အခန်း (၂၉၇)
Vol. 20 Ch. 297
“လုပ်ကြံသတ်ဖြတ်သူအစွမ်းတွေမလေ့ကျင့်ခင် မင်းတို့တွေကခန္ဓာကိုယ်ရဲ့အာရုံခံမှုတွေမြင့်မားလာအောင် အတွင်းအားအရင်လေ့ကျင့်မှရမယ်...”
အစ်ဇာနီနှင့်တစ်ခြားကလေးများကို လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်ရသည်ကို သရုပ်ပြပြီးသည့်နောက်တွင် ဖှေးသည်သာမန်ကြယ်တစ်လုံးအဆင့်ကျင့်စဥ္စ်စာလိပ်တစ်ခုနှင့် သူဒိုင်ယာဘလိုကမ္ဘာမှလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အပေါ်မူတည်၍ဖန်တီးထားသော လုပ်ကြံသတ်ဖြတ်ခြင်းအစွမ်းကျင့်စဥ်စာလိပ်တစ်ခုကိုလဲပေးအပ်လိုက်သည်။ ထို့နောက်တွင် အစ်ဇာနီကိုအဖိုးကြီးကိန်း၊ သူတော်စဥ်အာကာရာ နှင့် တစ်ခြားဒိုင်ယာဘလိုကမ္ဘာမှပညာရှင်များနှင့် မိတ်ဆက်ပေးလိုက်ပြီး အစ်ဇာနီကို သူ၏ညီအကိုလေးယောက်ကို အထူးစောင့်ရှောက်ပေးပြီး အပြင်းထန်အတူတကွလေ့ကျင့်ကြရန်အတွက် မှာကြားလိုက်၏။
ဖှေး၏အစွမ်းများအားလုံးသည် ဒိုင်ယာဘလိုကမ္ဘာမှမှလာသည်ဖြစ်သည်။ ထို့အကြောင့် အစ်ဇာနီနှင့် တစ်ခြားကလေးများကို ဤအစွမ်းများတန်းပြီးသင်ပေးရန်မှာ သိပ်ပြီးလက်တွေ့မကျလှချေ။ ထို့အကြောင့် သူသည် ဤကလေးလေးယောက်ကို လက်ရှိတွင်အတွင်းအားကျင့်စဥ်များကိုသာ အရင်လေ့ကျင့်စေဦးမည်ဖြစ်သည်။ ထို့နောက်တွင်ပြီးမှ ဖှေးဖန်တီးထားသည့် ကျင့်စဥ်စာလိပ်များကိုအသုံးပြုပြီး လုပ်ကြံသတ်ဖြတ်ခြင်းအစွမ်းများကို သင်ကြားရမည်ဖြစ်သည်။ အမှန်တိုင်းဆိုရပါက ဤကလေးငါးယောက်ကို ဖှေး၏စိတ်ကူးထဲမှအတိုင်း ကြောက်မက်ဖွယ်လုပ်ကြံသတ်ဖြတ်သူများဖြစ်လာအောင်လေ့ကျင့်ပေးရန်အတွက် ဖှေးတွင် အစီစဥ်တိတိကျကျမရှိသေးပေ။ အရာအားလုံးသည် စမ်းသပ်မှုအဆင့်တွင်သာရှိနေသေးသည်ဖြစ်၏။
သူ၏တပည့်များကို သင်ပြပေးပြီးသည့်နောက်တွင် ဖှေးတွင်စခန်းတစ်လျှောက်ပတ်ကြည့်ရန်အတွက်အချိန်များကျန်ရှိနေသေး၏။
မကြာမှီတွင် သူသည် သူ၏ပတ်၀န်းကျင်တွင်ရှိနေသည့် ထူးဆန်းသည့်လေထုကို ခံစားမိလာတော့သည်။ တင်းမာမှုများကြားထဲတွင် ရန်လိုမှုများစွာလည်းရှိနေ၏။ ချမ်းဘော့ဒ်စခန်းချထားရာနေရာသည် ဤနေရာတစ်၀ိုက်တွင် စုံမှတ်တစ်ခုဖြစ်လာပုံရသည်။ သို့သော်လည်း ဘုရင်မှာဤအချက်ကို