← Chapters

အခန်း (၃၀၇)

Vol. 21 Ch. 307

အခန်း (၃၀၇)

Vol. 21 Ch. 307

ဖှေးအရှေ့သို့ ခြေတစ်လှမ်းသာလှမ်းလိုက်သော်လည်း သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာနေသည့်စွမ်းအားအရှိန်၀ါများသည် လူများအားလုံးကို ဆူနာမီရေလှိုင်းများနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖိအားမျိုးကို ခံစားနေရစေ၏။ မီးလုံးများထံမှ ရှင်သန်နိုင်ခဲ့ကြသည့် သွေးစွန်းဂိုဏ်းသားအနည်းငယ်မှာ ဤမျှကြီးမားသည့်ဖိအား၏အောက်တွင် ဒူးထောက်ကာ မထိန်းချုပ်နိုင်အောင်တုန်ခါနေကြ၏။

ဤကြေးစားစစ်သည်အများစုမှာ အားနည်းသူများဖြစ်ကြသည်။ သူတို့ထံတွင် အတွင်းအားစွမ်းအင်အနည်းငယ်သာရှိနေကြပြီး ကြယ်အဆင့်စစ်သည်တစ်ယောက်အဖြစ်သို့ပင် မရောက်ကြသေးချေ။ ဖှေး၏ ကြယ်ခြောက်လုံးအဆင့်စွမ်းအားနှင့် ညီမျှသည့်လူရိင်းဇာတ်ကောင်ရှေ့တွင် သူတို့၏အရိုးများသည် ဖိအားများကြောင့်ပင် ကျိုးကြေကုန်ကြပြီဖြစ်၏။ သူတို့သည် ကျားတစ်ကောင်နှင့် ကြုံတွေ့နေရသည့် ကြက်ပေါက်စလေးများကဲ့သို့ပင် အားနည်းနေသည်။

ဖှေးအနီးသို့လှမ်းလျှောက်လာသည့်အချိန်တွင် ပေါက်ကွဲသံတစ်ချို့ထွက်ပေါ်လာသည်။ တူကြီးနှစ်လက်ကို ပိုင်ဆိုင်ထားသည့် ကပ္ပတိန်ဟယ်ရီဆိုသူမှလွဲ၍ ကျန်ရှိနေသည့်ကြေးစားစစ်သည်များသည် မမြင်နိုင်သည့်စွမ်းအားတစ်ခု၏လက်ချက်ဖြင့်အသားစများအဖြစ်သို့ ပြောင်းလဲကုန်ကြပြီဖြစ်သည်။ သူတို့တွင်အော်ဟစ်ရန်ပင် အခွင့်ရေးမရှိလိုက်ကြေချေ။

ဤမျှအဆင့်ရှိသည့် စွမ်းအားသည်ကြောက်မက်ဖွယ်ပင်။

စခန်းအပြင်တွင်ရှိနေသည့် လူအုပ်သည်ဤမြင်ကွင်းကို ကြည့်ကာထိတ်လန့်အံ့သြနေကြ၏။ သူတို့သည် ပါးစပ်အဟောင်းသားဖြင့် ဖှေးကို ငရဲပြည်မှတက်လာသည့်နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ကြောင်ကြည့်နေကြ၏။

ဖှေး၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်မြင့်လာပြီး တိုက်ပွဲအတွေ့ကြုံများကြွယ်၀လာပြီဖြစ်သဖြင့် လူရိုင်းဇာတ်ကောင်၏ ရုပ်ပိုင်းဆိုင်ရာအစွမ်းများကို ဖှေးထိန်းချုပ်နိုင်စွမ်းမှာလည်း တစ်ခြားအဆင့်တစ်ခုသို့ပင်ရောက်ရှိသွားပြီဖြစ်သည်။ သူလှမ်းလျှောက်နေရင်းဖြင့် သူထုတ်လွှတ်လိုက်သည့်ခွန်အားများသည် ဘိုင်ဇန်တိုင်းတိုင်းပြည်မှလူများအပေါ်သို့လုံး၀ပင် ကျရောက်သွားခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားခြင်းမရှိပဲဖြင့်ပင် ကပ္ပတိန်ဟယ်ရီမှလွှဲ၍ ကျန်သည့်လူများသည် လှုပ်ရှားခြင်းမပြုနိုင်ကြတော့ပေ။

