← Chapters

အခန်း (၃၁၁)

Vol. 21 Ch. 311

အခန်း (၃၁၁)

Vol. 21 Ch. 311

နောက်တစ်ရက်တွင်ဖြစ်သည်။

တစ်ညတာနှင်းကျပြီးနောက်တွင် ကောင်းကင်ပေါ်တွင်ရှိသည့် နေမင်းကြီးမှာ တောက်

ပလျှက်ရှိသည်။

စခန်းချရာနေရာများ၊ မိုရိုတောင်တန်းများ၊ ရှည်လျားသည့်တာ၀ါတိုင်များနှင့် သိုင်းပ

ညာတောင်တို့မှာ ငွေရောင်နေရောင်ခြည်လွှမ်းခြုံလျှက်ရှိ၏။ မြင်ကွင်းမှာ မှော်ဆန်

ပြီးလှပလှသည်။

စခန်းချရာနေရာများ၏ အလည်ခေါင်တွင်။

မီတာတစ်ရာခန့်အကျယ်၀န်းရှိပြီး အားကစားရုံကြီးတစ်ခုနှင့်သည်တူသည့် အကြီးဆုံးဖြ

စ်သော နံပါတ်၁ဓားကွင်းတစ်ခုရှိသည်။

နေမင်းကြီးသည် မိုးကုတ်စက်၀ိုင်းအောက်မှထွက်လာသည့်အချိန်မှစပြီး လူပေါင်းများ

စွာသည် ဤနေရာသို့ပြေးလာကြပြီး စတိတ်စဥ်ပတ်လည်တွင် နေရာအသီးသီးယူ

ထားပြီးဖြစ်၏။ ယနေ့အချိန်တွင် ကျော်ကြားသည့် ချမ်းဘော့ဒ်တိုင်းပြည်၏ဘုရင်င

ယ်သည် ပို၍အသက်ကြီးသည့်မျိုးဆက်တစ်ခုမှသိုင်းဆရာတစ်ယောက်ဖြစ်သည့် အဆ

င့်၇အထူးပါးကွပ်သားတစ်ယောက်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ကောလဟာလများအရ စစ်သည်နှစ်ယောက်လုံးသည် အနည်းဆုံးကြယ်ခြောက်လုံးအ

ဆင့်ရှိသည့် သိုင်းဆရာများဖြစ်ကြသည်။ ဤလယ်ဗယ်ရှိသည့် သိုင်းဆရာနှစ်ယော

က်၏တိုက်ပွဲမှာ ဇီးနစ်အင်ပါယာထဲတွင် မဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းအတော်ပင်

