← Chapters

အခန်း (၃၂၃)

Vol. 22 Ch. 323

အခန်း (၃၂၃)

Vol. 22 Ch. 323

“ဟေး ရှင်နားရောနားထောင်နေရဲ့လား။” စင်မြင့်ပေါ်တွင် ဘတ်ဂ်မိသားစု၏မင်းသမီးမှာ စိတ်ဆိုးစွာဖြင့် ဖှေးအနားသို့လမ်းလျှာက်သွားလိုက်၏။ သူမ၏ခေါင်းကို ကောင်းကင်ပေါ်သို့မော့ထားရင်းဖြင့် သူအထက်ဆီးဆန်သည့်အသံဖြင့်ပြောလိုက်သည်။ “ရှင့်ရဲ့ရိုင်းပြမှုအတွက် ပြန်တောင်းပန်လိုက်စမ်း...”

“မင်းကများ။ အဆင့်၆အဖွဲ့၀င်တိုင်းပြည်တစ်ခုရဲ့ဘုရင်တစ်ပါးအနေနဲ့မင်းတစ်ယောက်ထဲစွမ်းအားနဲ့လုပ်နိုင်တာနည်းနည်းလေးပဲရှိတယ်။ မင်းက ငါတို့ရဲ့ဒီးန်မိသားစုကို ငြင်းဆန်ရဲတယ်ပေါ့...” ဒီးန်မိသားစုမှာ ပါရမီရှင်မှော်ဆရာသည်လည်း အစော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။

ဖှေးတစ်ဖက်သို့လှည့်ကာ ဘာမှမပြောပဲထွက်ခွာသွား၏။

“ရှင် ရပ်လိုက်စမ်း...” မင်းသမီးကဲ့သို့သောအမျိုးသမီးမှာ ဖှေး၏လျစ်လျူရှုခြင်းကို ခံလိုက်ရသည့်အတွက် ပို၍ပင်ဒေါသဖြစ်လာတော့သည်။

“ဟားဟား ချမ်းဘော့ဒ်ဘုရင် မင်းဒီနေ့ဒီစင်မြင့်ပေါ်ကနေဆင်းသွားလိုက်တာနဲ့ မင်းဒီနေ့မှဦချခဲ့တဲ့ ဆုံးဖြတ်ချက်ကို တစ်သက်လုံးနောက်တရနေစေရမယ်..” ပါရမီရှင်မှော်ဆရာသည် နောက်တစ်ကြိမ်သတိပေးမှုကို ထက်မံပြုလုပ်လိုက်သည်။

“ဟမ်...” ဖှေးရပ်လိုက်ကာ အနောက်သို့ပြန်လှည့်ကြည့်လိုက်၏။ သူ၏အေးစက်သည့်အကြည့်မှာ လူနှစ်ယောက်အား သေစေနိုင်သည့်လက်နက်တစ်ခုကို စိုက်ကြည့်နေရသကဲ့သို့ခံစားရလိုက်စေသည်။ ထိုလူငယ်နှစ်ယောက်သည် စိတ်သက်သာရရစေရန်အတွက် တစ်ခြားတစ်ဖက်သို့မျက်နှာလွှဲလိုက်ကြသည်။

“...” ဖှေးနှာခေါင်းရှုံ့လိုက်သည်။

“ရှင်...ဟွန်းချမ်းဘော့ဒ်ဘုရင်။ ရှင်ကစွမ်းအားကြီးတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ရှင့်ရဲ့တိုင်းပြည်တစ်ခုလုံးကိုတော့ ရှင်တစ်ယောက်တည်းနဲ့မကာကွယ်နိုင်ပါဘူး။ ရှင်ကျွန်မကို ရိုင်းပြခဲ့တဲ့အတွက်နောင်တရစေရမယ်။ ကျွန်မကို ရိုင်းပြတဲ့ဘယ်ယောက်ျားမဆိုပေးဆပ်ရလိမ့်မယ်...”

“၀ုန်း..”

