← Chapters

အခန်း (၃၁၇)

Vol. 22 Ch. 317

အခန်း (၃၁၇)

Vol. 22 Ch. 317

“မင်းကများ။ ငါ့ကိုလာပြီး မစမ်းနဲ့...” အဆင့်၂ပါးကွပ်သားသူရဲကောင်း၏မျက်နှာပေါ်တွင် ကြမ်းတမ်းပြီးဒေါသဖြစ်နေသည့်အမူယာတစ်ခုရှိနေ၏၊၊ သူ၏မျက်နှာကို မျက်နှာဖုံးတစ်ခုဖြင့် ဖုံးကွယ်ထားသော်လည်း သူ၏မျက်လုံးများတွင် စိတ်ခံစားမှုများကို ပြသလျှက်ရှိ၏။

“ဟီးဟီး မင်းတို့ သုံးကောင်။ မင်းတို့က ငါတို့နဲ့ယှဥ်လို့မရဘူးဆိုတာကို မေ့နေပြီလား။” အဆင့်၄ပါးကွပ်သားသူရဲကောင်းသည် သူ၏အပေါင်းပါသုံးဦးကိုခနဲ့လိုက်သည်။

“ငါတို့တွေစမ်းမကြည့်ရင်ဘယ်လိုလုပ်သေချာမှာလဲ...”

အရာအားလုံးကိုအသေချာတွေးခေါ်ပြီးသည့်နောက်တွင် အဆင့်၃ပါးကွပ်သားသူရဲကောင်း၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးပြီးဒေါသဖြစ်နေသည့်အမူယာမှာမရှိတော့ချေ။ သူသည် စိတ်တည်ငြိမ်သွားပြီး ရပ်တည်မှုကို ပြောင်းလဲခြင်းမပြုတော့ပေ။ သူ၏ ဘေးတွင်ရှိနေသည့် တခြားပါးကွပ်သားသူရဲကောင်းများသည်လည်း သူတို့၏ရပ်တည်မှုကို ပြောင်းလဲခြင်းမရှိပေ။

“နောက်ဆုံးသတိပေးမယ် ငါမင်းတို့နဲ့မတိုက်ခိုက်ချင်ဘူး။ ဒါကြောင့်မို့ ငါ့ဒေါသကိုလာမစမ်းကြနဲ့။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ မင်းတို့သုံးယောက်ကြောင့် အင်ပါယာသူရဲကောင်းနန်းတော်ရဲ့ ဂုဏ်သရေငြိုးနွမ်းမှာကို ငါရပ်ကြည့်နေမှာမဟုတ်ဘူး။”

အဆင့်၂ပါးကွပ်သားသူရဲကောင်းသည် သူ၏လက်သီးများကို ဖြေးညင်းစွာဖြင့်ဆုပ်ကာ မီးအတွင်းအားစွမ်းအင်များကို အစွမ်းကုန်ထုတ်လွှတ်လိုက်ရင်းဖြင့်ပြောလိုက်၏။

အဆင့်၃ပါးကွပ်သားသူရဲကောင်းသည်လည်း လုံး၀ပင်ရွေ့လျားခြင်းမရှိပေ။ ခနဲ့သည့်အပြုံးတစ်ခုနှင့်အတူသူပြောလိုက်သည်။ “သူရဲကောင်းနန်းတော်ရဲ့ဂုဏ်သရေက ညိုးနွမ်းရင်ညိုးနွမ်းလိမ့်မယ်။ ဒါပေမယ့် အဲ့လိုညိုးနွမ်းအောင်လုပ်တာက ငါတို့မဟုတ်ဘူး။ ခင်ဗျားတို့ကြောင့်ပဲဖြစ်လိမ့်မယ်...”

သူတို့သည် တစ်ဦးနှင့် တစ်ဦးထိပ်တိုက်တိုက်ခိုက်ကြတော့မည်ဖြစ်သည်။

ဤအခိုက်တန့်တွင်...

