← Chapters

အခန်း (၃၁၃)

Vol. 21 Ch. 313

အခန်း (၃၁၃)

Vol. 21 Ch. 313

“ဟွန်း...”

အေးစက်သည့် နှာခေါင်းရှုံ့သံတစ်ခုသည် လူအုပ်မှပြုလုပ်နေသည့် ဆူညံသံများကို ဖုံးလွှမ်းသွားသည်။ စင်ပေါ်တွင်ရှိနေသည့် အနီရောင်ပုဂ္ဂိုလ်သည် သူ၏ပုခုံးများကို ခါရမ်းလိုက်၏။

“၀ှစ် ၀ှစ် ၀ှစ် ၀ှစ်...”

လေထုအားထိုးဖောက်သည်အသံများထွက်ပေါ်လာပြီးအနီရောင်စွမ်းအင်အလင်းတန်းလေးခုသည် ဖိအားထွက်ပေါ်လာရာအရပ်ထံသို့ လျှန်မြန်စွာပင် ပျံသန်းသွား၏။ ဤဓားသွားစွမ်းအင်များမှာ အလွန်ပင်စွမ်းအားမြင့်မားလှသဖြင့် ကောင်းကင်တစ်ခုလုံးပင်အနီရောင်သန်းသွား၏။

ပျံသန်းလာသည့်လူအား ဖြေးညင်းစွာပင် လေထဲတွင်မြင်နိုင်လာပြီဖြစ်သည်။

ထိုလူသည် မျက်တောင်ခက်လိုက်ပြီး အညှာတာကင်းမဲ့သည့်တိုက်ခိုက်မှုလေးခုကို ရှောင်တိန်းနိုင်ရန်အတွက် ကြိုးစားလိုက်သည်။ ဤလူ၏လှုပ်ရှားမှုများသည် အလွန်ပြေပြစ်လှသဖြင့် ပျံသန်းလာသည့်ဓားသွားစွမ်းအင်များကို နီးကပ်စွာပင်ပွတ်ကာသီကာဖြင့် လွယ်လွယ်ကူကူရှောင်ရှားနိုင်လိုက်၏။ ပုံမှန်အားဖြင့် ဆိုပါက လူသားတစ်ယောက်သည် လေပေါ်တွင်ပြင်ပအကူညီတစ်ခုခုမပါပဲဖြင့် နေရာရွေ့ပြောင်းရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် ဤလူသည်လွယ်ကူစွာပင် ရှောင်ရှားလိုက်၏။

လေပေါ်တွင် ပုံရိပ်ယောင်များစွာထင်ကျန်ခဲ့ပြီးသည့်နောက်တွင် လူတစ်ယောက်သည်တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ရောက်ရှိနေပြီဖြစ်သည်။

“တစ်....”

တစ်ချိန်တည်းမှာပင် နောက်ဆုံးကျန်ရှိနေသည့် နံပါတ်စဥ်သည် မတ်-ရာဇီ၏ပါးစပ်မှထွက်ပေါ်လာ၏။ နောက်ဆုံးစက္ကန့်တွင် တိုက်ပွဲတွင်ပါ၀င်ယှဥ်ပြိုင်တိုက်ခိုက်မည့် တစ်ဖက်မှလူတစ်ယောက်ဖြစ်သည့် ဘုရင်အလတ်ဇန္ဒားသည် နောက်ဆုံးတွင်ရောက်ရှိလာပြီဖြစ်သည်။

ဘုရင်အလတ်ဇန္ဒားသည် အချိန်မှီစင်ပေါ်သို့ရောက်ရှိလာခဲ့သဖြင့် တိုက်ပွဲမှာ တရား၀င်နေသေးသည်။

“၀ှစ်...”