ဖှေးချက်ချင်းပင် ဘီယွန်းဆေးထံသို့ပြေးသွားပြီး လည်ပင်းမှကိုင်ဆွဲလိုက်သည်။ ညှာတာမှုမရှိပဲ သူ၏သံမဏိကဲ့သို့သော လက်ချောင်းများသည် အမျိုးသမီး၏လည်ပင်းကို အတင်းညစ်ကိုင်ထားရာ အသက်ရှူရန်ပင်ခက်ခဲနေ၏။ သူမချောင်းများဆိုးကာ ငိုကြွေးလိုက်သည်။ သို့သော် သူမ၏ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့် အတွင်းအားစွမ်းအင်များသည် တစ်စုံတစ်ခု၏ပိတ်ပင်ချင်းကို ခံထားရပုံရသည်။ သူမပြန်လည်ကာ မခုခံနိုင်ချေ။

“မင်းကများ...မစ်ဘီယွန်းဆေးကို လွှတ်ပေးလိုက်စမ်း...”

ဘတ်ဂ်မိသားစုမှ စစ်သည်များသည် ဤအရာကိုမြင်လိုက်ရသည့်အတွက် ထိတ်လန့်အံ့သြကုန်ကြ၏။ သူတို့သည် အော်ဟစ်လိုက်ပြီး စင်ပေါ်သို့အမြန်ပြေးတက်လာကြသည်။ အရောင်အသွေးစုံလင်သည် အတွင်းအားစွမ်းအင်များစွာသည် ဖှေး၏နောက်ကျောကို ပစ်မှတ်ထားကာ ၀င်ရောက်လာကြ၏။

“ဖုန်ုး ဖုန်း ဖုန်း...”

ဖှေးသူ၏လက်ကို အသာယာ၀ှေ့ရမ်းလိုက်ရာ မမြင်နိုင်သည့်စွမ်းအင်တစ်ခုထွက်ပေါ်လာ၏။

ထိုအတွင်းအားစွမ်းအင်များသည် ဖှေး၏စွမ်းအင်နှင့်ထိတွေ့လိုက်မိသည့်အချိန်တွင် ပူပြင်းသည့်နေရောင်ခြည်နှင့်ထိလိုက်ရသည့် နှင်းပွင့်များကဲ့သို့ပင်ပျောက်ကွယ်သွားကြ၏။ ထို့နောက်တွင် အစောင့်စစ်သည်များလည်း ဤမမြင်နိုင်သည့်စွမ်းအား၏ထိမှန်ခြင်းကို ခံလိုက်ရသည်။ သူတို့အားလုံးနာကျင်စွာအော်ဟစ်လိုက်ပြီးမြေပြင်ပေါ်သို့လဲကျကုန်တော့သည်။

“စောက်ရူး ငါ့ရှေ့မှာဆိုရင် မင်းတို့ရဲ့မာနတွေကို ဘေးဖယ်ထားလိုက်။ နောက်တစ်ခွန်းထပ်ပြောရဲမယ်ဆိုရင် ဒီနေရာမှာတင်သေရလိမ့်မယ်...”

ဖှေး၏အေးစက်သည့်အကြည့်နှင့်အသံနေအသံထားသည် ဤကောင်မလေး၏မာနများအားလုံးကို အရည်ပျော်ကျသွားစေ၏။ သူမ၏စိတ်ထဲတွင် ဘာမှမရှိတော့သလိုခံစားလိုက်ရပြီး ခန္ဓာကိုယ်သည်လည်းစတင်၍ တုန်ခါလာတော့သည်။ တစ်ခါမှမကြုံဖူးသေးသည့် အကြောက်တရားကို သူမ၏စိတ်ထဲတွင်ခံစားလိုက်ရပြီး သူမဖှေးကို ကြည့်လိုက်သည်။ သူမဖှေး၏စကားကိုသံသယမဖြစ်ချေ။ သူမထက်မံ၍ချိန်းခြောက်စကားပြောပါက ဖှေး၏လက်သည်းများသည် သူမ၏လည်ပင်းထဲသို့စိုက်၀င်သွားတော့မည်ဖြစ်၏။

“...”