စိတ်ထဲတွင်သိပ်မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် သူသည် စခန်းချရာနေရာအနီးတွင်ရှိသည့် ကုန်သည်များနှင့်စည်ကားလျှက်ရှိနေသော် ညစျေးတန်းကဲ့သို့သောနေရာကို ပို၍စိတ်၀င်စားမိနေသောကြောင့်ပင်။ ယခင်ဘ၀တွင်ရှိစဥ်က အခန်းအပြင်သို့ထွက်လေ့မရှိသည့် လူငယ်တစ်ယောက်အနေဖြင့် ညစျေးများတွင် လျှောက်ပတ်သွားရသည်မှာလည်း ဖှေး၏၀ါသနာတစ်ခုပင်။ ဤနေရာတွင်ရှိသည့် ညစျေးသည် စုံလင်ရုံသာမကပဲ စည်လည်းစည်ကားလှ၏။ ထို့ကြောင့် ဖှေးအားသူ၏ မိန်းမလှလေးနှင့်အတူညစျေးထဲတွင် လှည့်ပတ်ချင်လာတော့သည်။
ချမ်းဘော့ဒ်ဘုရင်သည် နံပါတ်၇အထူးပါးကွပ်သားသူရဲကောင်းတစ်ယောက်၏ စိန်ခေါ်ခြင်းကို ခံရပြီးနောက်တွင် မကြောက်ဘူးဆိုစေကာမူ အနည်းငယ်စိတ်ဖိအားများစွာရှိလာနိင်ပြီး တစ်နေရာရာတွင် တိတ်တဆိတ်သွားရောက်လေ့ကျင့်နေမည်ဟု လူတော်တော်များများမှ တွေးထားခဲ့ကြ၏။ သို့သော် သူတို့အားလုံးဖှေးသူ၏စစ်သည်များကိုလေ့ကျင့်ပေးနေခြင်းနှင့် စခန်းအတွင်းပတ်ကာ အေးဆေးလမ်းလျှောက်အပြီးတွင် ညစျေးတန်းထဲတွင်လည်ပတ်ရန်အတွက် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့အားလုံးအနည်းငယ်နာလည်ရခက်နေကြ၏။
သို့သော် ဖှေး၏ညစျေးတန်းအတွင်းတွင် လည်ပတ်မည့်အကြံစည်မှာအကောင်ထည်ပေါ်မလာခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် အိုလတ်ဂ်နှင့် တိုးရိစ်တို့ကို မှော်ရထားလုံးပြင်ခိုင်းလိုက်ပြီး အန်ဂျယ်လာနှင့်အန်မာတို့ကို သွားခေါ်မည်ပြင်သည့်အချိန်တွင် တောက်ပသည့်သူရဲကောင်းချပ်၀တ်များနှင့် တပ်ဖွဲ့တစ်ခုသည် အ၀ေးမှချီတပ်လာ၏။ သူတို့သည် စခန်းချထားသည့်နေရာတစ်လျှောက်တွင် ထင်ရာစိုင်းပြီး၀င်လာကြသော်လည်း မည်သူမှမကျေနပ်စွာဖြင့် ပြန်မပြောရဲကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ချပ်၀တ်များတွင်ထွင်းထုထားသည့် ခေါင်းနှစ်လုံးနှင့်၀တ်၀ံသင်္ကေတအရသူတို့သည် တော်၀င်အင်ပါယာသူရဲကောင်းများဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် အဆင့်၁အဖွဲ့၀င်တိုင်းပြည်ပင် ဖြစ်နေစေကာမူ အင်ပါယာမှတော်၀င်သူရဲကောင်းတပ်ဖွဲ့ကို မလေးမစားပြုမူရဲကြမည်မဟုတ်ပေ။
