← Chapters

အခန်း (၃၁၂)

Vol. 21 Ch. 312

အခန်း (၃၁၂)

Vol. 21 Ch. 312

“ဟာ အလင်းတန်းသူရဲကောင်း ပါရိုစကီ ငါ့ရဲ့အိုက်ဒေါကြီးပဲ...”

အထူးပါးကွပ်သားသူရဲကောင်းခြောက်ယောက်ရောက်ရှိလာခြင်းသည် လေထုကို

တောက်ပသွားစေ၏။ သူတို့တစ်ယောက်ခြင်းစီတိုင်းသည် သူရဲကောင်းနန်းတော်၏ အ

ခွင့်အာဏာတစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားကြပြီး အဖွဲ့၀င်နိုင်ငံများအပေါ်တွင်လည်း

တရားစီရင်နိုင်သည်။ ထို့ကြောင့် သူတို့သည် အဖွဲ့၀င်တိုင်းပြည်များတွင်ရှိသည့် စစ်

သည်များ၏မျက်လုံးများထဲတွင် နတ်ဘုရားများကဲ့သို့ပင် ဖြစ်ပြီး အဖွဲ့၀င်တိုင်းပြည်များမှ

သိုင်းဆရာများသည် ၄င်းတို့အား တစ်သက်လုးတွင် တစ်ခါပင်တွေ့မြင်နိုင်ရန်အတွက်

ခဲယဥ်းလွန်းလှသည်။ အဆင့်နိမ့်သိုင်းဆရာများမှာ သူတို့ကို ဤနေရာတွင်တွေ့မြင်ခွင့်

ရရှိလိမ့်မည်ဟု ထင်မထားပေ။ ခူလက်ကို ပါပေါင်းထည့်ပါက သူတို့သည်ယနေ့တွင်

ဇီးနစ်အင်ပါယာ၏အထူးပါးကွပ်သားစစ်သည် ၇ယောက်ကို တွေ့မြင်ခွင့်ရလိုက်ကြသ

ည်။၊ သူတို့အားလုံးစိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြ၏။

ပွဲကြည့်စင်တွင်ထိုင်နေကြသည့် ဆွေကြီးမျိုးကြီးများနှင့် အရေးကြီးပုဂ္ဂိုလ်များသည်

လည်း အံ့သြနေကြ၏။ သူတို့သည် ယနေ့အချိန်တွင် ဤမျှများပြားသည့်အင်အားစု

များကို တွေ့မြင်ရလိမ့်မည်ဟုထင်ထားခြင်းမရှိပေ။ တိုက်ပွဲတစ်ခုသည် အရေးကြီးပု

ဂ္ဂိုလ်များစွာ၏အာရုံစိုက်မှုကို ဆွဲဆောင်လိမ့်မည်ဟုသူတို့အားလုံးထင်မထားခဲ့ကြချေ။

တစ်ချို့လူများဆိုလျှင် ပြန်လည်ကာပင်စဥ်းစားလိုက်မိကြပြီး ဤတိုက်ပွဲနှင့်ပတ်သက်

သည့်အရေးကြီးကိစ္စတစ်ခုရှိနေနိုင်လားဟုပင် ပြန်လည်ကာစဥ်းစားနေမိကြ၏။

နောက်ဆုံးတွင် နေမင်းကြီးသည်ကောင်းကင်၏အလည်ခေါင်တည့်တည့်တွင် ရောက်

ရှိနေပြီဖြစ်သည်။

ရုတ်တရက် နားစူးစေသည့် မြည်သံတစ်ခုနှင့်အတူ အနီရောင်အလင်းတန်းတစ်ခုသည်

သူရဲကောင်းနန်းတော်တည်ရှိရာအရပ်ထံမှ တိုက်ပွဲစင်မြင့်ထံသို့ဦးတည်ကာ ပျံသန်း

လာ၏။ အလင်းတန်းသည် ဖြတ်သန်းသွားရင်းဖြင့် အရိုးပင်အေးစက်စေသည့် သွေး

သံရဲရဲခံစားချက်ကို လေထုထဲတွင် ချန်ထားခဲ့သည်။ ဤအရာကို အာရုံခံလိုက်မိသည့်

လူများသည် သူတို့သည့် သွေးသံရဲရဲအလောင်းများဖြင့် ပြည့်နှက်နေသည့် နေရာတစ်

ခုသို့ပင်ရောက်သွားသကဲ့သို့ခံစားလိုက်ရသည်။ အစစ်မှန် ခြောက်ခြားဖွယ်ပင်။

အလင်းတန်းပျောက်ကွယ်သွားသည့်အချိန်တွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်သည်

