အခန်း (၃၂၁)
Vol. 22 Ch. 321
VIPပွဲကြည့်စင်တွင်ရှိနေသည့် ဆွေကြီးမျိုးကြီးများစွာသည် ဖှေးအားအားကျစွာဖြင့် စိုက်ကြည့်နေကြ၏။
အင်ပါယာမြို့တော်အပေါ်တွင်ရှိသည့် မဟာဘုရားကျောင်း၏လွှမ်းမိုးနိုင်မှုမှာ အင်ပါယာတော်၀င်မိသားစုထက်မလျှော့နည်းလှချေ။ ရွှေကွတ်ထားသည့်ဖိတ်စာကတ်ရရှိခြင်းသည် ချမ်းဘော့ဒ်ဘုရင်သည် ဘုန်းတော်ကြီး၏စိတ်၀င်စားမှုကို ရရှိနေပြီဟူသည့်အဓိပ္ပာယ်ပင်။
မကြာမှီတွင် မဟာဘုရားကျောင်းမှ သူရဲကောင်းတပ်ဖွဲ့သည် မြင်းများဖြင့် ပြန်လည်ကာထွက်ခွာသွားကြတော့၏။
အလယ်တွင်ကာကွယ်ထားသည့်မှော်ရထားလုံးပါအပါ၀င်ဖြစ်၏။
တိုက်ပွဲစစဥ်က ရုတ်တရက်ရောက်ရှိလာမှုနှင့် ယခုပြန်လည်ကာထွက်ခွာသွားသည့်တိုင်အောင်ရထားလုံးအတွင်းတွင်ရှိနေသည့် အမည်မသိပုဂ္ဂိုလ်သည် ရထားလုံးအတွင်းမှထွက်ခွာလာခြင်းမရှိပေ။ ရလဒ်အနေဖြင့် ထိုလူသည် မဟာဘုရားကျောင်းမှ အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်သည်ဟုသာယူဆနိင်ပြီး မည်သူဖြစ်သည်ကိုမူတိတိကျကျမပြောနိုင်ပေ။
မဟာဘုရားကျောင်းထွက်ခွာသွားခြင်းသည် လူအုပ်၏အားပေးသံများကို လျှော့ကျမသွားစေချေ။ တကယ်တန်းဆိုရပါက အားပေးသံများသည် ပို၍ပင်ကျယ်လောင်လာတော့၏။
ဖှေးလည်း ပြန်တော့မည်ပြင်ဆင်နေသည့်အချိန်တွင် ရုတ်တရက်...
“ချမ်းဘော့ဒ်ဘုရင် ကောင်းတယ်။ အတော်လေးကို ကောင်းပါတယ်။ အဖွဲ့၀င်နိုင်ငံ၂၅၀နိုင်ငံထဲမှာ မင်းကို အဆင့်၁လို့ကို ပြောလို့ရနေပြီ။ မင်းက နည်းနည်း သူရဲကောင်းနန်းတော်ကို ရန်သွားစမိသလိုဖြစ်ပေမယ့် နောက်ပိုင်းတွေမင်း ဂရုစိုက်ရင်တော့အဆင်ပြေမှာပါ။...” သိမ်းငှက်ပုံဦးဆောင်းတစ်ခုကို ၀တ်ဆင်ထားသည့် အရပ်မြင့်မြင့်ခန့်ခန့်ညားညားလူငယ်တစ်ဦးသည် လေအတောင်ပံမှော်ပညာကိုအသုံးပြုပြီး စင်ပေါ်သို့ ပျံသန်းလာ၏။ သူသည်ဖှေးကို မာနထောင်လွှားသည့်အမူယာဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ဖှေးအားစိုက်ကြည့်လိုက်ပြီး “မင်းရဲ့စွမ်းအားက ငါ့ကို အံ့သြသွားစေတယ်။ မင်းက ဒီးန်မိသားစုကိုသာအလုပ်ကျွေပြုလိုမယ်ဆိုရင် ချမ်းဘော့ဒ်ဘုရင်မင်းရဲ့နာမည်ကလဲ အမြင့်တစ်နေရာထိရောက်သွားလိမ့်မယ်...”
