← Chapters

“ဒဏ်ရာခုနှစ်သွယ်လက်သီး”

Vol. 22 Ch. 322

“ဒဏ်ရာခုနှစ်သွယ်လက်သီး”

Vol. 22 Ch. 322

လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲပြီးသည့်နောက်တွင် ဖှေးလေထုကို ဆုပ်ကိုင်လိုက်ရာ ကြီးမားသည့်စွမ်းအားတစ်ခုသည် ဘိုင်ဇန်တိုင်းဘုရင်ငယ်ကို ကိုင်ဆွဲလိုက်သည်။ အာမေဍိတ်သံများနှင့်အတူ ဤဘုရင်ငယ်သည် တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ရောက်ရှိလာ၏။

“တွေ့ရတာ၀မ်းသာပါတယ် အရှင်မင်းကြီး။ ကျွန်တော ကွန်စတန်တိုင်းမနေ့က အရှင့်ကို အသေချာကျေးဇူးတင်စကားပြောခွင့်မရလိုက်လို့ပါ။” ဘုရင်ငယ်သည် အလွန်ပျော်ရွှင်အံ့သြသွားခြင်းတို့နှင့်အတူ ဖှေးအားအလေးပြုလိုက်သည်။ ဤဘုရင်ငယ်၏နာမည်သည် ကွန်စတန်တိုင်းပင်။

“ရပါတယ် ကိစ္စမရှိပါဘူး။ ငါလည်းအရင်က မင်းလိုပါပဲ...”

ဖှေးသည် အလွန်စိတ်ရှည်သည့်ပုံံရသည်။ သူသည် ဘုရင်ငယ်အားသူ၏အတွေ့ကြုံများကို ပြောပြလိုက်၏။ ထိုအတွေ့ကြုံများသည်လက်ရှိဘိုင်ဇန်တိုင်းဘုရင်ငယ်ကြုံတွေ့နေရသည့်အတိုင်းပင်။ သူတို့နှစ်ယောက်လုံးသည် ခမည်းတော်နတ်ရွာစံသွားပြီးသည့်နောက်တွင် ထီးနန်းဆက်ဆံခဲ့ရသည်။ သူတို့နှစ်ယောက်လုံးတွင် လောဘကြီးကာ ဉာဏ်များသည့် ၀န်ကြီးချုပ်များရှိနေပြီး သူတို့အားကာကွယ်ပေးမည့် ချစ်သူများနှင့် သစ္စာရှိလူယုံများလည်းရှိနေကြ၏။ တစ်ခုရှိသည်မှာ ဖှေး၏ကံကြမ္မာသည် ဘိုင်ဇန်တိုင်းဘုရင်ငယ်နှင့်နှိုင်းယှဥ်ပါက အနည်းငယ်ပို၍သာလွန်နေခြင်းပင်။ ဤအရာကို ကြားပြီးသည့်နောက်တွင် ဘိုင်ဇန်တိုင်းဘုရင်ငယ်သည်ဖှေးသူ့အာကူညီလိုနေခြင်း၏အကြောင်းရင်းကို နားလည်သွားတော့၏။

“အရှင့်ရဲ့စွမ်းအားတွေကမဆိုးပါဘူး။ ဒါပေမယ့် အရှင့်မှာ သင့်လျှော်တဲ့အတွင်းအားကျင့်စဥ်စာလိပ်တွေနဲ့ သိုင်းကွက်တွေမရှိသေးဘူး။ ဒါကြောင့်အရှင်က အဆင့်တူရန်သူနဲ့ရင်ဆိုင်ရရင်တောင် တပန်းရှုံးနေလိမ့်မယ်။ ကျွန်တော် ဒီသိုင်းကွက်တွေကို ဖန်တီးထားတာတော့ရှိတယ်။ အရှင်စိတ်၀င်စားမယ်ဆိုရင် သင်ပေးလို့ရပါတယ်..” ဖှေးသူ၏ထားသိုရာအကန့်အတွင်းမှ စာအုပ်တစ်ခုကို ထုတ်ယူလိုက်ရင်းဖြင့်ပြောလိုက်သည်။

“ဟမ် ဒဏ်ရာ၇သွယ်လက်သီးလား..”