ဖှေးဤမာနထောင်လွှားနေသည့်ကောင်မလေးကို မြေပြင်ပေါ်သို့ပစ်ချလိုက်၏။

“နောက်ပြီး ဒီစောက်ပိန်းရောပဲ...” ဖှေးတစ်ဖက်သို့လှည့်ကာ ဒီးန်မိသားစု၏ပါရမီရှင်မှော်ဆရာကို ကြည့်လိုက်သည်။ ဖှေးသူ၏သတ်ဖြတ်လိုသည့်ဆန္ဒများကို လုံး၀ပင်ဖုံးကွယ်ထားခြင်းမရှိသဖြင့် ဤလူငယ်သည် ကောင်းကင်ကြီးတစ်ခုလုံးသူ၏ခေါင်းပေါ်သို့ပြိုကျလာသကဲ့သို့ခံစားလိုက်ရ၏။ သူမည်မျှပင် မှော်စွမ်းအားများအသုံးပြုစေကာမူ သူခုခံနိုင်ခြင်းမရှိပေ။ မကြာမှီတွင် သူမြေပြင်ပေါ်သို့ဒူးထောက်လျှက်ကျသွားတော့၏။ သူလုံး၀ပင်မလှုပ်ရှားနိုင်တော့ချေ။

ဤအခိုက်တန့်တွင် ပါရမီရှင်မှော်ဆရာသည် ချမ်းဘော့ဒ်ဘုရင်မည်မျှစွမ်းအားကြီးမားသည်ကို ကိုယ်တိုင်သိရှိလိုက်ရသည်။

သူကိုယ်တိုင်ရင်ဆိုင်နေရသည့်အချိန်တွင် ဤလူသည် သူကြည့်နေစဥ်ကထက် အဆပေါင်း၁၀၀၀ခန့်ပင် ပို၍စွမ်းအားကြီးမားလှသည်။ ဤဘုရင်သည် သူ့အားအကြည့်တစ်ခုတည်းဖြင့်ပင် အမှုန့်ချေနိုင်နေသကဲ့သို့ခံစားနေရ၏။

“မင်းတို့ကောင်တွေ ငါ့ကိုဆက်ပြီးတော့နှောင့်ယှက်နေမယ်ဆိုရင်မင်းတို့ရဲ့အသက်တွေက ခွေးလေခွေးလွင့်တွေလောက်တောင် တန်ဖိုးရှိမှာမဟုတ်တော့ဘူး။”

ဖှေးဒေါသဖြင်စွာဖြင့် ဤလူနှစ်ယောက်အပါ၀င် VIPပွဲကြည့်စင်ပေါ်တွင်ရှိနေသည့် တစ်ခြားလူများကိုပါစိုက်ကြည့်လိုက်သည်။ မည်သူပင်ဖြစ်နေစေကာမူ ဖှေးအားပြန်လည်စိုက်ကြည့်ခြင်းမပြုရဲကြချေ။

သွေးသံရဲရဲတိုက်ပွဲတစ်ခုတွင် အနိင်ရရှိခဲ့သည့်ကြက်ဖတစ်ကောင်ကဲ့သို့ဖှေးရယ်မောလိုက်သည်။

သူ၏ရယ်သံသည် ယဥ်ကျေးခြင်းမရှိပဲ ဘုရင်တစ်ယောက်၏ပုံရိပ်ဖြင့်မသင့်တော်လှချေ။ သို့သော် ဤရယ်သံများကြားထဲတွင်ရှိသည့်ဂုဏ်ယူသည့်ခံစားချက်ကို လူတိုင်းခံစားနေရသည်။ မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိနေသည့်စွမ်းအားကြီးအဖွဲ့စည်းများနှင့် ဆွေကြီးမျိုးကြီးမိသားစုများ၏မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ မြို့ထဲတွင် နတ်ဘုရားများကဲ့သို့ဆက်ဆံခံရသည့် ဆွေကြီးမျိုးကြီးများအတွက် ရယ်သံများထဲတွင်ရှိနေသည့်လှောင်ပြောင်မှုမှာ သူတို့အား သေဆုံးရသည်ထက်ပို၍အခံရခက်စေ၏။ သူတို့၏မျက်နှာပေါ်တွင် မကျေနပ်သည့်ပုံရိပ်များရှိနေကြသော်လည်း သူတို့ဖှေးကို ဘာမှမလုပ်နိုင်ကြချေ။

