားများ၏အ

နောက်တွင်ရပ်နေသည့်အဖိုးကြီးယောက်မှ၀င်ပြောလိုက်သည်။ သူသည်နားတစ်ဖက်သာ

ပါရှိသည်။

“အိုး အလှလေးတွေလား....” လူငယ်လေးယောက်ကြားထဲတွင် စကားမပြော

ရသေးသည့်လူမှာ စိတ်လှုပ်ရှားလာပုံရသည်။ သူသည် ဆံပင်များကျွတ်ထားသူတ

စ်ယောက်ဖြစ်ပြီး သူ၏ဦးခေါင်းနေရာတော်တော်များများတွင် ထိပ်ပြောင်နေ၏။ သူ

၏ပါးစပ်များကို ဖွင့်လိုက်သည့်အချိန်တွင် အ၀ါရောင်သွားများကိုလူတိုင်မြင်နိုင်စွမ်းရှိ

သည်။ သူသည် အရပ်ပုပြီး အပြင်းထန်ရောဂါတစ်ခုခုမှပြန်ပြီး သက်သာလာသည့်လူ

တစ်ဦးကဲ့သို့ပင် ကြည့်ရသည်မှာထူးဆန်းလှသည်။ သို့သော် သူဤအလှလေးများ

အကြာင်းကို ကြားလိုက်လျှင်ကြားခြင်းပင် သူသည် ပို၍ပင်စိတ်အားထက်သန်လာပြီဖြ

စ်သည်။

ရက်စက်သည့်အလင်းရောင်တစ်ခုသည် အဖိုးကြီး၏မျက်လုံံးများထဲတွင်တောက်ပ

သွားသော်လည်း သူယဥ်ယဥ်ကျေးကျေးဖြင့်ပင်ပြောလိုက်၏။ “မင်းသားဇီဗီတန်ကျွ

န်တော်စကားပြောမှားသွားတယ်ဆိုရင်တော့ခွင့်လွှတ်ပေးပါ။ ဒါပေမယ့် အဲ့စော်လေး

တွေက မင်းသားပိုင်ထားတဲ့အစေခံမလေးတွေထက်၁၀ဆလောက်ပို ချောသဗျ။”

“ဆယ်ဆဟုတ်လား...ဟီးဟီး စိတ်၀င်စားစရာပဲ။ အမှန်စိတ်၀င်စားစရာပဲ...”

မင်းသား ဇီဗီတန်ဆိုသူသည် အကျည်းထန်လှစွာဖြင့် သူ၏နှုတ်ခမ်းများကို လျှာဖြင့်

သပ်ကာပြောလိုက်သည်။ “ဒါဆိုရင်တော့ ငါချမ်းဘော့ဒ်ဘုရင်ကို သွားတွေ့သင့်တယ်

ထင်တယ်။”

“ထိပ်တန်းအဆင့်၁အဖွဲ့၀င်၁၀နိုင်ငံထဲမှာ နံပါတ်၁အဖွဲ့၀င်နိုင်ငံဖြစ်တဲ့ တွန်စကိုင်းတိုင်း