သူ၏ရန်သူရောက်ရှိလာသည်ကိုတွေ့သည့်အချိန်တွင် သွေးဆာနေသည့်သူရဲကောင်းသည် မည်သည့်အရာကိုမှပြောခြင်းမရှိပေ။ သို့သော် သူ့အားလွှမ်းခြုံနေသည့်အနီရောင်စွမ်းအားမီးတောက်များထဲမှာ ဓားသွားစွမ်းအင်စင်းကိုပစ်လွှတ်လိုက်သည်။ လျှပ်စီးကြောင်းနှစ်ခုကဲ့သို့ ထိုအလင်းတန်းများသည် လေထုကိုထိုးခွင်းကာ ဖှေးထံသို့ထွက်ခွာသွားတော့သည်။

“ဒါက သွေးသောက်ဓားသွားစွမ်းအင်ပဲ..ခီလုရဲ့သိုင်းကွက်တစ်ခု...ခင်ဗျားတို့တွေက အနည်းဆုံးကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်မဟုတ်ဘူးဆိုရင်တော့ ဒီစွမ်းအင်တွေကို တားဆီးဖို့မကြိးစားကြဖို့သတိပေးပါတယ်....” မတ်-ရာဇီ၏အသံကို လူတိုင်း၏နားထဲတွင် ကြားလိုက်ကြရသည်။ သူ၏အသံသည် အလွန်တည်ငြိမ်လျှက်ရှိပြီး သူလုပ်စရာရှိသည့်အလုပ်ကို လုပ်နေခြင်းသာဖြစ်သည်။

တစ်ချိန်တည်းမှာပင်။

ဖှေးသည် အန္တရာယ်ကိုလုံး၀မမြင်သည့်အတိုင်းပင် လှုပ်ရှားခြင်းမရှိပေ။ အနီရောင်ဓားသွားစွမ်းအင်နှစ်ခုကြောင့်ဖြစ်ပေါ်လာသည့် လေစီးကြောင်းမှာ ဖှေး၏ဆံပင်တစ်ချို့ကိုပင် ပိုင်းဖြတ်လိုက်သည်။ လူအုပ်ထံမှ အာမေဍိတ်သံများထွက်ပေါ်လာ၏။ သိ့သော် သူသည်ရုတ်တရက်လက်ကို ဆန့်တန်းလိုက်ပြီးအနီရောင်အလင်းတန်းနှစ်ခုကို လက်ဖြင့်ဖမ်းလိုက်၏။ နောက်အခိုက်တန့်တွင် ဓားသွားစွမ်းအင်နှစ်ခုမှာ အနီရောင်သွေးမြူများအဖြစ်သို့ပြောင်းလဲသွားကာ ပျောက်ကွယ်သွားတော့သည်။

“ကောင်းတယ် စွမ်းအင်တွေကို လက်ကိုပဲသုံးပြီးဖျက်ဆီးပစ်လိုက်တာ။ ချမ်းဘော့ဒ်ဘုရင်ရဲ့အစွမ်းတွေကလဲ အထင်ကြီးစရာပဲ...”

မတ်-ရာဇီသည် ဤအရာကိုမြင်တွေ့လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ သို့သော် သူ၏အမူယာသည် လျှင်မြန်စွာပင်ကွယ်ပျောက်သွားပြီး ဖြစ်ပျက်နေသည့်အရာများကို သောင်းချီသည့်ပရိတ်သတ်လူအုပ်သိရှိစေရန်အတွက် ကြေငြာလိုက်သည်။

“ရှီး...”

လေခွင်းနေသည့်အသံများသည် ပျောက်ကွယ်သွားခြင်းမရှိပေ.....”

သူ၏ပထမတိုက်ခိုက်မှုများထိရောက်ခြင်းမရှိသည်ကို တွေ့လိုက်ရပြီးနောက်တွင် ခီလု၏မျက်နှာသည် အလွန်တည်ငြိမ်နေဆဲပင်။ ခန္ဓာကိုယ်တစ်၀ိုက်တွင် အနီရောင်အတွင်းအားစွမ်းအင်မီးတောက်များလွှမ်းခြုံနေရင်းဖြင့် သူ၏လက်ကို အသာအယာ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် ယခင်ကပစ်လွှတ်လိုက်သည့်ဓားသွားများထက်ပင် ပို၍သန်မာသည့်ဓားသွားစွမ်းအင်များစွာသည် ဖှေးထံသို့ပျံသန်းသွား၏။ မုန်တိုင်းများကြားထဲမှ မိုးစက်များကဲ့သို့ပင် ဤစွမ်းအင်များသည် ဖှေးအားလွှမ်းခြုံလိုက်ပြီး တိုက်ခိုက်ရေးစင်မြင့်တစ်ခုလုံးသည်သွေးပင်လယ်ကြီးတစ်ခုကဲ့သို့နီရဲသွားတော့သည်။

ဖှေးသည် ကြောက်လန့်သွားခြင်းမရှိပေ။ သူအနောက်သို့ဆုတ်ရမည့်အစားအရှေ့သို့ခြေတစ်လှမ်းတက်လိုက်သည်။

သူ၏လက်များကို နောက်တွင်ပစ်ထားရင်းဖြင့် သူထံသို့ပျံသန်းလာနေသော ဓားသွားစွမ်းအင်များကို အေးစက်သည့်အမူယာဖြင့်ကြည့်လိုက်သည်။

“ချွင် ချွင် ချွင်....”