“အဟမ်း...ကျွန်တော်တစ်ခုပြောလို့ရမလား။”

တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့်ဖှေးသည် ချောင်းဟမ့်လိုက်ပြီး လူအများ၏အာရုံစိုက်မှုများကို ဆွဲဆောင်လိုက်သည်။ လူအားသူ့အားစိုက်ကြည့်နေကြသည်ကို မြင်ရပြီးနောက်တွင် သူအရှေ့သို့လမ်းလျှောက်သွားလိုက်၏။ ထို့နောက်တွင် သူသည် အဆင့်၃ပါးကွပ်သားသူရဲကောင်း၏ ပုခုံးကိုသူငယ်ချင်းဟောင်းတစ်ဦးကဲ့သို့ပုတ်လိုက်ပြီး ပြုံးကာပြောလိုက်၏။ “ပါးကွပ်သားသူရဲကောင်းကြီး ကျေးဇူးပါပဲ...”

အဆင့်၃ပါးကွပ်သားသူရဲကောင်းသည် ဖှေးအားနားမလည်နိုင်သည့်အမူယာတစ်ခုဖြင့် ကြည့်လိုက်သည်။

“ကျွန်တော်ပြောချင်တာက ပါးကွပ်သားသူရဲကောင်းတွေက အဖွဲ့၀င်တိုင်းပြည်ကလူတွေရှေ့မှာ အခြင်းခြင်းအသေအကြေတိုက်ခိုက်နေကြတာက မြင်လို့ကောင်းမှာမဟုတ်ဘူး။ အင်ပါယာအတွက်လဲ ကောင်းတဲ့ဟာမဟုတ်ဘူးလေ။ အဲ့တာကြောင့် အကို ဒီကိစ္စကို ကျွန်တော်ပဲကိုင်တွယ်လိုက်ပါမယ်...”

ဤအရာကို ကြားလိုက်သည့်အချိန်တွင် လူတိုင်းထိတ်လန့်အံ့သြသွားကြ၏။

“မင်းသေချာရဲ့လား...” အဆင့်၃ပါးကွပ်သားသူရဲကောင်းသည် ထိတ်လန့်အံ့သြသွားရာမှ နိုးလာကြာမေးလိုက်သည်။

“သေချာတာပေါ့...”

ဖှေးအရှေ့သို့လှမ်းလျှောက်သွားကာ တခြားပါးကွပ်သားသုံးယောက်နှင့် ရင်ဆိုင်လိုက်သည်။ သူ၏အမူယာမှာ အလွန်အတည်ငြိမ်လှသဖြင့် သူ၏ရဲစွမ်းသတ္တိကို လူတိုင်းမှလေးစားသွားရ၏။

“မင်း...”

ဘုရင်ငယ်သည် သူတို့၏အကူညီကို လျစ်လျူရှုလိုက်သည်ကို မြင်တွေ့ရပြီးနောက်တွင် အဆင့်၆နှင့် အဆင့်၈ပါးကွပ်သားသူရဲကောင်းတို့သည် စိုးရိမ်စွာဖြင့် သက်ပြင်းချလိုက်မိကြ၏။ အဆင့်၃ပါးကွပ်သားသူရဲကောင်းသည် သူ့လူနှစ်ယောက်ကို ခေါ်ဆောင်ကာစင်ဘေးသိုထွက်သွားလိုက်သည်။ သူသည် ဘုရင်ငယ်ဤကိစ္စကို ကိုယ်တိုင်ဖြေရှင်းသည်ကို စောင့်ကြည့်တော့မည်ဖြစ်သည်။

“ကောင်းပြီလေ မင်းက ထောင်ထဲကို အသာလိုက်ခဲ့တော့မယ်ပေါ့...” အဆင့်၂ပါးကွပ်သားသူရဲကောင်းမှာ သက်ပြင်ချလိုက်သည်။ သူသည် ဤ၁၈နှစ်အရွယ်ကောင်လေးကို လုံး၀ပင်စိုးရိမ်ခြင်းမရှိပေ။ ထိုကောင်လေးသည် အဆင့်၇ပါးကွပ်သားသူရဲကောင်းကို အနိုင်ယူခဲ့သူဖြစ်သော်လည်း သူ၏ဘေးတွင်တစ်ခြားပါးကွပ်သားသူရဲကောင်းနှစ်ယောက်ပါရှိနေသဖြင့် ထိုကောင်လေးလွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

“သေလိုက် စောက်ရူး...”

