အခန်း (၃၀၀)
Vol. 20 Ch. 300
ရောက်ရှိလာသည့် လူသည် ခြောက်ထပ်မြောက်ခန်းမဆောင်၏ ထောင့်တစ်နေရာတွင် ရပ်လျှက်ရှိနေပြီး သူ၏သရုပ်မှန်ကို ဖုံးကွယ်ရန်ပင် ကြိုးစားခြင်းမရှိပေ။ သူသည် လျှော့ရဲသည့် အမဲရောင်၀တ်ရုံတစ်ခုနှင့် အ၀တ်ကြမ်းစများဖြင့် ပြုလုပ်ထားသည့် အညိုရောင်ခါးပတ်စတစ်ခုကို ၀တ်ဆင်ထားသည်။ သူ၏ခန္ဓာကိုယ်သည် သာမန်ထက်အနည်းငယ်ပို၍ ကြီးမားပြီး သူ၏ဆံပင်များသည် တိုက်ခတ်နေသည့် လေညင်းနှင့်အတူ ကခုန်လျှက်ရှိသည်။ သူသည် သာမန်လူတစ်ယောက်နှင့်ပင်တူနေပြီး ကျန်ရှိနေသည့် လုပ်ကြံသတ်ဖြတ်သူများကဲ့သို့ သူ၏မျက်နှာကို ဖုံးကွယ်ထားခြင်းမရှိပေ။ ဖှေးအကဲခတ်ကြည့်မှုအရ ဤလူ၏ ရုပ်ရည်သည် သာမန်သာဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် သူ၏ဘေးမှ အကြိမ်ပေါင်းများစွာဖြတ်လျှောက်သွားစေကာမူ ထိုလူအားသတိထားမိမည်မဟုတ်ပေ။
ဤလူသည် ခန်းမဆောင်ထဲတွင် အရင်ကတည်းကရှိနေသည့်အတိုင်းပင် ရပ်လျှက်ရှိနေ၏။
ဖှေးသူ့အားတစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် ထိုလူကိုင်ဆောင်ထားသည့် လက်နက်ထံသို့ကျရောက်သွားသည်။
ကွပ်မျက်ခြင်းဓားတစ်လက်ပင်။
ဓားရိုးမှာ ထူထဲသည့် ထုလုံးရှည်ပုံသဏန်ရှိပြီး ဓားအစွန်းတွင် သံကြေးတတ်နေသည့် အနီရောင်သံဆူးချွန်များပါရှိနေသည်။ ဓားသည် ၁.၆မီတာခန့်ရှည်လျားပြီး ချွန်ထပ်သည့် ထိပ်ဖျားမရှိပေ။ အသွားနှစ်ဖက်ကိုချွန်ထားသည့် စတုရန်းပုံသတ္တုပြားကြီးတစ်ခုကဲ့သို့ပင်ဖြစ်ပြီး ဓားထိပ်တွင် ရက်စက်သည့် ချိတ်နှစ်ချောင်းပါရှိသည်။ ဤကဲ့သို့သောဓားအမျိုးစားသည် ခုတ်ပိုင်းရာတွင် ထိရောက်မှုရှိလှပြီး ဤကဲ့သို့သောဓားအမျိုးစားကို အေဇာရုတိုက်ပေါ်တွင် ရာဇ၀တ်သားများကို ကွပ်မျက်ရန်အတွက်အသုံးပြုလေ့ရှိကြသည်။
ထိုလူသည် ဤဓားကြီးသည် ပေါင်တစ်ထောင်ကျော်ခန့်လေးသည့်အတိုင်းပင် ဒရွတ်တိုက်ဆွဲလာလျှက်ရှိသည်။
ဖှေးယခင်က ဤလူသည်ပဲရစ်ဘက်မှလူတစ်ယောက်ဖြစ်လိမ့်မည်ဟုတွေးလိုက်မိသည်။ မျက်နှာကိုဖုံးကွယ်ထားခြင်းမရှိပဲ၊ ဤကဲ့သို့လေးလံသည့် လက်နက်ကြီးကိုအသုံးပြုနေခြင်းသည် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ အချက်လက်များနှင့်ကိုက်ညီမှုမရှိသောကြောင့်ပင်။ သို့သော် ဖှေးဤလူ၏မျက်လုံးများထဲတွင် ရှိသည့်အကြည့်များကို မြင်လိုက်ရသည့်အချိန်တွင် တစ်စုံတစ်ခုလွဲမှားနေသည်ကို သတိထားလိုက်မိသည်။
ဤသည်မှာ သားရဲတစ်ကောင်သူ၏သားကောင်ကိုမြင်လိုက်ရသည့်အချိန်တွင် ကြည့်သည့်ရက်စက်သည့်အကြည့်မျိုးပင်။
သွေးဆာလောင်နေသည်။
အညှာတာကင်းမဲ့၏။
ဤလူသည် လုပ်ကြံသတ်ဖြတ်သူများနှင့်တိုက်ခိုက်နေသည့် ပဲရစ်ကိုစိုက်ကြည့်နေ၏။ သူ့အားတစ်ချက်ကြည့်လိုက်သည်ကိုလည်း ဖှေးအာရုံခံလိုက်မိသည်။ သို့သော် ထိုလူသည် ဖှေးထံမှ အတွင်းအားစွမ်းအင်များကို အာရုံခံနိုင်ခြင်းမရှိသောကြောင့်လားမသိချေ။ ဖှေးအားသိပ်ပြီး အရေးလုပ်ခြင်းမရှိပေ။
