← Chapters

အခန်း (၃၁၀)

Vol. 21 Ch. 310

အခန်း (၃၁၀)

Vol. 21 Ch. 310

ဒိုင်ယာဘလိုကမ္ဘာအတွင်းသို၀င်လာပြီးသည့်နောက်တွင် ဖှေးသူပုန်စခန်းသို့သွားကာ အယ်လီနာနှင့်တွေ့ဆုံလိုက်သည်။ သူတို့နှစ်ယောက်တွေ့ဆုံသည့်အချိန်တိုင်းတွင် အချိန်ယူပြီးသူတို့နှစ်ယောက်၏ဆက်ဆံရေးကို တည်ဆောက်တတ်ကြသည်။ ထို့နောက်တွင် သူတို့ ချမ်းဘော့ဒ်အကြောင်းကိုပြောဆိုကြသည်။

ဖှေးသည် အနောက်ဘက်တောင်တန်းများထဲတွင်ရှိသည့် သူရဲကောင်းမြို့တော်ထဲတွင် တယ်လီပေါ့တ်ပြုလုပ်နိုင်သည့် ပေါ်တယ်အသေးတစ်ခုကို ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူပုန်စခန်းမှလူများသည် ချမ်းဘော့ဒ်သို့တစ်နေ့လေးနာရီခန့်သွားရောက်နိုင်ပြီး သင်ကြားရေးနှင့် တည်ဆောက်ရေးတို့တွင် အကြံဉာဏ်ပေးကာ ပါ၀င်ဆောင်ရွက်နိုင်ကြသည်။ ထို့ကြောင့်ဖှေးသည် အယ်လီနာနှင့် တစ်ခြားလူများမှတဆင့် ချမ်းဘော့ဒ်တိုင်းပြည်တွင်လက်ရှိဖြစ်နေသည့် ကိစ္စများကိုသိရှိနိုင်၏။ ချမ်းဘော့ဒ်တိုင်းပြသည် သူချမှတ်ခဲ့သည့်အစီစဥ်အတိုင်း ဆက်လက်ဆောင်ရွက်ကာ တိုးတတ်လျှက်ရှိသည်ကို ကြားရသည့်အတွက် ဖှေးကျေနပ်သလိုတစ်ချိန်တည်းမှာပင် စိတ်အေးသွားမိသည်။

“အစီစဥ်အတိုင်းပဲ ဦးလေးလမ်းပါ့ဒ်နဲ့ တစ်ခြားလူတွေကလည်း ချမ်းဘော့ဒ်တိုင်းပြည်ကနေထွက်လာပြီဆိုတော့ သူတို့မနက်ဖြန်ဆို ဒီကို ရောက်လာမယ်ထင်တယ်။ ဒီလိုဆိုရင် ပြိုင်ပွဲမှာပါ၀င်ဖို့အတွက် ချမ်းဘော့ဒ်ကလူတွေလဲ စုံလင်သွားပြီ။”

ဖှေးတွေးလိုက်မိသည်။

“အယ်လီနာမနက်ဖြန်ကစပြီးတော့ နင်ချမ်းဘော့ဒ်ကိုသွားပြီးစစ်သည်တွေကိုလေ့ကျင့်ပေးစရာမလိုတော့ဘူး။ ငါနဲ့အတူမြို့တော်စိန့်ပီတာစဘာ့တ်က စခန်းကိုလိုက်ခဲ့။ ပြိုင်ပွဲကစတော့မှာဆိုတော့ ငါနင့်ကိုလဲပါ၀င်စေချင်တယ်။ ပြိုင်ပွဲက နင့်ရဲ့အစွမ်းတွေကို လေ့ကျင့်ပြီးတိုးတတ်အောင်လုပ်ဖို့အတွက် အခွင့်ရေးတစ်ခုပဲ။ ပိုပြီးတော့တောင်ကောင်းတာက နင်က ဒီကမ္ဘာနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့တောင်နားလည်ကျွမ်း၀င်လာနိုင်တယ်။”

“တကယ်လား အဲ့လိုဆိုကောင်းတာပေါ့ အလတ်ဇန္ဒား...” အယ်လီနာသည် ဖှေး၏အစီစဥ်ကို ကြားလိုက်ရသည့်အတွက် ပျော်ရွှင်သွား၏။

