← Chapters

အခန်း (၃၁၄)

Vol. 21 Ch. 314

အခန်း (၃၁၄)

Vol. 21 Ch. 314

တိုက်ပွဲစင်မြင့်ပေါ်တွင်ဖြစ်သည်။

“မဆိုးဘူး မဆိုးဘူး။ မင်းက ငါ့ရဲ့အချိန်တွေနဲ့ထိုက်တန်သားပဲ။ ချမ်းဘော့ဒ်ဘုရင် မင်းရဲ့အစွမ်းတွေက ငါ့ကိုစိတ်မပျက်စေဘူး...” အနီရောင်အတွင်းအားစွမ်းအင်များလွှမ်းခြုံလျှက်ရှိသည့် သွေးဆာနေသောသူရဲကောင်းသည် ခေါင်းငြိမ့်လိုက်၏။

ဖှေးသည် သူ၏၀တ်ရုံကို ဖြေချလိုက်ရာ သူ၏၀တ်ရုံသည် လေပြင်းနှင့်အတူကောင်းကင်ပေါ်သို့ အနီရောင်တိမ်တိုက်တစ်ခုကဲ့သို့လွှင့်ပျံသွားတော့၏။ ထို့နောက်တွင် ရယ်မောလိုက်ကာ “ချီးကျူးစကားအတွက် ကျေးဇူးပါပဲ။ ဒါပေမယ့် ခင်ဗျားရဲ့အစွမ်းက ဒါအကုန်ပဲလား ကျွန်တော်ခင်ဗျားကို နည်းနည်းတောင်စိတ်ပျက်သွားမိတယ် ပါးကွပ်သားသူရဲကောင်းကြီး...”

သူတို့သည် ကျယ်လောင်စွာစကားပြောနေခြင်းမဟုတ်သော်လည်း သူတို့နစ်ဦးပြောသည့်စကားများကို အထူးပြုလုပ်ထားသည့်မှော်ပစ္စည်းများမှတဆင့် ကြည့်နေသည့်လူများရှင်းလင်းစွာဖြင့် ကြားနေရ၏။

“မင်းကများ....” အဆင့်၂ပါးကွပ်သားသူရဲကောင်းသည် နှာခေါင်းရှုံ့လိုက်၏။

“ဒီကောင်က အသက်မရှင်ချင်တော့ဘူးထင်တယ်...” အဆင့်၄နှင့် အဆင့်၅သူရဲကောင်းတို့လည်း ဒေါသဖြစ်သွားကြ၏။

အထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်မှာ ထင်သလောက်စည်းရှံးမှုမရှိကြသော်လည်း တစ်စုံတစ်ယောက်မှသူတို့ထဲမှတစ်ယောက်ကို စော်ကားပါက သူတို့အားလုံးကို စော်ကားအထင်သေးလိုက်သည့်အတိုင်းပင်။ ဤပါးကွပ်သားသူရဲကောင်းသုံးယောက်မှာ ဖှေးအားယခင်ကတည်းက အမြင်မကြည်သူများဖြစ်သဖြင့် ယခုအချိန်တွင် ပို၍ပင်ဒေါသဖြစ်လာကြ၏။

အဆင့်၃၊ ၆နှင့် အဆင့်၈ပါးကွပ်သားသူရဲကောင်းတို့မှာ တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ ခေါင်းရမ်းလိုက်မိကြသည်။ “ဒီလိုဘုရင်ကို အမြင်ကြည်ဖို့ဆိုကာ အတော်ခဲယဥ်းတာပဲ...” သူတို့အားလုံးတွေးလိုက်မိကြ၏။

