← Chapters

အခန်း (၃၁၈)

Vol. 22 Ch. 318

အခန်း (၃၁၈)

Vol. 22 Ch. 318

“ကောင်းကင်ဖုံး ကောင်းကင်လက်သီး...”

လေထဲတွင် ဖှေးအော်ဟစ်လိုက်ရာ တစ်ရာမီတာခန့်ကြီးမားသည့်လက်သီးရာကြီးတစ်ခုသည် ကောင်းကင်ပေါ်တွင်ပေါ်ထွက်လာတော့သည်။ သူထိုးလိုက်ရာ လက်သီးချက်ပေါင်းများစွာ၏ စွမ်းအားများပါ၀င်နေသည့်လက်သီးရာကြီးသည် အဆင့်၅ပါးကွပ်သားသူရဲကောင်းထံသို့ပျံသန်းသွားတော့၏။

တိုက်ပွဲပေါင်းများစွာတိုက်ခိုက်ခဲ့ပြီးသည့်နောက်တွင် ဖှေးထံတွင် အတွေ့ကြုံများစွာရှိနေပြီဖြစ်သည။ ဖှေး၏ကောင်းကင်လက်သီးသိုင်းကွက်မှာ ပို၍ချောမွေ့လာပြီး ကောင်းကင်ဖုံးကောင်းကင်လက်သီးနှင့် တစ်ချက်ထိုးကောင်းကင်လက်သီးဟူ၍ အမျိုးကွဲနှစ်မျိုးပင်ရှိနေပြီဖြစ်သည်။ ကောင်းကင်ဖုံးကောင်းကင်လက်သီးသည် လက်သီးအချက်ပေါင်း၅၀၏ စွမ်းအားများကို စုရုံးကာ လက်သီးရာတစ်ခုကို ဖန်တီးနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဤလက်သီးချက်များသည် ရန်သူကို ဒုံးကျည်များကဲ့သို့ပင် ရိုက်နှက်ပစ်မည်ဖြစ်၏။ တစ်ချက်ထိုးကောင်းကင်လက်သီးတွင် လူရိုင်းဇာတ်ကောင်၏ ပြင်းထန်စွာရိုက်နှက်ခြင်းအစွမ်းကိုပေါင်းထည့်ထားသည်။ ဤအရာသည်ထိခိုက်စေနိုင်မှုကို တိုးမြှင့်ပေးပြီး ရန်သူအားအနောက်သို့လည်းလွှင့်ထွက်သွားစေနိုသည်။ သို့သော် ယခုအချိန်တွင် ဖှေး၏လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်သည် စွမ်းအားမပြည့်စုံသေးဟုဆိုရမည်။ ထို့အတွက် ထိခိုက်စေနိုင်မှုမှာ လုံလုံလောက်လောက်မရှိသေးပေ။ ထို့ကြောင့် ဖှေးပါးကွပ်သားသူရဲကောင်းများကို တစ်ချက်တည်းဖြင့် အသေမသတ်နိုင်သေးခြင်းဖြစ်သည်။

ဖုန်း..

ကြည်လင်သည့်လက်သီးရာကြီးသည် အဆင့်၅ပါးကွပ်သားသူရဲကောင်းကို ထိမှန်သွားပြီး စွမ်းအင်များသည် နေရာအနှံ့သို့ယိုဖိတ်ကုန်၏။

ကြည်လင်သည့်ခွန်အားများမှာ သူရဲကောင်းကို လွှမ်းခြုံသွား၏။ ပါးကွပ်သားသူရဲကောင်းသည် ရုပ်ပိုင်းဆိုင်ရာခွန်အားနေရာတွင် ဖှေးနှင့်နှိုင်းယှဥ္န်နိုင်ခြင်းမရှိပေ။ ခန္ဓာကိုယ်အတွင်းတွင် အတွင်းအားများကောင်းမွန်စွာစီးဆင်းနေခြင်းမရှိသည့်အတွက် ဤတိုက်ခိုက်မှုကို အနည်းငယ်သာခုခံလိုက်နိုင်၏။ သဲအိပ်တစ်ခုကဲ့သို့ပင် သူ၏ခန္ဓာကိုယ်သည် ပါးစပ်မှသွေးများစီးကျလာရင်းဖြင့် အနောက်သို့လွှင့်စင်သွားတော့၏။

“....”