လွန်ခဲ့သည့်ရက်သတ္တပတ်အနည်းငယ်မှာ အယ်လီနာအတွက်ခက်ခဲခဲ့သည်။

သူမသည် ညအချိန်ဒိုင်ယာဘလိုကမ္ဘာထဲတွင် ဖှေးနှင့် တွေ့ဆုံခွင့်ရသော်လည်း ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် လေးနာရီသာရှိနေနိုင်သည်။ ဖှေးအတွက် ဤလေးနာရီသည် အလွန်အရေးကြီးလှ၏။ သူသည် ဤလေးနာရီတွင်ရှိသည့်စက္ကန့်တိုင်းကို မကောင်းဆိုး၀ါးများသတ်ဖြတ်ကာ သူ၏အစွမ်းကိုမြှင့်တင်ရန်အတွက်အသုံးချရမည်ဖြစ်သည်။ ဤကဲ့သို့မှသာ သူသည်အပြင်ကမ္ဘာတွင် တွေ့ကြုံလာမည့်အခက်ခဲများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် အယ်လီနာကို အချိန်သိပ်ပေးနိုင်ခြင်းမရှိပေ။

အယ်လီနာအတွက် သူတို့သည် အနောက်ဘက်တောင်ထဲတွင် ကိစ္စဖြစ်ပြီးခဲ့စဥ်ကတည်းက သူတို့နှစ်ယောက်၏ဆက်ဆံရေးသည် လျှင်မြန်စွာပင်တိုးတတ်လာခဲ့သည်။ ကြင်ကာစလင်မယားနှစ်ယောက်ကဲ့သို့ သူမတို့သည် စက္ကန့်တိုင်းကို အတူကုန်ဆုံးသင့်သည်။ သူမသည် သုခဘုံတွင် ဖှေး၏ဘေးနားတွင်ရှိနေရမည်ကို သိသဖြင့် သူမအလွန်ပျော်ရွှင်သွားမိ၏။

“အော်ဟုတ်သားပဲ...ငါ့မှာနင့်ကိုပေးစရာလက်ဆောင်လေးတွေရှိတယ်..”

ဖှေးသည် ညစျေးမှပစ္စည်းများစွာ၀ယ်ယူခဲ့သည်။ သူသည် အန်ဂျယ်လာနှင့်အန်မာတို့အပြင် သူနှင့်အတူအစကတည်းကရှိနေသည့် အယ်လီနာအတွက် မေ့ခဲ့ခြင်းမရှိပေ။ ဖှေးထိုကဲ့သို့ပြောပြီးသည့်နောက်တွင် လက်ဆောင်ပစ္စည်းတစ်ချို့ကို ထုတ်ယူခဲ့သည်။ ကောင်မလေးသည် ပျော်ရွှင်လွန်းသဖြင့် မျက်ရည်ပါ၀ဲလာမိ၏။ သူမသည် ဖှေးပေးသည့် လက်ဆောင်များကို ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးပစ္စည်းများကဲ့သို့လက်ထဲတွင် တယုတယကိုင်ဆောင်ထား၏။

“ကျေးဇူးပါ အလတ်ဇန္ဒား...” ကောင်မလေး၏နှလုံးသာထဲတွင် ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်သွား၏။

မကောင်းဆိုးများကို မကြောက်တတ်သည့် ကောင်မလေးသည်ဖှေးပေးသည့်ပစ္စည်းများကို ဘေးတစ်နေရာတွင်ထားကာ ဖှေး၏ပါးပြင်ကို နမ်းလိုက်သည်။ လျှပ်စီးတစ်ခုသည် ဘုရင်၏နှလုံးသားထဲသို့စီး၀င်သွား၏။

အယ်လီနာနှင့် အန်ဂျယ်လာတို့နှစ်ယောက်လုံးသည် လက်ဆောင်ပစ္စည်များရသည့်အချိန်တွင် တူညီစွာပင် တုန့်ပြန်ကြသည်။ ဖှေးအနည်းငယ် အပြစ်မကင်းသလိုခံစားလိုက်ရသည်။ သူဤကမ္ဘာသို့ရောက်စဥ်ကတည်းက သူသည် မည်ကဲ့သို့သန်မာလာမည်နှင့် ချမ်းဘော့ဒ်ကို မည်ကဲ့သို့သန်မာလာအောင်လုပ်မည်ကိုသာစိတ်ထဲတွင် တွေးနေခဲ့မိသည်။ သူ့ကိုချစ်သည့်ကောင်မလေးနှင့် သူချစ်သည့်ကောင်မလေးနှစ်ယောက်တို့ကိုမူ လုံလောက်သည့်အာရုံစိုက်မှုများမပေးခဲ့မိမှန်းကို သတိထားလိုက်မိသည်။