ဖှေးအော်ကာ ရုတ်တရက်လက်သီးဖြင့်ထိုးလိုက်၏။

ချမ်းဘော့ဒ်ဘုရင်ဘက်မှ စတင်၍တိုက်ခိုက်လာလိမ့်မည်ဟုမည်သူမှထင်မထားပေ။

သူ၏အော်သံထဲတွင် ကြောက်မက်ဖွယ်စွမ်းအင်တစ်ခုနှင့်အတူ ဤသူရဲကောင်းသုံးယောက်၏စိတ်ထဲတွင်ကိန်းအောင်းနေသည့် ကြောက်မက်ဖွယ်အကောင်းဆုံးမှတ်ဉာဏ်များမှာ နိုးထလာခဲ့၏။ ရှင်းပြ၍မရနိုင်သည့်အကြောက်တရားတစ်မျိုးကို သူတို့၏စိတ်ထဲတွင် ခံစားလိုက်ရ၏။ ဤခံစားချက်ကြောင့် ပါးကွပ်သားသူရဲကောင်း သုံးယောက်သည် နေရာ၌ပင် ခနရာတာရပ်တန့်သွားကြ၏။

အဆင့်မြင့်သိုင်းဆရာများ၏တိုက်ခိုက်မှုတွင် တစ်စက္ကန့်ဟူသောအချိန်ကပင် အရာပေါင်းများစွာ၏ ရလဒ်တစ်ခုဖြစ်လာနိုင်သည်။

“ဖုန်း ဖုန်း ဖုန်း...”

ကျယ်လောင်သည့် ပေါက်ကွဲသံကြီးသုံးခုထွက်ပေါ်လာရာ လူတိုင်း၏နားစည်များကွဲအက်လုနီးပါးပင်။ လူထောင်ပေါင်းများစွာသည် အဆင့်၂၊ အဆင့်၄နှင့် အဆင့်၅သူရဲကောင်းတို့ ဖှေး၏လက်သီးချက်ကြောင့် အနောက်သို့လွှင့်ထွက်သွားသည်ကို မြင်လိုက်ကြရ၏။

“မင်း...မင်းကများ...”

အဆင့်၂ပါးကွပ်သားသူရဲကောင်း မီတာ၃၀ခန့်ကွာ၀ေးသည့်နေရာမှ မြေပြင်ပေါ်သို့ပြန်ကျသည်နှင့််တပြိုင်နက် ဒေါသဖြစ်ကာ ထိတ်လန့်အံ့သြသွားသည့်အမူယာတစ်ခုသည် သူ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာ၏။ သူ၏မျက်လုံးထဲတွင် သိုးငယ်တစ်ကောင်ကဲ့သို့သာဖြစ်နေသည့် ချမ်းဘော့ဒ်ဘုရင်သည် သူ့အားကျားတစ်ကောင်ကဲ့သို့ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု သူမျှော်လင့်မထားသောကြောင့်ပင်။

“သတ်ပစ်ကွာ...”

အဆင့်၄ပါးကွပ်သားသူရဲကောင်းသည် ချပ်၀တ်ပေါ်တွင် ထင်ရှားနေသည့် လက်သီးရာအချိုင့်ကြီးတစ်ခုနှင့် အတူဒေါသဖြင့်အော်ဟစ်လိုက်၏။ သူသည် အစိမ်းရောင်အတွင်းအားစွမ်းအင်များ သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်တောက်ပလာပြီး အလွန်မြန်ဆန်သည့်အမြန်နှုန်းဖြင့် ဖှေးထံသို့ပြေး၀င်သွား၏။ ညှာတာမှုမရှိပဲ သူသည် ဖှေးအားဤတိုက်ခိုက်မှုတစ်ခုတည်းဖြင့်ပင် သတ်ပစ်ရန်ရည်ရွယ်နေသည်မှာ ထင်ရှားလှသည်။

“ဟားဟား မင်းတို့သုံးကောင်ကအတော်ရီရတာပဲ။ ငါကပြန်မချရဘူးလား။ မင်းတို့တွေအရင် တိုက်ပွဲရဲ့စည်းမျဥ်းတွေကိုချိုးဖောက်ပြီး ငါ့ကိုမတရားစွပ်စွဲချင်တာဆိုတော့ ငါကလဲမင်းတို့ကို နောက်ငါ့ရှေ့မှာ ပေါ်မလာရဲအောင်ဆုံးမပေးလိုက်မယ်။”