ပရိသတ်များကြားထဲတွင် စကားပြေသည့်အသံများမှာ ပို၍ပင်ဆူညံလာတော့သည်။ အဖွဲ့၀င်တိုင်းပြည်များမှာ လူထောင်ချီသည် ထိတ်လန့်အံ့သြကုန်ကြ၏။ သူတို့သည် ပါးစပ်အဟောင်းသားဖြစ်ကာ အဓိပါယ်မရှိသည့်အာမေဍိတ်သံမျိုးစုံကို ပြုလုပ်နေမိကြ၏။

လူအုပ်အတွင်းတွင် ဘိုင်ဇန်တိုင်းဘုရင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ခန္ဓာကိုယ်ပင်တုန်ခါနေလျှက်ရှိသည်။

“စွမ်းအားကြီးလိုက်တာ...ပြိုင်ဘက်ကင်းပြီးတော့ ဘယ်သူ့ကိုမှလဲဂရုမစိုက်တတ်ဘူး။ ဒါက ဘုရင်အစစ်မှန်တစ်ပါးပဲ။ စွမ်းအားကြီးရုံတင်မကဘူး ရဲရင့်တဲ့နှလုံးသားလဲရှိတယ်။ သူနဲ့နှိုင်းယှဥ်လိုက်မယ်ဆိုရင် ငါက ဘာကောင်မှမဟုတ်ပါလား” သူတွေးလိုက်မိသည်။

ဘုရင်ငယ်လေးသည်လည်းထိတ်လန့်အံ့သြနေ၏။ သူသည် ဖှေးနေရာတွင်ဆိုပါက ပါးကွပ်သားသူရဲကောင်းများကို တိုက်ခိုက်ရဲလိမ့်မည်မဟုတ်ပေ။ ဤအရာကိုမြင်တွေ့ပြီးသည့်နောက်တွင် သူသည်တစ်စုံတစ်ခုကို နားလည်မိသွားပုံရသည်။

“သင်ယူရမယ်...ငါချမ်းဘော့ဒ်ဘုရင်စီကနေသင်ယူရမယ်။ အကုန်လုံးကို အတူယူရမယ်။ သူ့ရဲ့အပြုမူတိုင်းက ဘုရင်အစစ်မှန်တစ်ပါးရဲ့ ဂုဏ်သတ္တိတွေပဲ။”

သူ၏အိုက်ဒေါအတွက် စိုးရိမ်ခြင်းအပြင် ဘိုင်ဇန်တိုင်းတိုင်းပြည်၏ဘုရင်ငယ်၏ နှလုံးသားထဲတွင် ရည်မှန်းချက်မျိုးစေ့တစ်ခုကိန်းအောင်းသွား၏။

.....

စင်မြင့်ပေါ်တွင်။

ကောင်းကင်လက်သီးတိုက်ခိုက်မှုသည် အဆင့်၅ပါးကွပ်သားသူရဲကောင်းကို အနောက်သို့လွှင့်စင်သွားစေခဲ့သည်။ ဖှေးသည်အချိန်မဆိုင်းပဲ သူ၏ခြေကိုဆောင့်လိုက်ကာ အဆင့်၅သူရဲကောင်းထံသို့ ပျံသန်းသွားပြီးလက်သီးနှစ်ဖက်ဖြင့်အဆက်မပြတ်ထိုးနှက်တိုက်ခိုက်တော့၏။ နားစူးရှစေသည့် ဆူညံသံများစွာနှင့်အတူ လက်သီးရာများစွာသည် သူရဲကောင်းအားထိမှန်သွား၏။

“ဖုန်း ဖုန်း ဖုန်း ဖုန်း...”

