← Chapters

အခန်း (၃၂၀)

Vol. 22 Ch. 320

အခန်း (၃၂၀)

Vol. 22 Ch. 320

တိုက်ပွဲစင်မြင့်တစ်ခုလုံးသည် ဤကြောက်မက်ဖွယ်စွမ်းအင်နှင့်ထိတွေ့လိုက်သည်နှင့်တပြိုင်နက် ပျက်ဆီးသွားလိမ့်မည်ဟုဖှေးထင်ခဲ့သည်။ သို့သော် သူထင်မှတ်ထားသည့် မြင်ကွင်းသည် ဖြစ်မလာခဲ့ပေ။ စင်မြင့်ပေါ်တွင် အက်ကွဲရာတစ်ခုမှပင် ပေါ်မလာခဲ့ချေ။ ဤသည်မှ သူထင်မှတ်ထားသည်ထက်ပင် ကျော်လွန်နေ၏။

ဤသည်မှာ ကြောက်မက်ဖွယ်ကြီးမားသည့်စွမ်းအားသည် တတိုက်ပွဲစင်မြင့်ကြမ်းပြင်နှင့် ထိတွေ့ခါနီးဆဲဆဲတွင် ပြန်လည်ရုတ်သိမ်းခြင်းခံရကာ ပျောက်ကွယ်သွားသည့်အတွက်ကြောင့်ပင်။

လုံး၀ပင်ကွယ်ပျောက်သွားခြင်းပင်။

ဤစွမ်းအင်သည် အစကတည်းကမရှိခဲ့သည့်အတိုင်းပင် ခြေရာလက်ရာတစ်ခုမှပင် ကျန်ရှိခဲ့ခြင်းမရှိပေ။

ဤအချက်မှာ ဖှေးအားကျက်သီးများပင် ထသွားစေ၏။ စွမ်းအားကို ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိပိုင်နိုင်စွာထိန်းချုပ်နိုင်ခြင်းပင်။

သို့သော် စွမ်းအားပျောက်ကွယ်သွားတော့မည့်အချိန်တွင် ဖှေး၏နားထဲတွင် အသံတစ်ခုကို ကြားလိုက်ရ၏။ နူးညံ့သော်လင်းရှင်းလင်းပြတ်သားသည့်အသံတစ်ခုပင်။ ဤအသံပိုင်ရှင်မှာ ဖှေးသူ၏တိုက်ခိုက်မှုကို ရှောင်ရှားနိုင်လိုက်သည့်အတွက် အနည်းငယ်အံ့သြသွားပုံရသည်။

“ဒီတိုက်ခိုက်မှုက မင်းအတွက်သင်ခန်းစားအသေးလေးတစ်ခုပဲ။ သူရဲကောင်းနန်းတော်ရဲ့ဂုဏ်သရေကို ဘယ်သူမှစော်ကားချင်တိုင်းစော်ကားလို့မရဘူးဆိုတာပဲ။ ခွေးသားလေး မင်းစိတ်ထဲမှာ သေချာမှတ်ထားလိုက် နောက်တစ်ကြိမ်ဆိုရင်ဒီလောက်လွယ်မှာမဟုတ်ဘူး..”

ဤအသံသည် ဖှေးနားအတွင်းသို့လျှင်မြန်စွာပင် ရောက်ရှိလာ၏။

စကားလုံးများသည် ခြိမ်းခြောက်နေခြင်းပင်ဖြစ်သော်လည်း ပြောဆိုသည့်အသံနေအသံထားမှာ ဖှေးအားရင်းနှီးသည့်ခံစားချက်တစ်ခုကို ပေးလျှက်ရှိသည်။

ဤအသံသည် စောနက ပါးကွပ်သားသူရဲကောင်းခြောက်ယောက်ကို ပြန်လာခဲ့ရန်အတွက် အမိန့်ပေးလိုက်သည့်လူ၏အသံပင်ဖြစ်ကြောင်းကိုလည်း သူသတိထားလိုက်မိသည်။ အသံသည်တည်ငြိမ်နေပြီး ရန်လိုခြင်းမရှိသော်လည်း အသံထဲတွင် မြင့်မြတ်ခြင်းနှင့် သံသယကင်းဖွယ်ကြီးမားသည့်စွမ်းအားအရှိန်၀ါများပါ၀င်နေ၏။ ရလဒ်အနေဖြင့် မည်သူမျှသူ၏အမိန့်ကို လွန်ဆန်ရဲသည့်သတ္တိမျိုးရှိလာနိုင်မည်မဟုတ်ပေ။

