အခန်း (၃၀၃)
Vol. 21 Ch. 303
“အရှင်ကအမှန်တွေပြောနေတယ်ဆိုပေမယ့် အရှင့်ရဲ့စကားကြောင့်ကျွန်မနည်းနည်း
တောင်နာကျင်မိတယ်...ဟီးဟီး အရှင့်ရဲ့တောင်းဆိုမှုကသိပ်ပြီးတော့တော့ မခက်ခဲ
ပါဘူး။ ဒါပေမယ့်သွေးစွန်းဂိုဏ်းဆိုတာက အဲ့လောက်တော့မရိုးရှင်းဘူး။ နောက်ကွယ်မှာ
ကြိုးကိုင်နေတဲ့အဖွဲ့စည်းတွေအများကြီးရှိတယ်။ အဲ့အဖွဲ့ကြီးတွေထဲကတစ်ခုက ဆွေ
ကြီးမျိုးကြီးမိသားစုတစ်ခုဖြစ်တဲ့ ဖယ်လွန်မိသားစုပဲ။ အရှင်မလှုပ်ရှားခင် အရင်ဆုံး
သေခြာတွေးသင့်တယ် အလတ်ဇန္ဒား...”
“သွေစွန်းဂိုဏ်းကို ချေမှုန်းပစ်ရမယ်..” ဖှေးသည် အလွန်လေးနက်နေသည်။
သူတို့စကားပြောနေသည့်အချိန်အတွင်းတွင် လူများပို၍ပို၍အဆောက်ဦးအနားသို့ စု
ရုံးလာကြသည်။ ထိုလူများသည် အခြင်းခြင်းစတင်၍တီတိုးပြောဆိုလာကြ၏။ ဖြစ်
ပွားခဲ့သည့်တိုက်ပွဲမှာ စခန်းချခဲ့သည့်နေရာတစ်၀ိုက်တွင်ရှိနေသည့်လူများကို ထိတ်လန့်
အံ့သြသွားစေ၏။ ကြီးမားသည့် ငွေရောင်ပုံရိပ်ဓားသွားနှင့် မီးကြက်ခြေခတ်တို့ကို
အ၀ေးမှပင်မြင်နိုင်ခဲ့သည်။ လူများသည် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးနားတွင် ရပ်
နေရင်းဖြင့်ပင် စွမ်းအားအကြွင်းကျန်များကို ခံစားနေရဆဲပင်။ စစ်သည်များစွာဤနေ
ရာသို့ရောက်လာကြပြီး စွမ်းအားအကြွင်းကျန်များကို ပို၍အာရုံခံနိုင်ရန်အတွက်
ကြိုးစားနေကြသည်။ ဤအရာသည် သူတို့ကိုအနာဂတ်တွင် အထောက်ကူဖြစ်ကော
င်းဖြစ်လာနိုင်သောကြောင့်ပင်။
ပဲရစ်နှင့် ဖှေးတို့သည် တော်၀င်အစောင့်စစ်သည်များယူဆောင်လာသည့် မှော်ရထား
လုံးတစ်ခုအတွင်းသို့၀င်လိုက်ကြသည်။ တစ်ခြားအစောင့်စစ်သည်များသည် ရထားလုံး
ထွက်ခွာနိုင်ရန်အတွက် လာရောက်ကြည့်ရှုသည့်လူများကို လူစုခွဲလိုက်ကြသည်။
လူအများသည် ဤအမျိုးသမီးနှင့် ယောက်ျားမှာ ဤတိုက်ပွဲတွင်ပါ၀င်ခဲ့သူများဖြစ်
ကြောင်းသိရှိသော်လည်း အနီးနားတွင် အင်ပါယာတော်၀င်အစောင့်စစ်သည်များစောင့်