အနည်းဆုံးယခုအချိန်တွင် သူတို့ဘာမှလုပ်နိုင်ကြဦးမည်မဟုတ်ပေ။

ဖှေးစင်အောက်သို့ငှက်တစ်ကောင်ကဲ့သို့ခုန်ဆင်းကာ လူအုပ်ကို နှုတ်ဆက်ပြီး လမ်းလျှောက်ထွက်သွားတော့၏။ သူ၏စိတ်ထဲတွင်ရှိနေသည့်အတွေးတစ်ခုကြောင့် ဖှေးချမ်းဘော့ဒ်မှလူများကို သူနှင့်အတူဤတိုက်ပွဲသို့လိုက်ပါစေခဲ့ခြင်းမပြုခဲ့ချေ။ လူအုပ်အပြင်သို့ရောက်ရှိသွားပြီးချိန်တွင် ဖှေးအမြန်ပြေးကာပျောက်ကွယ်သွားတော့၏။

.....

.....

ချမ်းဘော့ဒ်တပ်ဖွဲ့စခန်းချထားသည့်နေရာတွင် ဖြစ်သည်။

မနက်ခင်းမှစတင်ကာ အန်ဂျယ်လာ၏စိတ်များလေးလံနေခဲ့သည်။

သူမသည် ဖှေးအပေါ်တွင် ယုံကြည်မှုရှိသော်လည်း ဓားကွင်းသည့်ရက်စက်သည့်နေရာတစ်ခုပင်။ နေ့စင် သတ္တုခြင်းရိုက်ခတ်သံများနှင့် အော်ဟစ်သံများအပြီးတွင် ဓားကွင်းများထဲမှ အလောင်းများကို ဆွဲထုတ်သွားလျှက်ရှိကြသည်။ ယနေ့တွင် ဖှေးသည် ဇီးနစ်အင်ပါယာထဲတွင် လူတိုင်းနီးပါးမှကြောက်လန့်ကြသည့် အထူးပါးကွပ်သားသူရဲကောင်းဆယ်ယောက်ထဲမှ တစ်ယောက်နှင့်ယှဥ်ပြိုင်ကာတိုက်ခိုက်နေခြင်းဖြစ်သည်။ သူမသည် အဖိုးကြီးဇိုလာရစ်နှင့် ကောင်လေးလူကာတို့မှ စုံစမ်းထားသည့် ကီလုနှင့်ပတ်သက်သည့် အချက်လက်များကို ဖတ်ရှုပြီးသည့်နောက်တွင် ပို၍ပင်စိုးရိမ်နေမိခဲ့သည်။

စိုးရိမ်နေသော်လည် ဖှေးဤအရာကိုရှောင်လွှဲနိုင်ခြင်းမရှိသည်ကိုလည်းသူမသိရှိသည်။

သူမသည် တစ်ချိန်လုံးပြုံးနေခဲ့ပြီး သူမ၏စိုးရိမ်စိတ်ကို ထင်ဟပ်ပြသခြင်းမပြုခဲ့ပေ။ သူမသည် ဖှေးအားစိုးရိမ်မှုများကို မမြင်တွေ့စေလိုသောကြောင့်ပင်။ မူလအစကတည်းက သူမသည်ယုံကြည်ချက်ရှိသည့်ဟန်ဆောင်ကာ ဖှေးကိုအားပေးလျှက်ရှိခဲ့သည်။

လွန်ခဲ့သည့်တစ်နာရီခန့်က ဖှေးစခန်းအတွင်းမှ တိုက်ပွဲထံသို့ပြေးထွက်သွားသည်ကိုသူမတွေ့လိုက်ရသည်။

ဤအခိုက်တန့်တွင် သူမ၏နှလုံးသားသည် ပြင်းထန်စွာပင်တုန်ခါလျှက်ရှိခဲ့၏။ ဤအခိုက်တန့်မှစတင်ကာ သူမသည်လုံး၀စိတ်အေးခြင်းမရှိခဲ့ပေ။ စက္ကန့်တစ်ခုစီတိုင်းသည် သူမကို နှိပ်စက်နေသကဲ့သို့ပင်။ သူမသည်ကြောက်လန့်ကာစိုးရိမ်နေခဲ့၏။