ထိုသူရဲကောင်းများသည် ချမ်းဘော့ဒ်တပ်ဖွဲ့စခန်းချထားသည့်နေရာအနီးသို့ရောက်သည့်အချိန်တွင် မမျှော်လင့်ထားစွာပင် ရပ်လိုက်ကြ၏။ အရှေ့ဆုံးတွင်ရှိနေသည့် အရပ်ရှည်ရှည်နှင့် ထောင်ထောင်မောင်းမောင်းစစ်သည်မှာ မြင်းပေါ်မှခုန်ဆင်းလိုက်ပြီး ချမ်းဘော့ဒ်စခန်းအတွင်းသို့၀င်သွား၏။ ထို့နောက်တွင် သူဖှေးအရှေ့သို့ရောက်လာသည့်အချိန်တွင် ဖှေးအား ခနတာခန့် ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး နှုတ်ဆက်သည့်စစ်ရေးပြအခမ်းနားငယ်တစ်ခုကို သူ၏တပ်ဖွဲ့ဖြင့်ဆောင်ရွက်လိုက်ကာ လေးစားစွာဖြင့်မေးလိုက်သည်။ “အရှင်က ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားလားမသိဘူး..”
“ဟုတ်ပါတယ်...”
“ကျွန်တော်တို့ရဲ့ဆရာက အရှင့်ကို ဒီနားတစ်၀ိုက်မှာရှိတဲ့လေစကား ဘုံဆိုင်တစ်ခုမှာခနဆုံဖို့အတွက် ဖိတ်ကြားလိုက်ပါတယ်...”
ဖှေးတစ်စက္ကန့်ကြာခန့်ရပ်တန့်သွားပြီး မေးလိုက်သည်။ “မင်းဆရာက ဘယ်သူလဲ...”
အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနှင့် သူရဲကောင်းသည် ခေါက်ထားသည့်အဖြူရောင်စက္ကူတစ်ခုကို ဂရုတစိုက်ထုတ်ယူလိုက်ပြီးဖှေးကို ပေးလိုက်သည်။ ထို့နောက်တွင် ပြုံံးလိုက်ပြီး “အရှင်မင်းကြီး ဒါကိုမြင်ရင်သိပါလိမ့်မယ်...”
ဖှေးစာကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် စာကြောင်းတစ်ခုကိုသာမြင်လိုက်ရသည်။
“မိတ်ဆွေဟောင်းတစ်ယောက်ထံမှ ဖိတ်ကြားစာ...”
မိတ်ဆွေဟောင်းတစ်ယောက်က ငါ့ကိုလာဖိတ်နေတာပဲ။ ဘယ်သူလဲဟ။
ဖှေးအနည်းငယ်ရှုပ်ထွေးသွားသည်။ ဤစာကြောင်းသည် အလွန်လှပသည့်လက်ရေးတစ်ခုဖြစ်သည့်အတွက် မိန်းကလေးတစ်ယောက်ရေးထားသည်မှာသေချာသည်။ သို့သော် အင်ပါယာမြို့တော်တစ်၀ိုက်တွင် သူနှင့်ခင်မင်ရင်းနှီးသည့်အမျိုးသမီးမိတ်ဆွေဟူ၍မရှိပေ။ မင်းသမီးတာနာရှာများလား။ ရုတ်တရက် ဖှေးသင်းပျံ့သည့်ရနှံ့တစ်ခုကို ရရှိလိုက်၏။ ဤရနှံ့သည် ရင်းနှီးသလိုမရင်းနှီးသလိုခံစားချက်တစ်ခုကို ပေးလျှက်ရှိသည်။ မကြာသေးမှီကအဖြစ်ပျက်တစ်ချို့သည်လည်း သူ၏အာရုံထဲတွင် ပြန်လည်ပေါ်ပေါက်လာတော့၏။
“သူမ များလား...”
ထို့နောက်တွင် ဖှေးပို၍ပင် ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။