နောက်ဆုံးတွင် ဤလူသည်အရှေ့သို့စတင်၍လမ်းလျှောက်လာနေပြီဖြစ်သည်။
ဓားကိုဒရွတ်တိုက်ဆွဲယူလာ၏။ အံ့သြဖွယ်ကောင်းသည်မှာ ဓားနှင့်ကြမ်းပြင်သည် တောင်တစ်လုံးအလေးချိန်ရှိသည့်အရာတစ်ခုကို ပွတ်ဆွဲနေသကဲ့သို့ မီးပွားစများကို ဖန်တီးလျှက်ရှိသည်။
ဤလူ၏အစွမ်းများသည်လည်း အရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့်အမျှကြီးထွားလာနေသည်ကိုလည်း ဖှေးအာရုံခံလိုက်မိသည်။
ခြေလှမ်းငါးလှမ်းခန့်လှမ်းပြီးသည့်အချိန်တွင် ဤလူသည် ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်၏အစွမ်းများပင်ရှိလာနေပြီဖြစ်၏။
သွေးစက်များစွာဖြင့် စွန်းထင်းနေသည့် ကွပ်မျက်ခြင်းဓားမှာ ရုတ်တရက်တုန်ခါလာပြီး ဆူညံသံများစတင်ထွက်ပေါ်လာတော့သည်။ စူးရှသည့် သတ်ဖြတ်လိုသည့်အရှိန်၀ါများမှာ ခန်းမဆောင်တစ်ခုလုံးတွင် ပြည့်နှက်သွားတော့၏။ ဤဓားသည် ရုတ်တရက်အသက်၀င်လာသည့်အတိုင်းပင်။ သွေးဆာလောင်ပြီးဆူညံလာသည့်အတိုင်းဖြစ်နေ၏။
တိုက်ပွဲ၀င်နေသည့် ပဲရစ်သည်လည်းအန္တရာယ်ကို အာရုံခံလိုက်မိသည်။
သူမ၏အစိမ်းရောင်စွမ်းအင်များမှာ ပေါက်ကွဲသွားပြီး သူမကို ၀ိုင်းကာတိုက်ခိုက်နေကြသည့် လုပ်ကြံသတ်ဖြတ်သူများကိုအနောက်သို့တွန်းထုတ်လိုက်သည်။ သူမ၏လက်နှစ်ဖက်လုံးကို လေပေါ်သို့မြှောက်လိုက်ပြီး မန္တန်တစ်ချို့ကိုရွတ်ဆိုလိုက်သည်။ အစိမ်းရောင်ငှက်နှစ်ကောင်မှာ သူမ၏ခန္ဓာကိုယ်အတွင်းမှ ပျံသန်းကာထွက်ပေါ်လာပြီးခန်းမဆောင်တစ်ခုလုံးတွင် ငှက်အော်သံများဖြင့် ပြည့်နှက်သွားတော့၏။ ခန်းမဆောင်ထဲတွင်ရှိနေသည့်လူတိုင်းသည် နှစ်တစ်ထောင်သက်တမ်းရှိသည့် တောအုပ်တစ်ခုအတွင်းသို့ရောက်ရှိသွားသည့်အတိုင်းခံစားလိုက်ရပြီး အရှေ့တွင်ရှိနေသည့်ဆံပင်ရွှေရောင်နှင့်ကောင်မလေးသည် တောအုပ်နတ်သမီးတစ်ယေက်ကဲ့သို့ပင်။
နောက်အခိုက်တန့်တွင် အစိမ်းရောင်ငှက်များမှာ ပဲရစ်၏ခန္ဓာကိုယ်တစ်၀ိုက်တွင် လှည့်ပတ်ပျံသန်းနေရင်းဖြင့် ချပ်၀တ်များ၊ မျက်နှာဖုံးများ၀တ်ဆင်ထားသည့် လုပ်ကြံသတ်ဖြတ်ရေးသမားနှစ်ယောက်ကို ထိုးဖောက်ပစ်လိုက်သည်။ ထိုလူနှစ်ယောက်လုံးသည်သွေးမြူများအဖြစ်သို့ပြောင်းလဲသွားတော့၏။ ပဲရစ်၏ဓားသည်လည်း အချိန်ဆိုင်းမနေတော့ပဲ လျှင်မြန်စွာပင် ပျံသန်းသွားပြီး နောက်ဆုံးကျန်ရှိနေသည့် လုပ်ကြံသတ်ဖြတ်သူ၏ လည်ပင်းကိုခုတ်ပိုင်းလိုက်သည်။
ကွပ်မျက်ခြင်းဓားကို ဒရွတ်တိုက်ဆွဲလာနေသည့် လူမှာတည်ငြိမ်လွန်းလှသည်။ ပဲရစ်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် လုပ်ကြံသတ်ဖြတ်သူသုံးယောက်သည် သူ့ဘက်မှလူများမဟုတ်သည့်အတိုင်းပင်။
"ဖုန်း..."