ဤအရာကို လူများကြားလိုက်ရသည့်အချိန်တွင် ဆူညံဆူညံဖြစ်ကုန်ကြ၏။

ဇီးနစ်အင်ပါယာစတင်၍ပေါ်ပေါက်လာစဥ်ကတည်းက ဖှေးသည် ဤအရာကိုပြောသည့် ပထမဆုံးလူတစ်ယောက်မဟုတ်ပေ။ သို့သော် ဤကဲ့သို့ပြောခဲ့ဖူးသည့်လူများမှာ ထောင်အတွင်းသို့အကျဥ်းချခံခဲ့ကြရပြီးမည်သူမှာ သူရဲကောင်းနန်းတော်ထဲတွင်ရှိသည့်အကျဥ်းထောင်းအတွင်းမှ အသက်ရှင်လျှက်ထွက်မလာဖူးကြပေ။ ဤအကြိမ်တွင်မူ ချမ်းဘော့ဒ်ဘုရင်သည် ပါးကွပ်သားသူရဲကောင်းများ၏ ဂုဏ်သရေကို စိန်ခေါ်လိုက်သည့်အတိုင်းပင်။

VIPပွဲကြည့်စင်ပေါ်တွင် ဖြစ်သည်။

ပါရမီရှင်မှော်ဆရာ ဒီးန်-ကာဇိုလာ၏မျက်နှာမှာ စိတ်၀င်စားဖွယ်ဖြစ်လာ၏။

တစ်ဖက်တွင် ဘတ်ဂ်-ဘီယွန်းဆေး၏ အေးစက်သည့်အမူယာမှာ ပျောက်ကွယ်သွားပြီး အပြုံးတစ်ခုပေါ်ပေါက်လာ၏။ ကလေးမလေးတစ်ယောက်သည် ကစားစရာအရုပ်သစ်တစ်ခုကိုတွေ့သွားသည့်အတိုင်းပင်။

......

“အား..အဲ့တာသူပဲ သူကချမ်းဘော့ဒ်ဘုရင်လား...”

တိုက်ပွဲစင်မြင့်၏ တောင်ဘက်၅၀၀မီတာခန့်ကွာ၀ေးသည့်နေရာတွင် ဘိုင်ဇန်တိုင်းတိုင်းပြည်ဘုရင်ငယ်မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ၏မျက်နှာတစ်ခုလုံးပင် နီရဲနေ၏။ လူနှစ်ယောက်တိုက်ခိုက်နေသည့်အချိန်တွင် သူသည် ထိုလူများ၏မျက်နှာကို ရှင်းလင်စွာမြင်နိုင်ခြင်းမရှိပေ။ သို့သော် သူတို့ရပ်နားနေသည့်အချိန်တွင်မူ ဘုရင်ငယ်မှာသူမြင်နေရသည်ကို ယုံနိုင်ခြင်းမရှိဖြစ်သွား၏။ သူ၏ဇနီးလောင်းကို သွေးစွန်းဂိုဏ်း၏လက်အတွင်းမှ ကယ်ဆယ်ပေးပြီး သူ၏အစွမ်းများကို မြှင့်တင်ပေးခဲ့သည့်လူမှာ ယခုလက်တလောတွင်နာမည်ကြီးနေသည့် ချမ်းဘော့ဒ်ဘုရင်ဖြစ်နေသည်ကို သိလိုက်ရသည့်အတွက်ပင်။

ဘုရင်ငယ်သည် ဤအရာကို သိလိုက်ရသည့်အတွက် အံ့သြပျော်ရွှင်နေ၏။

“ဒါဆို ချမ်းဘော့ဒ်ဘုရင်က ငါ့အရွယ်လောက်ပဲရှိသေးတာပေါ့...” ဘေးလူများသူ့အားဘုကြည့်ကြည့်နေကြသည်ကို သတိထားမိပြီးနောက်တွင် သူသည်အော်ဟစ်နေခြင်းကို ရပ်တန့်လိုက်ပြီး ပြန်လည်ကာထိုင်လိုက်သည်။ သို့သော် သူသူ့ကိုယ်သူစဥ်းစားလိုက်မိသည်။ “ချမ်းဘော့ဒ်ဘုရင် ထီးနန်းဆက်ခံတုန်းက တိုင်းပြည်ရဲ့၀န်ကြီးတွေက အာဏာတော်တော်များများကို ထိန်းချုပ်ထားတယ်လို့ကြားခဲ့ရတယ်။ သူက လူတွေကို အရူးလုပ်ဖိုးအတွက် ကျပ်မပြည့်ချင်ယောင်ဆောင်နေခဲ့ရတာတဲ့။ နောက်ပြီး သူလုံလုံလောက်လောင်သန်မာလာတဲ့အချိန်မှာ ရန်သူတွေအကုန်လုံးကို ရှင်းလင်းခဲ့တယ်။ ငါတို့ရဲ့ကံကြမ္မာတွေက တော်တော်တူညီနေတာပဲ။ ချမ်းဘော့ဒ်ဘုရင်က ငါ့အတွက် ဘုရားသခင်ကဖန်တီးပေးထားတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ။ ငါစိတ်ဓာတ်ကျပြီး အရှုံးမပေးသင့်ဘူး။ ငါသူ့ကိုအတုယူပြီးတော့ ငါ့တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်အောင်ကြိုးစားရမယ်....”