သူပုန်စခန်းတွင် စီစဥ်စရာရှိသည်များကို စီစဥ်အပြီးတွင် အယ်လီနာသည် ဖှေးဘတ်စ်နှင့် ဘရွတ်တို့ကို ပေးသည့်ညွှန်ကြားချက်များကို တဆင့်ပြန်ပြောပြရန်အတွက် တယ်လီပေါ့တ်ပေါ်တယ်ကို အသုံးပြုပြီးချမ်းဘော့ဒ်သို့ထွက်ခွာသွားတော့၏။ တစ်ဖက်တွင်လည်းဖှေးသည်လူရိုင်းဇာတ်ကောင်အနေဖြင့် လူ့တ်ဂိုလိမ်မြို့တော်သို့သွားကာ [ဆင့်ခေါ်သူ]အလုပ်ကို ပြီးမြှောက်အောင်ဆောင်ရွက်ရန်အတွက် ဆုံးဖြတ်လိုက်သည်။

ဤအခိုက်တန့်တွင် သူ၏လူရိုင်းဇာတ်ကောင်သည့် လယ်ဗယ်၄၀သို့ရောက်ရှိရန်အတွက် အတွေ့ကြုံအမှတ်အနည်းငယ်လိုအပ်နေသေးသည်။ ကစားသူမဟုတ်သည့်ဇာတ်ကောင်များထံမှ၀ယ်ယူထားသည့် အဆင့်၆မှော်ပစ္စည်းများနင့် အဆင့်၇အစိမ်းရောင်စုံတွဲပစ္စည်းများကို ကိုင်ဆောင်လျှက်သူသည် ပုံမှန်အတိုင်းစွမ်းအားမြင့်မားလျှက်ပင်။ ထို့အပြင်သူသည် လူရိုင်းဇာတ်ကောင်၏ခွန်အားများကို အသုံးပြုခြင်းနှင့်ကျွမ်း၀င်နေပြီဖြစ်သည်။ အရာအားလုံးကို ပေါင်းစပ်လိုက်ပါက သူသည် အလယ်လတ်အဆင့် ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်နှင့် ညီမျှ၏။

ဖှေးသည် သူသိသည့်သိုင်းကွက်များကို ချောချောမွေ့မွေ့၊ ထိထိရောက်ရောက်အသုံးချနိုင်ရန်အတွက် အလေ့ကျင့်လိုအပ်နေဆဲပင်။ သို့သော် ပြသနာတစ်ခုမှာ သူ့အားစိတ်အနှောင့်ယှက်ပေးလျှက်ရှိသည်။ သူသည် သူ၏စွမ်းအားများကို ဤကမ္ဘာပေါ်တွင်ရှိသည့် စစ်သည်များကဲ့သို့စွမ်းအားမြင့်တိုက်ခိုက်မှုများဖန်တီးရန်အတွက် လှုံ့ဆော်နိုင်ခြင်းမရှိသေးပေ။ သူ၏ခွန်အားများမှာ တည်ငြိမ်လျှက်ရှိပြီးတခြားအဆင့်တစ်ခုတွင်ရှိနေသည့် စစ်သည်များကို စိန်ခေါ်နိုင်ခြင်းမရှိသေးပေ။

ဤအကြောင်းပြချက်ကြောင့် ဖှေးတတိယောက်မြေပုံသို့မသွားပဲ သူအောင်နိုင်ပြီးသားဖြစ်သည့် အာကိန်းရှုခင်းမြေနေရာသို့သာလာခဲ့သည်။ သူသည်လယ်ဗယ်မြင့်မကောင်းဆိုး၀ါးများကို အသုံးပြုပြီးမနက်ဖြန်တိုက်ခိုက်ရမည့်တိုက်ပွဲအတွက် သင့်လျော်သည့်လယ်ဗယ်သို့ရောက်ရှိရန်ကြိုးစားရမည်ဖြစ်သည်။

“၀ှစ်...”