“ဟုတ်တယ်။ ဒါက ဒဏ်ရာခုနှစ်သွယ်လက်သီးပဲ။ ဒါကကျွန်တော်အကြံတစ်ခုရပြီးတော့ ဖန်တီးထားတဲ့သိုင်းကွက်တစ်ခုပါ။ ဒီသိုင်းကွက်က စွမ်းအားမြင့်ပြီးလှပတယ်။ အရှင်သာ ဒီသိုင်းကွက်ကိုကျွမ်းကျင်သွားပြီဆိုရင် လက်သီးတစ်ချက်ထဲမှာပဲ စွမ်းအားမျိုးစုံပါ၀င်နေလိမ့်မယ်။ မီးလိုတိုက်ရိုက်သက်ရောက်အား။ ရေလို့ပျော့ပျောင်းတဲ့အား အဲ့လိုအင်အားစုတွေက ရန်သူရဲ့ကိုယ်တွင်းအင်္ဂါတွေကို တိတ်တဆိတ်နဲ့ ဒဏ်ရာရအောင်ပြုလုပ်နိုင်လိမ့်မယ်။” ဖှေးဇာတ်လမ်းပေါင်းစုံကို ပေါက်ကရလျှောက်ပြောလိုက်၏။ သို့သော် ဤသိုင်းကွက်၏စွမ်းအားများမှာမူ အစစ်မှန်ပင်။

ဤဒဏ်ရာ၇သွယ်လက်သီးဟူသည့်သိုင်းကွက်ကို သူယခင်ဘ၀တွင်ဖတ်ဖူးသည့် သိုင်း၀တ္တုတစ်ခုမှ ကိုးကားထားခြင်းဖြစ်၏။

ဤသိုင်းကွက်ကို ဖှေး လုပ်ကြံသတ်ဖြတ်သူ၏အတွင်းအားစီးဆင်းပုံကိုမှီငြမ်းကာ သတ္တုဂုဏ်သတ္တိအတွင်းအားစွမ်းအင်ကျင့်စဥ်စာလိပ်အဖြစ်ဖန်တီးထားခြင်းဖြစ်၏။ ဖှေး၏စမ်းသက်မှုများအရ ဤကျင့်စဥ်သည်လေ့ကျင့်သူ၏စွမ်းအားများကို အချိန်တိုအတွင်းမှာပင် ထိထိရောက်ရောက်တိုးမြှင့်ပေးနိုင်စွမ်းရှိ၏။ စွမ်းအားမြင့်မားသော်လည်း ဤသိုင်းကွက်သည် လေ့ကျင်သူ၏ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေတတ်သည့် အားနည်းချက်တစ်ခုလဲရှိ၏။

အားနည်းချက်ကြောင့် ဖှေးတွန့်ဆုတ်ကာ ကျင့်စဥ်စာလိပ်သည်စွမ်းအားမြင့်မားသော်လည်း သူနှင့်နီးစပ်သူများကို ပေးမကျင့်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤကျင့်စဥ်စာလိပ်မှာလက်ရှိအချိန်တွင် ဤဘုရင်ငယ်အတွက်အကောင်းဆုံးလက်ဆောင်တစ်ခုပင်။ သို့သော် ဖှေးသည် တွေ့ကရာလူများကို အဖိုးတန်ကျင့်စဥ်စာလိပ်များလက်ဆောင်ပေးပစ်လောက်သည်အထိရက်ရောသည့်လူတစ်ယောက်မဟုတ်ပေ။ ဤဘုရင်ငယ်သည် စိတ်ရှုပ်စရာမကောင်းပဲ သူ၏စွမ်းအားများကို မကောင်းသည့်နေရာများတွင် အသုံးမချပါက ဖှေးသည်အနာဂတ်တွင် ဤအားနည်းချက်များကို ပယ်ဖြတ်နိုင်သည့် နည်းလမ်းများကို လေ့လာရှာဖွေပေးမည်ဖြစ်သည်။

ထင်ရှားစွာပင် ဖှေးသည် ကျင့်စဥ်စာလိပ်နှင့်ပတ်သက်သည့်ဆိုးကျိုးများကို ဘုရင်ငယ်အားတိမ်ချန်ထားခြင်းမရှိပဲ အမှန်တိုင်းပင်အသေအချာရှင်းပြလိုက်သည်။

“ကျေးဇူးပါအရှင်မင်းကြီး။ ကျွန်တော်သင်ယူဖို့ဆန္ဒရှိပါတယ်။ ပိုပြီး သန်မာလာဖို့အတွက် အရာတစ်ချို့ကို စွန့်လွှတ်ဖို့လိုအပ်လာမယ်ဆိုတာကိုလဲ ကျွန်တော်နားလည်ပါတယ်။”

