← Chapters

အခန်း (၃၀၂)

Vol. 21 Ch. 302

အခန်း (၃၀၂)

Vol. 21 Ch. 302

“ရှင်တို့ထလို့ရပါပြီ။ ဒီနေ့ဒီလိုဖြစ်ခဲ့တာက ကျွန်မရဲ့ပေါ့ဆမှုကြောင့်ပါ ရှင်တို့ရဲ့အမှား

မပါပါဘူး..” ပဲရစ်သည် ဖှေး၏လက်မောင်းများအတွင်းမှ ထွက်ခွာလာပြီးဖြစ်သည်။

အဖြူရောင်၀တ်စုံနှင့် သူမသည် မထိတွေ့နိုင်သကဲ့သို့ပင်။ သူမသည် လက်များကို

အသာယာ၀ှေ့ရမ်းလိုက်ရင်းဖြင့် အစောင့်စစ်သည်များကို ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင်

ခွင့်လွှတ်ပေးလိုက်၏။

“ကျေးဇူးပါ သခင်မပဲရစ်...”

တော်၀င်အစောင့်စစ်သည်များသည် ချွေးများပျံလျှက်ထလိုက်ကြပြီး ဖှေးကို လေးစား

ခြင်း၊ အားကျခြင်းနှင့် သံသယမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

သူတို့သည် နောက်ကျသည့်အချိန်မှရောက်လာခြင်းဖြစ်သော်လည်း ကြီးမားသည့်ငွေပုံရိ

ပ်ယောင်ဓားသွားနှင့် မီးကြက်ခြေခတ်တို့ကိုကြည့်ခြင်းအားဖြင့် လုပ်ကြံသတ်ဖြတ်သူ

များသည် အလွန်စွမ်းအားမြင့်ကြောင်းကိုသိလိုက်ကြရသည်။ သူတို့တိုက်ပွဲအတွင်းသို့

အချိန်မှီရောက်ရှိလာနိုင်စေကာမူ အကူညီသိပ်ပြီးပေးနိုင်မည်မဟုတ်ပေ။ ထိုလုပ်ကြံသ

တ်ဖြတ်သူများသည် တော်၀င်အစောင့်စစ်သည်တစ်ဖွဲ့လုံးကိုပင်သတ်ဖြတ်ပစ်နိုင်ကြော

င်းကို သူတို့သိရှိကြ၏။ သူတို့၏အရှေ့တွင်ရှိနေသည့် လူငယ်သာမလှုပ်ရှားပါက သူ

တို့၏သခင်မပဲရစ်သည်လည်း ယခုအချိန်တွင် အလောင်းတစ်လောင်းဖြစ်နေလောက်ပြီ

ဖြစ်၏။

သို့သော် ကြွား၀ါရန်နှစ်သက်သည့် ချမ်းဘော့ဒ်ဘုရင်သည် အစောင့်စစ်သည်များထံမှ

လေးစားအားကျသည့်တုန့်ပြန်မှုများကို သိပ်ပြီးသဘောတွေ့ပုံမရချေ။

သူသက်ပြင်းချလိုက်ပြီး ဒိုင်ယာဘလိုကမ္ဘာမှ သူ၏လက်နက်ပစ္စည်းများကို ပြန်လည်

ကာရုတ်သိမ်းလိုက်သည်။ ထို့နောက်တွင် သူ၏ပခုံးပေါ်တွင် တင်ကျန်နေသည့် သ

စ်သားစများနှင့် ဖုန်မှုန့်များကို ခါလိုက်ပြီး အရှေ့တွင် ရှိနေသည့်အမျိုးသမီးကို ခန

တာခန့်ကြည့်လိုက်သည်။ “အလှလေး ငါထူးဆန်းတဲ့ခံစားချက်တစ်ခုရနေတယ်။ မ

င်းက ဒီလုပ်ကြံသတ်ဖြတ်သူတွေလာမှာကို ကြိုပီးသိနေသလိုပဲ။ ကျွန်တော် ခင်ဗျား

ရဲ့အသုံးချမှုကို ထပ်ပြီးခံလိုက်ရပြီထင်တယ်...”

