အခန်း (၂၉၉)
Vol. 20 Ch. 299
ဖှေးစားသောက်နေသည်ကို ရပ်တန့်လိုက်ပြီး အမဲရောင်သံမဏိသတ္တာငယ်လေးကို ကြည့်လိုက်ကာ ခနတာခန့်တွန့်ဆုတ်သွား၏။ ထို့နောက်တွင် ပဲရစ်ကိုကြည့်ကာ ပြုံးလိုက်ပြီး။ “ဒီကမ္ဘာပေါ်မှာ အလကားရတဲ့ဟာဆိုတာမရှိပါဘူး။ ငါဒီလက်ဆောင်ကိုလက်ခံလိုက်မယ်ဆိုရင် ငါထိုက်တန်တဲ့အရာတစ်ခုခုကို ပြန်ပြီးပေးရမယ်မလား...”
“ဘာလို့လဲ...ကြောက်နေတာလား...” ပဲရစ်မှာ ပျင်းရိသည့်ဟန်ဖြင့်ပြန်လည်ဖြေကြားလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ခနဲ့လိုသည့်အရိပ်ယောင်များဖြင့် ပြည့်နှက်နေ၏။
“တကယ်တန်းဆိုရင် ဒီလိုသတင်းအချက်လက်က ငါ့အတွက်တော့သိပ်ပြီးအရေးမကြီးလှပါဘူး။ သိုင်းဆရာအစစ်မှန်တစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်အစွမ်းစပေါ်မှာပဲ ယုံကြည်တယ်။ ရန်သူ၏ဘယ်သူနေနေ ငါ့ရဲ့လက်သီးတစ်ချက်ထဲနဲ့ပဲအဆုံးသက်ပေးလိုက်လို့ရတယ်။” ဖှေး အလွန်ထောင်လွှားသည့်အမူရာတစ်ခုဖြင့်ပြောလိုက်သည်။ သို့သော် သူ၏လက်များသည်လည်း တွန့်ဆုတ်နေခြင်းမရှိပေ။ အဖြူရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး အမဲရောင်သံမဏိသေတ္တာသည်လည်း သူ၏ပစ္စည်းထားသိုရာမှော်လက်စွပ်အတွင်းသို့ရောက်ရှိသွားပြီဖြစ်၏။
“အရှင်....အရှင်မင်းကြီးကတော့ တကယ်ပဲကျွန်မမြင်ဖူးသမျှထဲမှာ အထူးခြားဆုံးဘုရင်တစ်ပါးပါပဲ...” နတ်ဆိုးအမျိုးသမီးမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင်ပါးစပ်အဟောင်းသားဖြစ်သွား၏။ ဖှေးကို အံ့သြလိုက်မိရုံမှတစ်ပါးမတတ်နိုင်ချေ။
“ခင်ဗျားက ကျွန်တော့ကို ချီးမွမ်းလွန်းနေတာပဲ....” ဘုရင်၏မျက်နှာသည်လည်း လုံး၀ပင်ရိုကျိုးခြင်းမရှိချေ။ သူ၏မျက်လုံးများရှေ့တွင် အလွန်လှပသည့်အမျိုးသမီးတစ်ယောက်ရှိနေသည့်တိုင်အောင် သူသည်လုံး၀ပင်တုန်လှုပ်ခြင်းမရှိချေ။ ထို့အစားသူသည် ပဲရစ်ဆိုလိုသည်ကိုပင် ထက်မံ၍ပြောကြားလိုက်သေး၏။ “ခင်ဗျားတကယ်တန်းဆိုလိုချင်တာက ကျွန်တော်က ခင်ဗျားတွေ့ဖူးသမျှထဲမှာ အရှက်မရှိဆုံးဘုရင်တစ်ပါးလို့ဆိုလိုချင်တာမလား။ ဟားဟား...ဘာနေနေ ခင်ဗျားကကျွန်တော့ကို ပေးဖို့လုပ်နေတာဆိုတော့ ကျွန်တော်ကလဲ ခင်ဗျားစိတ်မကောင်းမဖြစ်အောင်လက်ခံပေးရမှာပဲလေ။ ဒါပေမယ့် ကျွန်တော့စီက ဘာမှပြန်ရဖို့တော့ မျှော်လင့်မနေနဲ့ဦးနော်...”