ကွန်စတန်တိုင်းသည် သူ၏လက်ထဲတွင်ရှိနေသည့်ကျင့်စဥ်စာလိပ်ကို ကြည့်ရင်းဖြင့် အကျိုးအပြစ်များအားလုံးကိုချင့်ချိန်ကာ စဥ်းစားလိုက်သည်။ ဤကျင့်စဥ်စာလိပ်သည် သူ့အားအချိန်တိုအတွင်းမှာပင် ပို၍စွမ်းအားမြင့်လာအောင်ပြုလုပ်ပေးမည်ကို သိရှိလိုက်ရသည့်အတွက်၀မ်းသာလျှက်ရှိသည်။ တစ်ခြားလူများကြည့်မနေပြီး သူသည်ဘုရင်တစ်ပါးသာမဟုတ်ခဲ့ပါက ချက်ချင်းပင် ဖှေးရှေ့တွင် ဒူးထောက်ကာ သူ၏ကျေးဇူးတင်မှုကို ပြသလိုနေ၏။

ဖှေးလူတိုင်း၏မျက်နှာများကို လိုက်ကြည့်လိုက်မိပြီး အမူယာများစွာပြောင်းလဲနေသည်ကိုမြင်လိုက်ရသည်။ သူသည် လူများ၏စိတ်၀င်စားမှုကို ရရှိနေပြီး ဘိုင်ဇန်တိုင်းဘုရင်သည်လည်း ယခုအချိန်မှစတင်ပြီးအာရုံစိုက်မှုများရရှိတော့မည်ကို သူသိရှိလိုက်မိသည်။ ယနေ့မှစတင်ကာ အခွင့်ရေးကို ဖမ်းဆုတ်နိုင်မဖမ်းဆုတ်နိုင်မှာ ဘိုင်ဇန်တိုင်းဘုရင်၏ ဉာဏ်ရည်အပေါ်တွင်သာ မူတည်တော့မည်ဖြစ်သည်။

“အရှင်က ကျွန်တောနဲ့လူတွေအများကြီးရှေ့မှာ စကားပြောနေတာဆိုတော့ အနာဂတ်မှာအရှင့်အတွက် ပြသနာတွေလဲရှိလာနိုင်တယ်။ ဒါပေမယ့် ပြသနာတွေဆိုတာကလဲတစ်ခါတလေကျရင် အခွင့်ရေးတွေအဖြစ်ပြောင်းလဲသွားတတ်တယ်လေ။ အရှင်ကြောက်လား...”

“အရှင်မင်းကြီး ကျွန်တော်က ဒီနေ့ဒီနေရာကို ရောက်ရတဲ့တစ်ခုတည်းသောအကြောင်းက အရှင့်ရဲ့ရက်ရောမှုကြောင့်ပါ။ ကျွန်တော် ဒါကိုတစ်သက်လုံးမေ့မှာ မဟုတ်ပါဘူး။” ဘုရင်ငယ်သည် ချက်ချင်းပင် ဖှေးဆိုလိုသည်ကို နားလည်လိုက်သည်။ သူပို၍ပင် ကျေးဇူးတင်လာပြီး ခေါင်းငုံ့ကာအရိုသေပေးလိုက်၏။

“အေးပါ ဒီလိုဆိုရင် မင်းသွားလို့ရပါပြီ..”

ဖှေးသူ၏လက်များကို ၀ှေ့ရမ်းလိုက်ရာ မမြင်နိုင်သည့်စွမ်းအင်တစ်ခုသည် ဘိုင်ဇန်တိုင်းတိုင်းပြည်၏ဘုရင်ကိုချုပ်ကိုင်ကာ မီတာ၅၀ခန့်အမြင့်ရှိသည့်တိုက်ပွဲစင်မြင့်ပေါ်မှအောက်သို့ချပေးလိုက်၏။ သူ၏အစောင့်စစ်သည်များထံသို့ ရောက်ရှိသွားပြီးသည့်နောက်တွင် ဘုရင်ငယ်သည်သူ၏လူများနှင့်အတူထွက်ခွာသွားတော့၏။

“သူက ဘယ်သူလဲ။ ချမ်းဘော့ဒ်ဘုရင်နဲ့အတော်ရင်းနှီးတဲ့ပုံပဲ...”

“သူက တစ်ခြားအဖွဲ့၀င်တိုင်းပြည်တစ်ခုက ဘုရင်တစ်ပါးဖြစ်တဲ့ပုံပဲ။ တောင်ဘက်ပိုင်းကဖြစ်လောက်တယ်။”

“ကံကောင်းလိုက်တာ...သူက ချမ်းဘော့ဒ်ဘုရင်ရဲ့အသိမှတ်ပြုခြင်းကို ခံလိုက်ရတာပဲ။ ဒီလိုဆက်ဆံရေးနဲ့ဆိုရင် သူက ကောင်းကင်ပေါ်တောင်ပျံသန်းနိုင်လောက်တယ်။”

