အခန်း (၃၀၄)
Vol. 21 Ch. 304
မြို့တော်၏အနောက်ဘက်အခြမ်းတွင် အမဲရောင်နန်းတော်ကြီးတစ်ခုမှ အင်ပါယာအရှင်သခင်၏နန်းတော်ပြီးပါက ဒုတိယကြီးကျယ်ခမ်းနားသော နန်းတော်ဆောင်တစ်ခုဖြစ်သည်။
နန်းတော်ထဲတွင်ရှိသည့်အရှည်ဆုံးအမဲရောင်မျှော်စဥ်တစ်ခုမှာ တိမ်များထဲသို့ပင်ထိုးထောင်ထွက်နေသည်။ ဤမျှော်စဥ်၏ထိပ်တွင် အရပ်ရှည်ရှည်နှင့် စူးရှသည့်အကြည့်ရှိသည့် လူတစ်ယောက်ရပ်နေ၏။ သူ၏ခန္ဓာကိုယ်သည် ထူထပ်ပြီးမာကြောသည့်ပုံသဏန်ရှိပြီးသူသည် တစ်စုံတစ်ခုအကြောင်းကို စဥ်းစားရင်းဖြင့် စခန်းချရာနေရာများထံသို့ မျှော်ကြည့်နေ၏။
လွန်ခဲ့သည့်ဆယ်ရပ်ခန့်က ထိုအရပ်ထံမှ ရင်းနှီးသည့်ခံစားချက်တစ်ခုကို သူခံစားလိုက်ရသည်။ ဤသည်မှာ သူဤခံစားချက်ကို ဒုတိယအကြိမ်အနေဖြင့်ခံစားလိုက်မိခြင်းပင်။ ဤအခိုက်တန့်တွင် တည်ငြိမ်သည့်အမူယာတစ်ခုသည် သူ၏မျက်နှာပေါ်တွင် ပေါ်လာပြီးလေးနက်သွား၏။
“အဆင့်၇အထူးပါးကွပ်သားသူရဲကောင်းက ငါ့ရဲ့ခွင့်ပြုချက်မပါပဲ ချမ်းဘော့ဒ်ဘုရင်ကိုစိန်ခေါ်ခဲ့တာပဲ။ ဒီကောင်ကဒီရဲကောင်းနန်းတော်ထဲထိရောက်လာပြီး ငါ့ရဲ့သူရဲကောင်းတွေကို ချပ်ရုပ်တစ်ရုပ်လိုအသုံးပြုရဲတယ်ပေါ့....”
ဤလူသည် တစ်ဖက်သို့လှည့်ကာပြောလိုက်သည်။ “ဒီကိစ္စကိုအသေချာစုံစမ်းမှ ရမယ်...”
“ဟုတ်ကဲ့ပါဆရာ...” နက်ရှိုင်းသည့်အသံကြီးတစ်ခုသည် မည်သည့်နေရာမှထွက်လာမှန်းမသိပဲ ဟိန်းထွက်လာ၏။ ထို့နောက်တွင် ဤလူ၏ဘေးတွင်ရှိနေသည့် လေထုသည် ပင်လယ်ပြင်ကဲ့သို့လှုပ်ရှားသွားပြီး ချက်ချင်းပင်ထွက်ခွာသွား၏။
ဤနန်းတော်ထဲတွင် စုစုပေါင်းမျှော်စဥ်၁၁ခုရှိသည်။
အရှည်ဆုံးမျှော်စဥ်မှလွှဲ၍ ကျန်ရှိနေသည့်ပုံစံအမျိုးမျိုးအရွယ်စားအမျိုးမျိုးနှင့် မျှော်စဥ်များသည် အရှည်ဆုံးမျှော်စဥ်ပတ်လည်တွင် ၀န်းရံကာတည်ရှိနေသည်။ သူတို့သည် လကို၀န်းရံနေသည့် ကြယ်ပွင့်များကဲ့သို့ပင်။ ဤအခိုက်တန့်တွင် ရွှေရောင်တ၀င်း၀င်းတောက်ပနေသည့် မျှော်စဥ်တစ်ခု၏ ခန်းမဆောင်ထဲတွင်။
အမဲရောင်မှန်ကဲ့သို့ချောမွေ့နေသည့် ကြမ်းပြင်ပေါ်တွင်တင်ပလင်ခွေလျှက်ထိုင်နေသည့် လူငယ်တစ်ယောက်သည် တစ်စုံတစ်ခုကိုအာရုံခံမိသွားပုံရ၏။ သူရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီးအ၀ေးသို့လှမ်းကြည့်လိုက်သည်။ သူ၏အာရုံစိုက်မှုများ ပျောက်ဆုံးသွား၏ သူတစ်ကိုယ်တည်းတီတိုးရွတ်ဆိုလိုက်၏။ “ချမ်းဘော့ဒ်ဘုရင်...မင်းက ပိုပြီးတော့တောင်အစွမ်းထက်လာပြီပေါ့။ ဒါပေမယ့်် ဒါကဘာမှမဟုတ်သေးပါဘူး။ ငါခရစ်-ဆူလ်တွန်လဲတိုးတက်မှုတစ်ချို့ရှိတယ်။ တစ်နေ့ကျရင် တောင်ညီနှောင်ကတိုက်ပွဲမှာ အရှက်ရခဲ့မှုအတွက် ငါ့ကိုယ်ငါပြန်ပြီး ဂုဏ်ဆည်မယ်.....”
