← Chapters

အခန်း (၃၂၄)

Vol. 22 Ch. 324

အခန်း (၃၂၄)

Vol. 22 Ch. 324

ဖှေးသည် အညိုရောင်၀တ်ရုံတစ်ခုကို လွှမ်းခြုံရင်းဖြင့် စခန်းများကြားထဲတွင်ရှိနေသည့် လမ်းများမှလမ်းလျှောက်ကာပြန်လာခဲ့၏။

သူသည် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအကြောင်းကို အခြင်းခြင်းပြန်လည်ကာပြောကြားနေကြသည့်စစ်သည်များ၊ ကျေးကျွန်များကို လျစ်လျူရှုလိုက်သည်။ သူသည် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲမှ အကြောင်းရာများကို ပြန်လည်ကာတွေးတောကြည့်နေခြင်းပင်။

ဖှေးသူ့ထံတွင် ကြောက်မက်ဖွယ်ကောင်းလောက်သည့် သင်ယူနိုင်စွမ်းတို့ရှိနေသည်ကိုလည်း သတိထားမိလိုက်၏။ သူသည် တိုက်ပွဲတစ်ခုပြီးသည့်အချိန်တိုင်းတွင်ယခင်က မတွေးခဲ့ဖူးသည့်အကြောင်းအရာယူဆချက်တစ်စုံတစ်ခုကို တွေးမိလိမ့်မည်ဖြစ်သည်။ ပါးကွပ်သားသူရဲကောင်းလေးယောက်နှင့်တိုက်ခိုက်ပြီးသည့်အချိန်တွင် သူ၏ကျင့်စင်လမ်းတစ်ယောက်တွင်ရှိနေသည့် မြူစိုင်အတားဆီးများမှာ ကွယ်ပျောက်သွားသကဲ့သို့ခံစားလိုက်ရသည်။

“ဒါက နတ်ဘုရားပေးတဲ့အစွမ်းသုံးခုထဲက သင်ယူခြင်းအစွမ်းရဲ့သက်ရောက်မှုကြောင့်များလား။ ငါက အရင်တုန်းကလဲဉာဏ်ကောင်းတဲ့လူတစ်ယောက်ဆိုပေမယ့် ဒီလောက်တော့မဟုတ်ပါဘူး။”

သူ့ကိုယ်သူချီးမွမ်းရသည်ကိုနှစ်သက်သည့်ဖှေးမှာ ပို၍ပင်ဆိုး၀ါးသွားတော့၏။

သူသည် တိုက်ပွဲများမှရရှိခဲ့သည့်အကြံဉာဏ်များ၊ အတွေ့ကြုံများကိုပြန်လည်ချင့်ချိန်ခြင်းပြုနေသည့်အချိန်တွင် ရုတ်တရက်--

“ဟမ်..” ဖှေး၏မျက်နှာအမူယာသည်ပြောင်းလဲသွား၏။

သူ့အားမကောင်းဆိုး၀ါးတစ်ကောင်မှ ပစ်မှတ်ထားနေသည့်ခံစားမှုမျိုးကို ရုတ်တရက်ခံစားလိုက်မိ၏။

“တစ်ယောက်ယောက်က ငါ့နောက်ကိုလိုက်နေတာလား။ စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်ပဲ။”

ဖှေး လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်၏ အာရုံခံနိုင်စွမ်းကိုသံသယဖြစ်ခြင်းမရှိပေ။ ဤအခိုက်တန့်တွင် သူအလိုက်ခံနေရသည်မှာ သေချာသွားပြီဖြစ်သည်။ ထို့အပြင်ဤပုန်းကွယ်နေသည့် သားရိုင်းသည်သူနှင့်မတူညီသည့် အဆင့်တစ်ခုတွင်တည်ရှိနေ၏။ သမုဒ္ဒရာကြီးတစ်ခုနှင့်ရင်ဆိုင်နေရသည့် သဲမှုန်လေးတစ်ခုကဲ့သို့ပင် ခံစားလိုက်ရသည်။

ထို့အပြင် ဤလူထံတွင် ဖုံးကွယ်ထားခြင်းမရှိသည့်သတ်ဖြတ်လိုသည့်ဆန္ဒများရှိနေ၏။

“ရန်သူတစ်ယောက်ပဲ...”