သူမတတ်နိုင်သည့်တစ်ခုတည်းသောအရာမှာ စစ်ပွဲနတ်ဘုရားရုပ်တုအောက်တွင် ဒူးထောက်ထိုင်လျှက်ဖှေးအတွက် ဆုတောင်းပေးခြင်းသာဖြစ်သည်။

“အရှင်စစ်ပွဲနတ်ဘုရား ဒီနေ့အလတ်ဇန္ဒားကိုအန္တရာယ်ကင်းကင်းနဲ့ပြန်လာနိုင်အောင်ဆောင်မပေးတော်မူပါ...”

အန်ဂျယ်လာနှင့်အတူ ဒူးထောက်ဆုတောင်းလျှက်ရှိနေသည့် တစ်ခြားကောင်မလေးမှာ အန်မာပင်။

စခန်းအပြင်ဘက်တွင် ဖှေး၏အမိန့်အရာ ဓားကွင်းထံသို့တိုက်ပွဲကိုကြည့်ရှုရန်အတွက် မည်သူမှသွားကြခြင်းမရှိပေ။ သို့သော် ချမ်းဘော့ဒ်မှစစ်သည်တိုင်းသည် အပြင်ဘက်တွင်တိတ်ဆိတ်စွာဖြင့်ရပ်လျှက် တိုက်ပွဲစင်မြင့်တည်ရှိရာအရပ်ထံသို့မျှော်ကြည့်လျှက်ရှိကြ၏။

သူတို့အထဲတွင် ပီတာ၊ တိုးရိစ်နှင့် ထောင်မူးအိုလတ်ဂ်တို့ကဲ့သောလူများသည် တစ်ခြားလူများထက်များစွာပိုအစွမ်းထက်သဖြင့် အ၀ေးမှထွက်ပေါ်လျှက်ရှိသည့်စွမ်းအားများကို အာရုံခံနိုင်စွမ်းရှိကြ၏။ ထိုစွမ်းအင်များထဲတွင် မရင်းနှီးသေးသည့် သွေးသံရဲရဲခံစားချက်ပေးနေသည့်စွမ်းအင်များကိုအများဆုံးအာရုံခံနေရ၏။ သူတို့သည် အလွန်၀ေးသည့်နေရာတွင်ရှိနေသော်လည်း ဤစွမ်းအားကိုကာကွယ်ရန်စွမ်းရင်အကာရံများကို ထုတ်လွှတ်ထားမိနေကြသည်။

ဤခံစားချက်မှာ အလွန်စွမ်းအားကြီးမားလှသည်။

သို့သော် အန်ဂျယ်လာနှင့် အန်မာတို့နှင့်မတူသည်မှာ ပီတာ၊ တိုးရိစ်နှင့် အိုလတ်ဂ်တို့သည် ဤစွမ်းအားကိုထိတ်လန့်မိကြသော်လည်း သူတို့၏ဘုရင်အတွက်စိုးရိမ်ခြင်းမရှိကြပေ။

ဖှေးနှင့်အတူတိုက်ခိုက်ဖူးသည့်လူများသာ ဖှေးမည်မျှသန်မာသည်ကို သိရှိကြ၏။ အမဲရောင်ချပ်၀တ်နှင့် စစ်သည်များချမ်းဘော့ဒ်ကို ကျူးကျော်တိုက်ခိုက်လာသည့်အချိန်မှစတင်ကာ ဤလူအများစုသည် ဖှေးနှင့်အတူတိုက်ပွဲများစွာတိုက်ခိုက်ခဲ့ကြသည်။ ချမ်းဘော့ဒ်၏လမ်းကြောင်းပေါ်တွင် အန္တရာယ်တစ်ခုကျရောက်လာသည့်အချိန်တိုင်းတွင် သူတို့၏ဘုရင်သည် ထိုအန္တရာယ်ကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ဖြေရှင်းနိုင်ခဲ့၏။ အထူးသဖြင့် ဤချမ်းဘော့ဒ်မှ လူများပို၍စွမ်းအားကြီးမားလာသည်နှင့်အမျှ သူတို့သည် ဖှေးနှင့်ပို၍၀ေးကွာလာသလိုခံစားလာရ၏။ သူတို့၏ဘုရင်အားမှီတော့မည်ဟုတွေးလိုက်မိသည့်အချိန်တိုင်းတွင် သူတို့၏ဘုရင်သည်လက်လှမ်းမမှီနိုင်သည့်အဆင့်တစ်ခုသို့ပင်ရောက်ရှိနေပြီဖြစ်၏။ အထူးသဖြင့် တောင်ညီနှောင်ပေါ်တွင် အဆင့်၁၀ပါးကွပ်သားသူရဲကောင်းကိုအနိုင်ယူလိုက်သည့်အချိန်တွင်ဖြစ်သည်။

