← Chapters

အခန်း (၂၉၈)

Vol. 20 Ch. 298

အခန်း (၂၉၈)

Vol. 20 Ch. 298

လေစကားဘုံဆိုင်သည် ဤနေရာတစ်၀ိုက်တွင် နာမည်အကျော်ကြားဆုံးဘုံဆိုင်များထဲမှတစ်ခုဖြစ်၏။

နာမည်ကျော်ကြားရသည့်အကြောင်းရင်းမှာ ဆိုင်၏ကျယ်၀န်းပြီးကောင်းမွန်လှသည့်တည်နေရာ၊ အကောင်းဆုံး၀ိုင်အရက်တစ်ခုရှိနေခြင်း၊ အလှပဆုံးစားပွဲထိုးကောင်မလေးများ၊ အရသာအရှိဆုံးစားသောက်ဖွယ်များအပြင် ဤဆိုင်တွင် မာကြောသည့်လက်သီးများလည်းရှိနေသောကြောင့််ပင်။ ပရမ်းပတာဖြစ်စဥ်များနှင့် သွေးစက်များဖုံးလွှမ်းနေကျရှိသည့် မိုင်၂၀တစ်လျှာက်တွင် ဤလေစကားဘုံဆိုင် မီတာ၁၀၀ပတ်၀န်းကျဥ်တွင် မည်သူမှ ပြသနာမရှာရဲကြချေ။ မလည်မ၀ယ်နှင့် ပြသနာရှာခဲ့ဖူးသူများသည် ဤကမ္ဘာပေါ်မှပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်၏။

ဧည့်သည်တစ်ချို့၏ ပြောကြားချက်များအရ ဤဘုံဆိုင်၏နောက်ကွယ်တွင် အင်ပါယာတော်၀င်တပ်ဖွဲ့၏အရိပ်များရှိနေသည်ဟုလည်းဆိုကြသည်။

တော်၀င်သူရဲကောင်းများသည် ဤနေရာသို့မည်သူမှပိတ်ဆို့ခံရခြင်းမရှိပဲ လွတ်လပ်စွာပင်၀င်ရောက်လာကြပြီး ခေါင်းဆောင်သူရဲကောင်းစစ်သည်မှာ ဖှေးအားဘုံဆိုင်အတွင်းသို့ခေါ်လာခဲ့၏။ ၀ိတ်တာတစ်ယောက်သည် တံခါး၀တွင် ကြိုတင်စောင့်ကြိုနေပြီဖြစ်ပြီး ဖှေးတို့ရောက်လာသည်ကို တွေ့သည့်အချိန်တွင် အပြန်ပြေးလာပြီးနှုတ်ဆက်လိုက်သည်။ သူသည် သူတို့အား ဆိုင်အတွင်းသို့ခေါ်ဆောင်သွားပြီး ဆိုင်ထဲသို့ရောက်သည့်အချိန်တွင် လေထုမှာချက်ချင်းပင် နွေးထွေးသွား၏။ ဤနေရာမှ မှော်အစီရင်သည် ဖှေးအရင်ဘ၀မှ လျှပ်စစ်လေပူပေးစက်များထက်ပင် ပို၍ကောင်းမွန်လှ၏။ ဖှေးဆိုင်အတွင်းသို့ရောက်လျှင်ရောက်ခြင်းပင် ဆိုင်၏လေထုနှင့်အင်အားအရှိန်၀ါတို့ကို ခံစားနေရပြီးဖြစ်သည်။

ဘုံဆိုင်ဟုသာခေါ်သော်လည်း ဤသည်မှာ အထပ်ခြောက်ထပ်ပင်ပါရှိသည့် ခမ်းနားသည့်အဆာက်ဦးတစ်ခုပင်။

ဖှေးလှေကားများကို ဖြတ်သန်းလာရင်းဖြင့် မိုင်၂၀နေရာတစ်ခုလုံးကိုပင်မြင်နိုင်သည့် ခြောက်ထပ်မြောက်အထပ်သို့ရောက်ရှိလာခဲ့၏။ ဖှေးနှင့်အတူလိုက်ပါလာခဲ့သည့် တော်၀န်သူရဲကောင်းများသည် ၆ထပ်မြောက်အခန်းကို ၀င်ခွင့်မရသဖြင့် ဖှေးတစ်ယောက်ထဲသာ၀င်လာခဲ့သည်။