ဖှေးသူ့အား စောက်ပိန်းတစ်ယောက်ကို ကြည့်သကဲ့သို့တစ်ချက်ကြည့်ရှုလိုက်၏။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ ဤလူငယ်ကို ပြန်လည်ဖြေကြားခြင်းမရှိပဲ လျစ်လျူရှုလိုက်သည်။
“ဒီးန်မိသားစုဆိုတာ ဘာလဲ။ ဒီကောင်က ဘာလို့ငါ့ရှေ့မှာ ဒီလိုအချိုးမျိုးလာလုပ်ရဲနေတာပါလိမ့်...” ဖှေးတွေးလိုက်မိသည်။
“မင်း...” လျစ်လျူရှုခြင်းခံရပြီးသည့်နောက်တွင် သိမ်းငှက်ဦးဆောင်းနှင့်လူငယ်သည် စော်ကားခံလိုက်ရသည့်အတိုင်းပင် ဖှေးကို ဒေါသဖြစ်စွာဖြင့်စိုက်ကြည့်လိုက်၏။
ထို့နောက်တွင် သင်းပျံ့သည့်လေညင်းတစ်ခုနှင့်အတူ ကျက်သေရေရှိသည့်မိန်းမလှလေးတစ်ယောက်သည်လည်းစင်ပေါ်သို့ရောက်ရှိလာ၏။
သူမသည် ဘတ်ဂ်မိသားစု၏ အချစ်ရဆုံးသော သမီးဖြစ်သည့် ဘီယွန်းဆေးပင်။
ရေခဲတုံးကဲ့သို့အေးစက်ကာ မာနကြီးသည့်ပုံရှိသည့် မိန်းမငယ်လေးသည် ဖှေးကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ သူမသည် အနားသို့ကပ်လာပြီး ရိုင်းပြစွာဖြင့်ပြောလိုက်၏။ “ရှင်ကကျွန်မသတ်မှတ်ထားတဲ့ စံနှုန်းပြည့်မှီဖို့လိုသေးပေမယ့် ရှင့်ကိုအခွင့်ရေးပေးလိုက်မယ်။ ချမ်းဘော့ဒ်ဘုရင် ရှင်ကကျွန်မကို ဒီနေ့ကစပြီးပိုင်ဆိုင်အောင်ပိုးပန်းခွင့်ရှိသွားပြီ။ ရှင်သာ ကောင်းကောင်းဆောင်ရွက်နိုင်မယ်ဆိုရင် ကျွန်မက ရှင်နဲ့အတူဒိတ်တစ်ခုသွားဖို့အတွက် သဘောတူနိုင်ကောင်းတူလိမ့်မယ်...”
“ဟ...”
ဖှေးအသံထွက်ရယ်လုနီးနီးပင်ဖြစ်သွား၏။
“ဒီအမျိုးသမီးကအတော်ဘ၀င်မြင့်တာပဲ...” သူတွေးလိုက်မိသည်။
ဖှေးသူ၏အရှေ့တွင်ရပ်နေသည့် ဆွေကြီးမျိးကြီးမိသားစု၀င်နှစ်ယောက်သည် မည်သည့်အဖွဲ့မှဖြစ်သည်ကို သူမသိချေ။ သို့သော် သူတို့၏ပြောဆိုဆက်ဆံပုံမှာ ရွှေရောင်နေမင်းသူရဲကောင်း ဆူလ်တွန်နှင့် ရေပူစမ်းမြို့မှဒိုင်လီတို့နှင့် တစ်ပုံစံထဲပင်။ ထိုကဲ့သို့ရွှေဇွန်းကိုက်ကာ မွေးဖွားလာသူများသည် ကမ္ဘာပေါ်တွင်သူတို့ချည်းသာရှိသည်ဟုထင်နေသည်မှာ အလွန်မိုက်မဲလှ၏။
စောက်ပိန်းနှစ်ယောက်ပဲ။
ဖှေးသူတို့အား ရယ်စရာနှင့်စိတ်ရှုပ်စရာကဲ့သို့ သဘောထားလိုက်ပြီးခေါင်းကိုခါရမ်းလိုက်သည်။
ရောက်ရှိလာသည့် လူနှစ်ယောက်ကို လျစ်လျူရှုကာ ပရိသတ်ကို လက်၀ှေ့ရမ်းကာနှုတ်ဆက်လိုက်၏။ အော်ဟစ်အားပေးသံများထက်မံ၍ ထွက်ပေါ်လာပြန်၏။
.....