ဤလူငယ်သည် သူ၏မျက်လုံးများကို ပြန်မှိတ်လိုက်၏။
စူးရှသည့် သတ္တုဂုဏ်သတ္တိရှိအတွင်းအားစွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်ကို ထက်မံ၍လွှမ်းခြုံသွား၏။ တောင်ညီနောင်ပေါ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲနှင့် နှိုင်းယှဥ်ကြည့်ပါကသူသည် ပို၍ပင် သန်မာလာပြီဖြစ်သည်။ သူသည် ကြယ်ခြောက်လုံးစတင်သူအဆင့်စစ်သည်တစ်ယောက်၏လယ်ဗယ်သို့ပင် ရောက်ရှိသွားပြီဖြစ်သည်။
ဤရွေရောင်မျှော်စဥ်နှင့် သိပ်ပြီးမ၀ေးသေးသည့်နေရာတွင် သွေးကဲ့သို့နီရဲနေသည့် မျှော်စဥ်တစ်ခုမှာ အေးစက်သည့်ခံစားချက်ကို ပေးလျှက်ရှိသည်။
သွေးကဲ့သို့နီရဲနေသည့်ဆံပင်များနှင့် လူတစ်ယောက်သည် နတ်ဘုရားရုပ်တုတစ်ခုအောက်တွင်ရှိသည့် အနီရောင်ပုလ္လင်တစ်ခုပေါ်တွင် ထိုင်လျှက်ရှိနေ၏။ သူသည် မေးထောက်ခါထိုင်လျှက်ရှိနေပြီး သူ၏သတ္တုအတွင်းအားစွမ်းအင်များမှာ အနီရောင်ရှိ၏။ ဆူတွန်၏ရွှေရောင်အတွင်းအားစွမ်းအင်များနှင့် နှိုင်းယှဥ်ကြည့်ပါက သူ၏အတွင်းအားစွမ်းအင်များသည် ပို၍စူးရှပြီးသွေးဆာနေသလိုရှိ၏။ သူ၏မျက်လုံးများထဲတွင် နီရဲနေသည့်အရိပ်ယောက်တစ်ချို့ရှိနေပြီး သူသည် ထောင်သာား၀တ်ဆုံနှင့် လူတစ်ယောကိုစိုက်ကြည့်လျှက်ရှိသည်။ ထိုလူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများရှိနေသော်လည်း ထိုလူသည် မားမားမက်မက်ပင် ရပ်လျှက်ရှိပြီး ဆံပင်အနီရောင်နှင့်သူရဲကောင်းကို စက်ဆုတ်သည့်အမူရာတစ်ခုဖြင့်ကြည့်နေ၏။
“နောက်ဆုံးအခွင့်ရေးပေးမယ် ငါ့ကို လျို့၀ှက်စာလိမ်များရဲ့တည်နေရာမြေပုံဘယ်မှာရှိလဲပြောပြ မင်းကို အသက်ရှင်ခွင့်ပေးမယ်...” အနီရောင်ဆံပင်နှင့် သူရဲကောင်းသည်အေးစက်ပြီးသက်ဖြတ်လိုသည့်အသံရှိသည်။
“တန်ပလာ သူရဲကောင်းဒီကမ္ဘာပေါ်မှာ ချန်ထားခဲ့တဲ့အရာက ခင်ဗျားလို သားသတ်သမားတစ်ယောက်ထိနိုင်တဲ့အရာမဟုတ်ဘူး။ အဲ့အကြောင်းကို တွေးမနေပါနဲ့တော့...” ထောင်သား၀တ်စုံနှင့်လူသည် နှာခေါင်းရှုံ့ပြီးပြောလိုက်၏။
“အဲ့လိုဆိုရင်တော့ မင်းသေပေတော့...”