ဖှေးရယ်မောလိုက်ရာ သူ၏အသံသည်မှော်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့်အတိုင်းပင် ကြည့်ရှုနေကြသည့်လူများ၏သွေးများဆူပွက်လာသကဲ့သို့ခံစားလိုက်ရ၏။ လူတိုင်း၏အာရုံစိုက်မိများအောက်တွင် ဖှေးသည် စွမ်းအားကြီးမားသောရန်သူများထံသို့ ခြေတစ်လှမ်းတက်လိုက်သည်။

သူမြေပြင်ပေါ်သို့ခြေလှမ်းလိုက်ခြင်းပင် စင်မြင့်ပေါ်သို့တောင်တစ်လုံးပြိုကျလာသကဲ့သို့ ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာ၏။ မီတာ၅၀ခန့်မြင့်မားသည့် တိုက်ခိုက်ရေးစင်မြင့်ကြီးတစ်ခုလုံးသည်တုန်ခါလာပြီး လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်၏စွမ်းအားများကို အပြည့်၀ထုတ်လွှတ်လိုက်ပြီဖြစ်သည်။ သန့်စင်သည့်ရုပ်ပိုင်းဆိုင်ရာစွမ်းအင်များသည် သူ၏ပတ်၀န်းကျင်တွင်ရှိနေသည့် လေထုကို သိပ်သည်းစေပြီး သူ၏ခန္ဓာကိုယ်တစ်၀ိုက်အတွင် ရောင်စုံအလင်းရောင်များတောက်ပလျှက်ချပ်၀တ်တစ်ခုပေါ်ပေါက်လာ၏။ ရှေးကျကာ မှော်ဆန်သည့် အရှိန်၀ါတစ်ခုချပ်၀တ်ထံမှ စိမ့်ထွက်နေရင်းနှင့်အတူ ဖှေး၏ခွန်အားများသည်လဲ တစ်ခြားအဆင့်တစ်ခုသို့ရောက်ရှိသွားပြီဖြစ်သည်။

မီတာတစ်ရာခန့်အမြင့်ရှိသည့် ပုံရိပ်တစ်ခုသည် ဖှေး၏အနောက်မှ ရုပ်တုကြီးတစ်ခုကဲ့သို့ပေါ်ထွက်လာ၏။

“ကောင်းကင်ဖုံးလွှမ်း ကောင်းကင်လက်သီး...”

ကြီးမားသည့် တလင်းကျောက်ကဲ့သို့ လက်သီးရာကြီးတစ်ခုကို ထိုးထုတ်လိုက်ပြီး ဖှေးထံသို့ပြေး၀င်လာနေသည့် အဆင့်၄ပါးကွပ်သားသူရဲကောင်းနှင့်တွေ့ဆုံလိုက်သည်။ လက်သီးရာကြီးသည် အဆင့်၄သူရဲကောင်းကို ထိမှန်သွားပြီးသည့်နောက်တွင် ကျယ်လောင်သည့် ဆူညံသံကြီးတစ်ခုထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများသည်လည်း နေရာအနှုံ့သို့လွှင့်စင်ကုန်တော့သည်။ လက်သီးရာမှာ အက်ကွဲသွားသော်လည်း အဆင့်၄သူရဲကောင်းလည်း ဟန်ချက်ပျက်ကာ ပါးစပ်မှသွေးများပန်းထွက်လာရင်းဖြင့်အနောက်သို့လွှင့်ထွက်သွားတော့၏။

သူသည်တစ်ချက်တည်းဖြင့်ပင် အဆင့်၄ပါးကွပ်သားသူရဲကောင်းကိုဒဏ်ရာရအောင်တိုက်ခိုက်လိုက်ပြီဖြစ်သည်။

“ဒါက ချမ်းဘော့ဒ်ဘုရင်ရဲ့တကယ့်စွမ်းအားအစစ်မှန်လား...” လူများတွေးလိုက်မိကြသည်။

တစ်ချိန်တည်းမှာပင်။

အဆင့်၂နှင့် အဆင့်၅သူရဲကောင်းတို့မှာလည်း ဖှေးအားတိုက်ခိုက်ရန်အတွက်ပြေးလာနေပြီဖြစ်သည်။