မြို့တော်စိန့်ပီတာစဘာ့တ်၏အနောက်ဘက်တွင်ဖြစ်သည်။
ကြီးမားသည့်မျှော်စင်ကြီး၁၁ခုမှာ သူရဲကောင်းနန်းတော်အတွင်းတွင်တည်ရှိနေကြ၏။
ပင်မမျှော်စင်မှာအလည်ခေါင်တွင်ဖြစ်သည်။ ပင်မမျှော်စင်၏ပထမထပ်တွင်ရှိသော ကျယ်ပြန့်လှသည့်ခန်းမဆောင်ထဲတွင် သူရဲကောင်းနှစ်ယောက်မြင်းပေါ်မှဓားရေးပြနေသည့် ရုပ်တုကြီးနှစ်ခုရှိသည်။ ထိုရုပ်တုတစ်ခုစီတိုင်းသည် မီတာ၁၀၀ခန့်အမြင့်ရှိ၏။ ရုပ်တု၏ခြေရင်းတွင်တောင့်တောင့်တင်းတင်းဖြင့် အနီရောင်၀တ်ရုံ၀တ်ထင်ထားသော လူတစ်ယောက်သည် ကျောပေးကာရပ်လျှက်ရှိသည်။ တိတ်ဆိတ်နေရင်းဖြင့်ပင် မြင့်မြတ်မှုနှင့် ဂုဏ်ရှိန်၀ါကြီးမားမှုတို့မှာ ထိုပုဂ္ဂိုလ်ထံမှ ပြန့်နှံ့လျှက်ရှိသည်။
“အရှင်...”
လူခြောက်ယောက်သည် သေးသိမ်စွာဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျှက်ရှိကြသည်။
သူတို့မှာ မြို့ပြင်စခန်းချရာနေရာတွင် တည်ရှိသောနံပါတ်၁ဓားကွင်းမှ ပြန်လာခါစဖြစ်သည့် အထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်ပင်။
“ကောင်းပြီလေ အဆင့်၂သူရဲကောင်းမင်းက ငါပြန်ခေါ်ခဲ့တဲ့အတွက် မကျေနပ်ဘူးလား..” ထိုလူသည်တစ်ဖက်သို့လှည့်လာခြင်းမပြုပေ။ သူသည် အသံတွင်လူတိုင်း၏စိတ်၀ိဉာဥ်ကိုသက်ရောက်စေနိုင်သည့်စွမ်းအားတစ်မျိုးပါ၀င်နေသည်။
“ကျွန်တော်...မဖြစ်ရဲပါဘူး...”
အဆင့်၂သူရဲကောင်း၏မျက်လုံးထဲတွင် မကျေနပ်မှုနှင့် အလိုမကျသည့်အရိပ်ယောက်များ ခနတာခန့်ဖြတ်သန်းသွားသည်။ သို့သော် ထိုအရာများသည် လျှင်မြန်စွာပင်ထူထပ်သောလေးစားမှုနှင့် အကြောက်တရားတို့၏အစားထိုးမှုကို ခံလိုက်ရသည်။ ဤအရပ်ရှည်ရှည်နှင့်သန်သန်မာမာပုဂ္ဂိုလ်၏အရှေ့တွင် စွမ်းအားကြီးကာ အကြောက်တရားကင်းမဲ့သည့် အဆင့်၂သူရဲကောင်းပင် မလေးမစားမပြုမူရဲပေ။ တစ်ခြားလူများ၏မျက်လုံးထဲတွင် သူသည်သူရဲကောင်းနန်းတော်ထဲတွင် ဒုတိယရာထူးအကြီးဆုံးလူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း ဤလူသည် အတွေးလေးတစ်ခုတည်းကပင် သူ့အားရှိသမျှအရာအားလုံးကို ပြန်လည်ရုတ်သိမ်းနိုင်စွမ်းရှိ၏။