နံပါတ်၁ဓားကွင်း၏ တိုက်ပွဲစင်မြင့်ပေါ်တွင် ရပ်လျှက်ရှိနေ၏။

သွေးဆာနေသောသူရဲကောင်း ခီလုပင်။

အထူးပါးကွပ်သားဆယ်ယောက်ထဲမှ နံပါတ်၇သူရဲကောင်းဖြစ်သည်။

ဤတိုက်ပွဲတွင် ပါ၀င်ဆင်နွှဲမည့် လူနှစ်ယောက်ထဲမှတစ်ယောက်သည် ရောက်ရှိလာပြီ

ဖြစ်သည်။

“ချမ်းဘော့ဒ်ဘုရင် မင်းအခုလာပြီး မင်းရဲ့သေခြင်းကို နှုတ်ဆက်လိုက်တော့....

“ထိုလူသည် အရှည်ဆုံးစင်မြင့်ပေါ်တွင် ရပ်နေရင်းဖြင့် ကျယ်လောင်စွာရယ်မောလို

က်သည်။ “အချိန်ကျနေပြီမင်း အခုထိမရောက်သေးဘူးလား...မင်းကြောက်နေ

ပြီလား...” သူ၏အသံသည် အေးစက်ပြီး ထိတ်လန့်ဖွယ်ပင်။

အဆင့်၇ပါးကွပ်သားသူရဲကောင်းအော်ဟစ်လိုက်သည့်အသံသည် လူပေါင်းသောင်းချီပြု

လုပ်နေသည့် ဆူညံသံများကို ဖုံးလွှမ်းသွား၏။ လူတိုင်းသည် ချမ်းဘော့ဒ်ဘုရင်၏တု

န့်ပြန်မှုကို စောင့်စားနေကြသည်။

သို့သော် မိနစ်အနည်းငယ်ကြသည့်တိုင်အောင် လူတိုင်းစောင့်မျှော်နေကြသည့် ချ

မ်းဘော့ဒ်ဘုရင်သည် ရောက်ရှိလာခြင်းမရှိသေးပေ။

“.....”

သူ၏ရန်သူထံမှ မည်သည့်တုန့်ပြန်မှုကိုမှ ပြန်ကြားရခြင်းမရှိသည့်အချိန်တွင် အဆင့်၇

ပါးကွပ်သားသူရဲကောင်းသည် လူများထင်ထားသကဲ့သို့ စိတ်ဆိုးခြင်းမရှိပေ။ သူစင်မြ

င့်ပေါ်၌ပင်တည်ငြိမ်စွာဖြင့် မက်တပ်ရပ်နေရင်း တရားထိုင်ရန်အတွက် သူ၏မျက်

လုံးများကို မှိတ်လိုက်သည်။ အနီရောင်စွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်ကို