ခြောက်ထပ်မြောက်တွင် ခမ်းမဆောင်တစ်ခုသာပါရှိပြီး ထိုခမ်းမဆောင်၏ခမ်းနားထည်၀ါမှုမှာ သာမန်လူတစ်ယောက်မမျှော်မှန်းနိုင်သည်အထိပင်။

ဤသည်မှာ ဖှေးမျှော်မှန်းထားသကဲ့သို့ ဧည့်သည်များစားပွဲထိုးများဖြင့် ဆူညံနေခြင်းမရှိပေ။ ခမ်းမဆောင်တစ်ခုလုံးသည်တိတ်ဆိတ်ငြိမ်သက်နေပြီး စားပွဲထိုးတစ်ယောက်မှပင်မရှိချေ။ ခမ်းမဆောင်၏အရှေ့ဘက်အခြမ်းတွင် နဂါးတစ်ကောင်တောင်ပံဖြန့်နေသည့်ပုံထွင်းထုထားသည့် ခရမ်းရောင်သစ်သားစားပွဲကြီးတစ်ခုရှိ၏။ စားပွဲပေါ်မှပန်းကန်လေးချပ်သည် အနွေးဓာတ်အနည်းငယ်ကို ထုတ်လွှတ်လျှက်ရှိသည်။ ရိုးရှင်းသော်လည်း လှပသည့် ၀ိုင်ပုလင်းသည် စူးရှသည့် ရနှံ့တစ်ခုကိုထုတ်လွှတ်လျှက်ရှိသည်။ နေရာတစ်ခုလုံးသည် အပြင်ဘက်မှဆူညံလှသည့် လေထုနှင့်ကွဲထွက်နေ၏။ အရာအားလုံးသည် ကျော့ရှင်းလှပကာ ကျက်သရေရှိနေပြီး ကျေနပ်ဖွယ်ပင်။

ဖှေး၏မျက်လုံးများသည် ပြတင်းပေါက်ဘေးသို့ကျရောက်သွား၏။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် လူတစ်ယောက်မက်တပ်လျှက်ရှိနေသောကြောင့်ပင်။

အမျိုးသမီးတစ်ယောက်ပင်။

စူးရှသည့်အလှတရားနှင့် ကျော့ရှင်းသည့်မိန်းကလေးတစ်ယောက်ပင်။

ဖှေးအတွက် ဤအမျိုးသမီးသည် ဖှေးကောင်းမွန်စွာသိရှိသည့်မိန်းကလေးတစ်ယောက်ပင်။ အဘယ်ကြောင့်ဆိုသော် ဤမိန်းကလေးသည် ဟီလ်တွန်-ပဲရစ်ဖြစ်သောကြောင့်ပင်။

ယခင် ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်တွင် ကျင်းပခဲ့သည့် ထီးနန်းတင်မြှောက်ခြင်းအခမ်းနားတွင် သူမသည် မင်းသမီးတာနာရှာနှင့် ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်တို့ကို သတ်ဖြတ်နိုင်လုနီးပါးပင် ဖြစ်ခဲ့သည့် ကြောက်မက်ဖွယ်အမျိုးသမီးတစ်ယောက်ပင်။

လွန်ခဲ့သည့်လ၀က်ခန့်ကဆိုပါက ဖှေးဤအမျိုးသမီးကိုမြင်လိုက်လျှင်မြင်လိုက်ခြင်းပင် အနောက်သို့လှည့်ကာ ခေါင်းကိုလက်ဖြင့်ကာပြီးတန်းထွက်ပြေးမိမည်ဖြစ်သည်။ အရှေ့ဘက်တောင်ထိပ်ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့စဥ်က သူသည် ဤအမျိုးသမီးကို အလွန်ဒေါသဖြစ်စေရန်အတွက် ပြုမူခဲ့မိသောကြောင့်ပင်။ ဤအမျိုးသမီးသာ စိတ်မထိန်းနိုင်ပဲ ဖှေးကို လက်စားချေလိုလာပါက ဖှေးဒုက္ခတွေ့လိမ့်မည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ဖှေး၏အစွမ်းများသည် များစွာတိုးတတ်လာပြီဖြစ်သောကြောင့် သူကိုယ်သူကာကွယ်နိုင်နေပြီဖြစ်သည်။ ထို့ကြောင့် ဖှေးယခုအချိန်တွင် စိတ်အေးလက်အေးဖြစ်နေခြင်းပင်။

“ဘုရင်အလတ်ဇန္ဒား ကျွန်မတို့ထပ်ဆုံပြန်ပြီနော်...”