“မဖြစ်ရဲပါဘူးဆိုတော...မကျေမနပ်တော့ဖြစ်မိတယ်ဆိုတဲ့သဘောပေါ့ ဟုတ်တယ်မလား...” ရုပ်တုများအောက်တွင်ရပ်နေသည့်လူမှာ ပါးကွပ်သားသူရဲကောင်းများကို ကျောခိုင်းလျှက်ပင် ညင်သာစွာဖြင့်ပြောလိုက်၏။
“မဟုတ်..မဟုတ်ပါဘူး...ကျွန်တော်က...” အဆင့်၂ပါးကွပ်သားသူရဲကောင်းသည် ရုတ်တရက်ရင်းပြရန်ပင် ပျာယာခတ်သွား၏။
“ရပြီ ဘာမှရှင်းမပြနဲ့တော့။ မင်းတို့ကောင်တွေငါ့အကြောင်းကိုသိပါတယ်။ သူရဲကောင်းနန်းတော်က သူရဲကောင်းတွေကို ထိန်းချုပ်အသုံးချဖို့ကြိုးစားတဲ့လူတွေမှန်သမျှ သေဒဏ်နဲ့ပဲထိုက်တန်တယ်ဆိုတာကို။ မင်းတို့တွေ ဒီတစ်ကြိမ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို ငါတကယ်ပဲမသိလောက်ဘူးလို့ယူဆထားကြတာလား။” ထိုလူသည် တစ်ဖက်သို့လှည့်လိုက်၏။ အမဲရောက်မျက်နှာဖုံးတစ်ခုကို ၀တ်ဆင်ထားသည့်အတွက်သူ၏မျက်နှာကို မြင်နိုင်စွမ်းမရှိသော်လည်း အပြာရောင်မျက်လုံးနှစ်စုံသည် အေးစက်သည့်ခံစားချက်တစ်ခုကိုထုတ်လွှတ်နေ၏။ “သူရဲကောင်းနန်းတော်က တိတ်ဆိတ်နေတာအချိန်အတော်ကြာသွားလို့ထင်တယ်။ တစ်ယောက်ယောက်က အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ သွေးထွက်သံယိုသမိုင်းတစ်ခုကို မေ့သွားပြီနဲ့တူတယ်။ အဆင့်၂သူရဲကောင်းမင်းက ဘာလို့လူထောင်နဲ့ချီရဲ့ရှေ့မှာ ဓားကွင်းရဲ့စည်းမျဥ်းစည်းကမ်းတွေကိုဖောက်ဖျက်ပြီးတော့ ချမ်းဘော့ဒ်ဘုရင်အတွက်ခက်ခဲအောင်ပြုလုပ်ခဲ့တာလဲ။ မင်းက အင်ပါယာအရှင်သခင် ယရှင်းကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို စိန်ခေါ်ချင်တာလား...”
အဆင့်၂သူရဲကောင်းသည် အကြောက်တရားဖြင့် သူ၏ဦးခေါင်းကို ကြမ်းပြင်ပေါ်သို့နိမ့်ချလိုက်၏။
“သူရဲကောင်းနန်းတော်ရဲ့ဂုဏ်သရေက မင်းရဲ့လုပ်ရပ်ကြောင့်အတော်ကျဆင်းသွားပြီ။” သန်မာထွားကျိုင်းသည့်လူသည် မျှော်စင်၏ဂိတ်တံခါးထံသို့လမ်းလျှာက်သွားရင်းဖြင့်ပြောလိုက်၏။
“အဆင့်၂၊ အဆင့်၄၊ အဆင့်၅သူရဲကောင်း။ မင်းတို့သုံးယောက်က သူရဲကောင်းစည်းမျဥ်းတွေကို ဖောက်ဖျက်တဲ့အပြစ်မျိုးကျူးလွန်ခဲ့တာကြောင့် မဟူရာအကျဥ်းထောင်ထဲကို ရက်၃၀အပို့ခံရမယ်။ အဆင့်၃၊ အဆင့်၆နဲ့အဆင့်၈သူရဲကောင်း မင်းတို့ကိုလည်း မဟူရာအကျဥ်းထောင်ကို ၁၀ရက်အပို့ခံရမယ်။”
