အခန်း (၃၀၉)
Vol. 21 Ch. 309
ဘိုင်ဇန်တိုင်းစခန်းမှထွက်လာပြီးသည့်နောက်တွင် ဖှေးပွဲစျေးထဲတွင်ဆက်လက်လမ်းလျှောက်ခြင်းမပြုတော့ပဲ ချမ်းဘော့ဒ်စခန်းသို့ပြန်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ညအချိန်သို့ရောက်ရှိလာပြီဖြစ်သည်။ စုပြုံနေကြသည့်လူများသည်လည်း ပျက်ပျယ်စပြုလာပြီဖြစ်သည်။ ထူထဲသည့်ငွေရောင်နှင်းပွင့်များသည် စခန်းချရာနေရာတစ်ခုလုံးအပါ၀င် အရာအားလုံးကို ဖုံးကွယ်ထား၏။ တစ်ဆယ်ကီလိုမီတာအချင်း၀က်ပတ်လည်တွင် စခန်းတွင်းဆူညံသံများမှာ တိတ်ဆိတ်စပြုလာပြီဖြစ်သည်။ ကြားနေရသည့်အသံများမှာ တစ်သုန်သုန်တိုက်ခတ်နေသည့် လေညင်းနှင့်အတူကောင်းကင်ပေါ်မှကျဆင်းလာနေသည့် နှင်းကျသံများပင်။ လေးရက်အတွင်းတွင် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကြီးမှာ တရား၀င်စတင်တော့မည်ဖြစ်သည်။ ငြိမ်းချမ်းစွာဖြင့် ကျဆင်းနေသည့်နှင်းပွင့်များသည် မုန်တိုင်းမစတင်မှီ ငြိမ်သက်ခြင်းကဲ့သို့ပင်။
ချမ်းဘော့ဒ်စခန်းထဲတွင် နှင်းများကြားထဲတွင် လေ့ကျင့်နေသည့်စစ်သည်များရှိနေ၏။ ဖှေးသူတို့ကို အနှောင့်ယှက်မပေးပဲ စခန်းအလည်တွင်ရှိနေသည့် မှော်တဲထံသို့သာဦးတည်သွားတော့သည်။ သူတံခါး၀တွင်ရှိနေသည့် လိုက်ကာကိုဖွင့်ကာအထဲသို့၀င်သွားသည်။ မှော်မီးအိမ်များသည် စခန်းတစ်ခုလုံးကိုအလင်းရောင်ပေးလျှက်ရှိပြီး ငွေရောင်အလင်းသည် လူများ၏နှလုံးသားများကို နွေးထွေးစေပြီးချိုမိန်ကာ ငြိမ်းချမ်းသည့်ခံစားချက်ကို ခံစားရစေလျှက်ရှိသည်။
“အရှင်ပြန်ရောက်လာပြီပေါ့ အလတ်ဇန္ဒား...” အန်ဂျယ်လာပြောလိုက်သည်။ သူမသည် အလတ်ဇန္ဒား၀င်လာသည့်အချိန်တွင် မီးအိမ်အောက်တွင် တစ်စုံတစ်ခုကို ပန်းထိုးလျှက်ရှိ၏။ သူမသည် ဖှေးအနီးသို့အပြုံးတစ်ခုဖြင့် ချည်းကပ်လာကာ ဖှေး၏နှင်းများဖုံးနေသည့်၀တ်ရုံကို ယူလိုက်ပြီးအနီးနားတွင်ရှိသည့် စင်တစ်ခုပေါ်သို့ချိတ်လိုက်သည်။ ထို့နောက်တွင် ဖှေး၏ခန္ဓာကိုယ်ပေါ်တွင် တင်ကျန်နေသည့် ဖုန်မှုန့်များကို ခါလိုက်ပြီး အန်မာကို ဖှေးအတွက် စွတ်ပြုပ်ပူပူတစ်ခွက်ယူလာခိုင်းလိုက်၏။
ဖှေး ပျော်ရွှင်မှုတစ်ခုကို ခံစားလိုက်ရသည်။
“လာခဲ့ကြ ငါ့မှာနင်တို့နှစ်ယောက်လုံးအတွက် စိတ်၀င်စားစရာလက်ဆောင်တွေပါလာတယ်။” ဖှေးပြောလိုက်၏။ ထို့နောက်တွင် သူ၀ယ်လာခဲ့သည့်ပစ္စည်းများကို ထားသိုရာလက်စွပ်အတွင်းမှ ထုတ်ယူလိုက်ပြီး စားပွဲပေါ်သို့တင်လိုက်၏။
“၀ိုး အတော်လှတဲ့သားမွေးတွေပါလား။ နောက်ပြီး ဒီတလင်းကျောက်မျက်နှာဖုံးကလဲ အတော်လှတာပဲ ကျေးဇူးပါပဲ အလတ်ဇန္ဒား....”