အဆင့်၅ပါးကွပ်သားသူရဲကောင်းသည် အခြေအနေကို ပြောင်းလဲရန်အတွက် ကြိုးစားနေကြသော်လည်း ဖှေးသည် ဤအခွင့်ရေးကို လက်လွှတ်မခံပဲ သူ့အားလေထဲတွင် သဲအိတ်တစ်လုံးကဲ့သို့ရိုက်နှက်လိုက်သည်။

အဆင့်၅ပါးကွပ်သားသူရဲကောင်းသည် သွေးများနေရာအနှံ့သို့ပန်းထွက်နေရင်းဖြင့်အနောက်သို့ဆုတ်ခွာနေ၏။ သို့သော် မကြာမှီတွင်သူသည်မှော်စွမ်းအင်အကာရံနားသို့ရောက်ရှိသွားတော့သည်။ လက်သီးရာများသည်လည်း သူ၏ခန္ဓာကိုယ်ကို မိုးစက်များကဲ့သို့၀င်တိုက်တော့၏။ သူ၏အစိမ်းရောင်အတွင်းအားမီးတောက််များသည် ယခုအချိန်တွင် သူ့အားကယ်တင်နိင်သည့်တစ်ခုတည်းသောအရာပင်။ သူသည်ပြန်လည်တိုက်ခိုက်နိင်ရန်အတွက် ကြိုးစားနေသော်လည်း မတက်နိုင်တော့ချေ။

“သေစမ်းကွာ..ချီးပဲ...”

အ၀ေးတစ်နေရာမှ ကြောက်မက်ဖွယ်အတွင်းအားစွမ်းအင်တစ်ခုပေါက်ကွဲသွားသည်။ ဤအချိန်တွင် မကောင်းဆိုး၀ါးတစ်ကောင်ကဲ့သို့ချပ်၀တ်၀တ်ဆင်ထားသည့် အဆင့်၂ပါးကွပ်သားသည် တစ်ချက်ထိုးကောင်းကင်လက်သီးဒဏ်ကြောင့် ကျက်သေသေနေရာမှ ပြန်လည်နိုးထလာပြီဖြစ်သည်။ သူ၏လည်ချောင်းအတွင်းမှ နဂါးတစ်ကောင်ကဲ့သို့ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာပြီး ထူးဆန်းသည့်အမဲရောင်အတွင်းအားစွမ်းအင်မီးတောက်များသည် အမဲရောင်မြွေများအဖြစ်သို့ပြောင်းလဲသွားတော့ကာ သူ၏ခန္ဓာကိုယ်ကို အပြည့်၀လွှမ်းခြုံသွားတော့သည်။

“အိုး..ဒါက အဆင့်၂ပါးကွပ်သားသူရဲကောင်းရဲ့ နာမည်ကြီးသိုင်းကွက်တစ်ခုပဲဟေ့။ သူတကယ်ကို ဒေါသဖြစ်နေတော့တာပဲ။”

မတ်-ရာဇီသည် ၀ိုင်သောက်လိုက်ယက်ခတ်လိုက်လုပ်နေရင်းဖြင့် တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ရှိနေဆဲပင်။ သူ၏လက်ထဲတွင် ရှိနေသည့်၀ိုင်ခွက်မှာ အလွန်သေးငယ်လှသော်လည်း မည်မျှသောက်သောက်ပင် ကုန်သွားသည့်ဟန်မရှိပေ။ တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ပေါက်ကွဲမှုများစွာဖြစ်ပေါ်နေသော်လည်း သူ့အနီးပတ်၀န်းကျင်တွင်မူအရာအားလုံးသည် အေးချမ်းငြိမ်သက်လျှက်ရှိ၏။