အနီရောင်၀တ်ရုံ၀တ်ဆင်ထားသည့်လူသည် သူ၏အသံခန်းမဆောင်ထဲတွင် ပဲ့တင်လျှက်ရှိရင်းဖြင့်ပင် ပျောက်ကွယ်သွားတော့၏။
မည်သူမှ ဤအမိန့်ကို ပြန်လည်ကာ မေးခွန်းထုတ်ရဲခြင်းမရှိပေ။
“ဟုတ်ကဲ့ပါ အရှင်...” သူရဲကောင်းခြောက်ယောက်သည် ဒူးထောက်လျှက်ပင် အမိန့်ကိုနာခံလိုက်ကြသည်။
ရုတ်တရက် အနီရောင်မီးတောက်တစ်ခုသည် မြေပြင်ပေါ်မှတောက်ပလာပြီး သူရဲကောင်းခြောက်ယောက်ကို ၀န်းရံလိုက်၏။ မာကြောသည့်မြေပြင်သည်လည်း နွံအိုင်တစ်ခုကဲ့သို့ပျော့ပျောင်းစပြုကာ သူရဲကောင်းခြောက်ယောက်လုံးကို ချက်ချင်းပင်၀ါးမျိုသွားတော့သည်။ အနီရောင်မီးတောက်များပျောက်ကွယ်သွားသည့်အချိန်တွင် လူခြောက်ယောက်သည်လည်းလုံး၀ပင်ပျောက်ကွယ်သွားပြီဖြစ်သည်။
ရုတ်တရက်မျှော်စင်တစ်ခုလုံးတွင် မည်သူမှမကျန်ရှိတော့ပဲ စကားဖြင့်ဖော်ပြ၍မရနိုင်သော အေးစက်မှု၊ အထီးကျန်မှုတို့ဖြင့် ပြည့်နှက်သွား၏။
မျှော်စင်ထဲတွင် သူရဲကောင်းများတိုက်ခိုက်နေပုံတို့ကို ရေးထိုးထားသည့်ကျောက်တိုင်ပေါင်း၁၀၀ကျော်ခန့်ရှိနေပြီး သမိုင်းမှဇာတ်လမ်းဖြစ်ရပ်များကိုဖော်ပြလျှက်ရှိသည်။ မျှော်စင်တစ်ခုလုံး၏အလည်ခေါင်တွင် သူရဲကောင်း ရုပ်တုကြီးနှစ်ခုအား မဖော်ပြနိုင်လောက်သည့် တရားမျှတမှုနှင့် ညာတာခြင်းတို့နှင့်အတူခံစားနိုင်၏။ သို့သော် အဖြူရောင်ဓားများသည် သံချေးကဲ့သို့သော တစ်စုံတစ်ခု၏တိုက်စားခြင်းကိုခံနေရပုံရ၏။
......
မြို့တော်စိန့်ပီတာစဘာ့တ်၏ ဂိတ်တံခါးပေါ်တွင်ဖြစ်၏။
ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်သည် နံပါတ်၁ဓားကွင်းတည်ရှိရာထံသို့တိတ်ဆိတ်စွာဖြင့် လှမ်းကြည့်နေသည်။ သူသည် မီတာတစ်ထောင်ခန့်အကွာ၀ေးတွင်ရှိနေသည့် လူကိုလှမ်းကြည့်နေခြင်းပင်။
ငယ်ရွယ်သော စစ်ရေးခေါင်းဆောင်၏ဘေးတွင် သံမဏိချပ်၀တ်များ၀တ်ဆင်ထားကြသည့်် စစ်သည်တပ်ဖွဲ့တစ်ခုတည်ရှိနေသည်။
“မထင်ထားစရာပဲ။ လုံး၀ကို ထင်မထားစရာပဲ။ သူ့ရဲ့အစွမ်းက ကြောက်စရာကောင်းလောက်အောင်ကို သန်မာနေပြီပဲ။ ဒီကမ္ဘာပေါ်မှာ ဒီလောက်မယုံနိုင်စရာကောင်းလောက်တဲ့ပါရမီရှင်တစ်ယောက်ရှိနေနိင်သေးတာပဲ...”