နေရာမှ ဓားသွားငိုကြွေးသည့်အသံများ ဟိန်းထွက်လာသည်။

“ဖုန်း...”

ကြီးမားသည့်လက်သီးရာကြီးတစ်ခုသည် ကောင်းကင်ပေါ်မှ အာကိန်းရှုခင်းမြေပေါ်သို့ကျဆင်းလာသည်။

မကောင်းဆိုး၀ါးများတစ်ကောင်ပြီးတစ်ကောင်သေဆုံးကုန်ကြသည်။

ဖှေး တိုက်ခိုက်နေခြင်းပင်။

သူသည် သိုင်းကွက်များစွမ်းရည်များကို လိုသလိုလျှင်မြန်စွာပြောင်းလဲအသုံးပြနိုင်စွမ်းကို လေ့ကျင့်နေခြင်းဖြစ်သည်။

ဤနည်းလမ်းဖြင့် သူသည် လူရိုင်းဇာတ်ကောင်တွင် ပင်ကိုယ်ပါရှိသည့်သိုင်းကွက်များကို အသုံးပြုပြီး သူဖန်တီးထားသည့် ကောင်းကင်လက်သီးသိုင်းကွက်ကို အပိုဖြည့်စွက်မှုများ ဆက်လက်ထည့်သွင်းနိုင်သည်။

သူ၏လယ်ဗယ်၃၉ လူရိုင်းဇာတ်ကောင်သည် အစွမ်းများစွာကို ဤအစွမ်းခွဲသုံးခုဖြစ်သည့် [တိုက်ပွဲသုံးသိုင်းကွက်များ][ကျွမ်းကျင်မှုဆိုင်ရာများ][တိုက်ပွဲခေါ်သံများ]စသည်တို့အောက်တွင် သင်ယူပြီးဖြစ်သည်။

တိုက်ပွဲသုံးသိုင်းကွက်များထဲတွင် သူသည် ပစ်မှတ်နှစ်ခုကို တစ်ချိန်တည်းမှာပင်တိုက်ခိုက်နိုင်သည့် [နှစ်ဖက်တိုက်ခိုက်ခြင်း]၊ ရန်သူတစ်ယောက်ကို တစ်ကြိမ်တိုက်ခိုက်ပြီးနောက်တွင် သုံးဆထိခိုက်မှုရှိနိုင်သည့်တိုက်ခိုက်မှုတစ်ခုကို ချက်ခြင်းပြုလုပ်နိုင်ပြီး ရန်သူကို အချိန်တိုတစ်ခုကြာ ရပ်တန့်သွားစေနိုင်သည့် [ပြင်းထန်စွာရိုက်နှက်ခြင်း] စသည့်အစွမ်းများကို သင်ယူပြီးဖြစ်သည်။ [အာရုံစိုက်ခြင်း]အစွမ်းသည် ဖှေး၏တိုက်ခိုက်မှုများကို ပို၍တိကျစေသလိုထိခိုက်စေနိုင်မှုကိုလည်း တိုးမြှင့်ပေးသည်။ [ခုန်ကျော်ခြင်း]အစွမ်းကိုဖှေးတစ်နေရာမှ တစ်နေရာသို့လျှင်မြန်စွာသွားနိုင်ရန်အတွက် အသုံးပြုလေ့ရှိသည်။

ကျွမ်းကျင်မှုဆိုင်ရာများအောက်တွင် [ဓားလက်နက်ကျွမ်းကျင်မှု][ပုဆိန်လက်နက်ကျွမ်းကျင်မှု][လှံရှည်လက်နက်ကျွမ်းကျင်မှု]တို့အပြင် သူသည် သူ၏ခုခံနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည့် [သံမဏိအရေပြား]အစွမ်းနှင့် လူရိုင်းဇာတ်ကောင်အားအဖက်ဖက်မှတိုးမြှင့်ပေးသည့် [လျှင်မြန်မှုတိုးမြှင့်]အစွမ်းများကို သင်ယူခဲ့သည်။