ပဲရစ်ဆွဲဆောင်မှုရှိစွာဖြင့် မက်တပ်ထရပ်လိုက်ပြီး ဖှေးကို နောက်ထပ်၀ိုင်တစ်ခွက်လောင်းထည့်ပေးလိုက်ကာ သူမ၏မျက်နှာပေါ်တွင် လှပသည့်အပြုံးတစ်ခုပေါ်ပေါက်လာ၏။ “ဟုတ်ပါတယ်။ အရှင်မှန်တာပေါ့ ကျွန်မဆိုလိုချင်တာက အရှင်က ကျွန်မတွေ့ဖူးမျှထဲမှာ အရှက်မရှိဆုံးဘုရင်တစ်ပါးပဲလေ။ ဘယ်သူမှ အရှင့်ကိုအရှက်မရှိတဲ့နေရာမှာတော့ မှီနိုင်မှာမဟုတ်ဘူး။
ဖှေး သူမကိုကြည့်လိုက်သည်။ ထို့နောက်တွင် ၀ိုင်များကို မော့သောက်လိုက်ပြီး ပြတင်းပေါက်မှသာနေသည့်လကို ကြည့်ကာ ရုတ်တရက်ပြောလိုက်သည်။ “သိပ်မကြာသေးခင်တုန်းကမှ ငါတို့နှစ်ယောက်ကလက်ထဲမှာ သံမဏိလက်နက်တွေကိုင်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်အသေကြေတိုက်ဖို့ကြိုးစားနေကြတာ။ အခုကျတော့လဲ ငါတို့ဒီမှာ အတူထိုင်နေပြီးတော့ ချစ်စကားတွေပြေနေကြပါလား။ ကံကြမ္မာဆိုတာက အတော်ဆန်းကျယ်တဲ့အရာတစ်ခုပဲ။ အခုငါတို့က ရန်သူတွေကနေမိတ်ဆွေတွေများဖြစ်သွားပြီလား...”
“ချစ်စကားပြောတယ်ဟုတ်လား....အရှင်မင်းကြီးက နည်းနည်းရိုင်းတာပဲ...” ပဲရစ်၏ မျက်လုံးများထဲတွင် စိတ်ဆိုးသည့်အရိပ်ယောက်တစ်ခုဖြတ်သန်းသွား၏။ ဤမိန်းကလေးသည် တည်ငြိမ်နေသည့်အချိန်တွင် အလွန်ဆွဲဆောင်မှုရှိလှပြီး တစ်ခါတစ်လေတွင် အပြစ်ကင်းစင်သည့်ပုံံရှိသည်။ သူမ၏ဆွဲဆောင်မှုရှိသည့်အမူရောင်များသည် အမျိုးပေါင်းထောင်ချီပင်ရှိနိုင်၏။ သူမသည် မျိုးဆက်တစ်ခုတွင် တစ်ယောက်တည်းသာရှိနိုင်သည့် ရှားပါးသည့်အလှတရားတစ်ခုပင်။
ဖှေးရယ်မောလိုက်သည်။ သူ၏စကားလုံးများသည် အလွန်ရိုးသားလွန်းလှ၏။ “ဟားဟား အကျင့်ဖြစ်နေလို့ပါ။ ကျွန်တော်က မိန်းမလှလေးတွေကိုမြင်ရင်မကြောင်ရပဲမနေနိုင်ဘူးလေ။ စကားမဆက် ချမ်းဘော့ဒ်တပ်ဖွဲ့စခန်းချတဲ့နေရာက မိုင်၂၀ပတ်၀န်းကျဥ်မှာမြစ်ကမ်းဘေးအကောင်းဆုံးနေရာတွေထဲကတစ်ခုပဲ။ ကျွန်တော်တွေးကြည့်လိုက်တော့ အဲ့နေရာကို ခင်ဗျားစီစဥ်ပေးထားတာမလား...”
“အရှင်မင်းကြီးက သိတဲ့ပုံဆိုတော့ ကျွန်မရဲ့နှလုံးသားကိုလဲ ခံစားမိမှာပေါ့...” ပဲရစ်သည် ဖှေးအား ထက်မံ၍ဆွဲဆောင်လာပြန်သည်။
ဖှေးစားပွဲခုံကိုအသာယာတီးခေါက်နေရင်းဖြင့် သူ၏မျက်နှာသည်ရုတ်တရက်လေးနက်လာ၏။ “ခင်ဗျားတို့လူတွေရဲ့ကိစ္စက ကျွန်တော်နဲ့လုံး၀မသက်ဆိုင်ဘူး။ ကျွန်တော့ကိုသာရန်လာမစနဲ့ ကျွန်တော်၀င်ပါမှာမဟုတ်ဘူး...”