အန်ဂျယ်လာနှင့် အန်မာတို့သည် မိန်းကလေးငယ်လေးများကဲ့သို့ပင်။ ဤလက်ဆောင်များသည် တန်ဖိုးမကြီးမားလှသော်လည်း ရှားပါးကာ စိတ်၀င်စားဖွယ်ကောင်းနေဆဲပင်။ အထူးသဖြင့် ဤလက်ဆောင်များကို ဖှေးကိုယ်တိုင်ရွေးချယ်ကာ ၀ယ်ယူခဲ့ခြင်းဖြစ်သောကြောင့် ကောင်မလေးနှစ်ယောက်သည် ဤလက်ဆောင်ငယ်လေးများကြောင့် ပျော်ရွှင်နေကြ၏။
“ဟေး ဒါကရောဘာလဲ သူ့ပုံက ထူးထူးဆန်းဆန်းပဲ...”
အန်ဂျယ်လာသည် နာနတ်သီးပုံဘဲဥကျောက်တုံးလေးများကို ကောက်ကိုင်ကြည့်လိုက်ပြီး ရုတ်တရက် စိတ်၀င်စားစွာဖြင့်မေးလိုက်သည်။ သူမသည် ရတနာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ အံ့သြနေ၏။
“ဟ ဒီမှာရော နောက်နှစ်လုံး...” အန်မာသည်လည်း ကျန်ရှိနေသည့် ကျောက်တုံးနှစ်ခုကို ရှာတွေ့သွားသည်။ သူမသည် အချိန်အတန်ကြစိုက်ကြည့်ပြီးသည့်နောက်တွင် စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်သည်။ “ဒါတွေကြည့်ရတာ ဘာမှလဲထူးခြားတဲ့ပုံတော့ မပေါ်ပါဘူး။ အသုံးမ၀င်တဲ့ သာမန်ဘဲဥပုံကျောက်တုံးတွေပဲထင်ပါတယ်....”
ဖှေး အနည်းငယ်ရှက်သွားသည်။ သူတွေးလိုက်မိသည် “ဒီကောင်မလေးက အတော်ပွင့်လင်းတာပဲ...” သူ ဤဒဏာရီလာရှေးဟောင်းမြေများမှဟူဆိုသည့် ပစ္စည်းများကို၀ယ်ယူခဲ့လိုက်မိသည့် အတွက်ပင် အနည်းငယ်နောင်တရချင်သလိုဖြစ်သွား၏။
“မဟုတ်ဘူး။ ဒီကျောက်တုံးတွေထဲမှာ အသက်၀ိဉာဥ်ပါနေသလိုပဲ ကျွန်မခံစားနေရတယ်...” အန်ဂျယ်လာသည် ဘဲဥပုံကျောက်တုံးတစ်ခုကို သူမ၏နားနားသို့ကပ်ကာ အသေချာနားထောင်ကြည့်ရင်းဖြင့်ပြောလိုက်သည်။ မကြာမှီတွင် သူမ၏မျက်မှောင်ကြုံ့လိုက်ပြီး “ထူးဆန်းလိုက်တာ။ တစ်စုံတစ်ခုကအထဲကနေလှမ်းခေါ်နေသလိုခံစားနေရတာ ဒါပေမယ့် အနားကိုကပ်လိုက်ရင်အဲ့ခံစားချက်ကလည်း ပျောက်ကွယ်သွားတယ်...” သူမပြောလိုက်၏။