လွှမ်းခြုံသွားပြီး လူများသူ၏မျက်နှာကိုပင် ကောင်းမွန်စွာမြင်နိုင်ခြင်းမရှိတော့ပေ။

အ၀ေးမှကြည့်ပါက သူသည် ထိုးဖောက်ကာမြင်နေရသည့်အတိုင်းပင်။ ဤသည်မှာ

အလွန်ထူးဆန်းလှသည်။

ဤလူသည် စောင့်စားနေခြင်းဖြစ်သည်။

အတိအကျဆိုရပါက မွန်းတည့်ချိန်သို့မရောက်မှီ ၁၀မိနစ်ခန့်လိုအပ်နေသေးသည်။

စင်ပတ်လည်တွင် ရှိသည့်လေထုမှာ အလွန်ပင်တင်းမာလျှက်ရှိသည်။

အဆင့်၇သူရဲကောင်းဒေါသဖြစ်နေသည်ကို လူတိုင်းရိပ်မိကြသည်။

မည်သူမှစကားကျယ်ကျယ်ပြောရဲခြင်းမရှိပေ။ စင်ပေါ်တွင်ရှိနေသည့် လူထံမှထွက်လာ

သည့်အရှိန်၀ါတစ်ခုတည်းဖြင့်ပင် သူတို့သည် အလောင်းမျာအလည်တွင်ရပ်နေသကဲ့သို့

ခံစားနေရ၏။ ရဲရင့်သည့်လူများပင် အသက်ပြင်းပြင်းမရှူရဲကြပေ။ ကြောက်တတ်သ

ည့်လူများဆိုလျှင် ဖြူဖက်ဖြူရော်ပင်ဖြစ်နေကြ၏။

သွေးဆာနေသောသူရဲကောင်း၏နာမည်မှာ အလွန်ကြောက်မက်ဖွယ်ဖြစ်သဖြင့် အဖွဲ့၀

င်တိုင်းပြည်တိုင်းမှလူများသည် သူ့ကို ကြောက်လန့်ကြသည်။

VIPခုံများတွင် ထိုင်နေသည့် အရေးကြီးပုဂ္ဂိုလ်များပင် ယခင်ကဲ့သို့ဟာသများမပြော

ရဲကြတော့ပေ။ သူတို့အားလုံးတိတ်တိတ်ဆိတ်ဆိတ်ပင် ထိုင်နေကြ၏။ သူရဲကောင်းန

န်းတော်မှာ ဇီးနစစ်အင်ပါယာထဲတွင် အရက်စက်ဆုံးနှင့်အမှောင်မိုက်ဆုံးဌာနတစ်ခုဖြစ်

၏။ သူတို့အား အင်ပါယာအရှင်သခင်ကိုယ်တိုင်သာ တိုက်ရိုက်အမိန့်ပေးနိုင်ပြီး သူ

တို့ထံတွင် အဖွဲ့၀င်နိုင်ငံ၂၅၀နိုင်ငံနှင့် ဆွေကြီးမျိုးကြီးမိသားစုများအားလုံးကို စောင့်ကြ

ည့်နိုင်သည့်အခွင့်အာဏာရှိသည်။ အင်ပါယာ၏သာမန်ဥပဒေများသည် သူတို့အပေါ်တွင်

သက်ရောက်ခြင်းမရှိပေ။ နာမည်ကျော်ကြားပြီး စွမ်းအားမြင့်သည့်အဖွဲ့၀င်နိုင်ငံများမှ

ဘုရင်များ၊ ဆွေကြီးမျိုးကြီးမိသားစု၀င်များ သည် သူတို့၏စွပ်စွဲဖမ်းစီးခြင်းကို ခံရကာ

ကြေးတိုင်တွင်ချည်နှောင်ပြီး မီးရှို့ကာကွပ်မျက်ခံခဲ့ရဖူးသည်။ ဇီးနစ်အင်ပါယာ၏အလွ

န်လွှမ်းမိုးနိုင်သော ဆွေကြီးမျိုးကြီးမိသားစု၀င်များကိုပင် သူတို့အပြစ်ပေးကွပ်မျက်ခဲ့ဖူး

သည်။ သူရဲကောင်းနန်းတော်၏ရွှေတိုင်ပေါ်တွင် အင်ပါယာအရှင်သခင်၏ ညီအကို

၃ယောက်နှင့် မင်းသမီးလေးပါးတို့ကိုလဲ အပြစ်ပေးမီးရှို့သတ်ဖြတ်ခဲ့ဖူးသည့် သမိုင်းရှိ

သည်။

သူရဲကောင်းနန်းတော်ထဲတွင်ရှိသည့်အကျဥ်းထောင်သည် ရက်စက်မှုနှင့် အမှောင်မိုက်

ဆုံးသောသေခြင်းတရားကို ကိုယ်စားပြု၏။

အဆင့်၇ပါးကွပ်သားသူရဲကောင်းကို သွေးဆာနေသောသူရဲကောင်းဟုအကြောင်းပြချက်

တစ်ခုကြောင့်အမည်ပေးထားခြင်းဖြစ်သည်။ သူသည် မာကြောကာသူများနှင့်မတူ

အောက် ရက်စက်တတ်သည့်အတွက်ပင်။ သူ၏ရွှေရောင်အတွင်းအားစွမ်းအင်များမှာ

အနီရောင်အဖြစ်သို့ပြောင်းလဲသွားရခြင်းမှာ သူသည် လူပေါင်းများစွာကိုသတ်ဖြတ်ခဲ့ဖူးပြီး