“ဒါပေမယ့် သေရေးရှင်ရေးအခြေအနေကျရင် မင်းသမီးကအရှင့်ရဲ့အကူညီကို တောင်းဆိုလာရင်ရော...” ပဲရစ်သည် ရယ်မောနေသည့်ဟန်ဖြင့်မေးလိုက်သည်။
ဖှေးတိတ်ဆိတ်သွား၏။
ခနတာကြာပြီးသည့်နောက်တွင် သူဖြေးညင်းစွာဖြင့်ပြန်လည်ဖြေကြားလိုက်၏။ “တကယ်လို့ သူမသာ အန္တရာယ်ကျရောက်နေပြီဆိုရင်တော့ ကျွန်တော်သူမဘက်ကနေ၀င်ကူညီပေးလိမ့်မယ်...”
ပဲရစ်၏မျက်နှာပေါ်တွင် အံ့သြသည့်အရိပ်ယောက်တစ်ခုဖြည့်ပြည့်နှက်သွား၏။ အဖြေအားတစ်ချိန်တည်းမှာပင် အလွန်စိတ်ကျေနပ်သလိုစိတ်မကျေနပ်သလိုပင်။ ဤထူးဆန်းသည် မျက်နှာအမူယာသည် ခနတာအတွင်းတွင် ပျောက်ကွယ်သွားသဖြင့် ဖှေးသတိမထားလိုက်မိချေ။ ပဲရစ်၏မျက်နှာသည်လည်း အလွန်လေးနက်လာပြီးမေးလိုက်၏။ “တကယ်လို့ ကျွန်မသာ အသက်အန္တရာယ်ရှိနေတယ်ဆိုရင်ရော အရှင်ကျွန်မကို လာပြီးကူညီပေးမှာလား....”
“အင်း....” ဖှေး၏အဖြေမှာ ရိုးရှင်းလှသည်။
“တကယ်လား ဘာလို့လဲ...”
“ဘာလို့လဲဆိုတာ့ ခင်ဗျားကမိန်းမလှလေးတစ်ယောက်မို့လို့ပဲ။ ကျွန်တော်က လှပတဲ့အရာတွေကို ငတုံးငအတွေလက်ထဲမှာ ပျက်စီးသွားမှာကို မလိုလားတဲ့လူတစ်ယောက်လေ။ နောက်ပြီး ငါကဖြစ်ရပ်ဆိုးတွေကိုလဲ သိပ်ပြီးမနှစ်သက်ဘူး။” ဖှေးသည် ဗိုက်ပြည့်သွားပုံရသည်။ သူသည် သူ၏ပါးစပ်ကိုသုတ်လိုက်ပြီး ၀ိုင်များကိုမော့သောက်လိုက်၏။
ပဲရစ်ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။ “ကောင်းတာပဲ...အဲ့လိုဆိုရင်အရှင်မင်းကြီး ကျွန်မကို အခုကျေးဇူးပြုပြီးကယ်ပါဦး...”
“ဟမ်...” ဖှေးတစ်စက္ကန့်ကြာခန့်ပါးစပ်အဟောင်းသားဖြစ်သွား၏။
ဤအခိုက်တန့်တွင် ဘုံဆိုင်၏အပြင်ဘက်၌လေထုသည် ရုတ်တရက်ပြောင်းလဲသွားသည်။
အမှောင်အတွင်းမှပစ်လွှတ်လိုက်သည့် ဒူးလေးမြှားတစ်လက်သည် ပဲရစ်၏နားထင်ထံသို့ဦးတည်ကာ ပျံသန်းလာ၏။
ဤမြှားရောက်ရှိလာပုံမှာ ရုတ်တရက်ပင်ဖြစ်ပြီး အလွန်ထူးဆန်းလှသည်။
သို့သော် ပဲရစ်သည် တစ်စုံတစ်ခုဖြစ်ပျက်တော့မည်ကို ကြိုတင်ပြီးခန့်မှန်းမိထားပုံရသည်။ သူမ၏ဓားကို ၀ှေ့ရမ်းလိုက်ရာ ဓားအလင်းရောင်သည် ကောင်းကင်ကို ပိုင်းဖြတ်လိုက်သည်။ “ချွင်” ဟူသည့်အသံတစ်ခုနှင့်အတူ အမှောင်ထဲတွင် မီးပွားစလေးတစ်ခုတောက်ပသွား၏။ ကြောက်မက်ဖွယ်စွမ်းအင်များပါရှိနေသည့် ဒူးလေးမြှားသည်ပဲရစ်၏ဓားချက်အောက်တွင် သံမှုန်သံစများအဖြစ်သို့ပြောင်းလဲသွားတော့သည်။
ပဲရစ်၏ စူးရှသည့်အလှတစ်ရားသည် တစ်ခါတစ်ရံတွင် လူများကိုသူမသည်လည်းသိုင်းဆရာတစ်ယောက်ဖြစ်သည်ဟူသည့်အချက်ကို မေ့လျှော့စေ၏။
“၀ှစ် ၀ှစ် ၀ှစ် ၀ှစ်..”