နေရာအနှံ့သို့မီးပွားစများ လွှင့်ပျံကုန်၏။ လက်နက်ပေါင်းများစွာသည် တစ်ခုနှင့်တစ်ခုထုရိုက်နေသကဲ့သို့ပင်။

စင်ပတ်လည်တွင် အာမေဍိတ်သံများစွာထွက်ပေါ်လာကြသော်လည်း ဓားသွားစွမ်းအင်များသည် ဖှေးအားထိမှန်ခါနီးတွင် ဖှေး၏အရှေ့တွင် တလင်းကျောက်ကဲ့သို့ကြည်လင်နေသည့် စွမ်းအင်အကာရံတစ်ခုထွက်ပေါ်လာ၏။ ထိုစွမ်းအင်အကာရံသည် အလွန်ပါးလွှာသော်လည်း ခိုင်မြဲလှသည်။ ဓားသွားစွမ်းအင်အားလုံးမှာ စွမ်းအင်အကာရံနှင့်ထိတွေ့လိုက်သည့်အချိန်တွင် သွေးမြူများအဖြစ်သို့ပြောင်းလဲသွားကြပြီး မကြာမှီတွင်ပျောက်ကွယ်သွားကြတော့၏။

တစ်ချိန်တည်းမှာပင် ဖှေးကာရံလိုက်သည့်ဓားသွားစွမ်းအင်တစ်ချို့သည် တိုက်ခိုက်ရေးစင်၏အပြင်ဘက်သို့ဦးတည်ကာ ပျံသန်းသွားတော့သည်။

“သေစမ်း..ကယ်ကြပါဦး...”

“အား...ကူညီကြပါ ကယ်ပါဦး...”

တိုက်ပွဲကိုကြည့်နေသည့်လူများသည် ဓားသွားစွမ်းအင်များသူတို့ထံသို့ဦးတည်ကာ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် အလွန်ထိတ်လန့်သွားကြတော့သည်။ သူတို့သည် ဖှေးကဲ့သို့စွမ်းအားမကြီးပဲ အားနည်းသူများဖြစ်ကြသဖြင့် သူတို့၏မျက်နှာများသည် ဖြူဖက်ဖြူယော်ဖြစ်ကုန်ကြ၏။ ဤစွမ်းအင်အလင်းတန်းများသည် သူတို့၏ခန္ဓာကိုယ်ကို ထိမှန်သွားပါက ချက်ချင်းပင် သေဆုံးရမည်ဖြစ်သောကြောင့်ပင်။

ပွဲကြည့်ပရိသတ်များကြားထဲတွင် ရှိနေသည့်အခြေအနေမှာစတင်၍၀ရုန်းသုန်းကားဖြစ်လာတော့၏။

ဤအခိုက်တန့်တွင် တစ်စုံတစ်ခုဖြစ်ပျက်သွားသည်။

တိုက်ခိုက်ရေးစင်မြင့်ကို ဆောက်လုပ်ထားသည့်ကျောက်တုံးတစ်ခုခြင်းစီတိုင်းမှ အပြာရောင်အလင်းတန်းများတောက်ပလာ၏။ ထို့နောက်တွင် ထိုအလင်းတန်းများအားလုံးသည် ပေါင်းစည်းသွားကြပြီး စွမ်းအားမြင့်မှော်စွမ်းအင်များထွက်ပေါ်လာတော့သည်။ ဤအလင်းရောင်များသည် ကောင်းကင်ပေါ်သို့ထောင်တက်သွားကြပြီးတိုက်ခိုက်ရေးစင်တစ်ခုလုံးကို ကာရံထားသည့် ဘဲဥပုံစွမ်းအင်အကာရံတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့သည်။ ထိုစွမ်းအင်အကာရံကြီးသည် ဓားသွားစွမ်းအင်များအားလုံးကို ကာရံလိုက်ပြီး ပွဲကြည့်ပရိသတ်အတွင်းတွင် မည်သူမျှဒဏ်ရာရရှိခြင်းမရှိတော့ပေ။