ပြည်ကမင်းသားကိုတွေ့ရမှာကတော့ သူ့အတွက်ဂုဏ်ယူစရာဖြစ်မှာပါ။” အဖိုးကြီးမှာ

ယဥ်ယဥ်ကျေးကျေးဖြင့်ပြန်လည်ကာလျှောက်တင်လိုက်သည်။

ဤကောင်းမွန်စွာ၀တ်ဆင်ထားသည့် မင်းသားများနှင့်သိပ်ပြီးမ၀ေးသည့်နေရာတွင် အ

သားမဲမဲပိန်ပိန်ကောင်လေးတစ်ချို့သည် ချမ်းဘော့ဒ်စခန်းချထားသည့်နေရာဂိတ်တံခါးကို

စိုက်ကြည့်နေကြ၏။ သူတို့၏မျက်လုံးများသည် စိတ်လှုပ်ရှားလျှက်ရှိနေကြပြီး သူတို့

ဤနေရာ၌ နေ့လည်ကတည်းကပင် ရပ်နေကြခြင်းဖြစ်သည်။ သူတို့သည်ဂိတ်တံခါး

ကိုဖြတ်ကျော်ကာသွားလိုကြသော်လည်း သူတို့၏စိတ်ထဲတွင်တစ်စုံတစ်ရာကိုစိုးရိမ်နေ

သည့်အတိုင်းပင် တွန့်ဆုတ်နေကြ၏။

တစ်ချိန်တည်းမှာပင်ဖြစ်သည်။

ချမ်းဘော့ဒ်စခန်ချထားသည့် မြစ်ကမ်းမှမီတာတစ်ထောင်ခန့်ဆန်တက်သည့်နေရာတွင်ရှိ

နေသည့် စစ်ဘက်ဆိုင်ရာစခန်းတစ်ခုသည် ချမ်းဘော့ဒ်တပ်ဖွဲ့စခန်းချထားသည့်နေရာ

ထက်ပင် ၁၀ဆခန့်ပိုကြီးသည့် စခန်းချမြေပြင်တစ်ခုကိုပိုင်ဆိုင်ထား၏။

ထိုစခန်း၏ အလည်တွင်ရှိနေသည့် ကြီးမားသည့်တဲကြီးတစ်ခုထဲတွင် လူတစ်ယောက်

သည် ကျောက်ထိုင်ခုံတစ်ခုပေါ်တွင်တစ်ယောက်တည်းထိုင်နေလျှက်ရှိပြီး သူ၏လက်ထဲ

မှထားကို ပွတ်သုပ်နေ၏။

ဓားသည်သာမှန်ဓားတစ်ချောင်းသာဖြစ်သည်။

သို့သော် ဤလူကိုမူချွန်မြကာစွဲကျန်နေတတ်သည့် လေထုတစ်ခုက၀န်းရံထား၏။

ဤကဲ့သို့အရှိန်အ၀ါသည် မရေတွက်နိုင်သည့်ဓားမျာကို တစ်ချိန်တည်းမှာပင် ဖြန့်ကျ

က်ထားသည့်အတိုင်းပင်။ထို့နောက်တွင် ထိုလူသည် အထီးကျန်သော်လည်းစိတ်ကျေန

ပ်သည့်အမူယာဖြင့် သူ၏ဓားကိုကိုင်မြှောက်ကာကြည့်လိုက်ပြီး “အသက်၁၈နှစ်

ရွှေရောင်နေမင်းသူရဲကောင်းဆူတွန်ကို အနိုင်ယူခဲ့တဲ့လူဆိုပါလား။ ငါ့ရဲ့ဓားစမ်းဖို့အတွက်

ထိုက်တန်တဲ့လူတစ်ယောက်ပဲ...”

.....

အချိန်များပျံသန်းသွားသည်။

တစ်ခနအတွင်းမှာပင် ရွှေရောင်နေမင်းကြီးသည် မိုရိုတောင်အနောက်ဘက်အတွင်းသို

ကျဆင်းနေပြီဖြစ်ပြီး အပြုံးတစ်၀တ်ခန့်သာကျန်ရှိနေတော့သည်။ ကောင်ကင်းကြီးတစ်

ခုလုံးမှောင်မိုက်လာပြီးနေ့ဘက်လေ့ကျင့်မှုများကို အဆုံးသက်ပေးလိုက်၏။ အဖွဲ့၀င်တို

င်းပြည်များစခန်းချထားရာနေရာများသည် စတင်၍ဆူညံလာကြပြီး လွင်ပြင်တစ်ခုလုံး

သည် တညံံညံဖြင့်ဖြစ်နေတော့၏။

နေ့တိုင်းတွင် ညအချိန်သည်စခန်းများထဲတွင်အဆူညံဆုံးအချိန်တစ်ခုဖြစ်သည်။ ဤစခ

န်းချရာနေရာတွင် ပါ၀င်ယှဥ်ပြိုင်ကြမည့်အဖွဲ့၀င်တိုင်းပြည်များမှ ကျွမ်းကျင်သိုင်းဆ

ရာများအပြင် နေရာအသီးသီမှ ကုန်သည်အကြီးငယ်များလည်း ရောက်ရှိနေလျှက်ရှိ

သည်။ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲသည် ၄င်းတို့အတွက်လည်း စီးပွားရေးအခွ