နောက်အခိုက်တန့်တွင် ရေတွက်မရနိုင်သည့်မြှားများသည် လေစကားဘုံဆိုင်၏ သစ်သားနံရံများကို ထိုးဖောက်ပြီး ပျံသန်းလာတော့သည်။ ထိုမြှားများအားလုံးသည် ပဲရစ်၏သွယ်လျသည့်ခန္ဓာကိုယ်ကိုဦးတည်ထားခြင်းဖြစ်၏။
အပြာရောင်စွမ်းအင်မီးတောက်များသည် နေရာအနှံ့တွင်တောက်ပလာတော့သည်။
ပဲရစ်၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဤမီးတောက်များဖြင့်လွှမ်းခြုံထားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် သစ်သားစွမ်းအင်များကို အပြင်းထန်စီးဆင်းစေလျှက်ရှိသည်။ သူမ၏ကြော့ရှင်းသည့် ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လှပသည့် ရွေ့လျားမှုများဖြင့် ပြည့်နှက်နေလျှက်ရှိသည်။ သူမ၏လက်ထဲတွင်ကိုင်ဆောင်ထားသည့် ဓားရှည်နှင့်အတူကောင်းကင်းအားဖုံးလွှမ်းနေသည့် မြှားများကို ရှောင်ရှားကာ ခုတ်ပိုင်းချလျှက်ရှိ၏။ ယခင်ကတိတ်ဆိတ်ငြိမ်းချမ်းနေခဲ့သည့် ခြောက်ထပ်မြောက်စားသောက်ခန်းမှာ ယခုအချိန်တွင် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေတော့၏။ သတ္တုခြင်းရိုက်ခတ်သည့်အသံများနှင့် မီးပွားစများသည် နေရာအနှံ့ပျံ့နှံ့လျှက်ရှိသည်။
ပဲရစ်၏ဓားသိုင်းနှင့် အတွင်းအားစွမ်းအင်တို့မှာ အလွန်ပင်ထူးခြားသည်ဟုဆိုနိုင်၏။
သို့သော် ကောင်းကင်အားဖုံးလွှမ်နေသည့်အမဲရောင်မြှားများသည် အကန့်သက်မရှိသကဲ့သို့ပင်။ ပဲရစ်၏၏ခန္ဓာကိုယ်ကို အဆက်မပြတ်ပင် ဦးတည်ကာပျံသန်လာနေကြ၏။
ဤအခိုက်တန့်တွင် အောက်ထပ်တွင်ရှိနေသည့် တော်၀င်အစောင်စစ်သည်များသည် တစ်စုံတစ်ခုမှာယွင်းနေသည်ကို သတိထားမိလာကြပုံရ၏။
“သခင်မ ပဲရစ်ကို ကာကွယ်ကြ...”
စစ်သည်များသည် အံ့သြထိတ်လန့်နေသလို ဒေါသဖြစ်နေကြ၏။ သူတို့အော်ဟစ်လိုက်ပြီး သူတို့၏သခင်မကို ကာကွယ်ရန်အတွက် အပေါ်ထပ်သို့ပြေးတက်ရန်ပြင်လိုက်ကြသည်။
သို့သော် ဤအခိုက်တန့်တွင်အရာများပြောင်းလဲသွား၏။
အခိုက်တန့်တစ်ခုအတွင်း ကျယ်လောင်သည့်အသံကြီးတစ်ခုနှင့်အတူ ငါးထပ်မြောက်တွင်ရှိနေသည့် နံရံများသည် တစ်စုံံတစ်ခု၏ရိုက်ဖွင့်ခြင်းကိုခံလိုက်ရ၏။
အမဲရောင်၀တ်ရုံများဖြင့် လူခြောက်ယောက်၀င်လာကြပြီး သူတို့၏ခန္ဓာကိုယ်မှရောင်စုံအတွင်းအားစွမ်းအင်မီးတောက်များသည် အမှောင်ထုကိုထွန်းလင်းစေသည်။ ထိုလူများသည် ခြောက်ထပ်မြောက်သို့သွားရာဖြစ်သည့်လှကားကို လျှင်မြန်စွာပင် ဖျက်ဆီးပစ်လိုက်ကြပြီး ပဲရစ်အားကူညီရန်ပြင်နေကြသည့် တော်၀င်အစောင့်များထံသို့ဦးတည်ပြေး၀င်ကာတိုက်ခိုက်ကြတော့သည်။ နှစ်ဖွဲ့ထိတွေ့လိုက်မိကြပြီး ဓားအလင်းရောင်များတောက်ပသွား၏။ နာကျင်သည့်အော်ဟစ်သံများနှင့်အတူသွေးများလည်း ပန်းထွက်လာကြတော့သည်။