ပလ္လင်ပေါ်တွင် ထိုင်နေသည့်သူ၏လက်ဖျားမှ အတွင်းအားစွမ်းအင်များပျံသန်းသွားပြီး စူးရှသည့်စွမ်းအင်များသည် အခန်းအတွင်းတွင်ပျံ့နှံ့သွားသည်။ ထောင်သား၀တ်စုံနှင့် လူ၏အသားများသည် တစ်ပိုင်းပြီးတစ်ပိုင်းပိုင်းဖြတ်ခြင်းကို ခံနေရ၏။ တစ်ခနအတွင်းမှာပင် ထိုလူသည် အရိုးစုတစ်ခုဖြစ်သွားတော့၏။
“ပြီးတော့...ချမ်းဘော့ဒ်ဘုရင်။ ဟီးဟီး မင်းက ငါ့ကိုအတော်အံ့သြစေခဲ့တာပဲ။ ဒါပေမယ့် ဒီလောက်နဲ့မလုံလောက်သေးပါဘူး။ ဟားဟား ငါ့ကိုတော့အခွင့်ရေးမပေးလိုက်နဲ့။ ငါသွေးဆာနေတဲ့သူရဲကောင်းကူလတ်က မင်းကို မနက်ကျရင်မတော်တဆဆိုပြီး သတ်ခွင့်ပြုလိုက်ပေါ့။”
ကြောက်မက်ဖွယ်ကောင်းသည့်အနီရောင်အလင်းတန်းတစ်ခုသည် ဆံပင်အနီရောင်နှင့်လူအားဖြတ်သန်းသွား၏။
....
မြို့တော်စိန့်ပီတာစဘာ့ထဲရှိ မြေအောက်တစ်ကီလိုမီတာအနက်ထဲတွင်ရှိနေသည့်အခန်းကျဥ်းတစ်ခုထဲတွင်ဖြစ်သည်။
သက်ပြင်းချသည့်အသံတစ်ခုထွက်ပေါ်လာသည်။
“စစ်ဆင်ရေးက ဘာလို့ကျရှုံးသွားတာလဲ...”
“ဆရာ...စွမ်းအားမြင့်တဲ့သိုင်းသမားတစ်ယောက်ထွက်ပေါ်လာလို့ပါ။ အဲ့လူက အတော်အစွမ်းထက်ပြီးတော့ ပါးကွပ်သားကို တစ်ချက်ထဲနဲ့ပဲအဆုံးသက်ပေးလိုက်ပါတယ်။ ဒီစစ်ဆင်ရေးမှာ ပါ၀င်တဲ့လူတွေအကုန်လဲ သေကုန်ကြပါပြီ...”
“ပဲရစ်....မင်းတို့က ဒီမိန်းကလေးကို လျှော့တွက်ခဲ့မိကြတာကိုး။ မင်းသမီးနဲ့တောင် ယှဥ်ပြိုင်နိုင်တဲ့မိန်းကလေးကို သတ်ဖို့က လွယ်ကူမှမဟုတ်ဘူး။”
“ကျွန်တော်တို့ကို အပစ်ပေးဖိုထိုက်တန်ပါတယ်ဆရာ...”