င့်ရေးတစ်ခုပင်ဖြစ်သည်။ သူတို့သည် အင်ပါယာမှနေရာချပေးထားသည့် အထူးမြေ

နေရာတစ်ခုတွင် စုရုံးလျှက်ရှိနေကြပြီး နေ၀င်သည်နှင့်တပြိုင်နက်သူတို့၏သက်ဆိုင်ရာ

စီးပွားရေးလုပ်ငန်းများကို စတင်ကာဖွင့်လှစ်နေကြပြီဖြစ်သည်။ ရုတ်တရက်ပင် ဖော

က်သည်များရောက်ရှိလာရန်အတွက်ကုန်သည်များ၏ အော်ခေါ်သံများထွက်ပေါ်လာ

တော့သည်။ အရက်နှံ့များ၊အသားကင်နံ့များလည်း ပျံ့နှံ့သွား၏။ ရယ်မောသံများဆဲဆို

သံများကိုလည်း ကြားနေကြရသည်။ မြေပြင်တစ်ခုလုံးတွင် ဆူညံသံများ၊ စိတ်လှုပ်

ရှားမှုများဖြင့် ပြည့်နှက်ကုန်တော့၏။

“မင်းကိုယ်တိုင်လက်စားချေချင်တယ်ဆိုရင် မင်းရဲ့အစွမ်းကိုအရင်တိုးတတ်အောင်လုပ်ရ

မယ်။ ဒါပေမယ့် လူတစ်ဦးတစ်ယောက်တည်းအစွမ်းဆိုရင်အမြဲတန်းအကန့်သက်တစ်

ခုတော့ရှိနေတယ်။ တိုလီမီမိသားစုရဲ့တင်းကြပ်တဲ့အကာကွယ်တွေရဲ့အောက်မှာ မင်း

လူလန်ကိုသတ်ချင်တယ်ဆိုရင်တော့မင်းက အမှောင်ထဲမှာလမ်းလျှောက်နေတဲ့ တစ်

ကိုယ်တော် ပါးကွပ်သားတစ်ယောက်ဖြစ်နေပြီးတော့ လုပ်ကြံသတ်ဖြတ်မှုသိုင်းပညာ

တွေအများကြီးကို ထူးထူးချွန်ချွန်တတ်မြောက်ထားရမယ်။ မင်းက ခန္ဓာကိုယ်အစိတ်ပို

င်းတစ်ခုခြင်းစီတိုင်းရဲ့ဖွဲ့စည်းပုံနဲ့ရင်းနှီးကျွမ်း၀င်နေမှရမယ်။ နောက်ပြီးတော့ လူတွေရဲ့စိ

တ်ပိုင်းဆိုင်ရာတွေးခေါ်မှုပုံစံတွေကိုလဲ သိရှိရမယ်။ မင်းက ဘယ်လိုပုန်းကွယ်နေပြီး

မင်းကိုယ်မင်း ဘယ်လိုကာကွယ်ရမယ်ဆိုတာရယ်၊ ဘယ်လိုရွေးချယ်ရမလဲဆိုတာရယ်၊

အခွင့်ရေးကိုဘယ်လိုဖမ်းဆုတ်ရမလဲဆိုတာရယ်၊ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲဆိုတာရယ်၊

ဘယ်လိုပြင်ဆင်ရမလဲ၊ လက်နတ်မျိုးစုံကို ဘယ်လိုအသုံးပြုရမလဲဆိုတာတွေကိုလဲ

ကျွမ်း၀င်နေမှရမယ်။ အမှန်ပဲ နောက်ပြီးတော့မင်းက မင်းရဲ့နှလုံးသားကိုဘယ်လို

မာကြောအောင်ပြုလုပ်ရမလဲဆိုတာကိုရော သင်ယူရမယ်...”

ချမ်းဘော့ဒ်တပ်စခန်းထဲတွင် ဖှေးသည် အစ်ဇာနီနှင့်အသက်ရှင်ကျန်ခဲ့သည့်မိဘမဲ့က

လေးငယ်လေးဦးတို့ကို သင်ကြားပေးနေခြင်းဖြစ်၏။

ဤမိဘမဲ့ကလေးလေးဦးတို့၏နာမည်မှာ ကာ၀ါနီ၊ မိုက်ကယ်၊ ဂွန်ဇာနှင့် ဒေးဗစ်တို့ဖြ

စ်ကြသည်။ သူတို့ငယ်စဥ်ကပင် လောကဒဏ်အတွေ့ကြုံများနှင့် မကြာသေးမှီကပင်ဖြ

စ်ပွားသွားခဲ့သည့် ဖြစ်ရပ်ဆိုးကြီးတို့ကို ကြုံတွေ့ခဲ့ရ၏။ သူတို့၏အချစ်ခင်ရဆုံးလူများ

သူတို့မျက်စိရှေ့တွင် သေဆုံံးသွားကြသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူတို့၏ရ