ကြပ်နေသောကြောင့် သူတို့ချည်းကပ်သွားပြီး မမေးရဲကြချေ။ ပြိုကျနေသည့်အဆော
က်ဦးကို ကြည့်ရုံဖြင့်ပင် ဉာဏ်ကောင်းသည့်လူများမှာ အခြေအနေတော်တော်များ
များကို ရိပ်မိပြီးဖြစ်သည်။ ဤလေစကားဘုံဆိုင်၏နောက်ကွယ်တွင် အင်ပါယာတပ်ဖွဲ့
ရှိနေကြောင်းကို လူအများသိရှိပြီးဖြစ်သည်။ သို့သော် ဆိုင်မန်နေဂျာသည် ဤကဲ့သို့
အပျက်ဆီးဖြစ်ပေါ်စေသည့်လူများကို တားဆီးခြင်းမရှိပဲ အင်ပါယာအစောင့်စစ်သည်
များကာကွယ်ပေးကာ ထွက်သွားခွင့်ပြုလိုက်သည်။ ဤအချက်ကိုကြည့်ခြင်းဖြင့် ရ
ရှိလာသည့်အချက်လက်မှာ စိတ်၀င်စားဖွယ်ပင်။
“အဲ့လူက...ချမ်းဘော့ဒ်ဘုရင်ပဲ...” လူအုပ်အတွင်းတွင်ရှိနေသည့် လူမှာ
တော်၀င်အစောင့်စစ်သည်များခြံရံလျှက်ရထားလုံးအတွင်းသို့ ၀င်သွားသည့်လူကို မြင်
လိုက်ပြီး ရုတ်တရက်ထအေော်လိုက်သည်။
“ဟုတ်လား...” တစ်စုံတစ်ယောက်မှာ မေးလိုက်သည်။
“အေးဟုတ်တယ်...အဲ့တာသူပဲ။ ကျွန်တော် ဒီနေ့နေ့လယ်က ချမ်းဘော့ဒ်ဘုရင်ကို
တွေ့လိုက်မိတယ်။ အဲ့ဆံပင်အနက်ရောင်နဲ့လူငယ်က ချမ်းဘော့ဒ်ဘုရင်ပဲ...”
“ဒါပေမယ့် ချမ်းဘော့ဒ်ဘုရင်ကို ဘာလို့အင်ပါယာအစောင့်စစ်သည်တွေက ကာကွ
ယ်ပေးနေတာလဲ...”
“နောက်ပြီး ငါတို့မြင်လိုက်ရတဲ့ငွေရောင်ဓားကြီးနဲ့ မီးကြက်ခြေခတ်ကြီးကရော ချ
မ်းဘော့ဒ်ဘုရင်နဲ့ လုပ်ကြံသတ်ဖြတ်သမားရဲ့အစွမ်းတွေလား...”
“အတော်အဖျက်စွမ်းအားကြီးတဲ့စွမ်းအားပဲ။ ငါအခုထိလေထဲမှာ ရှိနေတဲ့စွမ်းအင်အ
ကြွင်းကျန်တွေကို ခံစားနေရတုန်းပဲ။ သူရဲ့စွမ်းအားတွေက ကြယ်ခြောက်လုံးအဆင့်
ထက်တောင်ကျော်နေပြီထင်တယ်....”
“ချမ်းဘော့ဒ်ဘုရင်ရဲ့အစွမ်းက ငါတို့မှန်းထားတာထက်ကျော်နေတယ်ဆိုတော့ မနက်ဖြ
န်သူနဲ့ အထူးပါးကွပ်သားသူရဲကောင်းကူလတ်တို့ ယှဥ်ပြိုင်တိုက်ခိုက်ကြမဲ့တိုက်ပွဲကတော့
ပိုပြီးတော့တောင် စိတ်၀င်စားစရာကောင်းတော့မယ်။ ဘယ်သူနိုင်မလဲဆိုတာ အခုက
တည်းက ခန့်မှန်းရခက်နေပြီ...”