အဆင့်၂ပါးကွပ်သားသူရဲကောင်း၏ခန္ဓာကိုယ်သည် မိုးပေါ်မှဇောက်ထိုးအနေထားဖြင့် ဆင်းသက်လာကာ သူ၏လက်ဖ၀ါးနှစ်ဖက်တွင် မီးစွမ်းအင်များဖြင့် ဖှေးကိုတိုက်ခိုက်လိုက်သည်။

အဆင့်၅သူရဲကောင်းသည်လည်း ဖှေးအားရိုးရှင်းစွာပင် အားဖြင့်ဆောင့်ကန်လိုက်သည်။

ဤအခိုက်တန့်တွင် ဖှေးထံတွင် ကောင်းကင်လက်သီးကိုအသုံးပြုရန်အတွက် အချိန်မရှိတော့ပေ။ သို့သော် သူ၏မျက်နှာပေါ်တွင် ပြောင်းလဲခြင်းမရှိပဲ သူသည် လက်သီးဖြင့်ထိုးလိုက်၏။ သူ၏လက်သီးတစ်ဖက်သည် အဆင့်၂သူရဲကောင်း၏လက်ဖ၀ါးဖြင့်တွေ့ဆုံလိုက်ပြီး ကျန်လက်သီးတစ်ဖက်သည် အဆင့်၅သူရဲကောင်း၏ခြေထောက်နှင့် တိုက်ခတ်လိုက်သည်။

“ဖုန်း ဖုန်း..”

ကျယ်လောင်သည့်ဆူညံသံများကြောင့် ပရိသတ်များထဲတွင် ရှိနေသည့်တစ်ချို့လူများ၏နားအတွင်းမှ သွေးများပင် စီးကျလာ၏။ အဖျက်စွမ်းအားကြီးသည့်စွမ်းအင်လှိုင်းများသည်လည်း ဖှေး၏လက်မောင်းများအတွင်းသို့ အဆက်မပြတ်၀င်ရောက်လျှက်ရှိသည်။

ဤအခိုက်တန့်တွင် မိုရိုတောင်ကြီးတစ်ခုလုံးပင်တုန်ခါနေသည့်အတိုင်းပင်။

ဆူညံသံများနောက်တစ်ကြိမ်ထွက်ပေါ်လာပြီးသည့်နောက်တွင် ဖှေး၏ခြေထောက်အောင်တွင် ရှိနေသည့်ကျောက်သားပြင်မှာ မှော်အစီရင်၏ကာကွယ်မှုရှိနေလျှက်ဖြင့်ပင် ကွဲအက်သွားတော့၏။ ဖုန်မှုန့်များ၊ ကျောက်စများလေထဲသို့ပြန့်နှံ့ကုန်ပြီး လူတိုင်း၏အမြင်အာရုံကို ပိတ်ပင်လိုက်သည်။

လူတိုင်း၏စိတ်ကူများထက်ပင် ကျော်လွန်အောင်သန်မာသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက်အသေအကြေတိုက်ခိုက်ကာ ရက်စက်ကြမ်းကြုတ်စွာဖြင့် စားသောက်နေကြခြင်းပင်။

မှော်စွမ်းအင်အကာရံထဲတွင် မီးရှူးမီးပန်းများဖောက်ခွဲနေသည့်အတိုင်းပင် ရောင်စုံမှော်စွမ်းအင်များသည် အရပ်မျက်နှာပေါင်းစုံသို့ပြန့်နှံ့လျှက်ရှိ၏။

ဤတိုတောင်းလှသည့်အခိုက်တန့်တွင် သူတို့သုံးယောက်သည် တည်ငြိမ်သည့်အခြေအနေတစ်ခုရောက်ရှိသွားသကဲ့သို့ပင်။

ဤအခိုက်တန့်တွင် လူတစ်ယောက်သည် ဖုန်မှုန့်များတွင်းသို့ပြေး၀င်သွား၏။ သူ၏ဓားသည် ညင်သာသည့်လေခွင်းသံတစ်ခုကို ပြုလုပ်ရင်းဖြင့် ဖှေး၏နှလုံးသားနေရာကိုချိန်ရွယ်ထားသည်။ ဓားမှအတွင်းအားစွမ်းအင်များသည် ပို၍လျှင်မြန်စွာပင်တောက်ပလျှက်ရှိ၏။