“မင်း...မင်းက ဘယ်သူလဲ...” ဟယ်ရီသည် သူ၏စွမ်းအားများကို အကုန်ထုတ်လွှတ်လိုက်ပြီး မက်တပ်ထရန်အတွက်ကြိုးစားလိုက်၏။ သူကြောက်လန့်တကြားဖြင့်အော်ဟစ်လိုက်မိသည်။ “ငါတို့က သွေးစွန်းဂိုဏ်းကဂိုဏ်းသားတွေပဲကွ။ မင်းငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့....”

“ငါက သွေးစွန်းဂိုဏ်းသားတွေကို အကြောင်းပြချက်တစ်ခုကြောင့်သတ်နေတာပဲ...” ဖှေးနှာခေါင်းရှုံ့လိုက်သည်။ သူသည် စကားများဆက်ပြောနေခြင်းမရှိတော့ပဲ တိုက်ရိုက်ပင် လက်သီးဖြင့်ထိုးလိုက်တော့၏။

ဟယ်ရီသူ၏တူများကို ကိုင်မြှောက်လိုက်ပြီး ခုခံကာကွယ်လိုသည်။

သို့သော် ပေါက်ကွဲသည့်အသံများထွက်ပေါ်လာ၏။ ကွဲကြေနေသည့် သံစများသည် လေပေါ်တွင် ပျံ့နှံ့သွား၏။ ပြိုင်ဘက်ကင်းသည်ဟုထင်ရသည့်အမဲရောင်တူကြီးများသည် ယခုအချိန်တွင်ပျော့ပျောင်းသည့် စက္ကူများကဲ့သို့ပင်။ ဤအရာများသည် ဖျက်ဆီးခြင်းခံလိုက်ရသည့် တစ်ခုတည်းသောအရာများမဟုတ်ပေ။ ဟယ်ရီ၏လက်မောင်းများသည်လည်း ဖျက်ဆီးခြင်းခံလိုက်ရ၏။ ထို့နောက်တွင် ကြီးမားသည့်စွမ်းအားတစ်ခုသည် လွန်ခဲ့သည့်စက္ကန့်အနည်းငယ်ခန့်က မိုက်တိမိုက်ကန်းဖြင့် ဘိုင်ဇန်တိုင်းဘုရင်ကို ချိမ်းခြောက်နေခဲ့သည့် ရာဇ၀တ်သားထံသို့ဖြတ်သန်းသွားပြီး သူ့အားသွေးမြူဆိုင်တစ်ခုအဖြစ်သို့ပြောင်းလဲသွားစေတော့၏။ သူ၏ဘေးပတ်ပတ်လည်တွင် ကျဆင်းနေသည့်နှင်းများသည် အနီရောင်အဖြစ်သို့ပြောင်းလဲသွားတော့သည်။

စက္ကန့်အနည်းငယ်ခန့်ဖြင့်ပင် တိုင်းပြည်ငယ်များကိုအနိုင်ကျင့်နိုင်သည့်သွေးစွန်းဂိုဏ်းအဖွဲ့မှာ အကုန်သေဆုံးကုန်ကြပြီဖြစ်သည်။ မည်သည့်အဖွဲ့သားမှ လွတ်မြောက်မသွားနိုင်ခဲ့ပေ။ အဖွဲ့နှစ်ခုကြားတွင်ရှိသည့်အင်အားကွာခြားမှုမှာ ကြီးမားလွန်းလှသည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးတစ်စက်မှပင် စွန်းကျန်နေခြင်းမရှိပဲ ဖှေးထိုနေရာ၌ပင်ရပ်ကာ လူတိုင်းကို သူ၏အေးစက်သည့်အကြည့်ဖြင့် တစ်ယောက်ခြင်းလိုက်လံကြည့်ရှုနေ၏။ နောက်ဆုံးတွင် သူ၏မျက်လုံးများသည် ဘိုင်ဇန်တိုင်းတိုင်းပြည်၏ဘုရင်ငယ်ထံသို့ကျရောက်သွားတော့၏။