မကြာမှီတွင် တိုက်ပွဲစင်မြင့်ပတ်လည်တွင်ရှိနေသည့် လူအုပ်မှာတိတ်ဆိတ်သွား၏။ ထိုလူများကြားထဲတွင် တစ်ချို့လူများမှာ စိတ်လှုပ်ရှားနေကြသည်။ တစ်ချို့လူများမှာ ထိတ်လန့်အံ့သြနေကြ၏။ တစ်ချို့လူများမှာ နောက်ခြေတစ်လှမ်းစတင်ရန်အတွက် ကြံစည်နေကြသည်။ တစ်ချို့လူများမှာ မျက်လုံးများကိုမှိတ်ပြီး စွမ်းအားအကြွင်းကျန်များကို ခံစားကာ သင်ယူနေကြ၏။ သို့သော် သူတို့ထဲတွင် မည်သူကမှ အဖွဲ့၀င်နိုင်ငံသေးလေးတစ်ခု၏ အားနည်းသည့်ဘုရင်ငယ်လေးတစ်ပါးသည် သူ၏ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်လိုက်ခြင်းကို သတိမထားမိလိုက်ကြချေ။ ဤအခိုက်တန့်သည် ကြောက်မက်ဖွယ်ဘုရင်တစ်ပါး သူ၏ပထမဆုံးပြောင်းလဲမှုကို စတင်လိုက်သည့်အခိုက်တန့်တစ်ခုပင်။

......

တိုက်ပွဲစင်မြင့်ပေါ်တွင်။

ဒေါသဖြစ်သွားသည့် အရိပ်ယောင်တစ်ခုသည် ကူလတ်၏မျက်လုံးများထဲတွင် ပေါ်လာ၏။ ထို့နောက်တွင် ထိုအရိပ်ယောင်သည် ပျောက်ကွယ်သွားပြီး သူ၏ခေါင်းကို ခါရမ်းလိုက်သည်။ “မင်းက စကားပြောကောင်းတဲ့ကောင်ပဲ။ ဒါပေမယ့် အဲ့တာက မင်းကို ကူညီနိုင်မှာမဟုတ်ဘူး။ မင်းက ငါ့ရဲ့စိတ်ကို အနှောင့်ယှက်ပေးဖိုးကြိုးစားနေတာဆိုရင်တော့ ချမ်းဘော့ဒ်ဘုရင် မင်းစိုးရိမ်စရာမလိုပါဘူး။ ငါနဲ့မင်းကြားက ကွာခြားမှုကို မင်းမကြာခင်မှာသိလာရမှာပါ....”

သူစကားပြောပြီးလျှင်ပြီးခြင်းပင် လှုပ်ရှားလိုက်သည်။

သူ၏အနီရောင်သွေးအတွင်းအားစွမ်းအင်များစွာထွက်ပေါ်လာပြီး တိုက်ပွဲစင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။ သွေးမြူဆိုင်ကြီးသည် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်အချိန်တွင် လူနှစ်ယောက်လုံးသည် ထိုနေရာထဲတွင် ကွယ်ပျောက်သွားတော့၏။ သူတို့မည်သည့်နေရာတွင်ရှိနေသည်ကို မည်သူမှမြင်နိုင်စွမ်းမရှိကြတော့ပေ။