သွေးအငွေ့သက်များစွန်းထင်းသွားသောကြောင့်ပင်။ အထူးပါးကွပ်သားဆယ်ယောက်လုံး

သည် ထူးခြားပြီး ကိုယ်ပိုင်အစွမ်းသတ္တိများကို ပိုင်ဆိုင်ထားသော်လည်း သတ်ဖြတ်

လိုသည့် ဆန္ဒနှင့် ရက်စက်မှုနေရာတွင် ခူလတ်ကို ယှဥ်နိုင်သူမရှိပေ။

ဇီးနစ်အင်ပါယာထဲတွင် လူသန်းပေါင်းများစွာရှိသည့်အနက် အထူးပါးကွပ်သားသူရဲ

ကောင်းများကို မကြောက်သည့်လူများမှာ စွမ်းအားကြီးပုဂ္ဂိလ်တစ်ချို့နှင့် အင်ပါယာအ

ရှင်သခင်ယရှင်းကိုယ်တိုင်သာရှိသည်။

“ချမ်းဘော့ဒ်ဘုရင်မင်း....”

မိနစ်အနည်းငယ်ထက်မံကုန်ဆုံးသွားသည့်အချိန်တွင် အဆင့်၂အထူးပါးကွပ်သားသူရဲ

ကောင်းဖြစ်သည့် ရက်စက်ခြင်းသူရဲကောင်းသည် ရုတ်တရက်ပြောလိုက်၏။ သူသည်

နောက်ကျောတွင် ဆူးချွန်များစွာပါရှိသည့် အမဲရောင်ချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားပြီး

သူကိုယ်တိုင်ကပင် ကြောက်မက်ဖွယ်လက်နက်ကြီးတစ်ခုကဲ့သို့ပင်။ ဘေးနှစ်ဖက်တွင်

ဓားသွားများတပ်ဆင်ထားသည့် ဦးဆောင်းသည် သူ၏မျက်နှာကို ကာရံထားသော်လည်း

သူ၏မျက်လုံးများထဲတွင်သတ်ဖြတ်လိုသည့်အရိပ်ယောက်များမှာ အထင်းသားပေါ်လျှက်

ရှိ၏။

သူစကားပြောလိုက်သည့်အချိန်တွင် ပတ်၀န်းကျင်တွင်အပူချိန်ပင် အနည်းငယ်ကျဆ

င်းသွားသကဲ့သို့ပင်။

“ရွာတစ်ရွာက ခွေးတစ်ကောင်ကတော့ စွမ်းအားအနည်းငယ်ရှိပေမယ့် ဒါကိုတော့ယှ

ဥ်နိုင်မှာမဟုတ်ဘူး....” အဆင့်၄မဟာဓားသွားသူရဲကောင်းမှပြောလိုက်၏။ “အ

ဆင့်၅သတ်ဖြတ်ခြင်းသူရဲကောင်းသည်လည်း သဘောတူသည့်အနေဖြင့်ခေါင်းငြိမ့်ပြလို

က်သည်။ သူတို့၏ဘေးတွင် တစ်ခြားအထူးပါးကွပ်သားသူရဲကောင်းသုံးယောက်သည်

လည်း ခမ်းနားသည့်မှော်ချပ်၀တ်များကို ၀တ်ဆင်ထားကြပြီးတိတ်ဆိတ်စွာပင်ထိုင်နေ

လျှက်ရှိကြသည်။ သူတို့သည်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးမည်

ကဲ့သို့မှ ပြန်လည်ကာတုန့်ပြန်ခြင်းမရှိကြပေ။

VIPထိုင်ခုံများတည်ရှိရာ ပွဲကြည့်စဥ်ပေါ်တွင် လူတစ်ချို့သည် အထူးပါးကွပ်သားသူ

ရဲကောင်းများ၏ ထူးဆန်းသည့်အခြေအနေတစ်ခုကို သတိထားမိလိုက်ကြသည်။ ပါး

ကွပ်သားသူရဲကောင်းခြောက်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်နီးကပ်စွာထိုင်

နေကြခြင်းမရှိပဲ အုပ်စုနှစ်ခုခွဲကာထိုင်နေကြခြင်းပင်။

“အထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်က လူတွေထင်နေသလိုစည်းစည်းလုံးလုံး