ရှင်းရှင်းလင်းလင်းပြောရပါက သူတို့သည် သူတို့၏ဘုရင်ပေါ်တွင် ဘာသာရေးကိုင်းရှိုင်းသည့်သူများနတ်ဘုရားများအပေါ်တွင် ၁၀၀ရာခိုင်နှုန်းယုံကြည်သကဲ့သို့ရူးသွပ်သည့်ယုံကြည်မှုမျိုးရှိကြ၏။

ဤယုံကြည်မှုတွင် သူတို့ဘုရင်ပြသခဲ့သည့်ခုခံ၍မရနိုင်သည့်ပုံရိပ်ကြောင့်ဖြစ်ပြီး ဤပုံရိပ်သည်သူတို့၏နှလုံးသားနက်ရှိုင်းသည့်နေရာတွင် စွဲထင်နေ၏။

ချမ်းဘော့ဒ်မှလူတိုင်းသေချာမြင်နိုင်စွမ်းမရှိသော်လည်း ဓားကွင်းတည်ရှိရာအရပ်ထံသို့ကြည့်နေသည့်အချိန်တွင် သူတို့ရုတ်တရက်အော်ဟစ်သံများကို ကြားလိုက်ရ၏။ “ချမ်းဘော့ဒ်ဘုရင် ချမ်းဘော့ဒ်ဘုရင်...”

ဆူနာမီကဲ့သို့သော် အသံလှိုင်းများသည် ဓားကွင်းတည်ရှိရာအရပ်ထံမှ ပြန့်နှံံလာခြင်းဖြစ်ပြီး ချမ်းဘော့ဒ်မှလူတိုင်းသည် အသံမုန်တိုင်းတစ်ခုထဲတွင်တည်ရှိနေသကဲ့သို့ခံစားလိုက်ရ၏။ ကျယ်လောင်သည့်အားပေးအော်ဟစ်သံများသည် သူတို့အားကောင်းမွန်မတ်တပ်ရပ်နိုင်စေရန်ပင် ခက်ခဲစေ၏။ သူတို့အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အပြုံးများဖလှယ်လိုက်ကြသည်။

“ဒါက အရှင်မင်းကြီးနိုင်သွားတာလား...” အိုလတ်သည် အရင်တုန့်ပြန်လိုက်မိ၏။ အိုလတ်ဂ်သည်ကောင်းမွန်စွာမြင်နိုင်ရန်အတွက် မြေပြင်ပေါ်မှ ခုန်တတ်လိုက်သည်။

“၀ှစ် ၀ှစ် ၀ှစ်...”

လူတိုင်းစတင်၍လှုပ်ရှားကြ၏။ ချမ်းဘော့ဒ်စခန်းထဲတွင် လူတိုင်းသည် မြင့်မားသော်အရာတစ်စုံတစ်ခုပေါ်သို့တွယ်တက်ကြတော့၏။ သူတို့၏ဘုရင်သည် စခန်းမှမထွက်ခွာရန်အတွက် မှာကြားခဲ့သော်လည်း သူတို့အမြင့်တစ်နေရာမှ အ၀ေးသို့လှမ်းကြည့်နိုင်နေတုန်းပင်။