“၀ိုး ဒါကကီလုရဲ့အဓိကသိုင်းကွက်တွေထဲကတစ်ခု [တိမ်ခွင်းသွေးပင်လယ်ပဲ]။သူ့ရဲ့သတ်ဖြတ်လိုတဲ့ ဆန္ဒတွေနဲ့ရောထွေးပြီးတော့ ရန်သူရဲ့စိတ်ဓာတ်ကို ခြေမွလို့ရအောင် စွမ်းအားစက်ကွင်းတစ်ခုကို ဖန်တီးလိုက်တာပဲ။ ဒါက စိတ်ဓာတ်ကို အဓိက တိုက်ခိုက်လိုက်တာ။ စိတ်မမာတဲ့လူတွေဆို သူတို့ရဲ့၀ိဉာဥ်တောင် ပြိုလဲသွားနိုင်တယ်...”

မတ်-ရာဇီသည်လည်း ဤသွေးပင်လယ်ထဲတွင်ရှိနေခြင်းဖြစ်သော်လည်း သူ့အပေါ်တွင်သက်ရောက်ခြင်းမရှိသကဲ့သို့ပင်။ သူ၏အသံကို လူတိုင်း၏နားထဲတွင်ရှင်းလင်းပြတ်သားစွာဖြင့် ကြားနေရဆဲပင်။ သူ့ထံတွင် အသိဉာဏ်ဗဟုသုတများစွာရှိနေပြီး အခြေအနေကို လူတိုင်းအား ရှင်းလင်းစွာဖြင့် ပြောပြနေလျှက်ရှိသည်။

“အိုးအိုး ထင်မထားတာတစ်ခုဖြစ်နေပြီ။ ချမ်းဘော့ဒ်ဘုရင်ကလဲ ဒီသွေးမြူထဲမှာ သက်ရောက်မှုရှိတဲ့ပုံမရဘူး။ သွေးမြူတွေက သူ့အနီးကိုတောင်မကပ်နိုင်တဲ့ပုံပဲ။ သူ့ပတ်၀န်းကျင် အချင်း၀တ်သုံးမီတာခန့်မှာ မြူတွေရှင်းနေတယ်...”

“ကီလု စပြီးလှုပ်ရှားနေပြီ။ သူက ပုံရိပ်ယောင်တစ်လိုပဲ။ ဒီထဲမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်နေတယ်။ လိုက်ဖမ်းလို့မရဘူး....”

“သေခါနီးလူတစ်ယောက်ရဲ့ငိုကြွေးသံတွေက သွေးပင်လယ်ထဲမှာဆူညံနေတယ်။ ကီလုရဲ့ဓားသွားစွမ်းအင်တွေက မြူထဲမှာပုန်းအောင်းနေပြီးတော့ နေရာထောင့်ပေါင်းစုံကနေတရစက်တိုက်ခိုက်နေတယ်...ဒါက အတော်ခုခံဖို့ခက်ခဲတဲ့ပုံပဲ။ အိုး...ကွဲသွားပြီ။ အနီရောင်ဓားသွားစွမ်းအင်တွေက ချမ်းဘော့ဒ်ဘုရင်ရဲ့စွမ်းအင်အကာရံကိုဖြတ်ဆီးပစ်လိုက်ပြီ။”

“ချမ်းဘော့ဒ်ဘုရင်က အန္တရာယ်တွေအများကြီးနဲ့ရင်ဆိုင်နေရတယ်..”

“ဘာ...မယုံနိုင်စရာပဲ..သူမျက်လုံးတွေကိုဖွင့်လိုက်ပြီ...အရင်က မျက်လုံးတွေကို မှိတ်ထားတဲ့ဘုရင်က ဖွင့်လိုက်ပြီ...ဘုရားရေငါဘာတွေကို မြင်နေရတာလဲ။ သူက ဓားသွားစွမ်းအင်တွေကို သူ့ရဲ့လက်ကိုပဲသုံးပြီးဖျက်ဆီးပစ်လိုက်ပြီ။ သူ့ရဲ့လက်တွေကို သတ္တုနဲ့များလုပ်ထားတာလား....”