“ကောင်းပြီလေ အန်ဂျယ်လာ ဒါတွေနဲ့ပတ်သက်တာကို နောက်ကျအသေးစိတ်သေချာစုံစမ်းထားလိုက်၊၊ နင်နှစ်သက်မယ်ဆိုရင် အဲ့ကျောက်တုံးသုံးလုံးကို ယူထားလိုက်။” အန်ဂျယ်လာ၏အပြုမူကြောင့် ဖှေးသည် ဤကျောက်တုံးများတွင် လျို့၀ှက်ချက်များရှိနေနိုင်သည်ဟုထင်မှတ်မိသည်။ ဤပစ္စည်းများကို ရောင်းချခဲ့သူအဖိုးကြီးသည်လည်း ဖှေးအတွက် အလွန်ထူးဆန်းလွန်းလှသည်။ ဤကျောက်တုံးများသည် တိရိစ္ဆာန်များနှင့် ခင်မင်းရင်းနှီးတတ်သူဖြစ်သည် သူ၏ဇနီးလောင်းအန်ဂျယ်လာနှင့် အမှန်တကယ်ပင် အဆက်သွယ်တစ်ခုရှိလျှင်ရှိနေနိုင်၏။
“ကျေးဇူးအလတ်ဇန္ဒား...” အန်ဂျယ်လာသည် ဤလက်ဆောင်များကို အလွန်ပင်နှစ်သက်သည်။ သူမသည် ဤဘဲဥပုံကျောက်တုံးလေးများကို ထည့်သိမ်းရန်အတွက် မီးမှော်စွမ်းအားဖြင့် အနွေးဓာတ်ပေးသည့် မှော်သတ္တာတစ်လုံးကို ယူလိုက်သည်။
“အော်ဟုတ်သားပဲ အရှင်မင်းကြီး အရှင်စခန်းကနေထွက်သွားတုန်းက အင်ပါယာမြို့တော်ထဲကနေ အရှင်မင်းကြီးကို လက်ဆောင်တွေနဲ့လာတွေ့တဲ့ တော်၀န်မျိုးနွယ်တွေ၊ အရေးကြီးလူတွေရောက်လာကြသေးတယ်။ အရှင်မရှိတာနဲ့ သူတို့လဲ လက်ဆောင်တွေကို ထားခဲ့ပြီးပြန်သွားကြပြီ။” အန်မာသည် တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ဖြင့် တဲ၏ညာဘက်အခြမ်းတွင် ရှိနေသည့်လိုက်ကာကိုဖွင့်လိုက်။ လိုက်ကာ၏နောက်တွင်ရှိနေသည်မှာ လှပသည့်မှော်ချပ်၀တ်အမျိုးမျိုး၊ စွမ်းအားမြင့်မှော်ဓားများ၊ မှော်ကျင့်စဥ်စာလိပ်များ၊ သိုင်းပညာကျင့်စဥ်စာလိပ်များနှင့် တစ်ခြားတန်ဖိုးကြီးပစ္စည်းများဖြစ်ကြသည်။
“ဒီလူတွေက ငါကြိုက်တတ်တာတွေကို နားလည်တာပဲ။ ငါသာဆင်းရဲတဲ့ချမ်းဘော့ဒ်တိုင်းပြည်ဘုရင်တစ်ပါးဖြစ်နေတုန်းပဲဆိုရင် ဒီချပ်၀တ်တွေနဲ့ လက်နက်တွေက မက်မေစရာပေါ့....” ဖှေးသည် သူ၏မေးစေ့ကို ပွက်ကာပြောလိုက်သည်။
ရုတ်တရက် သူဆိုရိုကုန်သွယ်ရေးအဖွဲ့မှ မန်နေဂျာဟယ်ရီကို သတိရလိုက်သည်။ ဟယ်ရီသည် တောင်ညီနှောင်မှတိုက်ပွဲပြီးသည့်အချိန်တွင် ဖှေးသည် မြို့တော်ထဲတွင် သေချာပေါက်နာမည်ကြီးလာာမည်ကို ကြိုတင်ကာတွက်ဆမိသည်။ ယခင်က သူသည် လောလောဆယ်တွင် နံပါတ်၇ အထူးပါးကွပ်သားသူရဲကောင်း၏အထူးစိန်ခေါ်ခြင်းကို ခံထားရသူဖြစ်သဖြင့် ဤအဖွဲ့စည်းမျိုးစုံမှ အရေးကြီးပုဂ္ဂလ်များသည် လောလောဆယ်တွင် စောင့်ကြည့်နေကြလိမ့်ဦးမည်ဟု ခန့်မှန်းခဲ့သည်။ သို့သော်တွင် တစ်ချို့အဖွဲ့များမှာ ယခုအချိန်မှာကတည်းက ဖှေးအပေါ်တွင်ရင်းနှီးမြုပ်နှံမှုများစတင်ကာ ပြုလုပ်နေကြပြီဖြစ်သည်။
