← Chapters

အခန်း (၃၁၆)

Vol. 22 Ch. 316

အခန်း (၃၁၆)

Vol. 22 Ch. 316

အဆင့်၃ပါးကွပ်သားသူရဲကောင်း၏မျက်နှာသည် အရောင်ပြောင်းလဲသွား၏။

အဆင့်၂ပါးကွပ်သားသူရဲကောင်း၏ ရည်ရွယ်ချက်မှာထင်ရှားသည် သူသည် ဤတောက်ပလာစကြယ်ပွင့်ကို ဖျက်ဆီးပစ်လိုနေခြင်းပင်။

သို့သော် မည်သည့်အချိန်က ဖှေးသည် ဤအဆင့်၂ပါးကွပ်သားကို စော်ကားမိခဲ့သနည်း။

ရွှေရောင်နေမင်းသူရဲကောင်းကို အနိုင်ယူခဲ့စဥ်ကလား။ ဤသည်မှာလည်းမဖြစ်နိင်ချေ။ လူတော်တော်များများသိသည့်ကိစ္စမဟုတ်သော်လည်း အဆင့်၃ပါးကွပ်သားသူရဲကောင်းမှာ ထိုနှစ်ယောက်ရင်းနှီးခြင်းမရှိသည်ကို သိရှိသည်။ ဆူလ်တွန်သည် ပါးကွပ်သားသူရဲကောင်းတစ်ယောက်ဖြစ်ကာစ မာနထောင်လွှားသည့်ကလေးတစ်ယောက်သာဖြစ်နေသေးသောကြောင့်ပင်။ ထို့ကြောင့်အဆင့်၂ ပါးကွပ်သားသူရဲကောင်းသည် ဆူလ်တွန်အတွက် လက်တုန့်ပြန်လိုနေခြင်းလဲဖြစ်နိုင်သည့်ပုံမပေါ်ချေ။

ဤကဲ့သို့ဆိုပါက မေးခွန်းတစ်ခုထွက်ပေါ်လာ၏။

မည်သည့်အကြောင်းပြချက်ကြောင့်ဆိုသည်ပင်။

အဆင့်၃ပါးကွပ်သားသူရဲကောင်းမှာ မစဥ်းစားနိုင်ဖြစ်နေ၏။

သို့သော် သူသည် ဤဘုရင်ငယ်ကို ကယ်တင်ရမည်ကိုမူ သေချာသိရှိ၏။

ဤသည်မှာ သူသည်ဤလူငယ်ကို သဘောကျခြင်းကြောင့်သာမဟုတ်ပေ။

အင်ပါယာ၏လက်ရှိအခြေအနေသည်လည်း ဤလူငယ်အားလိုအပ်နေသောကြောင့်ပင်။

အင်ပါယာအတွင်းနိုင်ငံရေးအခြေအနေများမှာ တစ်နေ့ထက်တစ်နေ့ပိုပြီးရှုပ်ထွေးလာလျှက်သာရှိနေ၏။ အင်ပါယာအရှင်သခင်ယရှင်းသည် အသက်ကြီးပြီးအိုမင်းလာသည်နှင့်အမျှ မင်းသားများထဲတွင်ရှိသည့် ထီးနန်းလုတိုက်ပွဲများမှာလည်း ပို၍ပင်ပြင်းထန်လာ၏။ ဆွေကြီးမျိုးကြီးမိသားစုများနှင့် ၀န်ကြီးများသည်လည်း သူတို့နှစ်သက်ရာမင်းသာတစ်ပါးဘက်တွင်နေကာ အနာဂတ်အကျိုးစီးပွားကို မျှော်ကိုး ၍အစွမ်းကုန်ထောက်ပံ့ပေးလျှက်ရှိသည်။ အင်ပါယာအတွင်းကိစ္စများအပြင် ဇီးနစ်အင်ပါယာ၏ ရန်သူဖြစ်သည့် စပါတတ်အင်ပါယာသည်လည်း နယ်စက်တွင် စစ်ပြင်နေပြီဖြစ်ပြီး ဇီးနစ်အင်ပါယာကို စစ်ကြေငြာရန်အတွက် အဆင်သင့်ဖြစ်နေပုံရ၏။