အာရှဗင်၏စိတ်ထဲတွင် အမည်မသိခံစားချက်များစီးဆင်းနေရင်းဖြင့် သူအေးစက်သည့်နံရံကိုပွတ်သပ်လိုက်သည်။ နံပါတ်၁တပ်ဖွဲ့တစ်ခုဖြစ်သည့် သွေးသံမဏိတပ်ဖွဲ့ကိုဦဆောင်သည့် လူငယ်မှာ ပုံမှန်အရတည်တည်ငြိမ်ငြိမ်ဖြင့် ပြုမူနေထိုင်တတ်သူဖြစ်သော်လည်း ယခုအချိန်တွင် သူတစ်ခါမှမခံစားခဲ့ရဖူးသည့် ရှုပ်ထွေးသည့်ခံစားချက်များကို ခံစားနေရ၏။
“ငါတို့တွေပထမဆုံးတွေ့တုန်းက သူကကြယ်ငါးလုံးအဆင့်ကို ရောက်ခါနီးဆဲဆဲဘုရင်ငယ်လေးတစ်ယောက်ပဲရှိသေးတယ်လေ။ နောက်ပြီး သေချင်ဟန်ဆောင်တဲ့နည်းလမ်းတွေကို အသုံးပြုပြီးမှ အသက်ရှင်နိုင်ခဲ့တာ။ အခုကျတော့ သူက ပါးကွပ်သားသူရဲကောင်း၄ယောက်ကိုတောင်တစ်ယောက်တည်းနဲ့အနိုင်တိုက်နိုင်နေပြီပဲ။”
အာရှဗင်သည် ပြောစရာစကားပင် ကင်းမဲ့နေ၏။
သူသည် မင်းသမီးတာနာရှာပြောသည့်အကြံပြုချက်တစ်ခုကို စဥ်းစားလိုက်မိသည်။ သူ၏ ဉာဏ်ပညာမြင့်မားသော ညီမ၏ခန့်မှန်းချက်သည် ထက်မံ၍မှန်ကန်သွားပြန်ပြီဖြစ်သည်။
“မမှောင်ခင်တစ်ယောက်ယောက်ကို ငါ့နာမည်နဲ့ချမ်းဘော့ဒ်ဘုရင်စီကို တိုက်ပွဲနိုင်တဲ့အတွက် ဂုဏ်ပြုလက်ဆောင်သွားပို့လိုက်ကြ။”
“ဟုတ်ကဲ့ပါ အရှင့်သား...”
...
ဆယ်ကီလိုမီတာခန့်အကွာ၀ေးတွင်ရှိသည့် အဆင့်၁ဓားကွင်းတွင်ဖြစ်သည်။
အော်ဟစ်အားပေးသံများသည် ဆူညံနေဆဲပင်။
အဖွဲ့၀င်တိုင်းပြည်များမှ ဘုရင်များသည်လေးနက်သည့်အမူယာဖြင့် အစောင့်စစ်သည်များ၏ကာကွယ်မှုအောက်တွင် ပြန်ကြရန်ပြင်တော့၏။ စင်ပေါ်တွင်ရှိနေသည့်လူမှာသူတို့အား မျှော်လင့်ချက်မဲ့ကာ မောပန်းစေသည့်အတွက်ပင်။ ဤတိုက်ပွဲအပြီးတွင် လူတိုင်း ချမ်းဘော့ဒ်ဘုရင်သည် အင်ပါယာတစ်ခုလုံးကို တုန်လှုပ်စေတော့မည်ဖြစ်ကြောင်းကို သိကြ၏။ အင်ပါယာမှ အုပ်ချုပ်သည့်အဖွဲ့၀င်၂၅၀တိုင်းပြည်ထဲတွင် မည်သူမှ ဤသေးငယ်သည့်အဆင့်၆အဖွဲ့၀င်တိုင်းပြည်အား အနိုင်ယူနိုင်တော့မည်မဟုတ်ပေ။
တစ်ယောက်ရှိလျှင် ရှိနိုင်သေးသည်။
[ဓားတစ်လက်သူရဲကောင်း]ပင်။
လျို့၀ှက်စွာသွားလာနေထိုင်တတ်သည့် အဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခုမှ မင်းသားတစ်ပါးပင်။