လူများတစ်ယောက်နှင့် တစ်ယောက်စကားပြောနေကြသည့်အချိန်တွင် တိုင်းပြည်အ
မျိုးမျိုးမှသိုင်းဆရာများသည် အဆောက်ဦးပျက်၏ဘေးတွင် ထိုင်နေကြပြီး စွမ်းအား
ဖှေးနှင့် လုပ်ကြံသတ်ဖြတ်သူများတိုက်ပွဲမှဖြစ်ပေါ်လာသည့် စွမ်းအားအကြွင်းကျန်များကို
အာရုံခံနိုင်ရန်အတွက်ကြိုးစားနေကြသည်။ ဤကဲ့သို့ အဆင့်မြင့်သည့်တိုက်ပွဲမှာ အဆ
င့်နိမ့်စစ်သည်များမြင်တွေ့ရရန်အတွက် ခဲယဥ်းလှသည်။ သူတို့မျက်စိနှင့်တပ်အပ်မမြ
င်တွေ့လိုက်ရသော်လည်း တိုက်ပွဲမှကျန်ရှိနေသည့် အတွင်းအားစွမ်းအင်များသည် သူ
တို့ကို စိတ်အားထက်သန်စေသောကြောင့်ပင်။ ဤသည်မှာ သူတို့၏အတွင်းအားစွမ်းအ
င်များကို မြှင့်တင်ရန်အတွက်လေ့လာကြည့်ရန်အကောင်းဆုံးအခွင့်ရေးတစ်ခုဖြစ်
သောကြောင့်ပင်။
ပို၍အတွေးခေါ်ကြီးသည့်လူတစ်ချို့မှာ ထွက်ခွာသွားနေသည့် မှော်ရထားလုံးကိုကြည့်
ရင်းဖြင့် သူတို့၏မျက်နှာသည် အရောင်ပြောင်းလဲသွားကြ၏။
တစ်ကိုယ်ရေစွမ်းအားပင်ဆိုစေကာမူ၊ တိုက်ပွဲမှ ကြွင်းကျန်ခဲ့သည့်စွမ်းအားအကြွင်းကျ
န်များဆိုစေကာမူ ချမ်းဘော့ဒ်ဘုရင်သည် သူတို့စိတ်ကူးယဥ်ထားသည်ထက်ပင်
ကျော်လွန်နေပုံရသည်။
.....
သူတော်စဥ်သိုင်းပညာတောင်ပေါ်တွင်ဖြစ်သည်။
တောင်သည် စိန့်ပီတာစဘာ့တ်ထဲတွင်ဖြစ်ပြီး အင်ပါယာနန်းတော်၏ဘေးတွင်တည်ရှိ
သည်။ တောင်ကြီးမှာ ကောင်းကင်ပေါ်သို့ထိုးထောင်နေသည့် ဓားတစ်ချောင်းကဲ့သို့ပင်။
သူတော်စဥ်သိုင်းပညာတောင်သည် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် အမြင့်ဆုံးနေရာဖြ
စ်သည်။ မြို့အတွင်းတွင်ရှိနေသည့် မှော်မျှော်စဥ်များကပင် ဤတောင်ထပ်များစွာနိမ့်
နေသည်။
ဤတောင်ပေါ်တွင် အင်ပါယာကာကွယ်စောင့်ရှောက်သူ သူတော်စဥ်သိုင်းဆရာနေထိုင်
၏။
လက်ရှိအင်ပါယာကာကွယ်စောင့်ရှောက်သူ သိုင်းဆရာမှာ ခါဆစ်ဖြစ်ပြီး သူသည် ဇီး
နစ်အင်ပါယာတွင်ရှိသည့် သိုင်းဆရာများ၏စိတ်ထဲတွင် ပြိုင်ဘက်ကင်းသည်နတ်ဘု
ရားတစ်ပါးပင်။
တောင်သည် ကောင်းကင်တိမ်တောက်များကို ထိုးဖောက်နေသည့် ဓားတစ်ချောင်း၏
ပုံသဏန်ရှိသည်။ မက်စောင်သည့် တောင်စောင်းသည့် မှန်သားပြင်ကဲ့သို့ချောမွေ့နေ
သည့် တောင်နံရံတို့ကြောင့် ကြယ်လေးလုံးအဆင့်စစ်သည်များတစ်မီတာခန့်တက်ရော
