အခန်း (၃၀၈)
Vol. 21 Ch. 308
သို့သော် သူမသည် အားနည်းသည့်အတွက် မမြင်နိုင်သည့်စွမ်းအင်အကာရံကို ဖျတ်သန်းသွားနိုင်ခြင်းမရှိပေ။
“နင် ညစ်ပတ်တဲ့မိန်းမ နင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ နင်ဒီသိုင်းဆရာကို စိတ်ဆိုးအောင်လုပ်ပြီးတော့ ဘိုင်ဇန်တိုင်းတိုင်းပြည်ကိုပျက်စီးအောင်လုပ်ချင်လို့လား။ ၀န်ကြီးချုပ်တစ်ယောက်အနေဖြင့် ခရမ်းရောင်၀တ်ရုံနှင့်ဖတ်တီးသည်တစ်ချိန်တည်းမှာပင် ဒေါသဖြစ်ပြီး ကြောက်လန့်သွား၏။ သူသည် ဖှေးအားဖားသည့်အနေဖြင့် ပြုံးပြလိုက်ပြီး အော်ဟစ်လိုက်သည်။ “အမြန်လုပ်ကြ ဒီမိန်းမကို တားလိုက်ကြစမ်းကွာ။ အဲ့ကကောင်မ ဒီကြီးမြတ်တဲ့သိုင်းဆရာလုပ်နေတဲ့ကိစ္စကို မနှောင့်ယှက်စေနဲ့...”
၀န်ကြီးချုပ်ကို သစ္စာခံထားသည့်အစောင့်တစ်ချို့သည် အရှေ့သို့လမ်းလျှောက်လာကြပြီး ဘာမှမပြောကြတော့ပဲ အစ်ဇဘယ်လာကို အနောက်သို့ပြန်ဆွဲခေါ်သွားကြသည်။
တစ်ချိန်တည်းမှာပင် မမြင်နိုင်သည့်စွမ်းအင်အကာရံကြောင့်လေပေါ်တွင် မြောက်တက်နေသည့် ဘုရင်ငယ်မှာ ပို၍ကြမ်းတမ်းစွာပင် ရုန်းကန်ကာ အော်ဟစ်ငိုကြွေးနေ၏။ သူ၏ခန္ဓကိုယ်တစ်ခုလုံးသည် အစိမ်းရင့်ရောင်အဖြစ်သို့ပြောင်းလဲသွားပြီး သူသည်ကြောက်မက်ဖွယ်မကောင်းဆိုး၀ါးကြီးတစ်ကောင်ကဲ့သို့ပင်။ သူ၏သွေးကြောများသည် ပေါက်ထွက်တော့မည်သကဲ့သို့ပင်ထောင်ထွက်နေကြ၏။ သူ၏ခန့်ညားသောမျက်နှာသည် နာကြင်မှုကြောင့်တွန့်လိမ်နေပြီး ပုံသဏန်ပြောင်းလဲတော့မည့်အတိုင်းပင်။ သူ၏အသံသည်လည်း ကြမ်းရှလာပြီး သူသည် ခုခံရန်ပင်ခွန်အားကင်းမဲ့လာတော့၏။ ဤကြောက်မက်ဖွယ်မြင်ကွင်းသည် လူအုပ်ကို ကြောချမ်းစေ၏။
ဘုရင်ငယ်၏မျက်နှာအမူယာကို ကြည့်ရုံဖြင့်ပင် ဘုရင်ငယ်ခံစားနေရသည့်နာကျဥ်မှုများကို သူတို့ကောင်းစွာသဘောပေါက်ကြ၏။ ယခုအချိန်တွင် သူတို့သည်ဖှေးကို ပုံစံတစ်မျိုးဖြင့် ကြည့်နေကြပြီဖြစ်သည်။ လေးစားမှုများအပြင်သူတို့သည် ဖှေးကို စိတ်တဇလူတစ်ဦးအဖြစ်မြင်လိုက်မိကြသည်။
သို့သော် သူအများသည်သူတို့ကံကောင်းသည်ဟုလည်းခံစားမိကြသည်။
ဤနတ်ဆိုးကဲ့သို့သောလူသည် သူတို့အားပစ်မှတ်အဖြစ်မရွေးချယ်ခဲ့သည်အတွက် စိတ်သက်သာရာရနေကြသည်။ သို့မဟုတ်ပါက သူတို့သည် သူတို့လျှာသူတို့ပင် ကိုက်ဖြတ်ပြီး မိမိကိုယ်မိမိသတ်သေလိုက်မိကြမည်ဖြစ်သည်။ ယခုအချိန်တွင် သူတို့အားလုံးသည်ဘိုင်ဇန်တိုင်းဘုရင်ငယ်ကို သနားသည့်မျက်လုံးများဖြင့်၀ိုင်းကြည့်နေကြ၏။
သို့သော် ဤအခိုက်တန့်တွင် အရာအားလုံးပြောင်းလဲသွားသည်။
မည်သည့်အချိန်မှစတင်မှန်းမသိသော်လည်း ဘုရင်ငယ်၏ခန္ဓာကိုယ်ပေါ်မှအစိမ်းရောင်များသည်လည်း ပျောက်ကွယ်စပြုလာပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့်ချွေးစက်များမှလွဲ၍ ဖြစ်ခဲ့သည့်အရာများ၏ခြေရာလက်ရာများကို သူ့အပေါ်တွင် မတွေ့ရတော့ချေ။ ချွေးစက်များသာမရှိပါက လူများသည် သူတို့ပုံရိပ်ယောင်များကို မြင်ခဲ့ရသည်ဟုပင် ထင်မှတ်ရမည်ဖြစ်သည်။
“၀ှစ်...”