“မင်း..မင်းကဘယ်သူလဲ...” နတ်ဆိုးကဲ့သို့သောလူသည် သူ့အားစိုက်ကြည့်နေသည်ကို ခံစားလိုက်ရအပြီးတွင် ဘိုင်ဇန်တိုင်းဘုရင်သည် သူ၏စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး အစ်ဇဘယ်လာဟုခေါ်သည့်မိန်းမငယ်ကို သူ၏အနောက်သို့ပို့ကာကာကွယ်လိုက်သည်။

ဖှေး ရုတ်တရက်ခေါင်းငုံ့ကာတိတ်ဆိတ်သွားသည်။ သူကောင်လေး၏မေးခွန်းကို ပြန်လည်ဖြေကြားခြင်းမပြုပေ။

လေထုမှာ အလွန်ပင်တင်းမာနေသည်။

စခန်းတွင်းစခန်းပြင်တွင်ရှိနေသည့် မည်သူမဆိုလှုပ်ရှားခြင်းမပြုရဲကြပေ။ အတိအကျဆိုပါက သူတို့အားလုံးအသက်ပင် ရဲရဲမရှူရဲကြပေ။ ဤနတ်ဆိုးဘုရင်ကဲ့သို့အစွမ်းထက်သည့်လူသည် ရုတ်တရက်သူတို့ထံသို့ရောက်လာပြီး ပန်ကိတ်တစ်ခုကဲ့သို့ ခြေမွဖြစ်လိမ့်မည်ကို လူတိုင်းစိုးရိမ်ထိတ်လန့်နေကြသည်။

မကြာမှီတွင် စခန်းချရာနေရာတစ်ခုလုံးတွင်ရှိသည့်အရာအားလုံးသည် တိတ်ဆိတ်သွားတော့၏။

ရုတ်တရက်ဖှေးသူ၏ခေါင်းကို မော့လိုက်သည်။

သူလက်ကို ဆန့်တန်းလိုက်သည့်အချိန်တွင် မမြင်နိုင်သည့်စွမ်းအားတစ်ခုသည် ဘိုင်ဇန်တိုင်းဘုရင်ငယ်ကို ဆုပ်ကိုင်လိုက်သည်။ ကောင်လေးကို သူ့အနီးသို့ရောက်သည်အထိဆွဲခေါ်ပြီးသည့်နောက်တွင် အစိမ်းရင့်ရောင်ဆေးပုလင်းတစ်လုံးသည် ဖှေး၏လက်ဖ၀ါးပေါ်မှတဆင့် လူငယ်၏ပါးစပ်အတွင်းသို့ ပျံသန်းကာ၀င်ရောက်သွားတော့၏။

“အား....မင်း ငါ့ကို ဘာတွေတိုက်လိုက်တာလဲ..နာလိုက်တာ....” ဘုရင်ငယ်၏ခန္ဓာကိုယ်သည် နာကြင်မှုအောက်တွင် ချက်ချင်းပင်တုန်ခါလာတော့သည်။

“သူ့ကို ပေးသွားလိုက်ပါ။ မလုပ်ပါနဲ့ သူ့ကိုချမ်းသာပေးလိုက်ပါ ရှင်သူ့ကို ဘာလုပ်လိုက်တာလဲမကောင်းဆိုး၀ါး....”

အစ်ဇဘယ်လာ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများဖြင့်ပြည့်နှက်သွား၏။ သူမ၏ချစ်သူသည် အဆိပ်ကဲ့သို့သောအစိမ်းရောင်အရည်များတိုက်ခြင်းကိုခံလိုက်ရပြီး ပြင်းထန်သောနာကျဥ်မှုကို ခံစားနေရသည်အားတွေ့လိုက်ရသည့်အချိန်တွင် ဖှေးအားကြောက်လန့်မှုများပျောက်ကွယ်သွားပြီး သူမချစ်သူကိုကယ်တင်ရန်အတွက်ပြေးသွားတော့၏။

All Chapters