ဤသည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်သိုင်းဆရာစစ်သည်တစ်ယောက်ပင်။

လေညင်းတစ်ခုတိုက်ခတ်နေရင်းဖြင့်ဖှေးသည် မတ်-ရာဇီ၏နောက်တွင် ပုန်းကွယ်လျှက်အနည်းငယ်စောင့်ကြည့်နေ၏။ မှော်ဆရာဇာတ်ကောင်၏ တယ်လီပေါ့တ်အစွမ်းကို အသုံးပြုကာ အခြေအနေမဟန်ပါက ဆုတ်ခွာထွက်ပြေးရန်လည်း ကောင်းမွန်စွာပြင်ဆင်ပြီးပြီဖြစ်သည်။ သို့သော် ဤစွမ်းအားသည် ထက်မံ၍ ပေါ်ပေါက်လာခြင်းမရှိတော့ပေ။

“ဟေ့ ကောင်လေး မင်းအခုဘာလို့ငါ့နောက်ကို ပြေး၀င်လာတာလဲ။” မတ်-ရာဇီသည် ဒေါသဖြင့် မျက်မှောင်ကြုံ့ကာမေးလိုက်၏။ သူသည် ဖှေး၏အပြုမူကို ကျေနပ်သည့်ပုံမရချေ။

“အာ အဲ့တာက မရည်ရွယ်ပဲဖြစ်သွားတာပဲ။ တကယ်မရည်ရွယ်ပါဘူး...”

ဖှေးရယ်လိုက်ကာ စိတ်ထဲတွင် တွေးလိုက်မိသည်။ “အမှန်တိုင်းဆိုရင်တော့ ဒီဒေါသဖြစ်နေတဲ့ စွမ်းအားကြီးသိုင်းဆရာက ငါ့ကိုလာသတ်ရင် ကာကွယ်လို့ရအောင်သူ့နောက်မှာနေနေတယ်လို့ပြောရင် အတော်ရူးကြောင်ကြောင်နိုင်သွားမလားမသိဘူး...”

“အော်..ငါတကယ်ထင်မထားဘူး။ အား ကောင်လေး ဒီတစ်ကြိမ်မှာတော့ မင်းက စောက်ရမ်းမိုက်သွားပြီ။” အင်ပါယာ၏နံပါတ်၁ခရီးသွားကဗျာဆရာသည် ဖှေးကို ကြည့်ကာချီးကျူးလိုက်၏။ “ဟားဟားဟား နောက်ဆုံးတော့ သူရဲကောင်းနန်းတော်ရဲ့ခေါင်းဆောင်ပါးကွပ်သားသူရဲကောင်း အာကင်ဖိဗ်ကတောင်မင်းကို ကိုယ်တိုင်တစ်ချက်၀င်ဆုံးမဖို့လုပ်တာကိုတောင် မင်းကိုထိခိုက်အောင်မလုပ်နိုင်ခဲ့ဘူး။ သေစမ်းကွာ မင်းအခုဆိုရင်ဇီးနစ်အင်ပါယာထဲမှာ နေရာသုံးခုကလွဲပြီးကြိုက်တဲ့နေရာကို မင်း၀င်လို့ရနေပြီ။”

မတ်-ရာဇီ၏မှတ်ချက်နှင့်အတူ ဓားကွင်းပတ်လည်တွင်ရှိသည့် ထောင်နှင့်ချီသောပရိသတ်များထံမှ အားပေးသံများပေါ်ထွက်လာတော့၏။ လူပေါင်းများစွာသည်တစ်ချိန်တည်းမှာပင် အတူတကွအော်ဟစ်နေကြ၏။

“ချမ်းဘော့ဒ်ဘုရင် ချမ်းဘော့ဒ်ဘုရင်ကွ...”