ဤကဲ့သို့ကစဥ့်ကယျားနိုင်လှသည့်အချိန်ခါများတွင် အသစ်ပေါ်ထွက်လာသည့်ကြယ်ခြောက်လုံးအဆင့်စစ်သည်လူငယ်တစ်ယောက်သည်အခြေအနေကို ကောင်းစွာကူညီနိုင်စွမ်းရှိသည်။

ချမ်းဘော့ဒ်ဘုရင်သည်အလွန်ငယ်ရွယ်သေးသည်။ သူသည်အသက်၁၈နှစ်မျှသာရှိသေး၏။ အသက်၁၈နှစ်မျှသာရှိသေးသည့် ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်သည် ကျန်ကြယ်ခြောက်လုံးအဆင့်စစ်သည်များထက်ပို၍တန်ဖိုးကြီးမား၏။

ဤကဲ့သို့အရည်ခြင်းနှင့် တိုးတတ်မှုအမြန်နှုန်းဖြင့်ဆိုပါက ဤလူငယ်သည် ကြယ်အဆင့်ကို ကျော်လွန်ကာအင်ပါယာထဲတွင် အငယ်ရွယ်ဆုံးလအဆင့်စစ်သည်တစ်ယောက်ဖြစ်လာနိုင်ကြောင်းကို အဆင့်၃ပါးကွပ်သားသူရဲကောင်းကောင်းမွန်စွာသိရှိ၏။

သူရဲကောင်းနန်းတော်သည် ဖှေးခရစ်ဆူတွန်ကို အနိုင်ယူလိုက်သည့်အချိန်မှစပြီးဖှေးကို သတိထားမိခဲ့သည်။ အဆင့်၃ပါးကွပ်သားသူရဲကောင်းနှင့် တစ်ခြားအမြင်တူသည့်ပါးကွပ်သားသူရဲကောင်းများသည် ဖှေးကိုစောင့်ကြည့်နေခဲ့ကြပြီး ယနေ့တိုက်ပွဲ၏ရလဒ်ကို တွေ့မြင်ပြီးသည့်နောက်တွင် ဤဘုရင်ငယ်ကို သေချာပျိုးထောင်သင့်သည့်အကြံဉာဏ်မှာ ပို၍ပင်သေချာသွား၏။

ဤအကြောင်းပြချက်ကြောင့်ပင် ရာထူးပိုမြင့်သည့်အဆင့်၂ပါးကွပ်သားသူရဲကောင်းနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော်လည်း သူသည် ဤဘုရင်ကိုကူညီရန်အတွက် အတတ်နိုင်ဆုံးကြိုးစားနေဆဲပင်။

"တိုက်ပွဲကစားတဲ့နေရာမှာ ဒဏ်ရာရတယ်ဆိုတာ ဘာဆန်းလို့လဲ။ ကျွန်တော့အမြင်အရဆိုရင်ချမ်းဘော့ဒ်ဘုရင်မှာ အပြစ်မရှိပါဘူး။ ကျွန်တော်တို့အဆင့်၇သူရဲကောင်းကို အမြန်ဆေးကုဖိုလုပ်သင့်နေပြီ။" အဆင့်၃ပါးကွပ်သားသူရဲကောင်းသည် အဆင့်၂သူရဲကောင်း၏လမ်းကြောင်းကို ပိတ်ရန်အတွက် ဖှေး၏အရှေ့သို့ဖြေးညင်းစွာကပ်သွားရင်းဖြင့်ပြောလိုက်သည်။

"အဆင့်၃သူရဲကောင်း မင်းငါ့ကို ဆန့်ကျင်ချင်တာသေချာလား..."