“ဟားဟား အရှင်မင်းကြီးသေချာပေါက်ကြိုက်မယ့် တစ်ခြားလက်ဆောင်တွေရှိသေးတယ်...” ဆံပင်ရွှေရောင်နှင့် အန်မာသည် သူမ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။
“ဟုတ်လား...” ဖှေးအန်မာ၏ပုံသဏန်ကြောင့်စိတ်၀င်စားသွား၏။
အန်မာသည် တစ်ဖက်သို့လှည့်လိုက်ပြီး တဲ့အတွင်းမှထွက်ခွာသွား၏။ ခနအကြာတွင် သူမသည် လိုက်ကာများကို ဖွင့်လိုက်ကာ သူမ၏အနောက်တွင် လှပသည့်ကောင်မလေးလေးယောက်နှင်အတူ၀င်ရောက်လာ၏။ ထိုကောင်မလေးများသည် တင်းကြပ်သည့်၀တ်စုံများကို၀တ်ဆင်ထားကြပြီး လှပသည့်ကိုယ်ခန္ဓာများကို ပိုင်ဆိုင်ထားကြသည်။ သူမတို့သည် မြွေခေါင်းပုံသဏန်လက်ပတ်များကို ၀တ်ဆင်ထားပြီး သူမတို့ကိုကြည့်ရသည်မှာ အသေချာလေ့ကျင့်ထားပြီး ကျွမ်းကျင်စွာ၀တ်စားတတ်ပုံရ၏။ သူမတို့၏ ချစ်စဖွယ်လှုပ်ရှားမှုများ၊ သေးသိမ်သေအမူယာများကို ကြည့်ရုံဖြင့်ပင် ယောက်ျားတစ်ယောက်၏စိတ်များကို ထကြွစေရန်အတွက် လုံလောက်၏။
“သူတို့ကို ဘယ်သူပေးလိုက်တာလဲ...” ဖှေးမေးလိုက်၏။
“မြို့တော်စိန့်ပီတာစဘာ့တ်ကဖယ်လွန်မိသားစုကိုယ်စား သွေးစွန်းဂိုဏ်းကတဲ့...” အန်ဂျယ်လာသည် ကျောက်တုံးသုံးလုံးကို သိမ်းလိုက်ပြီး တစ်ဖက်သို့လှည့်ကာ ဖှေးအားရှင်းပြလိုက်သည်။ “ချမ်းဘော့ဒ်တိုင်းပြည်က သွေးစွန်းဂိုဏ်းနဲ့ရန်ညိုးရှိတယ်ဆိုတာကိုရော ဖယ်လွန်မိသားစုက ရင်ဆိုင်ရခက်ခဲလိမ့်မယ်ဆိုတာကိုရော ကျွန်မသိပါတယ်။ ကျွန်မအဲ့ကောင်မလေးလေးယောက်ကိုလဲ ကိုယ်တိုင်မေးကြည့်ပြီးသွားပြီ။ သူတို့က သွေးစွန်းဂိုဏ်းရဲ့အတင်းဖမ်းဆီးတာကို ခံခဲ့ရတဲ့ကောင်မလေးတွေပဲ။ နောက်ပြီး သူမတို့ရဲ့ဘ၀တွေကလဲအတော်သနားစရာကောင်းတယ်။ ကျွန်မတို့သာ မလက်ခံလိုက်ပဲ ပြန်ပေးလိုက်မယ်ဆိုရင် သူမတို့ရဲ့ကံကြမ္မာက ပိုပြီးတော့တောင် ဆိုး၀ါးလာနိုင်လို့လေ။ အဲ့တာကြောင့် သူတို့ကို ကျွန်မတို့နဲ့ခေါ်ထားဖို့အတွက် ဆုံးဖြတ်လိုက်တာ....”