ပဲရစ်သည် သူ၏ရွှေရောင်ဆံပင်များကို ပြင်နေရင်းဖြင့် တခစ်ခစ်ရယ်မောလိုက်သည်။

သူမသည် အလွန်အပြစ်ကင်းစင်ပြီး ရိုးသားနေသကဲ့သို့ပင်။ သူမသည် ဖှေးပြောသ

ည်ကို ငြင်းဆန်ခြင်း၊ ၀န်ခံခြင်းမရှိပဲ ရယ်မောလျှက်သာရှိနေ၏။

“မိန်းကလေးတွေ ပိုလှလေလေ အလိမ်ပိုပြီးတော်လေလေပဲပေါ့...” ဖှေးသည်

ပဲရစ်၏တုန့်ပြန်မှုကို ကြည့်ရုံဖြင့်ပင် အဖြေကို ကြိုတင်ရိပ်မိနေပြီးဖြစ်သည်။

“ဟားဟား စိတ်မရှိပါနဲ့။ ကျွန်မက အရှင့်ကို နိုင်ငံရေးလောကက ကျွန်မရဲ့ရန်သူ

တွေကိုရှင်းဖို့အတွက် အသုံးချခဲ့တာမဟုတ်ပါဘူး။ ဒီလုပ်ကြံသတ်ဖြတ်သူတွေက ဇီးန

စ်အင်ပါယာကမဟုတ်ဘူးလေ...” ပဲရစ်သည် ဖှေးတွေးနေသည်ကို ရိပ်မိလိုက်သ

ည့်အတွက် ရှင်းပြလိုက်သည်။

“ဇီးနစ်အင်ပါယာကမဟုတ်ဘူးလား...”

“ဟုတ်တယ်။ သူတို့ကလွန်ခဲ့တဲ့နှစ်လလောက်ကတည်းက မြို့တော်စိန့်ပီတာစဘာ့တ်

မှာရောက်နေကြတာ...သူတို့တွေကလုံး၀လျို့၀ှက်လွန်းလို့ ဘယ်သူမှခြေရာခံလို့မရ

ဘူး။ သူတို့တွေက အင်ပါယာက အရေးကြီးပုဂ္ဂိုယ်တွေကို လုပ်ကြံဖို့လာခဲ့ကြတဲ့ပုံပဲ။

နောက်ပြီး သူတို့တွေကအတော်လည်းအောင်မြင်နေပြီ။ အင်ပါယာထဲမှာ ရှိတဲ့အရာ

ရှိတွေနဲ့ ဆွေကြီးမျိုးကြီးတွေကိုလည်း သူတို့လုပ်ကြံပြီးနေပြီ။ အဲ့တာတွေအပြင်ကို

ကျွန်မနဲ့မင်းသမီးတာနာရှာတို့တောင် လွန်ခဲ့တဲ့ရက်တွေက လုပ်ကြံဖို့ကြိုးစားတာမျိုး

တွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ကျွန်မတို့တွေ ဘေးကင်းနေခဲ့ပေမယ့်။ ဒီကိစ္စတွေရဲ့ရင်းမြ

စ်ကိုတော့ မသိခဲ့ရသေးဘူးလေ။ ဒီလူတွေက အတော်လေးပါးနပ်ပြီး ရက်စက်တယ်။

အင်ပါယာအတွင်းမှာရှိတဲ့စွမ်းအားကြီးစစ်သည်တွေရဲ့အကြောင်းကိုလည်းသိရှိပြီးတော့

သူတို့နိုင်လောက်တဲ့လူမျိုးကိုပဲ ပစ်မှတ်ထားပြီးလှုပ်ရှားကြတာ။ ကျွန်မသူတို့ကို အကြိ

မ်တော်တော်များများထောင်ဖမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

ပဲရစ်လေးနက်လာသည့်အချိန်မျိုးတွင် သူမ၏ညို့အားပြင်းသည့်အမူယာသည်လည်း

ပျောက်ကွယ်သွား၏။ မြင့်မြတ်ပြီးတည်ကြည့်အမူယာတစ်ခုသည် သူမ၏မျက်နှာပေါ်တွ

င်ပေါ်လာပြီး သူမပြုံးကာ ဖှေးကိုရှင်းပြလိုက်သည်။ သူမသည် ဤအခိုက်တန့်တွင်

အလွန်ဆွဲဆောင်မှုရှိလှ၏။

အဲ့တာနဲ့ မင်းကပိုပြီးတွက်စ ပြီးမင်းအသက်ကိုရင်းပြီး သူတို့ကို မြှားခေါ်လိုက်တာပေါ့။

မင်းက အစောင့်စစ်သည်တစ်ချို့ကိုပဲခေါ်လာပြီး စွမ်းအားမြင့်စစ်သည်တွေကိုတော့ခေါ်

မလာခဲ့ဘူး။ နောက်ပြီး ဒီလိုဆူညံပြီး ပေါ်ပျူလာဖြစ်တဲ့နေရာမျိုးကို ရွေးချယ်ခဲ့တယ်။

အဲ့လိုတွေလုပ်ပြီး သူတို့ကို မင်းကို လုပ်ကြံဖို့အချိန်ကောင်းလို့ထင်အောင်လှည့်စားခဲ့

တာပဲ။ အဲ့လိုမှ သူတို့ကမင်းကိုလုပ်ကြံဖို့သူတို့ရဲ့အတော်ဆုံးလုပ်ကြံသတ်ဖြတ်ရေးသ

မားတွေကို ပို့လိုက်မှာလေ။ ဒါပေမယ့် ကျွန်တော့ကိုဖိတ်လိုက်ပြီး သူတို့ကိုဖမ်းနိုင်

အောင် ကျွန်တော့ကို အသုံးချလိုက်တာမလား...”