တိုက်ပွဲခေါ်သံများအစွမ်းခွဲအောက်တွင် သူသည် [ဟိန်းဟောက်ခြင်း][ဆေးပုလင်းရှာဖွေခြင်း][အော်ဟစ်ခြင်း][မခံချင်အောင်ပြောဆိုခြင်း] နှင့် [တိုက်ပွဲဟစ်ကြွေးခြင်း] တို့ကို သင်ယူပြီးဖြစ်သည်။ ဤအစွမ်းတစ်ခုခြင်းစီတိုင်းတွင် မှော်ဆန်သည့်သက်ရောက်မှုများရှိပြီး ဖှေး၏ကောင်းကင်လက်သီးအစွမ်းသည် ဤအစွမ်းများနှင့်ပေါင်းစပ်အသုံးပြုပါက သေချာပေါက်ပင် စွမ်းအားများတိုးမြှင့်လာမည်ဖြစ်သည်။

လွန်ခဲ့သည့် လေးနာရီပတ်လုံးတွင် သူသည် သူလုပ်နိုင်သမျှအရာအားလုံးကို အစွမ်းကုန်လုပ်ကာ လေ့ကျင့်နေခဲ့၏။

ဤသည်မှာ သူယခင်ဘ၀တွင် ဂိမ်းကစားခဲ့စဥ်ကတစ်ခါမှမကြုံတွေ့ခဲ့ဖူးသည့်အရာတစ်ခုဖြစ်သော်လည်း သူသည် တိုးတက်မှုတစ်ချို့ကို ပြုလုပ်နိုင်ခဲ့သည်။ ရွှေရောင်နေမင်းသူရဲကောင်းဆူတွန်၊ ရေပူစမ်းမြို့မှ နံပါတ်၁လူငယ်မျိုးဆက်စစ်သည် ဒိုင်လီနှင့် လျို့၀ှက်သည့် ကြယ်ခြောက်လုံးအဆင့်လုပ်ကြံသတ်ဖြတ်သူတို့နှင့် တိုက်ခိုက်ပြီးသည့်နောက်တွင် ဖှေးသည် အတွေ့ကြုံများစွာလဲရရှိလာခဲ့သည်။

ဖှေးအတွက် ကျင့်ကြံရန်လမ်းစဥ်အသစ်တစ်ခုမှာ ဖှေး၏အရှေ့တွင် ဖြေးညှင်းစွာဖြင့် သူ့အလိုလိုထွက်ပေါ်လာလျှက်ရှိ၏။

“ချွင်...”

ဖှေး၏နားထဲတွင် မြည်သံတစ်ခုကို ကြားလိုက်ရသည်။ တစ်ယောက်တည်းအတွေးပေါက်နေသည့်ဖှေးမှာ ရုတ်တရက်နိုးကြားလာ၏။ ကောင်းကင်ပေါ်မှ အဖြူရောင်အလင်းတန်းတစ်ခုဆင်းလာပြီး ဖှေး၏ခန္ဓာကိုယ်ကိုလွှမ်းခြုံလိုက်ကာ ကျေနပ်ဖွ်သက်တောင့်သက်သာခံစားမှုတစ်ခုသည် သူ၏ခန္ဓာကိုယ်ပေါ်မှဒဏ်ရာများကို ဖုံးကွယ်လိုက်၏။ သူခံစားနေရသည့် ပင်ပန်းနွမ်းနယ်မှုများနှင့် နာကျဥ်မှုများမှာလည်း လျှင်မြန်စွာပင် ပျောက်ကွယ်သွားတော့၏။

အရေးကြီးသည့်အချိန်တွင် သူ၏လူရိုင်းဇာတ်ကောင်သည် ထက်မံ၍လယ်ဗယ်တက်သွားပြီဖြစ်သည်။

လေးနာရီခန့်သတ်ဖြတ်ပြီးသည့်နောက်တွင် ဖှေး၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၃၉မှ လယ်ဗယ်၄၀သို့ရောက်ရှိသွား၏။ သူသည် ကျွမ်းကျင်မှုဆိုင်ရာအမှတ်တချို့နှင့် ဂုဏ်သတ္တိဆိုင်ရာအမှတ်တချို့ကိုလည်း ရရှိသွားပြီးဖြစ်သည်။ မနက်ဖြန်တွင် စတင်မည့် တိုက်ပွဲနှင့် ပတ်သက်၍လည်း ပို၍ယုံကြည်ချက်ရှိလာတော့သည်။

[အအေးပတ်ပြီး ပြန်ဖျားနေလို့ပါဗျ။]

All Chapters