မတ်-ရာဇီစကားပြောပြီးသည့်အချိန်တွင် အဆင့်၂ပါးကွပ်သားသူရဲကောင်း၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိသော အတွင်းအားစွမ်းအင်များသည် ရူးသွပ်စွာဖြင့် မြင့်တက်လာ၏။ ထိုအမဲရောင်မြွေများသည်အော်ဟစ်ပြီး ဖှေးထံသို့ပြေး၀င်လာတော့သည်။

အထူးသိုင်းကွက် မဟူရာမီးတောက်မြွေရိုင်းပင်။

အဆင့်၂ပါးကွပ်သားသူရဲကောင်း၏ခန္ဓာကိုယ်သည်အမဲရောင်မီးတောက်များကြားထဲတွင် ဖုံးကွယ်လျှက်ရှိ၏။

ဤမြွေများထံမှ အပူရှိန်များကို ခံစားရခြင်းမရှိသော်လည်း မှော်အစီရင်ဖြင့် ကာကွယ်ထားသည့်မြေပြင်ပင် ဤမီးတောက်များနှင့်ထိသည့်အချိန်တွင် မဲနက်သွား၏။ အမဲရောင်မြွေများသည် အပြာရောင်စွမ်းအင်အကာရံများနှင့်ထိသည့်အချိန်တွင် စွမ်းအင်များသည်အကာရံအားတိုက်စားနေသကဲ့သို့ ကွဲအက်သည့်အသံများထွက်ပေါ်လာနေ၏။

မြွေပေါင်းများစွာသည် လေထဲတွင်ပျံ၀ဲနေရင်းဖြင့် သူတို့သည် တစ်ကောင်နှင့်တစ်ကောင်ပေါင်းစပ်သွား၏။ နောက်ဆုံးတွင် သူတို့မှာ အမဲရောင်လွန်သွားကြီးတစ်ခုအသွင်သို့ပင် ပြောင်းလဲသွားပြီး ဖှေး၏နောက်ကြောပြင်ကို ဦးတည်ကာ ပျံသန်းသွားတော့၏။

ဤသိုင်းကွက်သည်အထင်ကြီးလောက်ဖွယ်ပင်။

အထူးပါးကွပ်သားသူရဲကောင်း ဆယ်ယောက်ထဲမှတစ်ယောက်၏အထူးသိုင်းကွက်ဖြစ်သည်မှာ မဆန်းပြားလှချေ။

တိုက်ခိုက်မှု မရောက်မှီမှာပင် မီတာ၃၀ခန့်အကွာ၀ေးတွင်ရှိနေသည့် ဖှေးသည် သူ၏နောက်ကြောမှပြင်းထန်သည့်နာကြင်မှုကို ခံစားလိုက်ရ၏။

“ဟားဟား ကောင်းတယ်။ တတိယအကြိမ်ကောင်းကင်လက်သီးကွာ...”

ဖှေးလူအများမျှော်လင့်ထားသည့်အတိုင်းတစ်ဖက်သို့လှည့်ကာ ပြန်လည်တိုက်ခိုက်ခြင်းမပြုပေ။ သူသည် အဆင့်၅ပါးကွပ်သားသူရဲကောင်းကို အဆက်မပြတ်တိုက်ခိုက်ကာ ဖိအားပေးနေခြင်းကို မရပ်တန့်ချေ။ သူသည် ထူးဆန်းသည့်အနေထားတစ်မျိုးဖြင့်ထိုးနှက်လိုက်သည်။ ဤလက်သီးရာသည် ကျန်လက်သီးရာများကို ဖြတ်ကျော်ကာပျံသန်းသွား၏။ ဤလက်သီးချက်ကို အဆင့်၅ပါးကွပ်သားသူရဲကောင်းလုံး၀ပင် ရှောင်ရှားနိုင်မည်မဟုတ်ပေ။

ထိုလက်သီးချက်ထိမှန်သွားပြီးသည့်နောက်တွင် အဆင့်၅ပါးကွပ်သားသူရဲကောင်းသည် မူး၀ေသွားကာ သူ၏ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားတော့သည်။

“ဒီအချိန်ပဲ...”