ကြာနေပြီဖြစ်၏။

ဇီးနစ်အင်ပါယာတွင်ရှိသည့် စစ်သည်များအတွက် ဤကဲ့သို့တိုက်ပွဲမျိုးကို မြင်တွေ့ရရ

န်မှာ ခဲယဥ်းလှသည်။ ဤကဲ့သို့တိုက်ပွဲမျိုးကို ကြည့်ခြင်းဖြင့် စစ်သည်များသည်

များစွာလေ့လာသင်ယူနိုင်မည်ဖြစ်သောကြောင့်ပင်။ တစ်ချို့ဘုရင်များနှင့် ဇီးနစ်အင်ပါ

ယာထဲတွင်ရှိသည့် အရာရှိများအတွက် ဤကဲ့သို့သောဖြစ်ရပ်မှာ လူများစွာ၏အာရုံစို

က်မှုကို ဆွဲဆောင်နိုင်မည်ဖြစ်သောကြောင့် ဤသည်မှာ သူတို့အတွက် ပုံမှန်တွင်

တွေ့ရလေ့မရှိသည့်လူများကို တွေ့ဆုံနိုင်ရန်အတွက် အခွင့်ရေးတစ်ခုပင်။

တိုက်ပွဲမစတင်မှီငါးနာရီခန့်လိုသေးပြီး ဓားကွင်းစင်ပတ်လည်တွင် လူများသည် စုရုံး

ကာရောက်ရှိနေကြပြီဖြစ်သည်။ သူတို့အားလုံးသည် တိုက်ပွဲကို အနီးကပ်မှကြည့်ရှု

လိုကြသည်ဖြစ်သောကြောင့် လူများအလွန်ကြပ်လျှက်ရှိ၏။ တစ်နာရီခန့်သာလိုတော့

သည့်အချိန်တွင် အရေးကြီးပုဂ္ဂိုလ်များအတွက် VIP ပွဲကြည့်နေရာမှလွဲ၍ ကျန်ရှိ

နေသည့်နေရာတွင် နေရာလွတ်မကျန်ရှိတော့ပေ။

အချိန်များကုန်ဆုံးလာသည်နှင့်အတူ လူများသည်လည်း စိတ်လှုပ်ရှားစပြုလာပြီဖြစ်သ

ည်။

ယှဥ်ပြိုင်တိုက်ခိုက်မည့် လူနှစ်ယောက်မှာရောက်ရှိလာခြင်းမရှိသေးသော်လည်း ပတ်၀

န်းကျင်တွင်ရှိသည့်လေထုမှာ အလွန်တင်းမာလျှက်ရှိသည်။ စင်ပတ်လည်တစ်ကီလိုမီ

တာခန့်တွင်ရှိသည့် နေရာလပ်တိုင်းတွင် လူများဖြင့်ပြည့်နှက်နေ၏။ ဤနေရာအပြင်

ဘက်တွင် နောက်ကျမှရောက်ရှိလာသူများသည် တိုက်ပွဲကိုကောင်းမွန်စွာဖြင့် မြင်တွေ့

နိုင်ရန်အတွက် သစ်သားစင်များဆောက်လုပ်ထားကြ၏။

လူများကြားထဲတွင် တိုက်ခိုက်မည့်လူနှစ်ယောက်လာရောက်နိုင်ရန်အတွက် သုံးမီတာခ

န့်ကျယ်၀န်းသည့် လျှောက်လမ်းကျဥ်းတစ်ခုကို ဖန်တီးထားသည်။

သူရဲကောင်းနန်းတော်မှ ပါးကွပ်သားသူရဲကောင်းစစ်သည်များသည် လက်နက်များအပြ

ည့်စုံတပ်ဆင်ထားကြပြီး အင်ပါယာ၏အရေးကြီး ပုဂ္ဂိုလ်များ VIPနေရာသို့ရောက်ရှိ

နိုင်ရန်အတွက် လူများကို ခွဲခြားလျှက်ရှိသည်။ ဓားကွင်းအခု၅၀မှာ အင်ပါယာမှကြို

တင်ကာ ဆောင်လုပ်ပေးထားသည့်နေရာများဖြစ်သည်။ မတူညီသည့်တိုင်းပြည်များမှ

စစ်သည်များသိုင်းဆရာများကြားထဲတွင် အချင်းများမှုများရှိခဲ့ပါက သူတို့သည် နှစ်ကို

ယ်ခြားတိုက်ပွဲများဆင်နွှဲခွင့်မရှိပေ။ သို့သော် ဓားကွင်းများထဲတွင် သေသည်အထိတိုက်

ပွဲများကို စီစဥ်ကာတိုက်ခိုက်နိုင်ကြသည်။

ဓားကွင်းများတွင်ရှိသည့် စင်တစ်ခုခြင်းစီတိုင်းကို ကြီးမားသည့်ကျောက်တုံးကြီးများဖြင့်

ပြုလုပ်ထားခြင်းဖြစ်ပြီး အဆင့်မြင့်မှော်ဆရာများမှ မှော်အစီစဥ်များကို လည်းဖန်

တီးထားသည်။ ဤမှော်အစီရင်များကို မှော်သလင်းကျောက်များစွာမှ မှော်စွမ်းအင်

များထောက်ပံ့ပေးထားပြီး စွမ်းအင်အကာရံများကိုထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဤစဥ်များပေါ်တွင် စစ်သည်သိုင်းဆရာများမည်ကဲ့သို့ပင် တိုက်ခိုက်စေကာမူ

