← Chapters

အခန်း (၃၀၁)

Vol. 21 Ch. 301

အခန်း (၃၀၁)

Vol. 21 Ch. 301

၁မီတာခန့်အရွယ်စားရှိသည့် လက်သီးရာကြီးတစ်ခုထွက်ပေါ်လာပြီး ဤမြင်တွေ့နိုင်ခြ

င်းမရှိသည့် စွမ်းအားကို၀င်တိုက်လိုက်၏။

“ချွတ်...”

မှန်များအက်ကွဲသည့်အသံတစ်ခုထွက်ပေါ်လာသည်။ မမြင်နိုင်သည့်စွမ်းအားသည် ခွဲခြေ

ခြင်းကို ခံလိုက်ရပြီး တိုက်ခတ်ရာမှထွက်ပေါ်လာသည့် စွမ်းအားအကျွင်းကျန်များသည်

ခန်းမဆောင်ထဲတွင် လေပြင်းများကိုဖြစ်ပေါ်စေ၏။ ငလျင်လှိုင်းတစ်ခုကဲ့သို့ပင် နံရံ

များအားလုံးပြိုကျလာပြီး ပရိဘောကအပိုင်းစများသည်လည်း အဆောက်ဦးအပြင်ဘ

က်သို့လွှင့်ထွက်ကုန်တော့သည်။ အပြင်ဘက်မှ အာမေဍိတ်သံမျိုးစုံထွက်ပေါ်လာပြီး စ

ခန်းချသည့်နေရာတွင်ရှိနေသည့် တိုင်းပြည်တပ်ဖွဲ့များထံမှအာရုံစိုက်မှုများသည် ဤနေ

ရာသို့ကျရောက်လာတော့သည်။ အေးစက်သည့်လရောင်မှာ ခြောက်ထပ်မြောက်ခန်း

မဆောင်ပေါ်တွင်တောက်ပနေပြီး ဖှေးသည် ပဲရစ်၏အရှေ့သို့ရောက်နေပြီဖြစ်ပြီး မမြင်

နိုင်သည့်စွမ်းအားများအားလုံးကို ကာကွယ်ပေးထား၏။

“မင်းက သိုင်းဆရာတစ်ယောက်လား...” ထိုလူ၏ မျက်လုံးများမှာ ကျဥ်းမြော

င်းသွားသည်။

“အေး ဟုတ်တယ်...” ဘုရင်မှာ ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းတာပေါ့ ငါသိုင်းဆရာတွေကို သတ်ရတာသဘောကျတယ်...” ရက်စ

က်သည့်အပြုံးတစ်ခုသည် ဤလူ၏မျက်နှာပေါ်တွင် ပေါ်လာပြီး သူ၏နှုတ်ခမ်းများကို

စိတ်လှုပ်ရှားစွာဖြင့် လျှာဖြင့်သပ်လိုက်သည်။

ဤအချိန်တွင်မူ သူသည် သူ၏ဓားကိုကိုင်မြောက်လိုက်ပြီး သူ၏အမူရာသည်လည်း

နတ်ဘုရာများများကိုရှိခိုးနေသည့် ယုံကြည်သူတစ်ယောက်ကဲ့သို့ပင်တည်ငြိမ်လာ၏။

သူသည် အဆောက်ဦးအပြင်ဘက်မှလူများ ပြုလုပ်နေသည့်ဆူညံသံများနှင့် တပ်ကူ

များလာနေသည့်ခြေသံများကို လျစ်လျူရှုလိုက်သည်။ သူ၏အာရုံစိုက်မှုများအားလုံး

သည် သူ၏ဓားအပေါ်တွင်သာရှိနေပြီး ထို့နောက်တွင် အထင်ကြီးလောက်ဖွယ်စွမ်း

အားတစ်ခုသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာတော့၏။ သံချေးများတက်နေသည့်

ကွပ်မျက်ခြင်းဓားကြီးမှာ ရုတ်တရက်ပင် တလင်းကျောက်တစ်ခုကဲ့သို့ပင် တောက်ပ

လာပြီး ထိုဓား၏နောက်မှ မီတာ၃၀ခန့်ရှည်လျားသည့် ငွေရောင်ဓားပုံရိပ်တစ်ခုထွက်

ပေါ်လာတော့သည်။ ထိုဓားသည် ကောင်းကင်ပေါ်သို့ထိုးတက်သွားပြီး အဆောက်ဦး၏

ခေါင်မိုးကို ထိုးဖောက်သွား၏။ ညလည်ခေါင်တွင် မီးရောင်တစ်ခုကဲ့သို့ငွေရောင်အလ

င်းတန်းသည် လူအများ၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။

“ကောင်းကင်ဘုံက အပြစ်ပေးမှု...သေစမ်းကွာ...”