ဖှေးသည်လည်း ဉာဏ်နည်းလှသူတစ်ယောက်မဟုတ်ပေ။ ပဲရစ်ရှင်းပြနေသည်ကို

နားထောင်ရင်းဖြင့် ဖြစ်ပျက်နေသည်များကို ရိပ်မိလာ၏။

“အရှင်က ဉာဏ်ကောင်းတဲ့လူပဲ...” ပဲရစ်ဖှေးကို ချီးမွမ်းရင်းဖြင့် တခစ်ခစ်ရ

ယ်မောလိုက်သည်။ “အကြောင်းအမျိုးမျိုးကြောင့် သူတို့တွေက အင်ပါယာထဲမဟု

တ်ပေမယ့် အင်ပါယာထဲမှာ ဖြစ်နေတဲ့အရာတော်တော်များများကို သိနေကြတယ်။

တကယ်လို့သာ ကျွန်မစွမ်းအားမြင့်စစ်သည်တွေကို ခေါ်လာတယ်ဆိုရင် သူတို့ပေါ်မ

လာကြဘူးလေ။ အရှင်မင်းကြီးမာကျ သူတို့ကိုသတ်နိုင်တဲ့အစွမ်းရှိနေပြီးတော့ အရှင်

ကမြို့တော်ကို အခုမှရောက်ခါစဆိုတော့ အရှင့်အကြောင်းကိုလည်း လူတော်တော်

များများမသိကြသေးဘူး။ ဒါကြောင့်မို့အခုလုပ်ကြံသတ်ဖြတ်သူတွေရောက်လာပြီးတော့

ကျွန်မတို့သူတို့ကို သုတ်သင်လိုက်နိုင်တာပဲ။”

ဖှေးသူ၏နားထင်ကို ပွတ်ရင်းဖြင့်တွေးလိုက်မိသည်။ “အတော်ကြောက်စရာကောင်း

တဲ့အမျိုးသမီးပဲ...”

“ဟားဟား တကယ်တန်းတော့ ချမ်းဘော့ဒ်ဘုရင်က အင်ပါယာကိုအချိန်အတော်

ကြာအနှောင့်ယှက်ပေးနေတဲ့ လျို့၀ှက်လုပ်ကြံသတ်ဖြတ်ရေးသမားတွေကို သတ်လို

က်တာလေ။ အင်ပါယာအရှင်သခင် ယရှင်းသာဒီသတင်းကြားရင်အရှင့်ကို သေချာ

ပေါက်ဆုချလိမ့်မယ်။ အရှင် အလတ်ဇန္ဒားလဲဒီညအကျိုးအမြတ်အကြီးကြီးရသွားတာပဲ

မှိုင်မနေပါနဲ့...”

“အရှင်မင်းကြီး” မှ ချမ်းဘော့ဒ်ဘုရင် မှ အလတ်ဇန္ဒားအဖြစ်သို့ ပဲရစ်ဖှေးအား

ခေါ်ဆိုပုံမှာ များစွာပြောင်းလဲသွား၏။ သူမဤကဲ့သို့ခေါ်လိုက်သည့်အချိန်တွင် သူတို့နှ

စ်ယောက်သည် သူငယ်ချင်းဟောင်းများကဲ့သို့ပင် ပို၍နီးစပ်သွားသည့်အတိုင်းပင်။

ဖှေးတွေးကြည့်လိုက်ပြီး ဤမိန်းကလေးပြောသည့်မှာ မှန်ကန်သည်ဟုခံစားလိုက်မိသည်။

သူမည်သည့်အရာမှ ဆုံးရှုံးခဲ့ခြင်းမရှိပေ။ သို့သော် ဤအမျိုးသမီး၏ အသုံးချခြင်းကို

ခံလိုက်ရသည်ဟူသည့်ခံစားချက်မှာ သိပ်ပြီးမကောင်းလှချေ။ “ကျွန်တော်သိချင်တာက

တကယ်လို့ကျွန်တော် ရောက်မလာဘူးဆိုရင်ရော် ခင်ဗျားကိုယ့်သေတွင်းကိုယ်တူးသ

လိုဖြစ်မနေနိုင်ဘူးလား...” ဖှေးအလွန်အရေးကြီးသည့်မေးခွန်းတစ်ခုကို ရုတ်တရ

က်တွေးလိုက်မိသည်။

“ဒီကမ္ဘာပေါ်မှာတော့ ပြီးပြည့်စုံတဲ့ဗျူဟာဆိုတာရှိပါ့မလား။ ဆုံးဖြတ်ချက်တိုင်းနဲ့အတူ