“သူက အဆင့်၆အဖွဲ့၀င်တိုင်းပြည် ဘိုင်ဇန်တိုင်းတိုင်းပြည်ရဲ့ဘုရင်ပဲဟ...” လူအုပ်အတွင်းမှာ ရှိနေသည့်လူတစ်ယောက်သည် ကွန်စတန်တိုင်းကို မှတ်မိလိုက်သည်။

“ငါဒီကိစ္စကို အရှင်မင်းကြီးကို အစီရင်ခံမှဖြစ်မယ်။ ငါတို့ကြံထားတဲ့အစီစဥ်ကို ပြောင်းလဲရတော့မယ့်ပုံပဲ။ ငါတို့တွေ ဘိုင်ဇန်တိုင်းတိုင်းပြည်နဲ့ ရန်သူသွားလုပ်လို့မရဘူး။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ချမ်းဘော့ဒ်ဘုရင်နဲ့ပါရင်ဆိုင်နေရလိမ့်မယ်...”

“ငါ ဒါကိုမျှော်လင့်မထားဘူး။ ချမ်းဘော့ဒ်ဘုရင်ရဲ့ထောက်ခံမှုနဲ့ဆိုရင် အဆင့်၁အဖွဲ့၀င်တိုင်းပြည်တောင် ဘိုင်ဇန်တိုင်းတိုင်းပြည်ကို ရန်စရဲမှာမဟုတ်တော့ဘူး။ ဒီပြိုင်ပွဲကနေဘိုင်ဇန်တိုင်းဘုရင်ရရှိတဲ့အကျိုးကျေးဇူးတွေက အတော်များသွားတာပဲ။ ဒီဘုရင်ငယ်လေး အတော်ကံကောင်းလိုက်တာ...”

“ချမ်းဘော့ဒ်ဘုရင်နဲ့ ဘိုင်ဇန်တိုင်းဘုရင်တို့ရဲ့ဆက်ဆံရေးကို အမြန်စုံစမ်းကြ။ ဒါအရေးကြီးတယ်...”

“ဟားဟား ဒါကအခွင့်ရေးတစ်ခုပဲ။ အတော်ကောင်းတဲ့အခွင့်ရေးတစ်ခုပဲ။ ငါ့အမိန့်ကို ပြောလိုက် ဘိုင်ဇန်တိုင်းတိုင်းပြည်ကို လက်ဆောင်ပစ္စည်းတွေအမြန်ပို့လိုက်ကြကွာ။ ဘိုင်ဇန်တိုင်းဘုရင်ကို ငါတို့က ပူးပေါင်းဆောင်ရွက်လိုနေပါတယ်လို့ပြောလိုက်ကြ။ ဟဟ ငါတို့ဒီအဆက်သွယ်ကနေ ချမ်းဘော့ဒ်ဘုရင်နဲ့ပါ သိခွင့်ရတယ်ဆိုရင်တော့ ရွှေအခွင့်ရေးကြီးဖြစ်သွားတော့မှာပဲ...”

လူအများတစ်ယောက်နှင့်တစ်ယောက်စကားပြောဆိုနေကြသည်။ လက်ရှိတွင် ဖြစ်စပျက်သွားသည့်အရာမှာ လူအများကို အံ့သြသွားစေခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ဘိုင်ဇန်တိုင်းတိုင်းပြည်ကို ၀ိုင်း၀န်းသိမ်းယူရန်ကြံနေကြသည့်တိုင်းပြည်များသည်လည်း ထိတ်လန့်ကုန်ကြတော့၏။ သူတို့သည် အစီစဥ်ကိုအကောင်ထည်ဖော်ခြင်းမပြုရသေးသည့်အတွက် စိတ်သက်သာနေကြသည်။ သို့မဟုတ်ပါက သူတို့အကျိုးအမြတ်မရသေးခင်မှာပင် ဆုံးရှုံးမှုကြီးတစ်ခုနှင့် ကြုံတွေ့ရနိုင်သည်။ ချမ်းဘော့ဒ်ဘုရင်သည် သူတို့တိုင်းပြည်များမပြောနှင့် ပါးကွပ်သားသူရဲကောင်းများကိုပင် တိုက်ခိုက်ရဲ့သူတစ်ယောက်ဖြစ်နေသောကြောင့်ပင်။

ဘိုင်ဇန်တိုင်းတိုင်းပြည်နှင့် ပဍိပတ်ခများဖြစ်ပွားဖူးသည့်တိုင်းပြည်များသည်လည်း စိုးရိမ်နေကြ၏။ သူတို့သည် ဖြစ်ပျက်ခဲ့သမျှကိုတောင်းပန်ရန်ပင် ကြံစည်နေကြပြီဖြစ်၏။

All Chapters