ငွေရောင်ပုံရိပ်ဓားသွားဖြင့် ပဲရစ်နှင့် ဖှေးတို့ထံသို့ဦးတည်ပြီး အညှာတာကင်းမဲ့စွာဖြင့်

ခုတ်ပိုင်းချလိုက်သည်။ ဓားသွားသည် သူတို့အားမထိတွေ့ခင်မှာပင် ဓားအရှိန်ကြောင့်ဖြ

စ်ပေါ်လာသည့် လေစီးကြောင်းသည် အဆောက်ဦးတစ်ခုလုံးကို ပြိုကျတော့မည့်အတို

င်းပင် ပြင်းထန်စွာတုန်ခါသွားစေ၏။

ဤလူသည် ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ပင်။

လေးနက်သည့်မျက်နှာအမူရာတစ်ခုသည် ဖှေး၏မျက်နှာပေါ်တွင်ပေါ်ပေါက်လာပြီး သူ

သည် လေထုထဲတွင် လှမ်း၍ဆုပ်ကိုင်လိုက်သည်။ အနီရောင်မီးတောက်နှစ်ခုပေါ်ထွ

က်လာပြီးသည့်နောက်တွင် အဆင့်၇စုံလိုက်ပစ္စည်းများဖြစ်သည့် ဘူးလ်-ခရေးတို့စ်၏

ကလေးငယ်များသည် သူ၏လက်ထဲတွင်ရောက်ရှိလာပြီဖြစ်၏။

“ချွင်...”

ဘူးလ်-ခရေးတို့စ်၏ကလေးငယ်များဓားနစ်လက်ကို အရှေ့တွင် ကြက်ခြေခတ်ပုံစံဖြ

င့်ထာားလိုက်ပြီး ဖှေးသူ့ကိုယ်သူနှင့် ပဲရစ်အားကာကွယ်လိုက်သည်။

ဤခုခံမှုမှာ မီတာ၃၀ခန့်ရှည်လျားသည့် ဓားပုံရိပ်ယောင်နှင့် နှိုင်းယှဥ်ကြည့်ပါက အ

နည်းငယ်အားနည်းနေသည့်ဟန်ပင်။

ဤသည်မှာ ဖှေးနောက်ဆုံးအနေဖြင့် ထုတ်သုံးလိုက်သည့်ရုန်းကန်မှုတစ်ခုကဲ့သို့ပင်။

ထိုလူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုထွက်ပေါ်လာသည်။

သို့သော် မကြာမှီမှာပင် ဤအပြုံးသည်ရပ်တံ့သွားတော့၏။

နောက်အခိုက်တန့်တွင် ဖှေး၏ဓားနှစ်လက်ပေါ်တွင် အနီရောင်မီးတောက်များလောင်

ကျွမ်းလာပြီး ထိုအနီရောင်မီးတောက်နှစ်ခုသည် လေထဲတွင် ကြီးထွားလာ၏။ မကြာ

မှီတွင် ဖှေး၏ဓားနှစ်လက်မှာ မီတာ၁၀စီခန့်ရှည်လျားသည့် မီဓားသွားများအဖြစ်သို့

ပြောင်းလဲသွားတော့၏။ မီးကြက်ခြေခတ်နှစ်ခုကဲ့သို့ပင် ထိုဓားနှစ်လက်သည် ညကော

င်းကင်ကို လင်းထိန်သွားစေ၏။

“ဖုန်း...”

ငွေရောင်ဓားပုံရိပ်နှင့် မီးကြက်ခြခတ်တို့တွေ့ဆုံလိုက်မိကြသည်။

မီးပွားစများနှင့် ရောင်စုံအတွင်းအားစွမ်းအင်များသည် နေရာအနှံ့သို့ပျံ့နှံ့သွားပြီး မျက်စိ

စူးစေသည့် အလင်းရောင်များသည် လူများကို သူတို့၏မျက်လုံးများကိုမှိတ်ထားမိစေ၏။

ဤမျှလယ်ဗယ်ရှိသည့် တိုက်ပွဲကို ကြံ့ကြံ့ခံနိုင်ရန်အတွက် ကြိုးစားနေခဲ့သည့်အဆော

က်ဦးကြီးသည်လည်း နောက်ဆုံးတွင်ငိုကြွေးကာ ပြိုကျလာတော့သည်။ စွမ်းအင်လှို

င်းများသည် နေရာအနှံ့သို့ စက်လုံးပုံသဏန်ဖြင့်လွှင့်ပျံသွားသည်။ စက်ကွင်းမလွတ်သ

ည့်နေရာတွင် ရှိနေသည့်လူများသည်လည်း ကောင်းကင်ပေါ်သို့လွှင့်ပျံကုန်ကြပြီး ပတ်

၀န်းကျင်တွင်ရှိနေသည့်အရာအားလုံးသည်လည်း အဏုမြူဗုံးဒဏ်သင့်သည့်အတိုင်းပင်

အရာအားလုံံးပြိုကျကုန်တော့၏။

“လာ...”