စင်ကို ပျက်ဆီးအောင်ပြုလုပ်နိုင်ကြမည်မဟုတ်ပေ။ ဤနံပါတ်၁ဓားကွင်းမှာ မှော်အစီ

ရင်များကိုမူ တော်၀င်မှော်ဆရာကြီး ကပ်ဒီဗီလာကိုယ်တိုင်စီရင်ပေးထားခြင်းဖြစ်၏။

မှော်တလင်းကျောက်များမှ စွမ်းအားလုံလုံလောက်လောက်ထောက်ပံ့ပေးပါက ဤတို

က်ခိုက်ရေးစင်ကြီးသည် ကြယ်၇လုံးအဆင့်မှော်ဆရာတစ်ဦး၏တိုက်ခိုက်မှုမျိုးကိုပင်

ကြံ့ကြံ့ခံနိုင်စွမ်းရှိ၏။

နေမင်းကြီးသည် ကောင်းကင်ပေါ်သို့မြင့်တက်လာနေသည်နှင့်အတူလူများသည်လည်းစိ

တ်လှုပ်ရှားစ ပြုလာကြပြီဖြစ်သည်။

ကြီးမားသည့် ကာစီနိုကြီးများနှင့် လောင်းကစားသမားများသည်လည်း အနိုင်အရှုံးအ

ပေါ်တွင် လောင်းကြေးများစတင်နေကြပြီဖြစ်သည်။ ပို၍အသက်ကြီးသည့် မျိုးဆက်

မှသိုင်းဆရာတစ်ယောက်ဖြစ်သည့်အတွက် လူအများသည် ခီလုနိုင်မည်ဟု ယုံကြည်

ချက်ရှိနေကြ၏။ ဆွေကြီးမျိုးကြီး၊ အမျိုးသားများအမျိုးသမီးများအတွက် ကြယ်ခြော

က်လုံးအဆင့်စစ်သည်များအသေအကြေတိုက်ခိုက်ကြမည့်တိုက်ပွဲမှာ ကိုလိုစီရမ်များတွင်

ဂလက်ဒီရေတာများတိုက်ခိုက်ကြသည်ထက်ပို၍ စိတ်၀င်စားစရာကောင်းသည်မှာ အမှ

န်အကန်ပင်။ ဤလူများသည် လောင်းကြေးများစွာလောင်းကြပြီး နံပါတ်၁ဓားကွင်း

သို့ရောက်ရှိကာ တိုက်ပွဲစတင်မည်ကိုစောင့်စားနေကြ၏။

အချိန်သည် ဖြေးညှင်းစွာဖြင့် တရွေ့ရွေ့ကုန်ဆုံးလျှက်ရှိသည်။

မြင်းခွာသံများထွက်ပေါ်လာသည်နှင့်အတူ လူတစ်စုသည်မြို့တော်စိန့်ပီတာာစဘာ့တ်တ

ည်ရှိရာအရပ်ထံမှ လာလျှက်ရှိသည်။ လေထဲတွင်လွှင့်ပျံနေသည့် အလံများ၊ ချပ်၀

တ်အပြည့်စုံ၀တ်ဆင်ထားသည့်မြင်းစစ်သည်များနှင့် ဤတပ်ဖွဲ့သည်အလည်ထဲတွင်

မှော်ရထားလုံးများစွာကို ကာကွယ်ရင်းဖြင့် ဓားကွင်းသို့ချည်းကပ်လာ၏။

“ဟာ အဲ့တာတာ ဒီးန်မိသားစုပဲ။ သူတို့က ထိပ်တန်းတပ်ဖွဲ့ဆယ်ခုထဲက တစ်ခုဖြစ်တဲ့

[သိမ်းငှက်တောင်ပံ]တပ်ဖွဲ့ကို ထိန်းချုပ်တဲ့လူတွေ။ မင်းက သိမ်းငှက်ပုံတွေရေး

ထိုးထားတဲ့ ချပ်၀တ်၀တ်ထားတဲ့လူငယ်ကိုတွေ့လား။ သူက မိသားစုအမွေကိုဆက်ခံမ

ယ့်နိုင်တဲ့လူတွေကထဲကတစ်ယောက် ပါရမီရှင်မှော်ဆရာ ဒီးန်-ကာဇိုလာပဲ...”