ကျက်သရေရှိလှသည့် အဖြူရောင်၀တ်စုံနှင့် ပဲရစ်သည် တစ်ဖက်သို့လှည့်လာ၏။ သူမ၏အပြုံးသည် ယောက်ျားပေါင်းများစွာ၏နှလုံးသားကိုလွယ်ကူစွာဖမ်းစားနိုင်စွမ်းရှိသည်။ သူမ၏ ရွှေရောင်ဆံနွယ်များသည် လေနှင့်အတူညင်သာစွာကခုန်လျှက်ရှိပြီး ဆံနွယ်များထဲတွင် သွေးတမျှနီရဲနေသည့် နှင်းဆီတစ်ပွင့်ကို ထိုးကာပန်ဆင်ထား၏။ သူမကျက်သရေရှိစွာဖြင့် စားပွဲခုံအနီးသို့လမ်းလျှောက်လာပြီး သူမ၏လက်ကိုစားပွဲထံသို့ဆန့်တန်းကာဖိတ်ကြားလိုက်ပြီး ပြောလိုက်၏။ “ကျေးဇူးပြုပြီး ထိုင်ပါဦးအရှင်မင်းကြီး...”

ဖှေးအနည်းငယ်ပြုံးလိုက်သည်။ ထို့နောက်တွင် စားပွဲခုံထံသို့သွားကာ ထိုင်လိုက်၏။

“အရှင်မင်းကြီးက သိပ်ပြီးအံ့သြတဲ့ပုံမရှိပါလား။ အရှင့်ကိုဖိတ်တာကျွန်မဆိုတာကိုများကြိုသိနေတာလား။” သေးသွယ်ကာဖြူဖွေးသည့်လက်များသည် ၀ိုင်ပုလင်းထဲမှ၀ိုင်များကို ဖန်ခွက်အတွင်းသို့လောင်းထည့်နေ၏။ သူမ၏ကျော့ရှင်းကာ နန်းဆန်သည့်အပြုမူများကြောင့် သူမသည်အရှေ့ဘက်တောင်ထိပ်မှ သွေးအေးကာ ရက်စက်သတ်သည့်အမျိုးသမီးနတ်ဆိုးတစ်ယောက်ဟု ပြောရန်မှာ ခဲယဥ်းလှသည်။

“ဟားဟား စာပေါ်မှာ အနံ့တစ်ခုပါနေတယ်လေ။ ငါမှတ်မိသလောက်ဆို အရှေ့ဘက်တောင်ထိပ်မှာတုန်းကရခဲ့တဲ့အနံ့ပဲ ငါခန့်မှန်းမိတာပေါ့။”

ဖှေးမှာ အလွန်သက်တောင့်သက်သာပင်။ သူ၏မျက်လုံးများသည် စားပွဲခုံပေါ်တွင်ရှိနေသည့် ပန်းကန်ပြားများထံသို့ ကျရောက်သွားသည်။ သာမန်ပန်းကန်ပြားများသာဖြစ်သော်လည်း ကျွမ်းကျင်စားဖိုမှူးများ၏လက်ရာဖြစ်သည်မှာ ထင်ရှားသည်။ အနံ့၊ အရသာ၊ အဆင်းတို့နှင့် ပြည့်စုံနေ၏။ လက်ရာမှာ အနုစိတ်လှပြီး ယောက်ျားတစ်ယောက်ကို သွားရေကျစေရန်အတွက် လုံလောက်သည်။ ဖှေးနေ့လည်အချိန်ချမ်းဘော့ဒ်စခန်းသို့ရောက်ရှိချိန်မှစပြီး ဖှေးညစာမစားရသေးပေ။ တွန့်ဆုတ်မနေတော့ပဲ ဖှေးတူတစ်စုံကို ကောက်ယူလိုက်ပြီး စတင်စားသောက်တော့သည်။

“အရှင်မင်းကြီးကတော့ တကယ်ပဲ အံ့သြစရာတွေနဲ့ပြည့်နေတာပဲ။ အရင်ကတိုက်ပွဲမှာရော ကျွန်မရော၊ မင်းသမီးကို အရှင့်ကိုလျှော့တွက်ခဲ့မိကြတယ်လေ။” ပဲရစ်သည် ဖှေး၏မယဥ်ကျေးသည့်အပြုမူအပေါ်တွင် စိတ်ဆိုးခြင်းမရှိပေ။ သူမသည် ဖန်ခွက်သေသေးလေးတစ်ခုကိုကောက်ကိုင်လိုက်ပြီး နှုတ်ခမ်းနားတွင်တေ့ကာ မော့သောက်လိုက်သည်။

“ဟားဟား ခင်ဗျားက ချီးမွမ်းလွန်းနေတာပဲ...”