ဖှေးတွေးကာ ခုန်ကျော်ခြင်းအစွမ်းကို အသုံးပြလိုက်၏။ သူသည် ချက်ချင်းပင်အဆင့်၅ပါးကွပ်သားသူရဲကောင်း၏ဘေးသို့ရောက်ရှိသွားပြီး သူသည် သူရဲကောင်း၏လည်ပင်းမှကိုင်ဆွဲလိုက်ကာ သဲအိတ်တစ်ခုကဲ့သို့ပင် လွှင့်ပစ်လိုက်၏။

အ၀ေးမှကြည့်ပါက အဆင့်၅သူရဲကောင်းသည်အမဲရောင်မြွေများထံသို့ လိုလိုလားလားပင်သွားရောက်နေသည့်အတိုင်းပင်။

ခန္ဓာကိုယ်ကိုမထိန်းချုပ်နိုင်တော့သည် အဆင့်၅သူရဲကောင်းသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာအမဲရောင်မြွေများကို မြင်လိုက်ရသည့်အတွက်ထိတ်လန့်သွားတော့သည်။

တစ်ဖက်တွင် ဤသိုင်းကွက်ကို အသုံးပြုထားသည့်အဆင့်၂ပါးကွပ်သားသူရဲကောင်းမှာလည်း ထိတ်လန့်သွားတော့သည်။

မဟူရာမီးတောက်မြွေရိုင်းမှာ အဆင့်၂ပါးကွပ်သားသူရဲကောင်း၏ဂုဏ်အယူရဆုံးသိုင်းကွက်တစ်ခုဖြစ်ပြီး ဤသိုင်းကွက်ကြောင့်သူသည် သူရဲကောင်းနန်းတော်တွင် အဆင့်၂ပါးကွပ်သားသူရဲကောင်းရာထူးကိုရရှိထားခြင်းဖြစ်၏။ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ပတ်လုံးတွင် သူရဲကောင်းနန်းတော်တွင် ကိစ္စများစွာဖြစ်ပျက်ခဲ့ပြီး ဤသိုင်းကွက်ဖြင့် သိုင်းဆရာများစွာကိုအသေသတ်ခဲ့သည်။ သူနှင့်အဆင့်တူသည့်သိုင်းဆရာများစွာပင် ဤသိုင်းကွက်ကြောင့်ရှုံးနိမ့်ခဲ့ရသည်။

သို့သော် ဤလျို့၀ှက်သိုင်းကွက်တွင် အားနည်းချက်များလည်းရှိ၏။ ထုတ်သုံးပြီးပါက ပြန်လည်ကာ ရုတ်သိမ်း၍မရတော့ခြင်းပင်။ သူအမှန်တကယ်ပင် ရုတ်သိမ်းရန်လိုအပ်ပါက သိုင်းကွက်မှစွမ်းအားများသည် သူ့အားအညှာတာကင်းမဲ့စွာပင်ပြန်လည်ကိုက်ဖြတ်မည်ဖြစ်ပြီး သူလည်းအပြင်းထန်ဒဏ်ရာရရှိသွားမည်ဖြစ်သည်။

အဆင့်၂သူရဲကောင်းသည် ဖှေးဤကဲ့သို့ညစ်ပတ်သောနည်းလမ်းကို သူ့အားခုခံရန်အတွက် အသုံးပြုလိမ့်မည်ဟုထင်မထားခဲ့သည့်အတွက်ပင်။

အဆင့်၅ပါးကွပ်သားသူရဲကောင်းသည်လည်း သူ၏သိုင်းကွက်ထံသို့ စောက်ရူးတစ်ယောက်ကဲ့သို့ ပြေး၀င်လာမည်ကိုလည်းသူမျှော်လင့်မထားပေ။ အဆင့်၅ပါးကွပ်သားသူရဲကောင်းသည် ဤသိုင်ကွက်အစွမ်းကို ကောင်းမွန်စွာသိရှိပြီးဖြစ်သော်လည်း သူသည် ဖှေးအတွက် သိုင်းကွက်ကို ကာပေးနေသည့်ဟန်ဖြစ်နေသောကြောင့် အလွန်ဒေါသဖြစ်နေမိသည်။

“ချီးပဲကွာ...”