တစ်စုံတစ်ယောက်မှာ သူ၏သူငယ်ချင်းကို ပြောကြားလိုက်သည်။

လူအများအာမေဍိတ်သံများစတင်၍ ပြုလုပ်ကြတော့သည်။

သိမ်းငှက်ပုံများထွင်းထုထားသည့် ချပ်၀တ်များ၀တ်ဆင်ထားသောမြင်းတပ်ဖွဲ့များသည်

လူအုပ်၏ဘေးမှဖြတ်သွားပြီး ညစ်ပတ်သည့်ရေများကို လူအုပ်ထံသို့လွှင့်စင်သွားစေသ

ည်။ ဤဗွက်ရေများသည် မနေ့ညက ကျဆင်းထားသည့်နှင်းများအရေပျော်ရာမှဖြစ်

ပေါ်လာခြင်းဖြစ်သည်။ မှော်ရထားလုံးသည်လေထဲတွင် ၀ဲပျံနေပြီး မြင်းပေါင်းများစွာမှ

ဆွဲလာခြင်းဖြစ်၏။ သူတို့ နံပါတ်၁ဓားကွင်းသို့ရောက်ရှိသည့်အချိန်တွင် ဆွေကြီးမျိုး

ကြီးအမျိုးသမီးတစ်ချို့ ရထားလုံးအတွင်းမှထွက်လာပြီး စစ်သည်များ၏အစောင့်အ

ရှောက်ဖြင့် VIPနေရာသို့သွားကြ၏။

ဒီးန်မိသားစုရောက်ရှိလာခြင်းသည် လူအများသာမန်နေ့ရက်များတွင် မြင်တွေ့ရလေ့မရှိ

သည့် ဆွေကြီးမျိုးကြီးမိသားစုများရောက်ရှိလာခြင်းကို ကြေငြာလိုက်သကဲ့သို့ပင်။ မြ

င်းခွာသံများ ထက်မံ၍ထွက်ပေါ်လာပြီး နောက်ထပ်တပ်ဖွဲ့တစ်ခုသည် မြင်ကွင်းထဲတွ

င်ပေါ်လာ၏။

မော်ကြွားသည့်သူရဲကောင်းစစ်သည်များနှင့် မှော်သားရဲများဆွဲထားသည့် မှော်ရထား

လုံးများသည် တစ်ခုပြီတစ်ခုရောက်ရှိလာကြသည်။

“၀ေါင်း...”

နားစူးစေသည့် ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာပြီး ကျားများနှင့်တူသည့် မှော်သား

ရဲခြောက်ကောင်ဆွဲလာသည့် မှော်ရထားလုံးသုံးခုသည် လူအုပ်၏ဘေးမှဖြတ်သန်းသွား

သည်။ ဤသားရဲများသည် အနည်းဆုံးခြောက်မီတာခန့်မြင့်မားပြီး ၁၀မီတာခန့်ရှည်

လျားကြသည်။ ရထားလုံးများမှာလည်း ရှားပါးသည့်အနီရောင်သစ်တစ်မျိုးဖြင့် ပြုလု

ပ်ထားပြီးအနားများကို ရွှေကွပ်ထားကာ အနီရောင်မှော်မီးတောက်များ ခြံရံလျှက်ရှိ

သည်။ ဤသားရဲကြီးများသည် ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် တ

စ်ချို့လူများဆိုလျှင်သားရဲများသူတို့၏ဘေးမှ ဖြတ်သန်းသွားသည့်အချိန်တွင် ကြောက်

လန့်တကြားအော်ဟစ်လိုက်မိကြသည်။ ဤသားရဲများသည် မှော်သားရဲများဖြစ်သည်မှာ

သေချာပြီးမြင်နိုင်စွမ်းရှိသည့် လေစွမ်းအင်ဓားသွားများမှာ သူတို့ခန္ဓာကိုယ်တစ်၀ိုက်တွင်

၀န်းရံလည်ပတ်လျှက်ရှိကြ၏။

“ကြည့်စမ်း..အဲ့တာက ဖလိုမိသားစုရဲ့သင်္ကေတပဲ။ ဘုရားရေ သူတို့တွေ ရထား

ဆွဲဖို့အသုံးပြုနေတာက အဆင့်၅နတ်ဆိုးမှော်သားရဲတွေပဲ ဒီလိုသားရဲတွေကတစ်ကော

င်ကို အနည်းဆုံးရွှေဒင်္ဂါးတစ်ထောင်လောက်ရှိတယ်။ တစ်ချို့လူတွေဆိုရင်တစ်သက်

လုံးတစ်ကောင်တောင်၀ယ်နိုင်ကြတာမဟုတ်ဘူး။”

သိကျွမ်းသည့်လူတစ်ချို့မှာ အော်ဟစ်လိုက်မိကြသည်။

ဖုန်း...