“မဟုတ်ပါဘူး။ အရှင်က အဲ့လိုချီးမွန်းသင့်တဲ့လူမို့ပါ။...” ပဲရစ်အသားစတစ်ခုကို သူမ၏ပါးစပ်အတွင်းသို့ထည့်လိုက်ပြီး အနည်းငယ်ပြုံးကာပြောလိုက်သည်။ “တစ်ခုရှိတာက အရှင်က အရင်ကရန်သူတစ်ယောက်စီက ဖိတ်စာမှန်းခန့်မှန်းမိနေတာတောင် တစ်ယောက်ထဲလာရဲသေးတာပဲ။ ကျွန်မအရှင့်ကို ထောင်ချောက်ဆင်ပြီး သတ်မှာကို အရှင်မစိုးရိမ်မိဘူးလား။ ဒါမှမဟုတ်ရင် ကျွန်မက အရှင့်ကို မသတ်ရဲလောက်ဘူးလို့များတကယ်ထင်နေတာလား...”

စကားဆုံးပြီးသည့်နောက်တွင် ဖှေး၏မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။ ကျော့ရှင်းသည့်အပြုံးမှာလည်း ပျောက်ကွယ်သွားပြီး ထိုအပြုံးနေရာတွင် အရိုးပါစိမ့်အေးစေနိုင်သည့် အကြည့်တစ်ခု၀င်ရောက်လာ၏။ ဤသည်မှာ အတွေ့ကြုံရှိသည့်သိုင်းဆရာများကသာ ထုတ်လွှတ်နိုင်သည့် သတ်ဖြတ်ရန်ရည်ရွယ်ချက်အရှိန်၀ါများပင်။ ပဲရစ်အရှေ့တွင် အခုချိန်တစ်စုံတစ်ယောက်ဆိုပါက ထိုလူသည် သေးပေါက်ချသည်အထိပင် ထိတ်လန့်သွားနိုင်သည်။

ဖှေးသူ၏ခွက်ကို ကိုင်မြောက်လိုက်ပြီး အကုန်သောက်ချလိုက်သည်။ သူ၏ခေါင်းကို ရမ်းလိုက်ပြီး ပြုံးကာပြောလိုက်၏။ “ပြတင်းပေါက်ကနေသာနေတဲ့လနဲ့၊ ဒီလောက်ကောင်းတဲ့၀ိုင်တစ်လုံးနဲ့ ဘယ်လောက်တောင်လှပတဲ့မြင်ကွင်းလဲ။ ကျွန်တော်က ခင်ဗျားစိတ်၀င်စားစရာတစ်ခုခုကို ပြောလိမ့်မယ်ထင်နေတာ။ ဘာလို့ဒီလိုလေးနက်တဲ့ကိစ္စတွေလာပြောနေတာလဲ။ ကောင်းပြီလေ မိန်းမလှလေး ခင်ဗျားကပွင့်လင်းနေမှတော့ ကျွန်တော်လည်း ပိုပြီးပွင့်လင်းရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးထင်တယ်။ ဟုတ်တယ်။ ရိုးရိုးသားသားပြောရရင်ကျွန်တော် လုံး၀မစိုးရိမ်မိဘူး။ အရင်က အရှေ့ဘက်တောင်ထိပ်မှာတုန်းကလဲ ခင်ဗျားကျွန်တော့ကိုမသတ်နိုင်ခဲ့ဘူး။ အခုဆိုရင် ကျွန်တော့ကို ခင်ဗျားပိုပြီးတော့တောင်သတ်နိုင်မှာမဟုတ်ဘူး။”

“တစ်ခါတလေကျရင်လဲ ယုံကြည်ချက်လွန်ကဲ့တာက မျှော်လင့်ချက်မဲ့လောက်အောင်မိုက်မဲတာပဲ။” နတ်ဆိုးကဲ့သို့သောကောင်မလေးသည် နှာခေါင်းရှုံ့လိုက်၏။ “ချမ်းဘော့ဒ်ဘုရင် အရှင်က တောင်ညီနှောင်မာ ရွှေရောင်နေမင်းသူရဲကောင်းဆူလ်တွန်ကို အနိုင်ယူခဲ့တယ်ဆိုတဲ့သတင်းကိုလဲ ကျွန်မကြားပြီးပါပြီ။ ဒါပေမယ့် အင်ပါယာမြို့တော်ထဲမှာ ဆူတွန်ကိုအနိုင်ယူနိုင်တဲ့လူတွေက အများကြီးပဲနော်....”