“ချမ်းဘော့ဒ်ဘုရင် စပြီးလှုပ်ရှားပြီး အဲ့တာက ကြီးမားတဲ့လက်သီးရာကြီးတစ်ခုပဲ...အဲ့တာက သွေးမြူပင်လယ်ကို တိုက်ခိုက်လိုက်ပြီ....”

ထူထဲသည့် သွေးမြူဆိုင်ကြီးသည့် စင်မြင့်ကို ဖုံးလွှမ်းလျှက်ရှိရာ သိုင်းပညာရှင်တစ်ချို့ပင် အထဲတွင်ဖြစ်ပျက်နေသည်များကို မြင်နိုင်စွမ်းရှိ၏။ သို့သော် မတ်-ရာဇီ၏ကြေငြာမှုများသည် တိုက်ပွဲကိုမမြင်နိုင်သူများကိုလည်း တိုက်ပွဲအခြေအနေကို ရှင်းလင်းစွာဖြင့် သိနိုင်စေသည်။

မတ်-ရာဇီစကားပြောပြီးသည်နှင့်တပြိုင်နက်သွေးမြူများသည်လည်း ဖြေးညှင်းစွာဖြင့် ပျက်ပျယ်စပြုလာပြီဖြစ်သည်။

ယခုအချိန်တွင် ထိုလူ၏မှတ်ချက်များမပါ၀င်ပဲဖြင့်ပင် ချမ်းဘော့ဒ်ဘုရင်သည် ကီလု၏နာမည်ကျော်သိုင်းကွက်ကို ဖျက်ဆီးလိုက်သည်ကို လူများသိရှိသွားကြ၏။

“ဘယ်လို...”

ကီလုသည် ထိတ်လန့်အံ့သြသွား၏။ ဤတိုက်ပွဲမတိုင်မှီက တစ်ချို့လူများသည်လည်း သူ၏သိုင်းကွက်ကို ဖျက်ဆီးနိုင်ခဲ့ဖူးသည်။ သို့သော် ဤလူများသည် သူ့ထက်အလွန်စွမ်းအားကြီးသည့် သိုင်းဆရာများဖြစ်ပြီးအတွေ့ကြုံများသည့် တိုက်ခိုက်ရေးသမားများပင်။ ထို့အပြင် ထိုလူများကိုယ်တိုင်ပင် ဤသိုင်းကွက်ကို ဤဘုရင်ကဲ့သို့မြန်မြန်ဆန်ဆန်မဖျက်ဆီးနိုင်ခဲ့ပေ။

“မဖြစ်နိုင်ဘူးဆိုတာမရှိဘူး...ခင်ဗျားက ကျွန်တော်ဖြတ်သန်းခဲ့ရတာတွေကို မသိပါဘူး။ ဒီလောင်သွေးထွက်သံယိုမှုတွေက ကျွန်တော့ အတွက်ဘာမှမဟုတ်သေးဘူး....”

ဒိုင်ယာဘလိုကမ္ဘာတွင် ဖှေးသည်သတ်ဖြတ်မှုများစွာကို ကြုံ့တွေခဲ့ဖူးသည်ဖြစ်သည်။ သူတွေ့ကြုံခဲ့ရသည့်အရာများကို ငရဲခန်းဟုပင်ခေါ်နိုင်၏။ သူပုန်စခန်းမြေပုံတစ်ခုထဲမှာပင် သွေးမြေရိုင်းနှင့် သင်္ချိုင်းမြေကဲ့သို့သော နေရာများထဲတွင် လူတစ်ယောက်မထင်မက်ထားလောက်အောင်ပင် ဆိုး၀ါးသည့်မြင်ကွင်းများဖြင့် ပြည့်နှက်နေ၏။ ဖှေးသည် ဤနေရာများတွင် ကျင်လည်ကာ မကောင်းဆိုး၀ါးများကို သတ်ဖြတ်လာခဲ့သူဖြစ်သောကြောင့် ကီလု၏သွေးပင်လယ်မှာ ဖှေးကို လုံး၀ပင် မတုန်လှုပ်စေခဲ့ပေ။

“ကျွန်တော် စိတ်မရှည်ချင်တော့ဘူးနော် ပါးကွပ်သားသူရဲကောင်းကြီး။ ခင်ဗျားမှာ ပိုပြီး အစွမ်းထက်တဲ့သိုင်းကွက်တွေမရှိတော့ဘူးဆိုရင် ဒီတိုက်ပွဲကပြီးသင့်နေပြီလို့ထင်တယ်....”