ဤသည်မှာ တိုက်ပွဲအတွင်းသို့ပြန်လည်ကာ ၀င်ရောက်လာသည့် အဆင့်၄ပါးကွပ်သားသူရဲကောင်းပင်။

တစ်ချက်ထဲဖြင့် ဒဏ်ရာရရှိသွားခဲ့ခြင်းသည် သူ့အားအရှက်ရစေခဲ့ပြီး သူသည် အလွန်ဒေါသဖြစ်နေသည့်အခြေအနေတစ်ခုတွင် ရှိနေ၏။ သူယခုတွင် ဆန္ဒရှိသည့်တစ်ခုတည်းသောအရာမှာ ဖှေး၏ခန္ဓာကိုယ်ပေါ်တွင် အပေါက်တစ်ခုပြလုပ်ပစ်ရန်သာဖြစ်သည်။

“လစ်စမ်းကွာ...”

ဤအခိုက်တန့်တွင် သူ၏ခန္ဓာကိုယ်မှနောက်ထပ်အင်အားတစ်ခုပေါက်ကွဲသွားရင်းဖြင့် သူကြုံး၀ါးလိုက်သည်။ သူသည် အဆင့်၂နှင့် အဆင့်၅သူရဲကောင်းတို့ကို သူ၏အနီးမှတွန်းထုတ်လိုက်၏။ ဖှေး၏ခန္ဓာကိုယ်သည်တွန်းကန်အားကြောင့် မြေပြင်ထဲသို့အနည်းငယ်စိုက်၀င်သွားသော်လည်း သူ၏ခန္ဓာကိုယ်ကို အနည်းငယ်တိမ်းစောင်းကာ အဆင့်၄ပါးကွပ်သား၏တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပြီး သူ့အားနီးကပ်စွာဖြင့် စိုက်ကြည့်လိုက်၏။ သူသည် ဤတိုက်ခိုက်မှုကို ရှောင်လိုက်နိုင်သော်လည်းချွန်ထက်သည့် ဓားစွမ်းအင်များသည် သူ၏ပုခုံးကိုထိုးဖောက်သွားပြီး သွေးများပန်းထွက်လာ၏။

သို့သာ် သူ၏ဒိုင်ယာဘလိုကမ္ဘာမှတပ်ဆင်ထားသည့် ပစ္စည်းများ၏ကျေးဇူးကြောင့် ခုခံမှုအားများမြင့်တက်လျှက်ရှိရာ ဤကဲ့သို့သောဒဏ်ရာမျိုးသည် သူ့အတွက် မပြောပြလောက်ချေ။

ဤအရာများသည် ဖှေး၏တွက်ချက်မှုများထဲတွင်သာရှိနေသေး၏။

“ကျား...”

လူရိုင်းဇာတ်ကောင်၏ တိုက်ပွဲခေါ်သံအစွမ်းကိုအသုံးပြုလိုက်၏။

ဤကြောက်မက်ဖွယ်အော်သံသည် ရန်သူများ၏ ခုခံနိုင်စွမ်းနှင့် ထိခိုက်စေနိင်မှုနှုန်းကို လျှော့ကျစေသည်။

ဤအော်သံ၏ အောက်တွင် သူ၏ချောင်မြောင်းတိုက်ခိုက်မှုမှာ လွဲချော်သွားသဖြင့်နောက်တစ်ကြိမ်ထက်မံတိုက်ခိုက်ရန်အတွက်ပြင်ဆင်နေသည့်အဆင့်၄ပါးကွပ်သားသူရဲကောင်းမှာ ထူးဆန်းသောစွမ်းအားကြီးတစ်ခု၏လွှမ်းမိုးမှုအောက်သို့ရောက်ရှိသွားသကဲ့သို့ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် တစ်စုံတစ်ခုသည် ပုတ်ဆွေးလာသကဲ့သို့ သူ၏ခန္ဓာကိုယ်သည်လည်း မသိမသာဖြင့်တုန့်နှေးလာတော့သည်။

ထို့နောက်တွင် ချမ်းဘော့ဒ်ဘုရင်၏ လက်သီးသည် သူ၏ညာဘက်ရင်အုံအားထိုးနှက်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။

“အား...”