မရှိပါလား...” တစ်ချို့လူများတွေးလိုက်မိကြ၏။ နေရောင်ခြည်သည် ပူပြင်းသ

ည်ထက်ပူပြင်းလာပြီးမွန်းတည့်ချိန်မရောက်မှီသုံးမိနစ်ခန့်သာလိုတော့သည်။ တစ်ချို့လူ

များဆိုလျှင် ချမ်းဘော့ဒ်ဘုရင်သည် ကြောက်လန့်ပြီးမလာရဲတော့ဟုပင် တွေးလိုက်

မိကြ၏။ သို့သော် ဤအခိုက်တန့်တွင်...

မိုးချိန်းသံကဲ့သို့ မြင်းခွာသံများစွာထွက်ပေါ်လာ၏။ မြို့တော် စိန့်ပီတာစဘာ့တ်ဂိတ်တံ

ခါးပွင့်လာပြီးမြင်းစစ်သည်အုပ်စုတစ်ခုထွက်ပေါ်လာ၏။ တကယ်တန်းတွင် မြင်းစစ်သ

ည်များမှာ အလွန်များပြားလွန်းလှသဖြင့် အ၀ေးမှကြည့်ပါက တိမ်ညိုတိမ်တိုက်များ

ကဲ့သို့ပင်။ ယခင်ကဆွေကြီးမျိုးကြီးများနှင့်မတူသည်မှာ သူတို့သည်သာမန်မြင်းများ

ကိုသာစီးလာခြင်းပင်။ သို့သော် သူတို့ချီတပ်လာကြသည်မှာ အလွန်ညီညာကာစနစ်

ကျလှသဖြင့် သူတို့သည် ပို၍ပင် ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်သည့်ပုံရှိသည်။ စက္က

န့်အနည်းငယ်အတွင်းတွင် သူတို့သည် ဓားကွင်းသို့ရောက်ရှိလာပြီဖြစ်သည်။

“ဟာ မဟာဘုရားကျောင်းက မြင်းစစ်သည်တွေပဲ...”

“ဘာတွေဖြစ်ကုန်တာလဲ မဟာဘုရားကျောင်းက ဘာလို့ဒီတိုက်ပွဲကို စိတ်၀င်စားနေ

တာလဲ...”

“ဘယ်သူရောက်လာတာလဲ မဟုတ်မှလွဲရော ဘုန်းတော်ကြီးကိုယ်တိုင်လား...”