“ငါက ဒီစစ်ဆင်ရေးစဖို့ခွင့်ပြုခဲ့တာပဲ။ မင်းတို့မှာအပြစ်မရှိပါဘူး။ မင်းတို့အဲ့သိုင်းဆရာက ဘယ်သူလဲဆိုတာကို စုံစမ်းပြီးပြီလား...”
“စုံစမ်းနေဆဲပါဆရာ။ ကျွန်တော်တို့လက်ရှိသိရသလောက်ဆိုရင်တော့ အဲ့လူက ၀ေးလှံခေါင်ဖျားတဲ့နေရာတစ်ခုမှာရှိတဲ့ အဆင့်၆အဖွဲ့၀င်တိုင်းပြည်က ဘုရင်တစ်ပါးပါ။ သူဘယ်လောက်ထိအစွမ်းထက်တယ်ဆိုတာကိုတော့ တိတိကျကျမသိပေမယ့်။ နောက်ဆုံးရတဲ့သတင်းတွေအရဆိုရင် သူကဇီးနစ်အင်ပါယာရဲ့အဆင့်၁၀ အထူးပါးကွပ်သားသူရဲကောင်းကိုအနိုင်ယူခဲ့တယ်လို့သိရပါတယ်...”
“ဆက်စုံစမ်း...ဒီလူနဲ့ပတ်သက်တဲ့အချက်လက်တွေကို ရနိုင်သမျှရအောင်စုံစမ်းခဲ့...”
“ဟုတ်ကဲ့ပါဆရာ....”
“ဒီစစ်ဆင်ရေးက ကျရှုံးသွားတော့ ဇီးနစ်အင်ပါယာက ငါတို့နဲ့ပတ်သက်တဲ့အချက်လက်တစ်ချို့ကို သိသွားလိမ့်မယ်။ ဒီအချိန်ကစပြီးအရာအားလုံးကို သေချာဂရုစိုက်ပြီးမှ ဆောင်ရွက်တော့။ ဒါပေမယ့် သွေးဆူးစစ်ဆင်ရေးကို တော့ဆက်လုပ်ရမယ်။ ငါစိန့်ပီတာစဘာ့တ်မှာရှိတဲ့လူတွေအကုန်လုံးကို မျှော်လင့်ချက်မဲ့မှုနဲ့ ကြောက်ရွံ့မှုတွေအောက်မှာ နေထိုင်စေရမယ်။”
“ဟုတ်ကဲ့ပါဆရာ...”
“သွားတော့ လုပ်စရာရှိတာဆက်လုပ်...”
.....
“အရှင်အခုဆုံးဖြတ်ချက်ချနိုင်ပြီမလား...” သူမ၏ပုခုံးပေါ်တွင် ခြုံထားသည့်လယ်သာစကို ပို၍တင်းကြပ်အောင်ဆွဲလိုက်ရင်းဖြင့်မေးလိုက်၏။
မင်းသမီးသည် သူမ၏လက်ထဲတွင်ရှိနေသည့် စာကိုကြည့်လိုက်ပြီး စားပွဲပေါ်သို့အသာယာတင်လိုက်သည်။ အနီရောင်မှော်အလင်းရောက်အောက်တွင် သူမ၏ဖြူဖျော့ဖျော့မျက်နှာသည် အနီရောင်တောက်ပနေ၏။ သူမ၏အပြာရောင်မျက်လုံးများသည် မင်းသားအာရှဗင်ကို စိုက်ကြည့်နေ၏။
ဤလူကို ဇီးနစ်စစ်ပွဲနတ်ဘုရားဟုခေါ်ကြသည်။ ခနအကြာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် သူ၏မျက်လုံးများသည် စိတ်မပါသည့်အမူရာတစ်ချို့ထွက်ပေါ်လာ၏။ သူခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။ “တာနာရှာ သူနဲ့ပတ်သက်ပြီးမင်းမှန်ခဲ့တယ်ဆိုတာကို တော့ငါ၀န်ခံရလိမ့်မယ်။ ငါဆေးပုလင်းဖော်မြူလာကိုလဲမလိုက်တော့ဘူး။ ချမ်ဘော့ဒ်ဘုရင်ရဲ့နောက်ကိုလဲမလိုက်တော့ဘူးလို့ ငါမင်းကိုကတိပေးနိုင်ပါတယ်။ အခု..မင်းပြောခဲ့သလိုပဲ သူ့မှာအတောင်ပံတွေပေါက်လာပြီးတော့ ထိန်းချုပ်ဖို့ခက်သွားပြီ”
မင်းသမီးသည် အသက်ရှူထုတ်လိုက်ပြီး စိတ်အေးသွားသည့်အမူယာသည် သူမ၏မျက်နှာပေါ်တွင် ပေါ်လာ၏။
“သူနဲ့အဆင့်၇အထူးပါးကွပ်သားသူရဲကောင်းတို့ကြားကတိုက်ပွဲကိုရောအရှင်သွားကြည့်ဖို့အစီစဥ်ရှိလား...”