အဆင့်၂ပါးကွပ်သားသူရဲကောင်း မျက်မှောင်ကြုံ့လိုက်သည်။ သူသည် စကားဆက်ပြီးမပြောတော့သော်လည်း သူ၏အတွင်းအားစွမ်းအင်များမှာ ပို၍ပို၍ထွက်ပေါ်လာလျှက်ရှိသည်။ သူသည် အဆင့်၃သူရဲကောင်းကို တွန်းထုတ်ရန်အတွက်ကြိုးစားနေခြင်းပင်။ အဆင့်၂သူရဲကောင်းလှုပ်ရှားသည့်အချိန်တွင် အဆင့်၄နှင့်အဆင့်၅သူရဲကောင်းတို့သည်လည်း သူတို့၏အတွင်းအားများကို ထုတ်လွှတ်လိုက်၏။ ကြီးမားသည့်တောင်တန်းကြီးတစ်ခုကဲ့သို့ပင် သူတို့၏စွမ်းအာများကို ပေါင်းစပ်ကာ မှော်စွမ်းအင်အကာရံမရှိတော့သည့် နံပါတ်၁ဓားကွင်းစင်မြင့်ကို တုန်ခါအောင်ပြုလုပ်လိုက်၏။ စင်မြင့်သည် အချိန်မရွေးပြိုကျတော့မည့်အတိုင်းပင်။

"ခင်ဗျား..." အဆင့်၃ပါးကွပ်သားသူရဲကောင်း၏အမူယာသည်လည်း မှုန်ကုပ်လာ၏။

သူ၏အနောက်တွင် အဆင့်၆နှင့် အဆင့်၈ပါးကွပ်သားသူရဲကောင်းတို့သည်လည်း အရှေ့သို့တက်ကာ အဆင့်၃သူရဲကောင်း၏ဘေးတွင် ရပ်လိုက်ကြ၏။ အတူတကွပင် သူတို့သုံးယောက်လဲအတွင်းအားစွမ်းအင်များကို ထုတ်လွှတ်လိုက်၏။ မမြင်နိုင်သည့်စွမ်းအားများသည်လေထဲတွင်အဆက်မပြတ်တစ်ခုနှင့် တစ်ခုအားပြိုင်လျှက်ရှိကြပြီး ရောင်စုံအတွင်းအားစွမ်းအင်များသည်လည်းပို၍ပို၍ပင်တောက်ပလာလျှက်ရှိ၏။

အောက်တွင်ရှိနေသည့်လူများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ သူတို့ဘာဖြစ်နေလဲမသိကြတော့ချေ။

မည်သူမှ ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟုထင်မထားပေ။ တိုက်ပွဲကို ကြည့်ရှုရန်လာရောက်သည့် ပါးကွပ်သားသူရဲကောင်းခြောက်ယောက်သည် အဖွဲ့နှစ်ဖွဲ့ကွဲကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့အားပြိုင်လျှက်ရှိကြ၏။ ကြည့်ရသည့်ပုံအရ သူတို့သည် မကြာမှီအချိန်တွင် စတင်၍တိုက်ခိုက်ကြတော့မည့်အတိုင်းပင်။

"အမြန်လုပ်...နောက်ဆုတ်ကြ.."

"သေစမ်း...ပါးကွပ်သားသူရဲကောင်းတွေချကုန်တော့မှာ။ ငါတို့ကို ကာကွယ်ထားတဲ့မှော်စွမ်းအင်အကာရံကလဲဘယ်ရောက်သွားပြီလဲမသိဘူး။ အဲ့တာမရှိဘူးဆိုရင် လွှင့်စင်လာတဲ့စွမ်းအင်တွေကြောင့် ငါတို့သေကုန်လိမ့်မယ်..."

"ဘုရားရေ...ဘယ်လိုလုပ်ဒီလိုတွေဖြစ်ကုန်ရတာလဲ..."