က်နိုင်ရန်ပင် ခက်ခဲလှသည်။ တောင်ထိပ်သို့တက်ရောက်နိုင်သည့်လမ်းဟူ၍လည်းမရှိ
ပေ။
တောင်ထိပ်သို့လူတော်တော်များများမရောက်ရှိနိုင်သည့်အတွက် သူတော်စဥ်သိုင်းပ
ညာတောင်မှာ မြို့သူမြို့သားများ၏ စိတ်ထဲတွင် ကြီးကျယ်ခမ်းနားကာ လျို့၀ှက်ဆ
န်းကျယ်နေသည်။ တောင်ထိပ်တွင် နတ်ဘုရားများနေထိုင်သည့်နန်းတော်ဆောင်များရှိ
သည်ဟုပင် တစ်ချို့မှပြောကြသည်။ ဤသည်မှာ အလွန်လှပလွန်းသဖြင့် လူသာမ
န်များနှင့် မထိုက်တန်သောကြောင့်ပင်။
တစ်ချို့ပြောကြသည်မှာ တောင်ထိပ်တွင် သာယာငြိမ်းချမ်းသည့် ရွာတစ်ရွာရှိသည်ဟူ
၍ပင်။ ထိုရွာထဲတွင် အမြဲနွေဦးရာသီဖြစ်နေပြီး ဉာဏ်ရည်မြင့်မားသည့်တောရိုင်းတိ
ရိစ္ဆာန်များ၊ ရှားပါးသည့်ဆေးနွယ်ပင်များနှင့် ပြည့်နှက်နေသည်ဟုလည်းဆိုကြသည်။
တစ်ချို့ဆိုကြသည်မှာ အင်ပါယာ၏အကြီးမားဆုံးလျို့၀ှက်ချက်သည် ထိုတောင်ထိပ်တွင်
တည်ရှိနေသည်ဟူ၍ပင်။
အမှန်ပင် ဤအရာများသည် ပုံပြင်များကောလဟာလများသာဖြစ်ကြသည်။
ဇီးနစ်အင်ပါယာ၏အရေးကြီးတော်၀င်မိသားစု၀င်များနှင့် တစ်ခြားအရေးကြီးသောအရာ
ရှိများအပြင်၊ စွမ်းအားမြင့်စစ်သည်အနည်းငယ်ခန့်သာ သူတော်စဥ်သိုင်းပညာတောင်
၏နောက်ကွယ်တွင်ရှိသည့် လျို့၀ှက်ချက်ကိုသိကြသည်။ ဤကောလဟာလများသည်
မှန်သည်မှားသည်ကို မည်သူမှသေချာမသိကြချေ။ သို့သော် သူတို့သေချာသိကြသည်မှာ
အင်ပါယာကိုကာကွယ်စောင့်ရှောက်သည့် သိုင်းဆရာမှာ အလွန်ကြီးမားသည့် ဂုဏ်ရှိ
န်တစ်ခုရှိသည်ဟူသည့်အချက်ပင်။ သူတော်စဥ်သိုင်းဆရာသည် နိုင်ငံရေးကိစ္စများတွင်
၀င်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း မည်သူမှ သူတော်စဥ်သိုင်းဆရာ၏ ကြီးမြတ်
မှုအာဏာကို မေးခွန်းမထုတ်ရဲကြချေ။ သူတော်စဥ်သိုင်းဆရာအဆက်ဆက်တိုင်းသည်
သံသယကင်းစွာပင် အင်ပါယာထဲတွင် အစွမ်းထက်ဆုံးသိုင်းဆရာများဖြစ်ကြသည်။
လေပြင်းတစ်ခုသည် တိမ်တိုက်များကိုဖြတ်သန်းတိုက်ခတ်သွားပြီး ကြယ်ပွင့်လေးများကို
ကျီဆယ်လိုက်၏။ ခပ်ပိန်ပိန်လူတစ်ယောက်သည် သူတော်စဥ်သိုင်းပညာတောင်ထပ်
ပေါ်တွင် တိတ်ဆိတ်စွာထွက်လာ၏။ သူ၏၀တ်စုံသည် လေထဲတွင်လွှင့်ပျံနေခြင်းနှင့်
အတူ သူသည် အထီးကျန်လှသော်လည်း ယှဥ်ပြိုင်နိုင်ခြင်းမရှိသည့် စွမ်းအားအရှိန်
၀ါတစ်ခုကို ထုတ်လွှတ်လျှက်ရှိသည်။ ဤလူသည် ဤတောင်နှင့်အတူနှစ်ပေါင်းများစွာ