“ကောင်းပြီလေ ဒီကိစ္စကို နင်ကောင်းကောင်းကိုင်တွယ်ခဲ့တာပဲ...” ဖှေးသည် အန်ဂျယ်လာပြုလုပ်ခဲ့သည်နှင့် ပတ်သတ်၍အလွန်ကျေနပ်မိသည်။
အန်ဂျယ်လာသည် တံခါး၀တွင်ရှိသည့်လက်ဆောင်များကို လက်ညိုးထိုးပြလိုက်ပြီး ဆက်ပြော၏။ “ဒီလက်ဆောင်တွေကတော့ ဘယ်လက်ဆောင်တွေကိုက လက်ခံလို့ရတယ်ဆိုတာကို တော့ကျွန်မမသိဘူး။ အဲ့တာကြောင်ဘယ်လက်ဆောင်တွေက ဘယ်သူ့စီကလဲဆိုတာကိုတော့ ကျွန်မရေးမှတ်ထားတယ်။ အလတ်ဇန္ဒားအရှင်မလိုချင်ဘူးဆိုရင် မနက်ဖြန်ကျရင်တစ်ယောက်ယောက်ကို လွတ်ပြီးတော့ပြန်ပို့ခိုင်းလိုက်မယ်လေ။”
“ဟားဟားဟား ဒါတွေက အလကားရတဲ့လက်ဆောင်တွေလေ။ ဘာလို့ပြန်ပေးနေတော့မှာလဲ။” ဖှေးသည် ပြုံးလိုက်ပြီး သူ၏ဇနီးလောင်းကိုပွေ့ဖက်လိုက်သည်။ “ဒီလက်ဆောင်တွေကို ငါမနက်ကျရင်စစ်သည်တွေကို ပေးလိုက်မယ်။ ချမ်းဘော့ဒ်ကိထွက်လာကတည်းက သူတို့အတော်ပင်ပန်းနေလောက်ပြီ။ သူတို့ထိုက်တန်ပါတယ်..”
“ကောင်းပါပြီ...” အန်ဂျယ်လာသည် ဖှေးနှင့်အသားကျနေပြီဖြစ်သဖြင့် ပွေ့ဖက်ခံရခြင်းကို အရင်လိုမရှက်ရွံ့တော့ချေ။
“သူတို့ကိုတော့..” ဖှေး သနားစဖွယ်ကောင်မလေးလေးယောက်ကို ကြည့်ကာပြောလိုက်သည်။ “အန်ဂျယ်လာ ငါသူတို့ကိုနင့်စီအပ်လိုက်မယ်။ ငါမနက်ဖြန်နံပါတ်၇ အထူးပါးကွပ်သားသူရဲကောင်းနဲ့ဓားကွင်းမှာ ချိန်းထားထားရှိသေးလို့ပြင်ဆင်ရဦးမယ်။ လူတွေကို ငါ့ကို လာပြီးမနှောင့်ယှက်စေနဲ့ဦး။ နောက်ပြီး ဒီနေ့နင်လဲစောစောအိပ်သင့်တယ်။ စီစဥ်စရာတစ်ခုခုရှိလာတယ်ဆိုရင် အန်ဂျယ်လာက ငါ့ကိုယ်စားစီစဥ်ထားလိုက်ပါ။”
ဖှေးစကားပြောပြီးသည့်အချိန်တွင် သူ၏ဇနီလောင်း၏နဖူးကို နမ်းကာ တဲအတွင်းမှထွက်ခွာသွား၏။
မကြာမှီတွင် အပြာရောင်ပေါ်တယ်တစ်ခုပေါ်လာပြီး ဖှေးထိုပေါ်တယ်အတွင်းသို့၀င်ကာ ပျောက်ကွယ်သွားတော့သည်။