“ကြည့်မှာပေါ့...” အာရှာဗင်သည် အလွန်ချင့်ချိန်နိုင်စွမ်းရှိသည့် လူတစ်ယောက်ဖြစ်သည်။ “ဒီလာမယ့်တိုက်ပွဲက မြို့တော်တစ်၀က်လောက်ကို ကိုင်လှုပ်ပြီးနေပြီ။ နောက်ပြီးတော့ အရေးကြီးပုဂ္ဂိုလ်တွေအများကြီးလဲရောက်လာကြလိမ့်မယ်။ ချမ်းဘော့ဒ်ဘုရင်ကသာ ကူလတ်ကို အနိုင်ယူနိုင်မယ်ဆိုရင် သူကငါ့ရဲ့ခင်မင်ရင်းနှီးမှုကို ရဖို့အတွက် ထိုက်တန်တဲ့လူတစ်ယောက်ပဲ။ ငါသူ့ကို င့ါဘက်ပါအောင်စည်းရုန်းရလိမ့်မယ်...”
ဤအခိုက်တန့်တွင် အပြင်တွင်ရှိနေသည့်အစောင့်တစ်ယောက်ထံမှ လာရောက်သူတစ်ယောက်ရှိကြောင်းသတင်းပို့သည်ကို ကြားလိုက်ရသည်။ ငွေရောင်ချပ်၀တ်နှင့် စစ်သည်ခေါင်းဆောင်တစ်ယောက်သည် အမြန်ပြေး၀င်လာပြီး သူတို့ကိုအလေးပြုလိုက်သည်။ ထို့နောက်တွင် သူစာတစ်စောင်ကို မင်းသားအားပေးလိုက်၏။ အာရှဗင်စာကိုမြင်လျှင်မြင်လိုက်ခြင်းပင် သူ၏မျက်နှာသည်အရောင်ပြောင်းလဲသွားတော့သည်။ သူမက်တပ်ရက်လိုက်ပြီး ပြောလိုက်၏။ “သွေးသံမဏိစခန်းက ခေါင်းဆောင်သုံးယောက်လုပ်ကြံခံလိုက်ရတယ်။ ဒီကိစ္စကအရေးကြီးနေပြီး ငါပြန်ပြီးတော့ သွားကြည့်မှရမယ်။”
အာရှဗင်နှင့် ခေါင်းဆောင်စစ်သည်တို့လမ်းလျှောက်ထွက်နေသည့်အချိန်တွင် မင်းသမီးမှာမေးလိုက်သည်။
“အကိုတော်က ပါရမီရှင်တွေနဲ့ဆိုအမြဲမိတ်ဆွေဖွဲ့ရမှာကို နှစ်သက်တဲ့လူတစ်ယောက်ပါ။ ဘာလို့သူ့ကိုကျ နည်းနည်းရန်လိုနေရတာလဲ...”