ဖှေးသူ၏လက်ကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ဘုရင်ငယ်ကို ကာရံထားသည့်စွမ်းအင်အကာရံသည်လည်းပျောက်ကွယ်သွားတော့သည်။ ဘုရင်သည်လည်း မြေပြင်ပေါ်သို့ပြုတ်ကျသွား၏။
“အရှင်မင်းကြီး အရှင်မင်းကြီး အဆင်ပြေရဲ့လား။ ကျွန်မလန့်သွားတာပဲ...” မည်သည့်အချိန်မှမသိချေ ကောင်မလေးသည်လည်း အစောင့်များချုပ်တွယ်ထားရာမှ ရုန်းထွက်လာပြီး ဘုရင်ငယ်ထံသို့ပြေးသွား၏။ သူမအံ့သြ၀မ်းသာမှုတို့ဖြင့် ငိုကြွေးပြီးသည့်နောက်တွင် သူမသည် ဖှေးဘက်သို့လှည့်ကာအရှေ့တွင် ဒူးထောက်ပြီးအသနားခံလိုက်သည်။ “တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီးသူ့ကို ထပ်မနှိပ်စက်ပါနဲ့တော့...”
သူမ၏အသံသည် အလွန်၀မ်းနည်းကာ မျှော်လင့်ချက်ကင်းမဲ့နေသည့်အတွက် ရပ်ကြည့်နေသည့်လူအုပ်ထဲမှ လူတစ်ချို့ပင် မျက်ရည်၀ဲမိ၏။
“အား ဘာဖြစ်သွားတာလဲ။ ငါ..ဒီစွမ်းအားတွေ..ငါစွမ်းအားတွေနဲ့ပြည့်သွားတာပဲ...”
အာမေဍိတ်သံတစ်ခုရုတ်တရက်ထွက်ပေါ်လာ၏။ ဘိုင်ဇန်တိုင်းတိုင်းပြည်၏ဘုရင်ငယ်သည် ရုတ်တရက်တစ်စုံတစ်ခုကို သတိထားမိသွားပြီးသူ၏လက်နှစ်ဖက်ကို စိုက်ကြည့်လိုက်သည်။ သူသည် စွမ်းအားများသူ၏ခန္ဓာကိုယ်အတွင်းတွင် စီးဆင်းနေသည်ကို ခံစားရအပြီးတွင် ယုံနိုင်ခြင်းမရှိပဲဖြစ်နေ၏။ ခနတာကျက်သေသေပြီးသည့်နောက်တွင် သူသည် ရုတ်တရက်မြေပြင်ကို သူ၏လက်တစ်ဖက်ဖြင့် ထိုးကြည့်လိုက်၏။ “ဖုန်း..” မာကြောသည့်မြေပြင်မှာအက်ကွဲသွားသည်။ ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းကြီးသည်မြေပြင်ပေါ်တွင် ပေါ်လာ၏။
ဤအရာကို မြင်လိုက်ရသည့်လူတိုင်းသည် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြ၏။
“ဘာတွေဖြစ်ကုန်တာလဲ..” သူတို့အားလုံးတွေးလိုက်မိကြသည်။
“ဘယ်လိုဖြစ်သွားတာလဲ..”
“အံ့သြဖွယ်ရာပဲ...”