အန္တရာယ်တွေကတော့ ပါလာတတ်တာပဲလေ။ အရှင်အလတ်ဇန္ဒားက မင်းသမီးအ

ပေါ်မှာတောင် သဘောကောင်းသေးတာပဲဆိုတော့ ကျွန်မအပေါ်မှာလဲ သဘောကော

င်းမှာပဲလေ။ ဖြူဖတ်ဖြူရော်မင်းသမီးနဲ့ယှဥ်မယ်ဆိုရင် ကျွန်မက ပိုပြီးမလှနေလို့လား။

ဟားဟား ကျွန်မကို အဲ့လိုစိုက်ကြည့်မနေပါနဲ့။ တကယ်လို့အရှင်မလာခဲ့ဘူးဆိုရင်

ကံတရားက ကျွန်မဘက်မှာမရှိဘူးလို့ပဲသတ်မှတ်လိုက်ရမှာပေါ့။” ဤမိန်းမလှလေးသည်

စနှောက်သည့်အသံတစ်ခုဖြင့် ပြန်ဖြေလိုက်၏။

ဖှေးဤအမျိုးသမီးအကြောင်းကို ကောင်းစွာသိရှိပြီးဖြစ်သဖြင့် သူမ၏အရူးလုပ်မှုကို

လွယ်လွယ်ကူကူဖြင့်ခံရမည်မဟုတ်ပေ။ “ငါထင်တာကတော့ တကယ်လို့ငါမလာခဲ့

ဘူးဆိုရင်တောင် ခင်ဗျားမှာ ဒီကိစ္စကိုကိုင်တွယ်ဖို့အတွက် တစ်ခြားနည်းလမ်းရှိနေ

ပြီးသားမလား...”

“ဟားဟား အရှင်မင်းကြီး ကျွန်မအကြောင်းကို ဒီလောက်သိနေလိမ့်မယ်လို့မထင်ခဲ့

မိဘူး။ အရှင်မလာခဲ့ဘူးဆိုရင်လည်း ကျွန်မက အရှင်တို့စခန်းချတဲ့နေရာကိုပြေးလာပြီး

အရှင့်ရဲ့ကာကွယ်မှုကိုခံယူမလို့လေ။ တိုက်ပွဲနေရာပဲပြောင်းသွားတာပေါ့။ ဘာပဲပြောပြော

အရှင်က ကျွန်မကို ကာကွယ်ပေးဦးမှာပဲမဟုတ်လား။ တစ်ခုရှိတာက အရှင်တို့စခန်း

ကိုသာ လုပ်ကြံသတ်ဖြတ်သူတွေရောက်လာမယ်ဆိုရင် အရှင့်လူတွေလဲ....” ပဲ

ရစ်ရယ်မောလိုက်သည်။ “အဲ့တာကြောင့် ကျွန်မအရှင်ကို ရွေးချယ်စရာပေးခဲ့တာလေ။

အရှင်ကလဲ မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ခဲ့တာပဲ။ ပျော်ရွှင်စရာအဆုံးသက်ပေါ့။”

သေစမ်း။

တကယ်ကြောက်စရာကောင်းတဲ့အမျိုးသမီးပဲ။

အကယ်၍ဖှေးမလာခဲ့ပါက ဤဖြစ်ရပ်ထဲသို့ ချမ်းဘော့ဒ်စစ်သည်များပါ ဆွဲသွင်းခံရမ

ည်ဖြစ်သည်။ ဖှေးသူမကို ပြင်းထန်စွာဖြင့် စိုက်ကြည့်လိုက်သည်။ ခနတာတိတ်ဆိ

တ်သွားပြီးသည့်နောက်တွင် သူ၏မေးစေ့ကို ပွတ်လိုက်ပြီး ပြောလိုက်သည်။ “အင်

ပါယာအရှင်သခင်ယရှင်းစီက ရမယ့်ဆုလာဘ်တွေကို ဘေးထားလိုက်ပါ။ ကျွန်တော်က

ခင်ဗျားအသက်ကို ကယ်တင်ခဲ့တာလေ။ အဲ့တော့ ခင်ဗျားကရော ခင်ဗျားရဲ့ကယ်တ

င်ရှင်ကို ဘယ်လိုကျေးဇူးဆပ်မယ်တွေးထားလဲ။”