မြေပြင်တစ်ခုလုံးတုန်ခါစပြုလာသည်။ ကျားများထက်ပင်ကြီးမားသည့်မှော်သားရဲအုပ်စု

တစ်ခုရောက်ရှိလာ၏။ ဤသားရဲကောင်ကြီးများမှာ အလွန်ကြီးမားလွန်းလှသဖြင့်

တောင်ကုန်းငယ်များကဲ့သို့ပင်။ ၄င်းတို့ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်းတွင်

မြေပြင်တစ်ခုလုံးတုန်ခါသွား၏။ အမဲရောင်မျက်နှာဖုံးတစ်ခုကို ၀တ်ဆင်ထားသည့်သူ

ရဲကောင်းတစ်ယောက်သည် ထိုသားရဲတစ်ကောင်၏ခန္ဓာကိုယ်ပေါ်တွင် စီးနှင်းကာလိုက်

ပါလာလျှက်ရှိပြီး သူသည် မောက်မာသည့် ပုံစံရှိသည့် ငယ်ရွယ်လှပသောမိန်းက

လေးတစ်ယောက်နှင့် ခရမ်းရောင်မုတ်ဆိတ်များနှင့် အဖိုးကြီးတစ်ယောက်ကို ကာကွ

ယ်စောင့်ရှောက်လျှက်ရှိ၏။

“ကြည့်စမ်း အဲ့တာက မဟာအင်အားတပ်ဖွဲ့ကို ထိန်းချုပ်တဲ့ ဘတ်ဂ်မိသားစုပဲ။

နောက်ထပ်အင်ပါယာထိပ်တန်းတပ်ဖွဲ့ဆယ်ခုထဲကတစ်ခုလေ။ အဲ့သားရဲကောင်ကြီးတွေက

သူတို့တပ်ဖွဲ့ရဲ့ထူးခြားတဲ့ တိုက်ပွဲသုံးသားရဲတွေပဲ။ အဲ့ကောင်ကြီးတွေက အတော်စွ

မ်းအားကြီးပြီးတော့ တောင်တွေကိုတောင်လွယ်လွယ်ကူကူထိုးဖောက်သွားနိုင်တယ်။”

“ကြည့်လိုက် အဲ့အေးစက်စက်နဲ့မိန်းမလှလေးကို မြင်လား။ သူက ဘတ်ဂ်မိသားစု

လက်ရှိခေါင်းဆောင်ရဲ့တစ်ဦးတည်းသောသမီး ဘတ်ဂ်-ဘီယွန်းဆေးပဲ။ သူက ခေါ

င်းဆောင်အဖိုးကြီးရဲ့အနှစ်သက်ဆုံးသမီးတစ်ယောက်လို့လဲကြားတယ်။ သူ့ကိုလက်ထပ်

ယူတဲ့ယောက်ျားကို ဘတ်ဂ်မိသားစုက ငွေကြေးရောနိုင်ငံရေးအထောက်ပံ့ရောအပြည့်

၀ပေးမယ်လို့ကြားတယ်။ သူက ယောက်ျားလေးတော်တော်များများရဲ့ အိမ်မက်ထဲက

အမျိုးသမီးပဲ...”

“ဟုတ်လား....ဘုရားရေငါသူနဲ့လက်ထပ်ချင်လိုက်တာ...”

“မင်းကတော့ စိတ်ကူးတောင်မယဥ်လိုက်မိစေနဲ့ သူမကိုယ်တိုင်ကလဲ အရည်ချင်းရှိတဲ့

မိန်းကလေးတစ်ယောက်ပဲ။ သူမတစ်ခါပြောဖူးတာက သူ့ကိုပိုင်ဆိုင်ချင်ရင် အရင်သူ့ကို

ယှဥ်နိုင်အောင်လုပ်ရမယ်ဆိုလားပဲ....”