ဘုရင်ငယ်၏ခွန်အားများသည် တစ်နည်းတစ်ဖုံဖြင့်တိုးမြှင့်သွားခြင်းဖြစ်သည်။ သူ၏လက်သီးကိုကြည့်ခြင်းဖြင့် သူသည် ကြယ်နှစ်လုံးစစ်သည်တစ်ယောက်အဆင့်သို့ရုတ်တရက်ရောက်ရှိသွားခြင်းပင်။ လွန်ခဲ့သည့်အချိန်ခနက ဤဘုရင်သည်ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ယောက်သာဖြစ်၏။
လူအုပ်အတွင်းမှ ဉာဏ်ကောင်းသည့်တစ်ချို့လူများသည် ၀တ်ရုံဖြင့်လူကိုစိတ်ကြည့်နေကြပြီးဖြစ်သည်။ သူတို့သည် ဖြစ်ပျက်ခဲ့သည့်အရာများကို သဘောပေါက်သွားပြီဖြစ်၏။
“ဒါက...” အံ့သြနေခဲ့သည့် ဘိုင်ဇန်တိုင်းဘုရင်သည် ဖြစ်ပျက်ခဲ့သည်ကိုသဘောပေါက်သွား၏။ သူ၏ချစ်သူကိုတွဲထူပြီးသည့်နောက်တွင် သူသည် ဤလူရှေ့တွင် ဒူးထောက်ပြီးကျေးဇူးတင်စကားပြောလို၏။ သို့သော် သူသည်သူ၏ဒူးများကို လုံး၀ကွေးနိုင်ခြင်းမရှိပေ။ မမြင်နိုင်သည့်အားတစ်ခုသည် သူ့အားဒူးထောက်ရန်မှတားဆီးလျှက်ရှိသည်။
“ငါတို့က ဘုရင်တွေအနေနဲ့အဆင့်အတူတူပါပဲ။ ငါ့ကို ဒူးထောက်ပြီးကျေးဇူးတင်ဖိုမလိုပါဘူး...” ဖှေးအသာအယာပြောလိုက်သည်။
“အဲ့လိုဆိုရင်.... ကျေးဇူးတင်ပါတယ်..ကျွန်တော်...” ကျေးဇူးတင်သည့်စိတ်များဖြင့် ပြည့်နှက်နေသည့်ဘုရင်သည် အလွန်ပျော်ရွှင်နေသဖြင့် စကားပင်ကောင်းကောင်မပြောနိုင်သေးချေ။ သူ၏အရှေ့တွင်ရှိသည့်လူသည် သွေးစွန်းဂိုဏ်းမှလူများကို သတ်ဖြတ်ပြီး သူ့ကိုကယ်တင်ခဲ့ရုံသာမကပဲ မှော်ဆန်သည့်နည်းလမ်းတစ်ခုကိုအသုံးပြုပြီးသူ၏ ခွန်အားများကိုလည်းတိုးမြှင့်ပေးခဲ့သေးသည်။ သို့သော် သူသည် ဤလူကိုအထင်လွဲခဲ့မိသေးသည်။
“မစ်စတာ ကျွန်မအထင်လွဲခဲ့မိတာကို ခွင့်လွှတ်ပေးပါ။ ကျွန်မမသိခဲ့လို့...” ကောင်မလေးသည် ငိုယိုနေခြင်းကို ရပ်တန့်ကာ ပြုံးလိုက်သည်။ သူမ၏မျက်လုံးများထဲတွင် မျက်ရည်စက်များကျန်ရှိနေရင်းဖြင့် ဖှေးကို ခေါင်းငုံ့အရိုသေပေးပြီးတောင်းပန်လိုက်သည်။
ဖှေးပြန်လည်ကာ ပြုံးပြလိုက်သည်။ သူလုံး၀ပင် စိတ်ဆိုးခြင်းမရှိပေ။ ထို့နောက်တွင် သူတစ်ဖက်သို့လှည့်ကာ ဘုရင်ငယ်ကို မေးလိုက်သည်။ “အဲ့လိုနာကျဥ်မှုတွေရဲ့အောက်မှာ အရှင်က အရှင့်ရဲ့လျှာကိုကိုက်ပြီးသတ်သေလိုက်လို့ရတာပဲ ဘာလို့အဲ့လိုမလုပ်ပဲနဲ့တောင့်ခံခဲ့တာလဲ။”
“ဘာလို့လဲဆိုတော့ ဘိုင်ဇန်တိုင်းတိုင်းပြည်က ကျွန်တော့ကို လိုအပ်နေသေးတယ်။ ကျွန်တော့ကို သစ္စာရှိနေတဲ့လူယုံတွေကို မထားခဲ့နိုင်သေးလို့ပါ...”