“ဟားဟား အရှင်က ကျွန်မကိုလိုချင်လို့လား...” ပဲရစ်သည် အစောင့်စစ်သ

ည်များအနီးနားတွင် ရှိနေသည်ကိုပင်မမှုပဲ အတွန့်ဆုတ်မရှိစွာဖြင့်ပြောလိုက်သည်။ သူ

မ၏ သရုပ်မှန်ပေါ်လာသည့်အတိုင်းပင် သူမသည် စနှောက်သည့်အသံနေအသံထားတ

စ်ခုဖြင့်ပြောလိုက်၏။ သို့သော် သူမ၏ အမူယာများသည်လည်း တစ်ချိန်တည်းမှာပင်

ဆွဲဆောင်မှုရှိသလို ရိုးသားနေ၏။ သူမသည်ပန်းတစ်ပွင့်ကဲ့သို့ပင်။ လူများသည် ဤပ

န်းသည်အဆိပ်ရှိကြောင်းကို သိရှိပြီးဖြစ်သော်လည်း ဤပန်း၏အလှတစ်ခုတည်းကြော

င့်ပင် ခူးဆွတ်လိုကြ၏။

သို့သော် ဖှေးသည် ဤမျိုးသမီး၏အကြောင်းကို ကောင်းမွန်စွာသိရှိပြီးဖြစ်သောကြောင့်

သူမ၏လှည့်စားမှုများအတွင်း သို့ကျရောက်ခြင်းမရှိပေ။

ဖှေးသူ၏လက်ကို ၀ှေ့ရမ်းလိုက်ရာမမြင်နိုင်သည့်အားတစ်ခုသည် သူတို့နှစ်ယောက်

အားကာရံလိုက်ပြီး သူတို့စကားပြောသံများကိုဘေးလူများမကြားရစေရန်အတွက် ပိ

တ်ဆို့လိုက်သည်။

“ပြိုင်ပွဲမစခင်မှာ ငါသွေးစွန်းဂိုဏ်းကို ချေမှုန်းဖို့ရှိတယ်။ ငါအစောင့်တွေရဲ့အစစ်ဆေးကို

မခံရပဲနဲ့ အင်ပါယာမြို့တော်ထဲကို ငါ့စစ်သည်တွေနဲ့၀င်ခွင့်ရချင်တယ်။ နောက်ပြီး ဒီ

ကိစ္စထဲကို ဘယ်သူမှ၀င်ပါလာတာကိုလည်း မလိုလားဘူး။ အလှလေးမင်းငါ့အတွက်

စီစဥ်ပေးနိုင်မလား....”

“ဟားဟား အခုတော့ ကျွန်မလည်းသိသွားပြီ အလတ်ဇန္ဒား အရှင်ကလည်း ကျွန်

မမှာ အကြံတစ်ခုခုရှိနေတာကို ကြိုသိနေပြီးတော့ အရှင်ကလည်း တစ်ခုခုတောင်း

ဆိုချင်လို့ ဒီနေ့လာခဲ့တာပဲမလား။” ပဲရစ်သည်လည်း ဉာဏ်ကောင်းသည့်အမျိုးသမီး

တစ်ယောက်ဖြစ်သဖြင့်အရာအားလုံးကိုချက်ခြင်းပင် သိရှိသွားသည်။

ဖှေးပြုံးပြီးဆက်ပြောလိုက်သည်။ “စိန့်ပီတာစဘာ့တ်မှာ ရှိတဲ့လူတစ်ချို့ပဲ ဒါမျိုးကိုလုပ်

နိုင်ကြတာလေ။ ခင်ဗျားက အဲ့လူတွေထဲကတစ်ယောက်ပဲ။ ခင်ဗျားက ကျွန်တော့ကို

ဒီနေရာကိုအရင်ဖိတ်ခေါ်ခဲ့တော့ ကျွန်တော်လဲလာတာပေ့ါ။ ကျွန်တော်တို့ရဲ့ဆက်ဆံ

ရေးက တစ်ယောက်နဲ့တစ်ယောက်အကျိုးမြတ်ရဖို့ပဲမလား။ နောက်ပြီးတော့ ကျွန်

တော်တို့အစကတည်းက ရှင်းအောင်လုပ်ထားရင် အရာအားလုံးကပိုပြီးအဆင်ပြေနေ

လိမ့်မယ်.....”

All Chapters