အံ့သြသွားကြသည်မှာ VIPပွဲကြည်စင်တွင်ထိုင်နေကြသည့်လူများပင်။ အထူးပါးကွ

ပ်သားသူရဲကောင်းခြောက်ယောက်ပင် အံ့သြသွားသည့်ပုံရသည်။ ဤသည်မှာ ရိုးရှင်း

သည့်တိုက်ပွဲတစ်ခုသာဖြစ်ပြီး အထူးပါးကွပ်သားတစ်ယောက်ဖြင့်တိုက်ခိုက်ခြင်းဖြစ်သဖြင့်

ကျန်ရှိနေသည့် အထူးပါးကွပ်သားသူရဲကောင်းများလာရောက်ကြသည်မှာ သိပ်ပြီးအံ့သြ

ဖွယ်မရှိသေးပေ။ သို့သော် မဟာဘုရားကျောင်းမှအဆင့်မြင့်ပုဂ္ဂိုလ်များလာရောက်ကြ

မည်ကိုတော့ မည်သူမျှထင်ထားခြင်းမရှိပေ။

ဤသူရဲကောင်းများရောက်ရှိလာသည့်အချိန်တွင် ပွဲကြည့်စဥ်တစ်ခုလုံးမှာ ပို၍ပင်တိ

တ်ဆိတ်သွားတော့၏။

စိုက်ကြည့်နေသည့်မျက်လုံးများ၏အောက်တွင် ရိုးရှင်းသော်လည်း ခမ်းနားသည့်အမဲ

ရောင်မှော်ရထားလုံးတစ်ခုသည် ဓားကွင်း၏ဘေးတွင်ရပ်လိုက်သည်။ ထို့နောက်တွင်

မည်သည့်လှုပ်ရှားမှုမှမရှိတော့ပေ။ ရထားလုံးအတွင်းမှ မည်သူမျှဆင်းလာခြင်းမရှိပေ။

အရာအားလုံးသည် အလွန်ထူးဆန်းလှသည်။

နောက်ဆုံးတွင် မွန်းတည့်ချိန်သို့ရောက်ရှိလာပြီဖြစ်သည်။ တိုက်ပွဲစတင်တော့မည့် အ

ချိန်မှာလည်း နီးကပ်လာပြီဖြစ်သည်။

ရုတ်တရက်ငွေရောင်အလင်းတန်းတစ်ခုသည် မြို့တော်စိန့်ပီတာစဘာ့တ်တည်ရှိရာအရ

ပ်ထံမှ ပျံသန်းလာ၏။

လူတိုင်းအံ့သြနေသည့်အချိန်တွင် ထိုအလင်းတန်းသည် တိုက်ပွဲစင်ပေါ်သို့ပျံသန်းသွား

သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းတန်းသည် အဖြူရောင်၀တ်ရုံနှင့်

လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွား၏။

ထိုလူသည် စင်ပေါ်သို့ဖြေးညင်းစွာဖြင့်သက်ဆင်းလိုက်ရာ လူတိုင်းသူ့အားသေချာစွာ

တွေ့မြင်ခွင့်ရလိုက်ကြသည်။ သူသည် လက်တစ်ဖက်တွင် ရွှေကွပ်ဓားသည့်ငှက်မွေး

ယက်တောင်တစ်ခုကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် ရွှေဖြင့်ပြုလုပ်ထားသည့်၀ို

င်ခွက်တစ်ခုကို ကိုင်ဆောင်ထားသည်။ သူ၏အမဲရောင်ဆံပင်များလေထဲတွင် လွှင့်

မျောနေရင်းဖြင့် သူသည် သူ၏ခါးတွင် ရွှေရောင်ခါးစည်းအိပ်တစ်လုံးကိုလွယ်ထားရာ

အလွန်ခန့်ညားလှသည်။ သူသည် တိုက်ပွဲစင်ပေါ်တွင် ရပ်ကာ ယက်ခပ်လျှက်ရှိပြီး

သွေးဆာနေသည့် သူရဲကောင်းရှိနေသည်ကို ဂရုစိုက်သည့်ပုံမရချေ။

“တိုက်ပွဲစရမယ့်အချိန်ပဲ အချိန်စပြီးရေတွက်တော့။ ချမ်းဘော့ဒ်ဘုရင်က ဆယ်စက္ကန့်အတွင်း ရောက်မလာဘူးဆိုရင် သူကြောက်နေလို့လို့သက်မှတ်ပြီး သူရှုံးတယ်လို့သက်မှတ်ရလိမ့်မယ်....”

လက်ထဲတွင်ရှိနေသည့်၀ိုင်ခွက်ကို မော့သောက်ပြီးသည့်အချိန်တွင် အဖြူရောင်၀တ်ရုံနှင့်လူသည် ကြေငြာလိုက်၏။

သူစကားပြောသည့်အချိန်တွင် သူသည် အော်ဟစ်လိုက်ခြင်း မှော်ပစ္စည်များကိုအသုံးပြုခြင်းမရှိပေ။ သို့သော် သူ၏ကြေငြာချက်သည် လူပေါင်းသောင်းနှင့်ချီပြုလုပ်နေသည့် ဆူညံသံများကို ကျော်ဖြတ်ကာ လူတိုင်း၏နားထဲတွင်ရှင်းရှင်းလင်းလင်းဖြင့် ကြားလိုက်ကြရ၏။ ဤလူသည် သူတို့၏နားများကို တိုက်ရိုက်စကားပြောလိုက်သကဲ့သို့ပင်။