ဖှေး ပဲရစ်ကို ခါးမှပွေ့ချီလိုက်ပြီး ပြိုကျနေသည့် အဆောက်ဦးမှထွက်ခွာရန်အတွက်

လေပေါ်သိ့ခုန်တက်လိုက်သည်။

သင်းပျံ့သည့်ကိုယ်သင်းရနှံ့တစ်ခုသည် ဖှေး၏နှာခေါင်းအတွင်းသို့၀င်ရောက်လာ၏။ သူ

၏လက်မောင်းများအတွင်းတွင် ခံစားနေရသည့်ချေမွေ့နူးညံ့သည့်ခံစားချက်မှာ ကြည်နူး

ဖွယ်ပင်။ ပဲရစ်၏ဆွဲဆောင်မှုတို့မှာ ဤအခြေအနေတွင် ထင်ရှားစွာပေါ်လွင်နေ၏။

သို့သော် ဤအရာများသည် ယခုအချိန်တွင် ဖှေး၏စိတ်ထဲတွင်မရှိသေးပေ။

သူ၏ဘယ်လက်သီးဖြင့် အကြိမ်ပေါင်းသုံးဆယ်ခန့်ထိုးလိုက်သည့်အချိန်တွင် ကြည်လ

င်သည့်အရောင်ရှိသည့်လက်သီးရာတစ်ခုသည် လေပေါ်တွင် ထွက်ပေါ်လာ၏။

“ကောင်းကင်လက်သီး....”

ဖှေးကြုံး၀ါးလိုက်ခြင်းဖြင့် လက်သီးရာကြီးသည် အနည်းငယ်ခန့်တုန်ခါသွား၏။ ထို့

နောက်တွင် ထိုလက်သီးရာကြီးသည် တဖြည်းဖြည်းဖြင့် အရှိန်မြင့်လာပြီး ကောင်းက

င်ပေါ်တွင် ထွက်ပြေးနေသည့် လူထံသို့ပျံသန်းသွားတော့သည်။ လက်သီးရာကြီးသည်

ဘုရားသခင်ဖန်တီးလိုက်သည့် ဥက္ကာပျံကြီးတစ်ခုကဲ့သို့ပင်။

“အား...”

အော်သံတစ်ခုထွက်ပေါ်လာသည်နှင့်အတူ သွေးမြူများနှင့် အရိုးစများသည်လေထဲတွင်

မီးရှူးမီးပန်းတစ်ခုကဲ့သို့ပေါ်ကွဲသွား၏။

ဤအချိန်တွင် ဖှေးနှင့်ပဲရစ်တို့သည် မြေပြင်ပေါ်သို့ပြန်လည်ဆင်းသက်ပြီးပြီဖြစ်သည်။

တော်၀င်စစ်သည်များသည် အမြန်ပြေးလာကြပြီးပဲရစ်ကို အလည်တွင်ထားကာကာကွ

ယ်လိုက်သည်။

“၀ှစ်...”

ကွပ်မျက်ခြင်းဓားမှာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး ပဲရစ်နှင့် ဖှေးတို့၏အရှေ့တွ

င်ရှိနေသည့် မြေပြင်ပေါ်သို့စိုက်၀င်သွား၏။ စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက်တွင်

ထိုဓားသည် သံမဏိအပိုင်းစများစွာအဖြစ်သို့ ကျိုးပဲ့ကုန်တော့သည်။

“အရှင်မ အဆင်ပြေရဲ့လား...”

“အရှင်မကျွန်တော် နောက်ကျမှရောက်လာခဲ့မိတဲ့အတွက် အပြစ်ရှိပါတယ်...”

“အရှင်မပဲရစ်ကို ကာကွယ်ကြ...”

တော်၀င်အစောင့်စစ်သည်များသည် ပဲရစ်၏အရှေ့တွင် ဒူးထောက်ပြီးငိုကျွေးလိုက်ကြ၏။

သူတို့အသက်ပင်မရှူရဲကြချေ။ မင်းသားဒိုမင်ဂူ၏ အရေးကြီးဆုံးလူယုံတစ်ယောက်ဖြ

စ်သည့်ပဲရစ်မှာ လုပ်ကြံသတ်ဖြတ်ခံရမှုနီးနီးပင် ဖြစ်ခဲ့ပြီး ဤသည်မှာ သူတို့အမှားမ

ကင်းလှချေ။ ပဲရစ်သာအမှန်တကယ်သတ်ဖြတ်ခြင်းခံလိုက်ရပါက သူတို့သည်မင်းသာဒို

မင်ဂူ၏ အမျက်ဒေါသအောက်တွင် ကျေးကျွန်များဖြစ်လာနိုင်၏။

သိပ်မ၀ေးသောနေရာတွင် အလောင်းများဖြင့် စုပုံနေသည်။

ချပ်၀တ်များမျက်နှာဖုံးများ၀တ်ဆင်ထားသည့် လုပ်ကြံသတ်ဖြတ်သူများမှာ အကုန်

လုံးတော်၀င်အစောင့်စစ်သည်များလက်ချက်ဖြင့် အသတ်ခံလိုက်ရပြီးဖြစ်သည်။ အသ

က်ရှင်လျှက်အဖမ်းခံလိုက်ရသည့်အစောင့်များသည်လည်း သဲလွန်စမကျန်ခဲ့စေရန်အတွက်

မိမိကိုယ်မိမိသတ်သေကုန်ကြပြီဖြစ်သည်။

All Chapters