ကြည့်နေခဲ့ကြသည့် လူထောင်ပေါင်းများစွာသည်တုန်လှုပ်သွား၏။ နဂါးတစ်ကောင်ကိုမြင်လိုက်ရသည့်ခွေးများကဲ့သို့ပင် သူတို့သည် ထုတ်လွှတ်နေသည့်စွမ်းအားအရှိန်၀ါများကြောင့် ထိတ်လန့်သွားရ၏။ စင်နှင့် နီးကပ်သည်နေရာတွင်ရှိနေသည့်လူများဆိုလျှင် အားနည်းကာ ဒူးများပင်ခွေကျကုန်တော့သည်။

လမ်းလျှောက်နိုင်နေသေးသည့်လူများသည် အလျှင်မြန်ပင် စင်အနားမှဆုတ်ခွာနေကြပြီဖြစ်သည်။

VIPပွဲကြည့်စင်တွင်ရှိနေသည့် ဆွေကြီးမျိုးကြီးပုဂ္ဂိုလ်များပင် အစောင့်များ၏အကူညီဖြင့် ဆုတ်ခွာထွက်ပြေးနေကြပြီဖြစ်၏။ မှော်စွမ်းအင်အကာရံမရှိပဲ တိုက်ပွဲစတင်ပါက သူတို့ထိုင်နေသည့်နေရာသည် ပထမဆုံးမြေစာပင်ဖြစ်မည့်နေရာဖြစ်သောကြောင့်ပင်။

ရွေ့လျားခြင်းမရှိသည့်လူများမှာ မဟာဘုရားကျောင်းမှမှော်ရထားလုံးများထဲတွင်ရှိနေသည့် လူများသာရှိ၏။ မြင်းစစ်သည်များ၏အကာကွယ်အောက်တွင် သူတို့သည်တိတ်ဆိတ်စွာဖြင့်အခြေအနေကို စောင့်ကြည့်နေလျှက်ရှိကြသည်။

"ဟားဟား ကောင်းတယ်။ ငါတိုက်ပွဲပြီးတော့ နောက်ထပ်အုပ်စုလိုက်တိုက်ပွဲတစ်ခုထက်လာမယ်လို့ထင်မထားဘူး..."

အင်ပါယာ၏ နံပါတ်၁ခရီးသွားကဗျာဆရာမတ်-ရာဇီသည် ဤအရာကိုမြင်ရသည့်အတွက် စိတ်လှုပ်ရှားနေ၏။ သူသည် ၀ိုင်များကို မော့သောက်လိုက်ကာ ယက်ခက်လိုက်၏။ သူသည် အရာအားလုံးကို နီးကပ်စွာကြည့်နေပြီး ပါးကွပ်သားသူရဲကောင်းများထံမှ ထွက်ပေါ်လာနေသည့်ကြီးမားသည့်စွမ်းအားအရှိန်၀ါများကို လုံး၀ဂရုစိုက်သည့်ပုံမပေါ်ချေ။

"ဒွီး..."

ကျယ်လောင်သည့်တုန်ခါသံကြီးတစ်ခုထွက်ပေါ်လာပြီး ပရိသတ်အားကာကွယ်ရန်အတွက် ကောင်းကင်ပြာရောင်မှော်စွမ်းအင်အကာရံမှာ ထက်မံ၍ အသက်၀င်လာ၏။

ယခုအချိန်တွင် ကြောက်လန့်နေသည့်လူများသည် ပြေးနေကြသည်ကို ရပ်တန့်လိုက်ပြီး ခေါင်းများပြန်လည့်ကြည့်မိလိုက်ကြသည်။

သူတို့သည် စင်မြင့်ပေါ်သို့ရူးသွပ်သည့်မျက်လုံများဖြင့် ကြည့်လိုက်မိကြ၏။ အထူးပါးကွပ်သားသူရဲကောင်းခြောက်ယောက်သာ အမှန်တကယ်ပင် စတင်တိုက်ခိုက်ပါက အလွန်ပြင်းထန်သည့်တိုက်ပွဲတစ်ခုဖြစ်သွားမည်မှာအမှန်ကန်ပင်။ ဤသည်မှာ သူတို့အတွက် ဤကဲ့သို့သမိုင်း၀င်တိုက်ပွဲကြီးကိုအနီးကပ်မြင်နိုင်မည့် တစ်သက်တွင်တစ်ခါပင်ရရှိရန်ခဲယဥ်းလှသည့် မဟာအခွင့်ရေးကြီးတစ်ခုပင်။

All Chapters