စိတ်မရှည်သည့်အမူယာတစ်ခုသည် ဖှေး၏မျက်နှာပေါ်တွင် ပေါ်လာ၏။

ဤတိုက်ပွဲစိန်ခေါ်မှုကို ဖှေးလက်ခံခဲ့သည့်အကြောင်းရင်းမှာ စွမ်းအားမြင့်သိုင်းဆရာများကို တိုက်ခိုက်ကာအတွေ့ကြုံရယူရန်ဖြစ်သည်။ သို့သော်လည်း ကီလုထံမှခံစားနေရသည့်ဖိအားများသည် ရွှေရောင်နေမင်းသူရဲကောင်းဆူတွန်ထံမှ ခံစားရသည့်ဖိအားလောက်ပင် မကြီးမားသည့်လှပေ။ ဖှေးသည် အမှန်ကန်ပင် စိတ်ပျက်နေခြင်းဖြစ်၏။

သူ၏ရန်သူထံမှ ထက်မံခနဲ့သည့်စကားကို ကြားပြီးသည့်နောက်တွင် သွေးဆာနေသောသူရဲကောင်းမှာအလွန်ပင်ဒေါသဖြစ်လာတော့၏။

“မင်းခွေးသား...ကောင်းပြီလေ။ မင်းက ငါ့ကို စိတ်ဆိုးအောင် အောင်မြင်စွာပြုလုပ်နိုင်သွားပြီ။” ကီလု၏မျက်လုံးများထဲတွင် ဒေါသမီးတောက်များတောက်လောင်နေရင်းဖြင့် ပြောလိုက်၏။ “ငါမင်းကို အသတ်ချမ်းသာပေးမလို့...ဒါပေမယ့် မင်းအခုတော့ သေရတော့မယ်...”

“ချွင်...”

ကျွတ်ဆက်သော်လည်း ကြမ်းတမ်းသည့် ဓားသံတစ်ခုမြည်ဟည်းသွားသည်။

ကီလုသူ၏လက်ကောက်၀တ်များကို လှန်လိုက်ကာ ကြီးမားပြီးဘေးနှစ်ဖက်တွင် လွှသွားများပါရှိသော ဓားကြီးတစ်ချောင်းကို ဆွဲကိုင်လိုက်၏။ ဤဓားကြီးမှာ ကြီးမားသည့် လွစက်ကြီးတစ်ခုကဲ့သို့ပင်။ လူများဤလက်နက်ကိုမြင်လိုက်လျှင်မြင်လိုက်ရခြင်းပင် သူတို့သည် သောင်းချီသည့်သေဒဏ်ကျအကျင်းသားများ သူတို့၏အသက်များကို ချမ်းသာပေးရန်အတွက် အသနားခံနေကြသည်ကို မြင်လိုက်ရသည့်အတိုင်းပင်။

ဤသူရဲကောင်းထံတွင်လည်း ပစ္စည်းထားသိုရာမှော်လက်စွပ်ကဲ့သို့သောအရာတစ်ခုရှိသည်မှာ ထင်ရှားသည်။ ဓားကို ယခင်က ထိုအထဲတွင် ထည့်ကာ သိမ်းဆည်းထားခဲ့ခြင်းဖြစ်၏။

ဖှေးပြုံးလိုက်သည်။

အရာများသည် အနည်းငယ်ပို၍စိတ်၀င်စားစရာကောင်းလာပြီဖြစ်သောကြောင့်ပင်။

All Chapters