မှော်စွမ်းအင်ကာရံပင်။

ဤသည်မှာ ကြယ်၇လုံးအဆင့် ရေဂုဏ်သတ္တိစွမ်းအင်အကာရံတစ်ခုပင်ဖြစ်ပြီး တော်၀င်မှော်ဆရာကြီး ကပ်ဒီဗွီလာကိုယ်တိုက်စီရင်ထားခြင်းပင်။

ဤစွမ်းအင်အကာရံသည်အလွန်နာမည်ကျော်ကြားသည့် ရေစွမ်းအင်သုံးမှော်အစီရင်တစ်ခုဖြစ်၏။ ဤအကာရံကိုစီရင်ထားသဖြင့် စစ်သည်နှစ်ယောက်တိုက်ခိုက်ရာမှထွက်ပေါ်လာသည့် အတွင်းအားစွမ်းအင်များသည် တိုက်ပွဲစင်အတွင်း၌ပင်ရှိနေမည်ဖြစ်ပြီး လူအုပ်အတွင်းတွင်ရှိနေသည့် လူများဒဏ်ရာရရှိခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တိုက်ခိုက်ရေးစင်မြင့်ကိုလည်း ကာကွယ်ထားပြီးသားဖြစ်ပေလိမ့်မည်။

ဤအရာကို မြင်တွေ့လိုက်ပြီးနောက်တွင် လူအုပ်သည်လည်း စိတ်အေးသွားပြီး သူ့နေရာသူပြန်ထိုက်လိုက်ကြ၏။

စင်မြင့်ပေါ်တွင်။

စတင်၍တိုက်ခိုက်မှုနှစ်ခုလုံးထိရောက်မှုမရှိသည်ကို တွေ့လိုက်ရပြီးနောက်တွင် ကီလု၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်အရိပ်ယောင်များတောက်ပနေရင်းဖြင့် မျက်မှောင်ကြုံ့လိုက်၏။

သူနောက်ဆုံးတွင် စတင်၍လှုပ်ရှားပြီဖြစ်သည်။ သူအရှေ့သို့ခြေတစ်လှမ်းတက်လိုက်၏။

ခန္ဓာကိုယ်တစ်၀ိုက်တွင် အနီရောင်အတွင်းအားစွမ်းအင်မီးတောက်များလွှမ်းခြုံနေရင်းဖြင့် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက်ဖြတ်ကနဲဖြစ်သွား၏ ဖှေးနှင့် ၃မီတာခန့်နီးကပ်သည့်နေရာသို့ချက်ချင်းရောက်ရှိလာ၏။ သူတို့နှစ်ယောက်ပတ်လည်တွင်ရှိနေသည့် နေရာအားလုံးတွင် အနီရောင်အတွင်းအားစွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။

ကီလုလက်သီးဆုပ်ကာ ထိုးလိုက်၏။

“ဖုန်း...”

ဤသည်မှာ မိုးချုန်းသံကဲ့သို့ပင်။

အတွင်းအားစွမ်းအင်များအားလုံးသည် ဤလက်သီး၏ဆွဲယူခြင်းကို ခံလိုက်ရသည်။ လက်သီးနှင့်အတူ စွမ်းအင်များသည် ဖှေးထံသို့ ဆူနာမီရေလှိုင်းတစ်ခုကဲ့သို့ ပျံသန်းသွားတော့၏။ ကြီးမားသည့်စွမ်းအားကြောင့်ပြင်းထန်သည့် လေပြင်းတစ်ခုတိုက်ခတ်လာပြီး ဖှေး၏အမဲရောင်ဆံပင်များ၊ အနီရောင်အ၀တ်စများသည် လေထဲတွင် လွှင့်ခါလျှက်ရှိသည်။