လူအုပ်အတွင်းမှ အာမေဍိတ်သံများထွက်ပေါ်လာ၏။

လူအများတစ်ဦးနှင့် တစ်ဦးစကားပြောနေသည့်အချိန်အတွင်းတွင် တစ်ခြားဆွေကြီး

မျိုးကြီးမိသားစုများလည်းတစ်သုတ်ပြီတစ်သုတ်ထက်မံ၍ရောက်ရှိလာ၏။ နာမည်ကြီး

လူများစွာရောက်ရှိလာသည်နှင့်အမျှလူအများသည် တစ်စုံတစ်ခုထူးဆန်းနေသည်ကို

ခံစားလာမိသည်။ အင်ပါယာအတွင်းတွင်ရှိသည့် အင်အားကြီးအဖွဲ့စည်းများကိုယ်တို

င်ရောက်ရှိလာခြင်းဖြစ်သဖြင့် ဖြစ်ပွားတော့မည့်တိုက်ပွဲမှာ သူတို့ထင်ထားသည်ထက်ပင်

သာလွန်နေသည့်အဓိပ္ပာယ်ပင်။

“၀ှစ်...”

ကောင်းကင်ပေါ်တွင် အလင်းတန်းများစွာဖြတ်သန်းသွားသည်။

လူအုပ်အတွင်းတွင်ရှိနေသည့် လူများသည် သူတို့၏မျက်လုံးများ၀ေ၀ါးသွားသကဲ့သို့ခံ

စားလိုက်ရပြီး နောက်ထပ်လူခြောက်ယောက်သည် VIPခုံများပေါ်သို့ရောက်ရှိနေပြီဖြ

စ်သည်။ ဤခြောက်ယောက်မှာ ထူးဆန်းသော်လည်း စွမ်းအားပြည့်၀သည့်မှော်ချပ်၀

တ်များကို ၀တ်ဆင်ထားကြပြီး သူတို့၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအားအရှိန်

၀ါများကို ထုတ်လွှတ်လျှက်ရှိကြသည်။ စစ်သည်များ မှော်ဆရာများမဟုတ်သည့်လူ

များပင် သူတို့၏အရှိန်၀ါကို ခံစားနေရသည်။ ဤလူခြောက်ယောက်ရောက်လာသည့်နှ

င့်တပြိုင်နက်ဟိန်းဟောက်နေကြသည့် သားရဲကောင်များသည်လည်း ကြောင်ရှေ့သို့

ရောက်ရှိသည့်ကြွက်များသဖွယ်ငြိမ်ကုတ်သွားကြတော့၏။

“သူတို့က သူရဲကောင်းနန်းတော်က အထူးပါးကွပ်သားသူရဲကောင်းတွေပဲ။ သူတို့တွေ

အကုန်လုံးကီလုနဲ့အဆင့်တူတဲ့ ထိပ်တန်းသိုင်းဆရာတွေ...ဘုရားရေ ငါသူတို့ရော

က်လာမယ်လို့လုံး၀ထင်မထားမိဘူး။ သူတို့တွေက ကီလုကိုများအားပေးဖို့ရောက်လာ

ကြတာလား။ အဲ့လိုဆိုရင်တော့ ချမ်းဘော့ဒ်ဘုရင်တော့ ဒုက္ခရောက်ပြီထင်တယ်..

.” တစ်စုံတစ်ယောက်မှာ ပြောလိုက်၏။

“သူတို့တွေက အဆင့်၂ အထူးပါးကွပ်သား သတ်ဖြတ်ခြင်းသူရဲကောင်း၊ အဆင့်၃

အပစ်ပေးခြင်းသူရဲကောင်း၊ အဆင့်၄ မဟာဓားသွားသူရဲကောင်း၊ အဆင့်၅ ရက်စက်

ခြင်းသူရဲကောင်း၊ အဆင့်ခြောက် အလင်းတန်းသူရဲကောင်း၊အဆင့်၈ အဖြူရောင်တိ

မ်တိုက်သူရဲကောင်း၊ တွေပဲ။ အဆင့်၁နတ်ဘုရားသူရဲကောင်း၊ အဆင့်၇အရိပ်သူရဲ

ကောင်းနဲ့ အဆင့်၁၀ရွှေရောင်နေမင်းသူရဲကောင်းက လွဲပြီးတော့ သူတို့တွေကုန်ဒီ

မှာရောက်နေကြတာပဲ...နှစ်တွေအတော်ကြာတဲ့အထိ သူတို့တွေကို အခုလို အ

တူတွေ့ရတာပထမဆုံးပဲ...”

“ကြယ်ခြောက်လုံးအဆင့်စစ်သည် ခြောက်ယောက်ပေါ့...” ငါအမြင်မှားနေ

တာတော့မဟုတ်ဘူးမလား...”

All Chapters