အတူတကွတည်ရှိလာသည့်အတိုင်းပင် အနည်းငယ်ရှေးကျသလိုခံစားနေရသည်။
သူတော်စဥ်သိုင်းပညာတောင်သည် ဗျူဟာကျသည့်နေရာတစ်ခုတွင်တည်ရှိနေခြင်းဖြစ်
သည်။ ဤလူသည် မြို့တော်ပတ်၀န်းကျင်တွင်ရှိနေသည့် အရာအားလုံးကို တောင်ထိ
ပ်မှနေ၍ လှမ်းမြင်နိုင်၏။ သူသည် မြို့ပြင်အနည်းငယ်၀ေးလံသည့်နေရာတွင်ရှိနေသည့်
စခန်းချရာနေရာထံသို့ပင် လှမ်း၍မြင်နိုင်သေးသည်။ ဤအချိန်တွင် တောင်အောက်တွ
င်ရှိနေသည့်အလင်းရောင်များမှာ တောက်ပနေသည်။ အမှောင်ထဲတွင် တောက်ပနေ
သည့် ကြယ်ပွင့်လေးများကဲ့သို့ပင်။ ရုတ်တရက် တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။ စခ
န်းချရာမြေပြင်နှင့် နီးကပ်သည့်နေရာတွင် ကြီးမားသည့် ငွေရောင်ဓားကြီးတစ်ခုသည်
ကောင်းကင် ပေါ်သို့ ထိုးတက်လာခြင်းပင် တစ်ချိန်တည်းမှာပင် အနီရောင်မီးကြက်
ခြေခက်တစ်ခုသည်လည်း ပေါ်ပေါက်လာ၏။
ဤဓားနှင့် ကြက်ခြေခတ်တို့၏စွမ်းအင်များကို အ၀ေးနေရာမှပင် ခံစားနေရသည်။
“ဟမ်..ဒါက...ဟိုကောင်လေးပဲလား။ အမ် နေပါဦး...အခုကအရင်တစ်ခေါ
က်တုန်းကနဲ့ သိပ်မတူသလိုပဲ...”
မျက်လုံးများကို ပိတ်လိုက်ပြီး ထိုလူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာ၏။
ဖြစ်ပျက်နေသည့်အရာများအားလုံးကို ဤလူသည်ထင်ရှားစွာဖြင့် အာရုံခံနိုင်နေပြီဖြစ်
သည်။ သူခေါင်းငြိမ့်လိုက်ပြီး တစ်ကိုယ်တည်းတီတိုးပြောဆိုလိုက်သည်။ “ဟုတ်တယ်။
ဒီတစ်ခါကမတူတော့ဘူး...သူကအခုပိုပြီးတော့တောင် သန်မာလာသလိုပဲ။ သူ့ရဲ့စွ
မ်းအားတွေကလဲ ပိုပြီးတော့ထူးဆန်းလာနေတယ်။ မဆိုးဘူး နောက်ထပ်ထပ်ပြီးအနိုင်
ရသွားပြန်ပြီ။ ဒါပေမယ့် သူက ခွေးရူးတစ်ကောင်တော့မဟုတ်ဘူး။ ဒါပေမယ့် ဒေါ
သဖြစ်နေတဲ့ ၀ံပုလွေတစ်ကောင်လိုပဲ။ သူတွေ့သမျှလူနဲ့လိုက်ပြီး တိုက်ခိုက်နေသလိုပဲ။”
ဤအချိန်တွင် အဖိုးကြီးတစ်ယောက်သည် သူ၏အနောက်မှရောက်လာ၏။ ဤအ
ဖိုးကြီးသည် အရိုသေပေးလိုက်ပြီးမေးလိုက်သည်။ “ဆရာကျွန်တော့ကို ခေါ်သေး
လား...”
“အေး..ငါတောင်အောက်ခနဆင်းဦးမယ်။ ငါလေးရက်လောက်နေရင် ပြန်လာခဲ့မယ်။
ဒီအချိန်အတောတွင်းမှာ မင်းဒီက ကိစ္စတွေကို ခနတာ၀န်ယူထားလိုက်ကွာ...”
ဤလူသည် တစ်ဖက်သို့လှည့်ကာပြောလိုက်၏။
“ဟုတ်ကဲ့ပါ ဆရာ...”