ဤကဲ့သို့အဖျက်စွမ်းအားကြီးမားလှသည့်တိုက်ခိုက်မှုမျိုးဖြင့် ရင်ဆိုင်နေရသည့်အချိန်တွင် ဖှေး၏တုန့်ပြန်မှုမှာ ရိုးရှင်းလှ၏။ သူအရှေသို့ခြေတစ်လှမ်းတိုးကာ လက်သီးဖြင့်ထိုးလိုက်ခြင်းပင်။

ဤလက်သီးချက်သည် ကီလု၏ဘေးပတ်၀န်းကျင်တွင်ရှိနေသည့်အတွင်းအားစွမ်းအင်များကိုဆွဲယူကာ ထိုးလိုက်သည့်လက်သီးချက်လောင်လှပခြင်းမရှိသော်လည်း လက်သီးချက်၏ပတ်၀န်းကျင်တွင် ကြည်လင်သည့်အင်အားတစ်ခု၀န်းရံနေ၏။ “ဖုန်း...”ထောပတ်ကို ဖြတ်ပိုင်းလိုက်သည့် ပူလောင်နေသည့်ဓားတစ်ချောင်းကဲ့သို့ပင်။ ဖှေး၏အရှေ့တွင်ရှိနေသည့် အနီရောင်စွမ်းအင်များသည် ပေါက်ကွဲကာကြေမွသွားတော့၏။

“ဖုန်း...”

လက်သီးနှစ်လုံးတစ်ခုနှင့်တစ်ခုတွေ့ဆုံလိုက်မိကြသည်။

ဤအချိန်တွင် အချိန်နှင့် နေရာသည်ရပ်တန့်သွားသကဲ့သို့ပင်။ လူအများမျှော်လင့်ထားသကဲ့သို့ ကြီးမားသည့်ပေါက်ကွဲမှုများ မှော်စွမ်းအင်များထွက်ပေါ်လာခြင်းမရှိပေ၊။ အရာအားလုံးသည်မည်သည့်အရာမှမဖြစ်ခဲ့သည့်အတိုင်းပင် တည်ငြိမ်လျှက်ရှိ၏။

လက်သီးနှစ်လုံးသည်တစ်ခုနှင့်တစ်ခုထိဆက်လျှက်ရှိသည်။

စွမ်းအားများထွက်ပေါ်လာခြင်းလည်းမရှိပေ။

လူအများအံ့သြနေသည့်အချိန်မှာပင်တစ်စုံတစ်ခုဖြစ်ပျက်သွား၏။

အလင်းလှိုင်းများသည် တစ်စုံတစ်ယောက်မှရေကန်အတွင်းသို့ကျောက်တုံးတစ်လုံးပစ်ချလိုက်သကဲ့သို့ ထွက်ပေါ်လာတော့သည်။ အနီရောင်စွမ်းအင်များရောထွေးလျှက်ရှိသည့် ကြည်လင်သည့်အလင်းတန်းများသည် စင်မြင့်နှင့် မှော်စွမ်းအင်အကာရံကို အဆက်မပြတ်ထိမှန်လျှက်ရှိသည်။ စွမ်းအင်အကာရံကြီးတစ်ခုလုံးသည် ဤစွမ်းအင်များကို ကာရံထားနိုင်ရန်အတွက် အစွမ်းကုန်ကာရံနေသည့်အတိုင်းပင် ပို၍ပင်အရောင်တောက်ပလာတော့၏။ မှော်စွမ်းအင်အကာရံပို၍ အပြာရောင်သန်းလာသည်နှင့်အမျှ အလင်းတန်းများသည်လည်း ပို၍ပင်တောက်ပလာသည်။ ကောင်းကင်တစ်၀က်ပင် လင်းထိန်လာတော့၏။ ရေစီးနေသည့်အသံများကိုလည်း လူများကြားနေရ၏။

လူအများစောင့်မျှော်နေသည့် စွမ်းအားတောက်ပမှုမှာ ထွက်ပေါ်လာပြီဖြစ်၏။

အဆင့်၇မှော်စွမ်းအင်အကာရံ၏ကာကွယ်ထားမှုကြောင့် ထိုစွမ်းအင်များသည် သူတို့ထံသို့ရောက်ရှိမလာနိုင်မှန်းသိရှိပြီးဖြစ်သော်လည်း ပရိသတ်အတွင်းတွင်ရှိနေသည့်လူတစ်ချို့မှာ ကြောက်လန့်တကြားဖြင့်အော်ဟစ်လိုက်မိကြ၏။

စင်မြင့်ပေါ်တွင်.....