ဖှေးသူ၏ခေါင်းကို ခါရမ်းကာ ဆက်မေးလိုက်သည်။ “အဲ့တာအပြင် အရှင့်မှာ တစ်ခြားအကြောင်းရှိသေးတယ်မလား။”
“ကျွန်တော်...” ဘုရင်ငယ်သည် ခနတာရပ်တန့်ကာ ဆက်ဖြေလိုက်သည်။ “ကျွန်တော်အသက်ရှင်မှရမယ်။” သူ၏လက်သီးများကို ဆုပ်လိုက်ပြီး ဆက်ဖြေလိုက်သည်။ “ကျွန်တော် အစ်ဇဘယ်လာကို ကာကွယ်ရမယ်။ ကျွန်မတော်မရှိရင် သူမက ဒီကမ္ဘာပေါ်မှာရှင်သန်နိုင်မှာမဟုတ်ဘူး။”
ဖှေး ဤအဖြေကိုရယ်မောလိုက်မိသည်။
“ကျွန်တော် အရှင့်ရဲ့အဖြေကို သဘောကျတယ်။ တစ်စုံတစ်ခုကို ကာကွယ်ချင်တယ်ဆိုတာက အခက်ခဲတွေရင်ဆိုင်ရတဲ့အချိန်မှာ ကျော်ဖြတ်နိုင်အောင်အထောက်ပံ့ပေးတဲ့ စွမ်းအင်တစ်မျိုးပဲ။ နောက်ပြီးတော့ အဲ့အချက်က အရှင့်ကို ပိုပြီးသန်မာလာစေလိမ့်မယ်။ ဒါကြောင့်မို့ ဘုရင်လေး အရှင်အရှုံးမပေးပါနဲ့။ တစ်ယောက်ယောက်ကို ကာကွယ်ဖို့ကအရှင့်ရဲ့တာ၀န်ပဲ။ နောက်ပြီးတော့ ဒါက ဂုဏ်ယူရမယ့်အကြောင်းပြချက်တစ်ခုပဲလေ။ ကျွန်တော့ရဲ့အမြင်အရဆိုရင် အရှင်က ဒီကောင်မလေးကို ရထားတာအတော်ကံကောင်းလိုပဲ။ အရှင်သူမကို သေချာစောင့်ရှောက်ကာကွယ်ပါ...”
သူစကားပြောပြီးသည့်နောက်တွင် ဖှေးရယ်မောကာ တစ်ဖက်သို့လှည့်လိုက်၏။
“မစ်စတာ..ကျွန်တော် အရှင့်ရဲ့နာမည်ကို သိခွင့်ရနိုင်မလား။ ဒီအချိန်ကစပြီး အရှင်အကူညီအထောက်ပံ့လိုတဲ့အချိန်တိုင်း ကျွန်တော်တိုဘိုင်ဇန်တိုင်းတိုင်းပြည်က အစွမ်းကုန်ကူညီထောက်ပံ့ပေးပါ့မယ်။ ဘယ်လိုအကူညီမျိုးနေနေပါ...” ဘုရင်ငယ်သည် ဖှေးထွက်ခွာရန်ပြင်နေသည်ကို မြင်လိုက်သည့်အတွက် သူဖှေးအနောက်မှ အမြန်ပြေးလိုက်သွား၏။
ဖှေးသည် ဆက်လက်လမ်းလျှောက်နေပြီးအနောက်သို့လှည့်ကြည့်ခြင်းမပြုပေ။ “ဟားဟားဟား ဘိုင်ဇန်တိုင်းဘုရင် အရှင်စိတ်၀င်စားတယ်ဆိုရင် မကြာခင်မှာပဲ ကျွန်တော်ဘယ်သူလဲဆိုတာကို သိရမှာပါ။
လူအုပ်သည် ဖှေးလာရာလမ်းကို ဖယ်ပေးလိုက်ကြသည်။
ယခုအချိန်တွင် ရပ်ကြည့်နေကြသည့်လူများသည် ဘိုင်ဇန်တိုင်းဘုရင်ကို မတူညီသည့်မျက်လုံးများဖြင့် ကြည့်နေကြပြီဖြစ်သည်။ သူတို့မျက်လုံးများတွင်ရှိခဲ့သည့် သနားမှုများ ကိုယ်ခြင်းစာမှုများသည်ယခုအချိန်တွင် မရှိတော့ချေ။ မနာလိုအားကျမှုများသာရှိတော့၏။ မည်သူမှ ဤကဲ့သို့အဖြစ်ပျက်များသည် ဒရာမာဆန်ဆန်ဖြင့် ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။ ဤကံဆိုးသည့်ဘုရင်ငယ်သည် အသက်ရှင်နိုင်ခဲ့ရုံသာမကပေ။ သူ၏ခွန်အားများသည်လည်း များစွာတိုးမြှင့်လာခဲ့သည်။ ထို့အပြင်သူသည် အလွန်စွမ်းအားကြီးသည့်လူတစ်ယောက်နှင့်လည်းမိတ်ဆွေဖြစ်ခွင့်ရရှိခဲ့သည်။ ဤသည်မှာ ကောင်းကင်ဘုံမှကျဆင်းလာသည့် ကံကောင်းခြင်းတစ်ခုဟုဆိုပါက မှားမည်မဟုတ်ပေ။ လူအများသည် ဘိုင်ဇန်တိုင်းဘုရင်ငယ်၏နေရာတွင် ၀င်လိုပြီး အရှေ့တွင်ရှိနေသည့် လူစွမ်းကောင်းနှင့် ရင်းနှီးသိကျွမ်းခွင့်ရရှိလိုကြသည်။
သို့သော် ဤအချိန်တွင် ဖှေးရုတ်တရက်ရပ်လိုက်သည်။
သူတစ်ဖက်သို့လှည့် ပြီး ခရမ်းရောင်၀တ်ရုံကို၀တ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ်ဖတ်တီး အဲရစ်ကိုကြည့်ပြီးမျက်မှောင်ကြုံ့ကာမေးလိုက်သည်။ “ခင်ဗျားက ဘိုင်ဇန်တိုင်းတိုင်းပြည်ရဲ့၀န်ကြီးချုပ်လား....”
ခရမ်းရောင်၀တ်ရုံနှင့် ဖတ်တီးသည် ဖှေးသည် သူနှင့်စကားပြောလိုသည်မှတ်ကာ ပျော်ရွှင်သွား၏။ “ဟုတ်ပါတယ်အရှင် ကျွန်တော့နာမည်က....”
“ဖုန်း...”
မီတာ၂၀ခန့်အကွာတွင် ဖှေးသည် ရုတ်တရက်လက်သီးတစ်ချက်ထိုးလိုက်၏။
ပေါက်ကွဲသံတစ်ခုဖြင့် လူများကို ဖားယားတတ်ပြီးနောက်ကွယ်တွင် ဓားဖြင့်ထိုးရန်ကြံစည်တတ်သည့် ဤလူသည် ချေမွခြင်းခံလိုက်ရသည့် ဖရဲသီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့သည်။
ဖှေး ဤလူကို သဘောမကျချေ။ ဤလူသည် ချမ်းဘော့ဒ်၏၀န်ကြီးချုပ်ဟောင်းဘစ်ဇားကဲ့သို့ပင်ဖြစ်သည်ဟု ဖှေးတွေးလိုက်မိသောကြောင့်ပင်။ ဤလူ၏အရှေ့တွင် ပြုလုပ်ခဲ့သည့်အပြုမူများအရ လူကောင်းတစ်ဦးမဟုတ်သည်မှာ အသေချာပင်။ အဲရစ်ကို သတ်ဖြတ်လိုက်ခြင်းသည် ဘိုင်ဇန်တိုင်းဘုရင်ငယ်ကိုလည်း ကယ်တင်ရာကျပေလိမ့်မည်ဖြစ်သည်။
ဤအရာများကို ဆောင်ရွက်ပြီးသည့်နောက်တွင် ဖှေးရယ်မောလိုက်သည်။ သူ၏အ၀တ်များသည် လေထဲတွင် လွှင့်ပျံနေ၏။ ဖှေး၏ပုံရိပ်သည်ရုတ်တရက်ဖျတ်ကနဲဖြစ်သွားပြီး အမှောင်ထုနှင့် နှင်းများကြားထဲတွင် ရုတ်တရက်ပျောက်ကွယ်သွားတော့၏။
ဘိုင်ဇန်တိုင်းတိုင်းပြည်၏စခန်းထဲတွင် အဲရစ်၏အလောင်းမှာ ကျက်သေသေနေကြသည့်လူများ၏မျက်လုံးများအလည်တွင် ကျန်ခဲ့တော့သည်။