င့်ကျက်မှုများမှာ သာမန်လူများထက်များစွာပင်သာလွန်နေတော့သည်။ မေ့မရနိုင်သည့်

အမုန်းတရားတစ်ခုသည် သူတို့၏နှလုံးသားကိုအလွန်မာကြောစေခဲ့သည်။ သတ်ဖြတ်ရ

န်အတွက် ဓားကိုကိုင်နေသည့်အချိန်မှာပင် တွန့်ဆုတ်မှုတစ်စက်မှ ကျန်ရှိနေတော့မည်

မဟုတ်ပေ။ သူတို့သည် ကြုံတွေ့ခဲ့ရသည့်အတွေ့ကြုံများကြောင့် လုပ်ကြံသတ်ဖြ

တ်ရေးသမားများဖြစ်လာရန်အတွက် အရည်ခြင်းများစတင်ကိန်းအောင်းနေကြပြီဖြစ်သ

ည်။ မိဘမဲ့လေးယောက်နှင့် အစ်ဇာနီတို့သည် ညီအကိုများကဲ့သို့ပင်ဖြစ်ပြီး ဖှေးသည်

သူတို့၏အသက်များကိုကယ်တင်ခဲ့သည့်အတွက် ဖှေးအပေါ်တွင် သစ္စာရှိကြမည်မှာလဲ

မလွဲဧကန်ပင်ဖြစ်၏။ ထို့ကြောင့်ဖှေးသည်လည်း ဤကလေးလေးယောက်ကိုပါ အစ်

ဇာနီကဲ့သို့ လုပ်ကြံသတ်ဖြတ်သူများဖြစ်လာရန်အတွက်လေ့ကျင့်ပေးရန်ဆုံးဖြတ်လိုက်

သည်။ ထို့ကြောင့် သူ၏စိတ်ထဲတွင်ရှိနေသည့် လုပ်ကြံသတ်ဖြတ်ရေးတပ်ဖွဲ့တစ်ခု

အမှောင်ထဲတွင် ဖွဲ့စည်းရန်မှာလဲ အကောင်ထည်ပေါ်လာပြီဖြစ်သည်။ ဤလူငယ်

လေးယောက်သည် ဖှေးပထမဆုံးသင်ကြားလေ့ကျင့်ပေးသည့် သေမင်းလုပ်ကြံသတ်ဖြ

တ်ရေးသမားများဖြစ်လာကြတော့မည်ဖြစ်သည်။

“လုပ်ကြံသတ်ဖြတ်သမား၊ အမှောင်ထဲမှာသွားလာသူတွေက ဂုဏ်ပုဒ်တွေတော့ထင်ထ

င်ပေါ်ပေါ်ရရှိမှာမဟုတ်ဘူး။ ဒါပေမယ့် သက်ရောက်မှုကြီးကြီးမားမားတစ်ခုကိုတော့ ဖ

န်တီးနိုင်စွမ်းရှိတယ်...”

ဖှေးလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး သူ၏စွမ်းအင်အရှိန်

၀ါများကိုအစွမ်းကုန်ထုတ်လွှတ်လိုက်သည်။ တစ်ခြားလူများကို ဤကဲ့သို့မှောင်မှိုက်အေး

စက်သည့် ကြောက်မက်ဖွယ်အရှိန်၀ါများကို ထင်ရှားစွာခံစားလိုက်ရစေ၏။ သူ၏ခ

န္ဓာကိုယ်သည် ဖြတ်ကနဲဖြစ်သွားပြီးစခန်းထဲတွင် အကြိမ်ပေါင်း၂၀ခန့်နေရာများဆက်

တိုက်ပြောင်းလဲလျှက်ရှိ၏။ သူတယ်လီပေါ့တ်လိုက်သည့်အချိန်တိုင်းတွင် သူ၏ခန္ဓာကို

ယ်မှထုတ်လွှတ်နေသည့် စွမ်းအင်အရှိန်၀ါများသည်လည်း တစ်စက်မှပင် လျှော့ကျ

သွားခြင်းမရှိပေ။ ဤသည်မှာအလွန်မှော်ဆန်သည့်အခြေအနေတစ်ခုပင် ဘေးနားတွင်

လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ရှိနေသည်ကိုအသေချာသိသော်လည်း ခနတာခန့်အာရုံ

စိုက်မှုကင်းမဲ့သွားသည်နှင့်တပြိုင်နက် သူ၏ဖြစ်တည်မှုကို မေ့လျှော့သွားမည်ဖြစ်၏။

All Chapters