အနီရောင်လူ၏ ခန္ဓာကိုယ်သည် ဖြတ်ကနဲဖြစ်သွားပြီး မူလကရှိခဲ့သည့်နေရာသို့ပြန်လည်ကာ ရောက်ရှိသွား၏။

အနီရောင်စွမ်းအင်များနှင့် ဖုန်မှုန့်များရှင်းလင်းသွားသည့်အချိန်တွင် တိုက်ခိုက်နေကြသည့်လူနှစ်ယောက်လုံးမှာ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရတစ်ခုမှရှိနေခြင်းမရှိပဲ မူနေရာတွင်သာ ရပ်နေလျှက်ရှိကြဆဲပင်။ ကီလု၏ခန္ဓာကိုယ်တစ်၀ိုက်တွင် အနီရောင်အတွင်းအားစွမ်းအင်မီးတောက်များ လွှမ်းခြုံလျှက်ရှိနေဆဲပင်ဖြစ်ပြီး ဖှေးသည်လည်း လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ရပ်နေလျှက်ရှိဆဲပင်။ ကြည့်ရသည်အရ မည်သည့်အရာမှ ပြောင်းလဲခြင်းမရှိသေးပေ။

“ဘာဖြစ်သွားတာလဲ...ဘယ်သူနိုင်သွားတာလဲ...”

ကြည့်နေကြသည့်လူများသည် နားမလည်နိုင်ဖြစ်နေကြ၏။ သူတို့အားလုံတိတ်ဆိတ်စွာပင် ရှင်းပြမှုကိုစောင့်စားနေကြသည်။

ပရိသတ်များထဲတွင် လူအများစုမှာ ကြယ်နှစ်လုံးအဆင့်စစ်သည်များသာဖြစ်ကြပြီး အတွင်းအားစွမ်းအင်အပေါ်တွင် သိပ်ပြီးနားလည်နိုင်ခြင်းမရှိကြသေးပေ။ သူတို့အတွက် ပေါက်ကွဲမှုဖြစ်ပြီးသည့်အချိန်တွင် ဘာဖြစ်သွားလဲနားမလည်နိုင်ကြပေ။ မည်သူမှာ အသာစီးရနေသည်ကိုလည်း မပြောနိုင်ကြပေ။

VIPပွဲကြည့်စင်ပေါ်တွင်...

“ဟီးဟီး ဒီဘုရင်အလတ်ဇန္ဒားက စိတ်၀င်စားစရာပဲ...သူကအဆင့်၇ပါးကွပ်သားသူရဲကောင်းနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာတောင် အားနည်းတဲ့အရိပ်ယောင်လုံး၀မရှိဘူး။ သူဒီတိုက်ပွဲမှာ ဘယ်လောက်ကြာကြာတောင့်ခံနိုင်ပါ့မလဲဆိုတာကိုတော့ ငါသေချာမသိဘူး။ ဒါပေမယ့် ဒီလိုလူမျိုးက ဒီးန်မိသားစုထဲကို ဖိတ်ခေါ်ဖို့အတွက် ထိုက်တန်တဲ့လူတစ်ယောက်ပဲ။...” ဒီးန်မိသားစု၏အနာဂတ်ခေါင်းဆောင်သည် သူ၏မျက်နှာဖုံးကိုချွတ်ကာ စဥ်းစားလိုက်သည်။

သူနှင့် သိပ်မ၀ေးသည့်နေရာတွင် ဘတ်ဂ်မိသားစု၏ ဘီယွန်းဆေးမှာ သူမ၏အေးစက်ကြော့ရှင်းသည့်မျက်နှာပေါ်တွင် မည်သည့်အမူယာကိုမှပြသခြင်းမရှိပေ။ သို့သော် ဘတ်ဂ်မိသားစု၏ခေါင်းဆောင်ဖြစ်သူအဖိုးကြီးမှာ သူ၏ပေါင်ကို ပုတ်ကာအော်လိုက်သည်။ “ကောင်းတယ်ဟေ့...” သူ့အနီးတွင်ရှိနေသည့်လူများသည့် သူ့အားကြည့်ကာတွေးလိုက်မိကြသည်။ “သူက ဘယ်သူ့ဘက်ကများအားပေးနေတာပါလိမ့်....”