သွေးများသည် သူ၏ပါးစပ်ထဲမှ ပန်းထွက်လာတော့သည်။

သံသယကင်းစွာပင် ထူထဲသည့်သံမဏိချပ်၀တ်၀တ်ဆင်ထားသည့် သူ၏ခန္ဓာကိုယ်မှာအနောက်သို့လွှင့်စင်သွားပြီး ကြီးမားသည့်လက်သီးရာကြီးနှစ်ခုသည်လည်း သူ၏ချပ်၀တ်ပေါ်တွင် ထင်ရှားစွာဖြင့်ထင်ကျန်ခဲ့လျှက်ရှိသည်။ မီတာ၆၀ခန့်နေရာအကွာ၀ေးသို့လွှင့်စင်ကာ မြေပြင်ပေါ်သို့ပြုတ်ကျပြီးသွားသည့်အချိန်တွင် သူသည် မက်တပ်ရပ်နိုင်ရန်အတွက်ကြိုးစားလိုက်သည်။ သို့သော် သူသည် ပါးစပ်မှသွေးများအဆက်မပြတ်စီးကျလာရင်းဖြင့် မြေပြင်ပေါ်သို့ဒူးထောက်လျှက်ကျသွားတော့၏။

အဆင့်၄ပါးကွပ်သားသူရဲကောင်းသည် ဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။

“ကျား...”

ဤအခိုက်တန့်တွင် ဖှေးဆက်လက်၍ဟိန်းဟောက်လိုက်သည်။ သို့သော် ဤကြိမ်တွင်မူသူသည် [အော်ဟစ်ခြင်း]အစွမ်းကို အသုံးပြုနေခြင်းဖြစ်၏။ သူသည် ရှိသမျှမန်နာအားလုံးကို အသုံးပြုလိုက်ပြီး ကျန်ရှိနေသည့် ပါးကွပ်သားသူရဲကောင်းများ၏တိုက်ခိုက်မှုနှုန်းကို အနည်းငယ်တုန့်နှေးသွားစေရန်အတွက် ပြုမူလိုက်သည်။ သူသည် လက်ဖ၀ါးဖြင့် မြေပြင်ပေါ်သို့ရိုက်လိုက်ပြီး တွန်းကန်အားကိုအသုံးပြုကာ မြေကြီးအတွင်းမှ လေပေါ်သို့မြောက်တက်လာခဲ့သည်။

“တစ်ချက်ထိုး ကောင်းကင်လက်သီး...”

လေပေါ်တွင် ဖှေးသည် မန်မာဆေးပုလင်းတစ်လုံးကိုမော့သောက်လိုက်ပြီး ရန်လိုစွာဖြင့် စတင်တိုက်ခိုက်တော့သည်။ သူသည် အသက်တစ်ကြိမ်ရှူရုံမျှကာလအတွင်းမှာပင် လက်သီးအချက်ပေါင်းတစ်ရာခန့်ကို ထိုးလိုက်ပြီး လက်သီးချက်၁၂ချက်တွင်တစ်ချက်သည် လူရိုင်းဇာတ်ကောင်၏အစွမ်းဖြစ်သည့် ပြင်းထန်စွာရိုက်နှက်ခြင်းအစွမ်းပါရှိမည်ဖြစ်သည်။ ဤလက်သီးချက်များသည် တလင်းကျောက်ကဲ့သို့ ကြီးမားသည့်လက်သီးရာကြီးခြောက်ခုကို ဖန်တီးလိုက်ပြီး ထိုလက်သီးရာခြောက်ခုသည် ပါးကွပ်သားသူရဲကောင်းနှစ်ယောက်ထံသို့ပျံသန်းသွားတော့၏။

“ဖုန်း ဖုန်း ဖုန်း...”