တစ်ချိန်တည်းမှာပင် ခြောက်ထပ်မြောက်တွင်ရှိနေသည့် ပဲရစ်သည်လည်းဒုက္ခရောက်နေပြီဖြစ်သည်။
စူးရှသည့် ဓားအလင်းတန်းသုံးခုသည် သစ်သားနံရံများကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက်တွင် အမဲရောင်သံမဏိချပ်၀တ်များကို ကိုယ်လုံးပြည့်၀တ်ဆင်ထားသည် လုပ်ကြံသတ်ဖြတ်သူသုံးယောက်မှာ ၀င်ရောက်လာတော့၏။မြှားမိုးများကို ခုခံပြီး ပဲရစ်နားချိန်ပင်မရလိုက်ချေ။ တစ္ဆေကဲ့သို့ လူသုံးယောက်သည် သူမအားစတင်၍ပြေး၀င်ကာတိုက်ခိုက်တော့သည်။
“သတ်ပစ် သတ်ပစ် သတ်ပစ်...”
နက်ရှိုင်းသည့် ကြုံး၀ါးသံသုံးခုကို ငရဲပြည်မှသေမင်းခေါ်သံကဲ့သို့ ကြားလိုက်ရသည်။
ပဲရစ်၏မျက်နှာမှာ တည်ငြိမ်လှသည်။ သူမ၏ဓားသည် ကခုန်သွားပြီး သူမ၏ အဖြူရောင်၀တ်စုံသည် လေထဲတွင်လွှင့်ပျံလျှက်ရှိသည်။ သူမ၏ ရွှေရောင်ဆံပင်များသည် မီးတောက်များကဲ့သို့ အပေါ်အောက်ကခုန်လျှက်ရှိသည်။ ငွေရောင်ဓားသွားအလင်းရောင်များကို လေထဲတွင်ဓားခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် အတတ်နိင်ဆုံးကြိုးစားရင်း လုပ်ကြံသတ်ဖြတ်သူသုံးယောက်နှင့် အပြင်းထန်တိုက်ခိုက်လျှက်ရှိသည်။ ခြောက်ထပ်မြောက်အထပ်ပေါ်တွင် ဓားချင်းတိုက်ခတ်သည့်အသံများ၊ မီးပွားစများဖြင့် ထွက်ပေါ်လျှက်ရှိသည်။
ဤအချိန်တစ်ခုလုံးတွင် ဖှေးသည် စားပွဲခုံပေါ်တွင်သာ တိတ်ဆိတ်စွာထိုင်လျှက်ရှိသည်။
ကောင်းကင်အားဖုံးလွှမ်းနေသည့် မြှားများသည် စားပွဲခုံဘေးတွင်ရှိနေသည့် နံရံကိုပင်ဖျက်ဆီးပစ်လုနီးနီးပင်ဖြစ်ပြီး ဖှေးသည်လည်း မြှားများ၏စက်ကွင်းထဲတွင်ရှိနေခြင်းဖြစ်သည်။ သို့သော် ဖှေး၏အစွမ်းများသည် ပဲရစ်နှင့်မတူညီသည့် လယ်ဗယ်တစ်ခုတွင်ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူထိုနေရာ၌တွင်သာ မလှုပ်မယှက်ဖြင့်ထိုင်နေသော်လည်း မြှားများသည် သူ၏ခန္ဓာကိုယ်အနီးသို့ပင်ရောက်ရှိလာနိုင်ခြင်းမရှိပေ။
သတ်ဖြတ်လိုသည့် ဆန္ဒများသည် ခမ်းမဆောင်တစ်ခုလုံးတွင်ပြည့်နှက်နေသော်လည်း ဖှေးသည် ထိုနေရာ၌တွင်သာ ထိုင်လျှက်ရှိနေသေး၏။
ဓားအားကြမ်းပြင်နှင့် ပွတ်ဆွဲသည့်အသံတစ်ခုထွက်ပေါ်လာပြီး တစ်ခြားလူတစ်ယောက်မရောက်ရှိလာခင်အချိန်ထိဖြစ်၏။