“ပထမပွဲစဥ်မှာတော့....ချမ်းဘော့ဒ်ဘုရင်နဲ့သွေးဆာနေသောသူရဲကောင်းတို့က လက်ရည်တူနေတယ်လို့ပြောရမယ်....”

မတ်-ရာဇီ၏အသံသည် ထက်မံ၍ထွက်ပေါ်လာ၏။ ပရိတ်သက်များသည် သူတို့မျှော်လင့်နေသည့် ရှင်းပြချက်ကိုကြားလိုက်ကြရပြီဖြစ်သည်။ သူ၏မှတ်ချက်ကို မည်သူကမှ သံသယဖြစ်ခြင်းမရှိကြပေ။ ဤထူးဆန်းကာ လျို့၀ှက်ဆန်းကျယ်သည့်ခရီးသွားကဗျာဆရာ မတ်-ရာဇီသည် တိုက်ပွဲပေါင်းများစွာတွင် ဒိုင်အနေဖြင့်ဆောင်ရွက်ဖူးပြီး တစ်ကြိမ်မှမှားယွင်းခဲ့ခြင်းမရှိသောကြောင့်ပေ....”

လူပေါင်းများစွာမှာ အံ့သြနေကြ၏။

သူတို့သည် ချမ်းဘော့ဒ်ဘုရင်သည် နာမည်ဆိုးဖြင့်ကျော်ကြားသော ကီလုအားယှဥ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းမရှိသောကြောင့်ပင်။

ချမ်းဘော့ဒ်ဘုရင်တောင်ညီနှောင်တွင် ရွှေရောင်နေမင်းသူရဲကောင်း ဆူလ်တွန်ကို အနိုင်ယူခဲ့သည့်သတင်းမှာ စခန်းချသည့်နေရာတွင် ပြန့်နှံ့နေပြီဖြစ်သော်လည်း တစ်ချို့လူများသည် ယုံနိုင်ခြင်းမရှိကြသေးပေ။ ထို့အပြင့် အဆင့်၁၀အထူးပါးကွပ်သားသူရဲကောင်းမှာ ရာထူးရရှိခါစပင်ရှိသေးသည်။ သူသည် အတွေ့ကြုံနည်းသေးပြီး ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ပင် မဟုတ်သေးပေ။ သို့သော် တစ်ဖက်တွင် ကီလုမှာ ဖှေးထက်အသက်ကြီးသည့်မျိးဆက်မှ စစ်သည်တစ်ယောက်ဖြစ်ပြီး သူသည်ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်လာသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သည်။ သူ၏နာမည်အား အင်ပါယာတစ်ခွင်တွင် လူတိုင်းသိကြပြီး သူသည်တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ဖူးသူဖြစ်သည်။ နှိုင်းယှဥ်ကြည့်ပါက လူတော်တော်များများသည် ကီလုနိုင်မည်ဟုပင် အလောင်းစားပြုလုပ်ကြမည်ဖြစ်သည်။

ထို့အပြင် လူအမျာစုအတွက် ကီလုသည် ဤတိုက်ပွဲကို လွယ်လွယ်ကူကူပင်အနိုင်ယူနိုင်မည်ဟုတွက်ထားကြသည်။

လူအများစိတ်၀င်စားသည်မှာ ချမ်းဘော့ဒ်ဘုရင်သည် ကီလုနှင့်မည်မျှကြာကြာတိုက်ခိုက်နိုင်လိမ့်မည်ဆိုသည်ကိုပင်။ ဤသည်မှာ လူတိုင်းနီးပါးသိချင်နေသည့် မေးခွန်းတစ်ခုပင်။

သို့သော် ယခင်ကအမှားလုံး၀မရှိခဲ့ဖူးသည် မတ်-ရာဇီမှ ချမ်းဘော့ဒ်ဘုရင်နှင့် ကီလုတို့သည် ပထမပွဲတွင် လက်ရည်တူနေသည်ဟုကြေငြာခဲ့သည်။ “ချမ်းဘော့ဒ်ဘုရင်က ဒီလောက်တောင်အစွမ်းထက်နေပြီလား....” ဤသည်မှာ လူတိုင်း၏စိတ်ထဲတွင် ရှိနေသည့်မေးခွန်းတစ်ခုပင်။

All Chapters