ကျယ်လောင်သည့် ဆူညံသံများသည် ကောင်းကင်ရံပေါ်တွင် ဟိန်းထွက်လာပြီး ပါးကွပ်သားသူရဲကောင်းနှစ်ယောက်မှာ လက်သီးရာများဖြင့် ထိမှန်ကုန်တော့၏။

ဤလက်သီးရာများသည် ပါးကွပ်သားသူရဲကောင်းနှစ်ယောက်ကို အလဲမထိုးနိုင်သော်လည်း အပိုထိခိုက်စေနိုင်မှုပါရှိသည့်[ပြင်းထန်စွာရိုက်နှက်ခြင်း]၏ သက်ရောက်မှုသည် သူရဲကောင်းများ၏ ချပ်၀တ်ကိုကျော်လွန်ကာ ထိခိုက်စေနိုင်စွမ်းရှိ၏။ ဤလက်သီးရာများသည် ပါးကွပ်သားသူရဲကောင်းများ၏ခန္ဓာကိုယ်အတွင်းမှ အတွင်းအားစီးဆင်းမှုုကိုလည်းနှောင့်ယှက်လိုက်၏။

ဖှေး ပါးကွပ်သားသူရဲကောင်းနှစ်ယောက်ကိုသာ လူခွဲနိုင်ပါက သူတစ်ဦးခြင်းစီတိုက်ခိုက်ပြီးအနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိ၏။

စက္ကန့်အနည်းငယ်အတွင်းမှာပင် တိုက်ခိုက်မှုများ၏ရလဒ်ကို မြင်တွေ့နေရပြီဖြစ်သည်။ စင်ပတ်လည်တွင်ရှိနေကြသည့်လူများသည် သူတို့မြင်နေကြရသည်ကို မယုံနိုင်ပဲ အာမေဍိတ်သံများပြုလုပ်နေကြ၏။ သူတို့ချမ်းဘော့ဒ်ဘုရင်သည် ပါးကွပ်သားသူရဲကောင်းသုံးယောက်ကို ရုတ်တရက်စတင်တိုက်ခိုက်လိမ့်မည်ဟုလုံး၀ထင်မထားပေ။ ထို့အပြင် ဤနာမည်ကျော်ကြားသည့် ဘုရင်ငယ်သည် အသာစီးရနေပုံရ၏။

၃ယောက်တစ်ယောက်တိုက်ခိုက်သည့်နေရာတွင် အသာစီးရရှိနေခြင်းပင်။

အဆင့်၃၊ ၆နှင့် အဆင့်၈သူရဲကောင်းများပင် ထိတ်လန့်အံ့သြနေကြသည်။ သူတို့သည် ဖှေးအား သဘောကျနှစ်ခြိုက်သည့်အမူယာများဖြင့် စိုက်ကြည့်နေကြ၏။

အလွန်ဒေါသဖြစ်နေသည့် အဆင့်၂ပါးကွပ်သားသူရဲကောင်းကို မြင်ရပြီးနောက်တွင် လူများသည် ပါးကွပ်သားသူရဲကောင်းသုံးယောက်အရေးမလှဖြစ်နေသည်ကို ရိပ်မိနေပြီးဖြစ်၏။ ပါးကွပ်သားသူရဲကောင်းသုံးယောက်ပင် ပေါင်းကာ ချမ်းဘော့ဒ်ဘုရင်ကို တိုက်ခိုက်နေခြင်းဖြစ်သော်လည်း သူတို့အသာစီးမရနိုင်ကြသေးပေ။ ထိုအစား အဆင့်၄ပါးကွပ်သားသူရဲကောင်းသည် ပြင်းထန်စွာဒဏ်ရာရသွားပြီဖြစ်၏။ ဤသတင်းသာပြန့်နှံ့သွားပါက ချမ်းဘော့ဒ်ဘုရင်၏နာမည်သည်လည်း အင်ပါယာတစ်ခွင်တွင် လေမုန်တိုင်းတစ်ခုကဲ့သို့ပင် ကျော်ကြားလာတော့မည်ဖြစ်သည်။

သို့သော် တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင်ရှိနေသည့် ချမ်းဘော့ဒ်ဘုရင်သည် ဤသုံးယောက်ကို လုံး၀ပင်အလျှော့ပေးမည့်ပုံမရှိပေ။

လျှပ်စီတန်းတစ်ခုကဲ့သို့ သူသည် အဆင့်၅ပါးကွပ်သားသူရဲကောင်းထံသို့ပြေး၀င်သွားပြီး လက်နှစ်ဖက်လုံးကို အသုံးပြုကာအညှာတာကင်းမဲ့စွာဖြင့်တိုက်ခိုက်လိုက်၏။

All Chapters