သူတို့၏စိတ်ထဲတွင် သူတို့၏ဘုရင်စင်ပေါ်တွင် အမဲရောင်ဆံပင်များလေထဲတွင် လွှင့်ပျံလျှက်ရပ်နေသည်ကို မြင်ယောင်မိနေကြပြီးဖြစ်၏။ လူပေါင်းသောင်းနှင့်ချီ၍လေးစားမှုများကိုရရှိနေကာ ပါးကွပ်သားသူရဲကောင်းသည်လည်း မြေပြင်ပေါ်တွင် သွေးအလိမ်းလိမ်းဖြင့်လဲကျနေသည့် မြင်ကွင်းကိုလဲမြင်ယောင်မိနေကြ၏။

“ချွတ်...”

တဲများပေါ်သို့လူများစွာစုံပြုံတက်ရောက်နေကြသည့်အတွက် တစ်ချို့တဲများသည် အလေးချိန်မခံနိုင်ကြတော့ပဲ ကျိုးကျကုန်ကြသည်။

“အရှင်မင်းကြီး အရှင်မင်းကြီးနိုင်သွားတာလား...” အန်ဂျယ်လာသည်လည်းစခန်း၏အလည်တွင်ရှိနေသည့်တဲအတွင်းမှ ပြေးထွက်လာကာတုန်ယဥ်နေသောအသံဖြင့်မေးလိုက်သည်။ “ပီတာ၊ တိုးရိစ်..ကျွန်မကို ပြေပါဦး အလတ်ဇန္ဒားနိုင်သွားတာလား...”

ဤအရာကိုကြားပြီးသည့်နောက်တွင် ပီတာနှင့်တိုးရီစ်တို့သည် တဲပေါ်မှခုန်ဆင်းလာကြပြီး အန်ဂျယ်လာ၏ရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်ကြသည်။ သူတို့လေးစားမှုအပြည့်ဖြင့် ပြန်လည်ကာ လျှောက်တင်လိုက်ကြ၏။ “အရှင်မ ကျွန်တော်တို့တွေအသေးစိတ်သေချာမသိရသေးပေမယ့်။ အရှင်မင်းကြီးနိုင်သွားပြီဆိုတာကို တော့သေချာပြောလို့ရပါတယ်။ ကျန်တဲ့တစ်ဖက်ကလူရဲ့စွမ်းအင်အရှိန်၀ါတွေကို ကျွန်တော်တို့အာရုံခံလို့မရတော့ဘူး။ အရှင်မင်းကြီးရဲ့စွမ်းအားတွေကိုပဲအာရုံခံလို့ရတော့တယ်။”

“ကောင်းတယ် ကောင်းတယ်...” တောက်ပသည့်အပြုံးတစ်ခုသည်ကောင်မလေး၏မျက်နှာပေါ်တွင် ပေါ်ထွက်လာကာ သူမပြောလိုက်သည်။ “အမြန်လုပ်ကြ အရှင်မင်းကြီးကို ကြိုဆိုဖို့ပြင်ထားကြတော့။ ကျွန်မတို့ဒီတစ်ခါ အောင်ပွဲခံပွဲကိုအသေချာကျင်းပရမယ်...”

“ဆန္ဒအတိုင်းပါ အရှင်မ...”

အနာဂတ်ဘုရင်မလောင်း၏ အမိန့်ကို ကြားပြီးသည့်အချိန်တွင် စစ်သည်များအားလုံးသည် ပို၍ပင်စိတ်အားထက်သန်လာကြပြီးစတင်ပြင်ဆင်ကြတော့၏။

တစ်ဖက်တွင်လည်း အန်ဂျယ်လာသည်အခြေအနေကို ထက်မံကာစဥ်းစားကြည့်လိုက်ပြီး အလတ်ဇန္ဒား၏အောင်မြင်မှုအတွက် စစ်ပွဲနတ်ဘုရားကိုကျေးဇူးတင်ရန်တဲအတွင်းသို့ပြန်၀င်သွားတော့သည်။

“ငါ အလတ်ဇန္ဒားပြန်လာရင် သေချာပြုံးပြပြီးကြိုဆိုရမယ်...”

All Chapters