အဖွဲ့၀င်တိုင်းပြည်များထဲတွင် နံပါတ်၁မင်းသားတစ်ပါးဖြစ်သည်ဟုလူသိရှင်ကြားကြေငြာထားသော်လည်း ဤမင်းသားငယ်မှာ ကျော်ကြားသော်လည်း လူမသိသူမသိသာနေထိုင်လျှက်ရှိသည်။ သူသည် တိုက်ပွဲရာနှင့်ချီယှဥ်ပြိုင်တိုက်ခိုက်ဖူးပြီး တစ်ပွဲမှအရှုံးမရှိသေးပေ။ အထူးသဖြင့် ဇီးနစ်အင်ပါယာနယ်စပ်တွင် စပါတပ်အင်ပါယာနှင့်တိုက်ခိုက်ခဲ့သည့် လွန်ခဲ့သည့်အချိန်ငါးနှစ်ခန့်က တိုက်ပွဲတစ်ခုတွင်ဖြစ်သည်။ သူသည် ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်နှင့် စပါတပ်အင်ပါယာတော်၀င်မိသားစုမှ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို စစ်သည်တစ်ထောင်ကျော်၀ိုင်းထားခြင်းခံရလျှက်ပင်တစ်ဦးတည်းသတ်ဖြတ်ပစ်နိုင်ခဲ့သည်။ ဤတိုက်ပွဲကြောင့် ဓားတစ်လက်သူရဲကောင်းသည် လွန်ခဲ့သည့်၅နှစ်ခန့်က စတင်၍နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစတင်၍ သူသည် တစ်ယောက်တည်းသာလေ့ကျင့်တော့ပြီး ယခုအချိန်တွင်မည်မျှ အစွမ်းထက်နေလောက်သည်ကို မည်သူမှမသိနိုင်တော့ပေ။
ယခုအချိန်တွင် ဓားတစ်လက်သူရဲကောင်းတစ်ယောက်တည်းကသာ ချမ်းဘော့ဒ်ဘုရင်နှင့် ယှဥ်နိုင်လောက်သည်ဟုဆိုနိုင်၏။
အဖွဲ့၀င်တိုင်းပြည်များမှ ဘုရင်များသည် အတွေးကိုယ်စီဖြင့် ထွက်ခွာသွားကြသော်လည်း တစ်ခြားလူများ ချမ်းဘော့ဒ်ဘုရင်အားလေးစားကိုးကွယ်ကုန်ကြသည်ကို မတားဆီးနိင်တော့ပေ။ အထူးသဖြင့် အဖွဲ့၀င်တိုင်းပြည်များမှ သိုင်းဆရာစစ်သည်များပင်။ သူတို့ထဲမှ လူအများစုသည် သာမန်လူတန်းစားထဲတွင် မွေးဖွားလာကြပြီး တစ်ချို့မှာ ကြယ်အဆင့်သို့ပင်ရောက်ရှိခြင်းမရှိသေးပေ။ သူတို့သည် အခက်ခဲမျိုးစုံကိုအသတ်ဖြင့်ရင်းကျော်ဖြတ်ကာ မိသားစုစား၀တ်နေရးအတွက်ရှာဖွေနေရသူများလည်းဖြစ်သည်။
အေဇာရုတိုက်တွင် စွမ်းအားကြီးမားသူများသည် လေးစားမှုခံရ၏။ ယနေ့တွင် သူတို့နံပါတ်၁ဓားကွင်းတွင်မြင်တွေ့ခဲ့ရသည့်အရာများသည် နတ်ဘုရားများ၏တိုက်ပွဲသကဲ့သို့ပင်။ ကောင်းကင်ကိုပင် ဖုံးလွှမ်းနေသည့်စွမ်းအင်များ၊ ရှည်လျားသော မီးတောက်ဓားသွားကြီးများ၊ အမဲရောင်မီးတောက်မြွေရိုင်းကြီးများ၊ သွေးမြူများ၊ မူးမိုက်ဖွယ်ဓားကွက်များနှင့် လျှပ်စီးကဲ့သို့သော လှုပ်ရှားမှုများသည် သူတို့၏စိတ်ကူးယဥ်နိုင်မှုများကိုပင် စိန်ခေါ်လျှက်ရှိသည်။ သူတို့သည် ဤမျှအဆင့်ရှိသည့်စွမ်းအားမျိုးကိုတစ်ခါမှပင် စိတ်ကူးယဥ်ဖူးခြင်းမရှိပေ။
လေးစားကိုးကွယ်မှုနှင့် အနိုင်ရရှိသူအားနှစ်ချိုက်မှုတို့ကြောင့် သူတို့သည် သွေးများဆူပွက်လျှက်ရှိဆဲပင်ဖြစ်သဖြင့် ပြန်ကြခြင်းမရှိသေးပေ။