သူတို့၏တိုင်းပြည်နာမည်များထည့်သွင်းထားသည့် အော်ဟစ်အားပေးသံများထွက်ပေါ်လာ၏။ ဖှေးလောက်မသန်မာသေးသည့် စစ်သည်များနှင့် ဆွေကြီးမျိုးကြီးတစ်ချို့နှင့် အဖွဲ့၀င်တိုင်းပြည်များမှ အရာရှိများကပင် သူတို့၏ကိုယ်ရေးကိုယ်တာခံစားချက်များကို ထည့်မတွက်ပဲ ဖှေးကို အားပေးနေကြပြီဖြစ်သည်။ သူတို့သည် ယခင်က သူရဲကောင်းနန်းတော်၏နှစ်ပေါင်းအတော်ကြာလွှမ်းမိုးထားသည့်အရှိန်၀ါကြောင့် ကီလုနိုင်မည်ဟုပင် တစ်ထစ်ချယူဆထားသော်လည်း သူတို့၏မသိစိတ်ထဲတွင် လူမသိသူမသိသိုင်းဆရာတစ်ယောက်ဖြစ်သည့် ဖှေးကိုအနိင်ရရှိရန်လိုလားနေခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ချမ်းဘော့ဒ်ဘုရင်သည်လည်း သူတို့ကဲ့သို့ပင်ဖြစ်သောကြောင့်ပင်။

သူတို့အမြင်အရ ချမ်းဘော့ဒ်ဘုရင်သည် သူတို့နှင့်ပို၍နီးစပ်သည်ဟုခံစားရ၏။

အဖွဲ့၀င်တိုင်းပြည်များမှ လူတော်တော်များများအတွက် ချမ်းဘော့ဒ်ဘုရင်သည်သူတို့ကို ကိုယ်စားပြုကာတိုက်ခိုက်နေသကဲ့သို့ခံစားနေရသည်။ ဤတိုက်ပွဲ၏နောက်ကွယ်တွင် ဖုံးကွယ်ထားသည့်အချက်တစ်ချို့ရှိနေသော်လည်း သူတို့၏စိတ်ထဲတွင် ဤတိုက်ပွဲသည် အင်ပါယာဆွေကြီးမျိုးကြီးများနှင့် အဖွဲ့၀င်တိုင်းပြည်များ၏စွမ်းအားယှဥ်ပြိုင်တိုက်ခိုက်သည့်တိုက်ပွဲတစ်ခုဟုလည်းမှတ်ယူထား၏။

ဤသည်မှာ အလွန်ရိုးရှင်းသည့်ခံစားချက်တစ်ခုပင်။

လူတိုင်းမှချမ်းဘော့ဒ်ဘုရင်ဟု အော်ဟစ်အားပေးနေသည့်အချိန်တွင် မိုရိုတောင်တန်းများထံမှ လေညင်းတစ်ခုလဲတိုက်ခတ်နေ၏။

ဖှေးသည် သူ၏မျက်လုံးများကို မှိတ်လိုက်ကာ လက်များကို မြှောက်လိုက်သည်။ ပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး သူ၏ခန္ဓာကိုယ်သည်လည်း ရွှေရောင်အလင်းများလွှမ်းခြုံသွားတော့၏။ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်အောင်မြင့်မြတ်သန့်စင်သည့်လေထုတစ်ခုသည် စတင်၍ပြန့်နှံ့သွားသည်။ နေ့လည်ခင်းအစောပိုင်း၏ လှပသောနေရောင်ခြည်သည် ဖှေး၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်လျှက်ရှိသည်။ ဤကျယ်ပြန့်လှသည့်ကမ္ဘာကြီးထဲတွင် လူတစ်ဦးတည်သာရှိနေသကဲ့သို့ပင်။ ဖှေးသည် ကမ္ဘာကြီးကို ပွေ့ဖက်နေသည့်အတိုင်းပင် သူ၏လက်များကို ဆန့်တန်းထား၏။