အဆင့်၂ပါးကွက်သားသူရဲကောင်းမှာ ဤသိုင်းကွက်ကို အပြင်းထန်ရုတ်သိမ်းလိုက်ရုံမှတစ်ပါးမတက်နိုင်တော့ချေ။

ချက်ချင်းလိုလိုပင် သွေးများသူ၏လည်ချောင်းအတွင်းမှစီးတက်လာပြီး ပါးစပ်ထဲတွင် ပြည့်နှက်သွား၏။ သူ၏ကိုယ်တွင်းအင်္ဂါများသည် သိုင်းကွက်ကိုပြန်လည်ရုတ်သိမ်းရန်ကြိုးစားမှုကြောင့် အမဲရောင်မြွေများ၏ပြင်းထန်စွာတိုက်ခိုက်ခြင်းကို ခံနေရ၏။

သို့သော် ဤကဲ့သို့ အလျှင်စလိုရုတ်သိမ်းခြင်းသည် သိပ်ပြီးထိရောက်မှုမရှိလှချေ။

တွင်သွားကဲ့သို့သောမြွေများ၏လည်ပတ်သည့်အရှိန်မှာအနည်းငယ်နှေးသွားသော်လည်း အကာကွယ်ကင်းမဲ့နေသည့် အဆင့်၅ပါးကွပ်သားသူရဲကောင်းထံသို့ ဆက်လက်သွားနေဆဲပင်။ သိုင်းကွက်ကို ရုတ်သိမ်းထားသည့်တိုင်အောင် စွမ်းအားအကြွင်းကျန်များမှာ အလွန်အားကောင်းနေဆဲပင်။

တိုက်ခိုက်မှုသည် နီးကပ်လာသည်နှင့်အမျှ အဆင့်၅သူရဲကောင်း၀တ်ဆင်ထားသည့် မှော်ချပ်၀တ်မှာ ကြောက်မက်ဖွယ်ဆုတ်ဖြဲအား၏အောက်တွင် အပိုင်းပိုင်းကျိုးကြေသွားတော့၏။

အမဲရောင်တွင်သွားကြီးမှာ အဆင့်၅သူရဲကောင်း၏ခန္ဓာကိုယ်အတွင်းသို့ ဖောက်၀င်တော့မည့်ဆဲဆဲတွင်အပြောင်းလဲတစ်ခုဖြစ်ပျက်သွားသည်။

လူတစ်ယောက်သည် အမဲရောင်တွင်သွားနှင့်အဆင့်၅သူရဲကောင်းတို့ကြားတွင် မဖြစ်နိုင်သည့်အမြန်နှုန်းဖြင့် ရောက်ရှိလာ၏။ သူ၏လက်နှစ်ဖက်ဖြင့် အမဲရောင်တွင်သွားနှင့် အဆင့်၅ပါးကွပ်သားသူရဲကောင်းတို့ကို ကိုင်ကာကာကွယ်တားဆီးလိုက်သည်။

“ဖုန်း...”

မဟူရာမီးတောက်မြွေရိုင်းသိုင်းကွက်၏စွမ်းအား အကြွင်းကျန်များမှာ ပျောက်ကွယ်သွားပြီး အဆင့်၅ပါးကွပ်သားသူရဲကောင်းသည်လည်း စင်ပေါ်သို့ပြုတ်ကျသွားသည်။

တိုက်ပွဲစင်မြင့်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်လျှက်ရှိ၏။

စင်ပတ်လည်တွင် လူပေါင်းများစွာ၏မျက်လုံးများမှာ တိုက်ပွဲအတွင်းသို့ရုတ်တရက်၀င်ရောက်လာသည့် လူပေါ်သို့ကျရောက်လျှက်ရှိ၏။

All Chapters