ဖှေးသူ၏မေးစေ့ကို ပွတ်ကာပြုံးလိုက်သည်။ သူထပ်ပြီး ဘာမှမပြောတော့ပေ။

ပဲရစ်ဖှေးကို အေးစက်စွာဖြင့်စိုက်ကြည့်လိုက်သည်။ ဤကဲ့သို့လှပသည့်မျက်လုံးများသည် ဤမျှအေးစက်သည့်ခံစားချက်ကို ပေးအပ်နိုင်စွမ်းရှိသည်။ သို့သော် သူမသည် တစ်မိနစ်ခန့်ကြာသည့်အထိအေးစက်စွာဖြင့် စိုက်ကြည့်နေသော်လည်း သူမစိုက်ကြည့်နေသည့် လူမှာအသောက်အစားပင်မပျက်ချေ။ သူမ၏မျက်လုံးများ၏နက်ရှိုင်းသောနေရာထဲတွင် အလိုမကျမှုများဖြင့် ပြည့်နှက်နေ၏။ ထို့နောက် ရုတ်တရက်ပင် သူမပါးစပ်များကို ကာလိုက်ပြီး ပြုံးလိုက်သည်။ သူမ၏မျက်နှာပေါ်မှ အေးစက်မှုများသည်လည်း ချက်ချင်းပင်အရည်ပျော်သွားပြီး ရင်းနှီးသည့်အပြုံးတစ်ခုမှာ ပြန်လည်ရောက်ရှိလာ၏။ သူမရယ်မောကာ ပြောလိုက်သည်။ “ဟီးဟီး အရှေ့ဘက်တောင်ထပ်မှာ ကျွန်မတို့ခွဲလာကတည်းက လအနည်းငယ်ပဲရှိသေးတယ် အရှင်မင်းကြီးရဲ့ဂုဏ်သတင်းတွေက လုံး၀ကိုကျော်ကြားလာတာပဲ။ အရှင်မင်းကြီးကို ဒီနေ့တွေ့ရတာတောင်ဂုဏ်ယူစရာပဲ...”

“ဂုဏ်ကျက်သရေဆိုတာက ခွန်အားကြောင့်ရရှိလာတဲ့ဆုလာဘ်တစ်ခုပါပဲ...”

ဖှေးသည် ပွင့်ပွင့်လင်းလင်းပင်။

“မနက်ဖြန်နေ့လည်ကျရင် အရှင်နဲ့အဆင့်၇အထူးပါးကွပ်သားသူရဲကောင်းတို့က ပထမဓားလေ့ကျင့်ကွင်းမှာ ယှဥ်ပြိုင်တိုက်ခိုက်ကြမယ်လို့ကြားတယ်။ အရှင်မင်းကြီးက ဒီသူရဲကောင်းကို [သွေးဆာလောင်သူ]လို့ခေါ်ကြတာကိုရောသိရဲ့လား...” ပဲရစ်မှာ ဖှေးအတွက် ၀ိုင်တစ်ခွက်ကို ညင်သာစွာဖြင့် လောင်းထည့်ပေးလိုက်သည်။

“မသိဘူး...” ဖှေးရိုးသားစွာပင် ပြန်ဖြေလိုက်သည်။

“အဲ့လိုဆိုရင်တော့ ကျွန်မမှာ အဆင့်၇ပါးကွက်သားသူရဲကောင်းနဲ့ပတ်သက်တဲ့ဟာတစ်ခုရှိတယ်။ [သွေးဆာလောင်သူ သူရဲကောင်း] ခီလုရဲ့အစွမ်းတွေနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ကျကျရေးထားတဲ့ မှတ်တမ်းတစ်ခုပဲ။ သူ့ရဲ့နောက်ဆုံးသိုင်းကွက်ဖြစ်တဲ့ [မီးတောက်ဓားသွား]ရဲ့အကြောင်းတွေလဲပါတယ်။ သူသုံးနေကျ တိုက်ကွက်တွေနဲ့ ဗျူဟာတွေကိုရောရှင်းပြထားတယ်။ ကျွန်မ အဲ့မှတ်တမ်းကို အရှင့်ကိုပေးမယ်လေ...”

ပဲရစ်ပြောလိုက်ပြီး အမဲရောင်သံမဏိသေတ္တာတစ်ခုကိုဆွဲထုတ်လိုက်ပြီး စားပွဲပေါ်သို့တင်ကာ ဖှေးအနားသို့တွန်းပို့လိုက်၏။

All Chapters