ဤအခိုက်တန့်တွင် ပြိုင်ဘက်ကင်းကာ ရူးသွပ်လောက်သည်အထိရန်လိုတိုက်ခိုက်တတ်သော လူငယ်တစ်ယောက်သည် အဖွဲ့၀င်နိုင်ငံ၂၅၀မှလူများ၏စိတ်နှလုံးထဲတွင် ကိန်းအောင်းသွားပြီဖြစ်၏။ သူ့အားဘယ်တော့မှ မေ့နိုင်ကြတော့မည်ဟုတ်ပေ။

ဤသည်မှာ ဖှေးရည်ရွယ်ချက်ရှိရှိပြုလုပ်လိုက်သည့်သက်ရောက်မှုတစ်ခုပင်။

သူဆန္ဒရှိသည်မှာ အဖွဲ့၀င်နိုင်ငံများမှ ထောင်နှင့်ချီသောလူများကို သူ့အားအထင်ကြီးစေရန်ဖြစ်သည်။

“ဒီအချိန်ကစပြီးတော့ မင်းက ကြီးမြတ်တဲ့အင်ပါယာအရှင်သခင်ရဲ့လက်အောက်မှာပဲရှိတော့တယ်။ ချမ်းဘော့ဒ်ဘုရင် မင်းကဘုရင်တွေရဲ့ဘုရင်ဖြစ်သွားပြီ။” မတ်-ရာဇီသည် ညင်သာစွာဖြင့် မှတ်ချက်ပြုလိုက်၏။

မှတ်ချက်ပြုပြီးသည့်နောက်တွင် အင်ပါယာ၏နံပါတ်၁ခရီးသွားကဗျာဆရာသည် တွန့်ဆုတ်နေခြင်းမရှိပဲ ၀ိုင်ခွက်ကိုမော့သောက်ကာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး အ၀ေးတစ်နေရာရှိကောင်းကင်ပေါ်သို့ပျံသန်းကာ ပျောက်ကွယ်သွားတော့သည်။

ပရိသတ်များ၏အော်ဟစ်အားပေးသံတို့မှာ အဆက်မပြတ်ပင်ထွက်ပေါ်လျှက်ရှိ၏။

အမဲရောင်ချပ်၀တ်နှင့်မဟာဘုရားကြောင်းမှ သူရဲကောင်းတစ်ယောက်သည် ဖှေအနားသို့လေးစားစွာဖြင့် ချည်းကပ်လာပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး ဒီဟာက ကျွန်တော့ဆရာထံက ဖိတ်စာပါ။ အရှင်မင်းကြီးအားတဲ့အချိန် ကျေးဇူးပြုပြီးအလည်လာခဲ့ပါဦး...”

နွေရာသီနန်းတော်၏အမှတ်သင်္ကေတအပြင် အမဲရောင်ဖိတ်စာကဒ်မှာ ရိုးရှင်းပြီးခမ်းနားသည့်ပုံံရှိ၏။ နွေရာသီနန်းတော်သည် ဇီးနစ်အင်ပါယာထဲတွင်ရှိသည့်မဟာဘုရားကျောင်း၏ဌာနချုပ်ဖြစ်သည်။ သူ၏ပုံရိပ်ကို ဖိတ်စာကဒ်၏အနားတွင် ရွှေဖြင့် ကွပ်ကာ ထည့်သွင်းဖော်ပြထားသည်။ စိန့်ပီတာစဘာ့တ်တွင်ရှိသည့် ဆွေကြီးမျိုးကြီးတစ်ချို့မှလွဲ၍ လူတော်တော်များများဤကဲ့သို့ရွှေကွပ်ထားသည့်ဖိတ်စာကဒ်ကို ရရှိဖူးခြင်းမရှိကြချေ။

ဖှေး အကြောင်းမဲ့မရိုင်းပြလိုသည့်အတွက် အနည်းငယ်စဥ်းစားပြီးဖိတ်စာကဒ်ကို လက်ခံလိုက်၏။

အမဲရောင်ချပ်၀တ်နှင့် သူရဲကောင်းမှာ အနည်းငယ်အရိုသေပြုပြီးတစ်ဖက်သလို့လှည့်ကာ စင်အောက်သို့ပြန်ဆင်းသွားတော့သည်။

All Chapters