ဤလူသည် ဇီးနစ်အင်ပါယာ၏နံပါတ်၁ခရိးသွားကဗျာဆရာ မတ်တ်-ရာဇီပင်။ သူသည် အလွန်လျို့၀ှက်ဆန်းကျယ်သည့် လူတစ်ယောက်ပင်။ သူသည် တိုက်တစ်ခုလုံးတွင် လှည့်လည်ကာခရီးသွားပြီး ဘ၀ကို ပေါ့ပေါ့ပါးပါးဖြင့် ဖြတ်သန်းလာသူဖြစ်သည်။ သူသည် အလွန်သန်မာသူတစ်ယောက်ဖြစ်သော်လည်း သူ၏အစွမ်းကိုမည်သည့်လူကိုမှ ပြသဖူးခြင်းမရှိပေ။ ထို့အပြင် ၀ိုင်ကောင်းကောင်းနှင့် ရွှေဖြင့်ပြုလုပ်ထားသည့်လက်၀တ်လက်စာများကို နှစ်သက်သည့်ဤခရီးသွားကဗျာဆရာသည် အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်နှင့်ပင် ခင်မင်ရင်းနှီးသည့်သူငယ်ချင်းများဖြစ်ကြသည်။ ထို့အပြင်သူသည် သိုင်းပညာတတောင်ပေါ်တွင်ရှိသည့် အင်ပါယာစောင့်ရှောက်ကာကွယ်သူနှင့်လည်း ကောင်းမွန်သည့်ဆက်ဆံရေးရှိသည်။

ရိုးရာဓလေ့များအရ လူများသည် တိုက်ပွဲများတွင် ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ပေးရန်အတွက် နာမည်ကျော်ကြားသည့် ခရီးသွားကဗျာဆရာများကို ဖိတ်ကြားလေ့ရှိကြသည်။ ကြယ်ခြောက်လုံးအဆင့်စစ်သည်နှစ်ဦးတိုက်ခိုက်မည့်တိုက်ပွဲမှာ လူအများမြင်ရခဲသည့်တိုက်ပွဲတစ်ခုဖြစ်သဖြင့် နာမည်ကြီးခရီးသွားကဗျာဆရာ မတ်-ရာဇီကိုယ်တိုင်ပင် ရောက်ရှိလာသည်မှာ မဆန်းကျယ်လှချေ။ လူအုပ်၏ စိတ်၀င်စားမှုများသည်လည်း မြင့်တတ်လာပြီဖြစ်၏။

“၁၀...၉...၈...၇...”

မတ်-ရာဇီသည် ၀ိုင်ကိုသာအဆက်မပြတ်သောက်လျှက်ရှိသော်လည်း သူ၏ပါးစပ်ကိုအသုံးမပြုပဲဖြင့်ပင် သူ၏အသံကိုရှင်းလင်းပြတ်သားစွာကြားနေရ၏။

“၅...၄...၃...၂...”

ဤလူသည် နံပါတ်၁ကို ရေရွတ်တော့မည့်အချိန်တွင် အ၀ေးမှ မိုးချိန်းသံကဲ့သို့ဆူညံသံများထွက်ပေါ်လာလျှက်ရှိပြီး စင်မြင့်ထံသို့အမြန်ပြေးလာလျှက်ရှိသည်။

“သူရောက်လာပြီ...ချမ်းဘော့ဒ်ဘုရင်လာနေပြီ....”

“သူရောက်လာပြီဟေ့....”

“သေစမ်း သူကို ဒီစိန်ခေါ်မှုကို တကယ်လက်ခံဖိုသတ္တိကောင်းတာပဲ...”

အံ့သြထိတ်လန့်ဖွယ်ရောက်ရှိလာမှုကြောင့် စင်ပတ်လည်တွင်ရှိနေသည့်လူတိုင်းလိုလိုပင် မတ်တပ်ထလိုက်ကြပြီး အသံလာရာအရပ်သို့ငေးကြည့်လိုက်မိကြသည်။ သို့သော် သူတိ့မည်သည့်အရာကိုမှမြင်နိင်ခြင်းမရှိကြပေ။ သို့သော် သူတို့ကို မတ်တပ်ရပ်ရန်ပင်ခက်ခဲစေသည့် ကြီးမားသည့်စွမ်းအားအရှိန်၀ါတစ်ခုကို ခံစားလိုက်မိကြ၏။ လူပေါင်းများစွာသည် ထိုအင်အားသည်သူတို့၏အပေါ်မှဖြတ်သန်းသွားသည့်အချိန်တွင် ထိုင်လျှက်ပင်လဲကျကုန်ကြ၏။

ချမ်းဘော့ဒ်ဘုရင်ထံမှထုတ်လွှတ်နေသည့်အရှိန်၀ါများသည် အဆင့်၇ပါးကွပ်သားသူရဲကောင်း၏အရှိန်၀ါများထက်လျှော့နည်းခြင်းမရှိပေ။

All Chapters