ထိုလူသည် ရုတ်တရက်အရှေ့သို့ခြေလှမ်းလိုက်ပြီး ဓားရိုးကိုလက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ကာ အောက်သို့အားကုန်သုံးပြးခုတ်ပိုင်းချလိုက်၏။
ဓားလှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ဓားသွားမှ စွမ်းအင်တစ်ခုထွက်ခွာသွားပြီး ငါးမီတာခန့်အကွာ၀ေးတွင်ရှိနေသည့် ပဲရစ်ထံသို့ပျံသန်းသွားသည်။ ဤစွမ်းအင်မှာ မြင်နိုင်ခြင်းမရှိသော်လည်း ထိခိုက်စေမှုတို့မှာအစစ်မှန်ပင်။ ကြီးမားသည့်နတ်ဘုရားလက်နက်ကြီးတစ်ခုကဲ့သို့ ကြမ်းပြင်၊ စားပွဲခုံများ၊ သစ်သားတိုင်လုံးများနှင့် နံရံများသည် တိတ်ဆိတ်စွာပင် နှစ်ပိုင်းပြတ်သွား၏။
စွမ်းအားမြင့်သည့် တိုက်ပွဲသုံးသိုင်းကွက်တစ်ခုပင်။
ပဲရစ်၏ ခန္ဓာကိုယ်တစ်၀ိုက်တွင် အစိမ်းရောင်စွမ်းအင်မီးတောက်များထက်မံတောက်ပသွားပြီး သူမ၏မျက်နှာအမူယာသည်လည်းပြောင်းလဲသွား၏။ သူမ၏လက်ကို ထက်မံ၍၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ငှက်များထက်မံ၍ ပေါ်လာသည်။ ငှက်များသည် မမြင်နိုင်သည့်စွမ်းအင်တစ်ခုနှင့် ရင်ဆိုင်နေရသည့်အတိုင်းပင်အော်ဟစ်နေကြ၏။ ပေါက်ကွဲသံတစ်ခုနှင့် အတူငှက်များမှာ ဆုတ်ပြဲသွားတော့သည်။ သို့သော် မမြင်နိုင်သည့်စွမ်းအင်တစ်ခုမှာ ပဲရစ်ထံသို့ဦးတည်၍ပျံသန်းလာဆဲပင်။
"အား...."
ပဲရစ်၏ပါးစပ်မှ သွေးများစီးကျလာပြီး အနောက်သို့လွှင့်ထွက်သွားတော့သည်။
သူမ၏ခန္ဓာကိုယ်ကို ကာကွယ်နေသည့်အတွင်းအားစွမ်းအင်များသည်လည်း ပျက်စီးသွားပြီဖြစ်သည်။
သူတို့နှစ်ယောက်ကြားထဲတွင်ရှိနေသည့် စွမ်းအင်ကွားခြားမှုမှာ ကြီးမားလွန်းလှသည်။ ပဲရစ်သည် တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်စွမ်းမရှိပေ။
ထိုလူသည် ရှေ့သို့ပင် ထက်မံ၍လမ်းလျှောက်လာပြီး တူညီသည့်တိုက်ခိုက်မှုကိုပင် ဆက်လက်၍ပြုလုပ်လိုက်သည်။ သူ၏ဓားကို ထက်မံခုတ်ပိုင်းလိုက်ရာ ကြီးမားသည့် စွမ်းအင်တစ်ခုသည် မြေပေါ်သို့ပင် ပြန်လည်ပြုတ်ကျခြင်းမရှိသေးသည့် ပဲရစ်ထံသို့ ပျံသန်းသွားသည်။ ဤလူသည် သူမကို အသက်ရှင်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။
"အရှင်မင်းကြီး အရှင်မလှုပ်ရှားရင် ကျွန်မတကယ်သေတော့မယ်..." ဤသေရေးရှင်ရေးအချိန်တွင် ပဲရစ်သည် ကြောက်လန့်နေခြင်းမရှိပေ။ သူမ၏မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးတစ်ခုပေါ်ပေါက်လာပြီး ဖှေးရှိနေရာဘက်သို့လှည့်ကာပြောလိုက်သည်။
"ဖုန်း..."