သူတို့ထဲတွင် တိရိစ္ဆာန်အရေခွံများ၀တ်ဆင်ထားသည့် လူအုပ်သည်ဖှေးကိုစိုက်ကြည့်လျှက်ရှိ၏။ တစ်ချို့ကြယ်အဆင့်စစ်သည်များသည် ခြေထောက်များချိတ်လျှက်ထိုင်ကာ တိုက်ပွဲမှစွမ်းအင်အကြွင်းကျန်များကို အာရုံခံလေ့လာခြင်းဖြင့် သင်ယူရန်ကြိုးစားနေကြသည်။
လူအုပ်များကြားတိုက်ခိုက်ရေးစင်မြင့်နှင့် မီတာတစ်ရာခန့်၀ေးလှံသောနေရာတွင် လူတစ်ယောက်သည် သန့်ရှင်းသည့်၀တ်စုံတစ်ခုနှင့်အတူရပ်လျှက်ရှိသည်။ သူသည် အနည်းငယ်ပိန်သော်လည်း အလွန်ဖြောင့်မက်စွာပင်ရပ်လျှက်ရှိသည်။ သူသည် အလွန်တိတ်ဆိတ်နေပြီး ကျယ်လောင်သည့်အော်ဟစ်သံများ၊ စင်မြင့်ပေါ်မှ ဒရမ်တီးသံများသည် သူ့အပေါ်သို့သက်ရောက်ပုံမရချေ။ သူထံတွင် အတွင်းအားစွမ်းအင်၊ မှော်စွမ်းအင်အရိပ်ယောင်များထွက်ပေါ်နေခြင်းမရှိသော်လည်း သူသည် တစ်ခြားလူများမြင်နိုင်စွမ်းမရှိသည့်အတိုင်းပင်။ သူ့အားမည်သူမှ စကားလာပြောခြင်းမရှိပေ။
“ရှင်ကများ...ရှင်ကျွန်မကို ဘာလို့မသိချင်ယောင်ဆောင်နေတာလဲ...”
တိုက်ပွဲစင်မြင့်ပေါ်တွင် ဘတ်ဂ်မိသားစု၏မင်းသမီးကဲ့သို့သော ဘီယွန်းဆေးသည် ဖှေးအားမကောင်းဆိုး၀ါးတစ်ကောင်ကို စိုက်ကြည့်နေသကဲ့သို့ကြည့်လျှက်ရှိ၏။
“ချမ်းဘော့ဒ်ဘုရင် ငါမင်းကို နောက်ဆုံးအခွင့်ရေးပေးမယ်။ ဒီနေ့မင်းရဲ့အစွမ်းကြောင့်သာမဟုတ်ဘူးဆိုရင် မင်းလိုမျိုးအဆင့်၆အဖွဲ့၀င်တိုင်းပြည်ငယ်လေးရဲ့ဘုရင်တစ်ပါးက ဒီးန်မိသားစုဆိုတာကို သိခွင့်တောင်ရမှာမဟုတ်ဘူး။”
ဒီးန်မိသားစု၏ပါရမီရှင်မှော်ဆရာမှာ ဖှေးအားလက်ငြိုးထိုးကာ ခြိမ်းခြောက်သည့်ဟန်ဖြင့်ပြောလိုက်၏။
ဖှေး ဤပျက်ဆီးနေသည့် ကလေးနှစ်ယောက်ကို ရိုက်ချင်စိတ်ပင်ပေါက်လာသည်။
“ဟမ်...” ဖှေးရုတ်တရက်တိုက်ခိုက်ရေးစင်မြင့်အောက်တွင် ရင်းနှီးသည့်လူတစ်ယောက်ကို သတိထားမိသွား၏။
ဘိုင်ဇန်တိုင်းတိုင်းပြည်၏ဘုရင်ငယ်ပင်။
ဤဘုရင်ငယ်သည် သူ့အားလေးစားဖွယ်လူတစ်ယောက်ကဲ့သို့စိုက်ကြည့်လျှက်ရှိ၏။ ဖှေးလည်း ထိုဘုရင်ငယ်၏စိတ်အခြေအနေတစ်စုံတစ်ရာပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။ ဖှေးသူ့ကို စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
ခနတာစဥ်းစားပြီးသည့်နောက်တွင် သူနှင့်ကံကြမ္မာခြင်းတူညီသည့် ဤလူငယ်ကို အကူညီပေးလိုစိတ်ပေါ်ပေါက်လာ၏။