ဖှေးကပျာကယာမပြုမူပဲတွေးလိုက်မိ၏။

“ငါသူ့ရဲ့အာရုံခံနိုင်မှုကနေလွတ်မြောက်နိုင်မယ့်နည်းလမ်းတစ်ခုကို အမြန်စဥ်းစားရမယ်...”

ဖှေးတွေးလိုက်ရင်းဖြင့် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး မူလတည်ရှိနေရာနေရာမှ ပျောက်ကွယ်သွားတော့၏။ သူသည် လေထုထဲတွင်ပျောက်ကွယ်သွားပြီး ခြေရာလက်ရာများကျန်ရှိခဲ့ခြင်းမရှိပေ။

“ဟမ် စိတ်၀င်စားစရာပဲ။ မင်းက ငါပစ်မှတ်ထားထားတာတောင်လွတ်မြောက်နိုင်တာပဲ...”

နေရာတွင်ရှိနေသည့်လေထုမှာ ရေကန်မျက်နှာပြင်ပေါ်သို့လေပြင်းတိုက်လိုက်သကဲ့သို့နှစ်ခြမ်းကွဲသွား၏။ အံ့သြသွားသည့်အသံနေအသံထားဖြင့် ထိုလူသည်ပြောလိုက်၏။ “ဟားဟား....စိတ်၀င်စားစရာကောင်းတဲ့လူတစ်ယောက်ပဲ။ ချမ်းဘော့ဒ်ဘုရင် မင်းကံဆိုးတာက ငါ့ရဲ့စွမ်းအင်ထိန်းချုပ်အမှတ်သားကို မင်းခန္ဓာကိုယ်ပေါ်မှာနေရာချပြီးသွားပြီကွ။ မင်းဘယ်နေရာကိုပဲသွားသွား ငါတွေ့အောင်ရှာနိုင်နေပြီ။ မင်းဒီနေ့သေရတော့မယ်...ဟားဟားတွေ့ပြီကွ...”

ဖှေး၏မျက်နှာသည် အရောင်ပြောင်းလဲသွား၏။

လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲပြီးသည့်အချိန်တွင် ဖှေးအန္တရာယ်အရိပ်ယောင်များကို ပို၍ပင်ခံစားလိုက်ရ၏။ ယခုအချိန်တွင် လယ်ဗယ်၃၆လူရိုင်းဇာတ်ကောင်၏စွမ်းများအားဖြင့်ပင် ဤကြောက်မက်ဖွယ်ရန်သူ၏လက်အောက်မှ မလွတ်မြောက်နိုင်သည့်အတွက် ဖှေးအံ့သြသွားမိ၏။ ထိုအစား ထိုလူသည် သူ့အားအမှီလိုက်လာပြီဖြစ်သည်။

“သေစမ်းကွာ...”

တိတ်ဆိတ်သည့်အော်သံတစ်ခုကို ဖှေး၏နားထဲတွင်ကြားလိုက်ရ၏။

ချက်ချင်းပင် ဖှေးထက်အဆပေါင်းများစွာပို၍အစွမ်းထက်သည့် စွမ်းအားတစ်ခုသည်ကောင်းကင်ပေါ်မှ ဖှေးအပေါ်သို့ကျရောက်သွားတော့သည်။ ထိုစွမ်းအားသည် ဖှေးအားအလွန်ပြင်းထန်စွာမှတ်သားထားသဖြင့် ဖှေးသည် တောင်ကြီးတစ်ခုနှင့်အရိုက်ခံလိုက်ရသကဲ့သို့ပင် ခံစားလိုက်ရ၏။ ဤအခိုက်တန့်တွင် ဖှေးမြေပြင်ပေါ်သို့ ဒူးထောက်ကျလုနီးနီးပင်။

“ဒါက ကြယ်အဆင့်စစ်သည်တစ်ယောက်ရဲ့စွမ်းအားမဟုတ်ဘူး။ မင်းကဘယ်သူလဲ...” ဖှေးစိတ်ဆိုးစွာဖြင့်အော်ဟစ်လိုက်သည်။

သူသည် ပစ်မှတ်ထားခံနေရဆဲဖြစ်သည့်အတွက် ဖှေးလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်ကို စွန့်ခွာကာ လက်ရှိတွင် လယ်ဗယ်အမြင့်ဆုံးဖြစ်သည့် လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြန်လည်ပြောင်းလဲလိုက်သည်။ သူ၏ခန္ဓကိုယ်မှ ကြွက်သားများအားလုံးသည် တောင်တင်းလာပြီး သူမားမားမက်မက်ရပ်ကာ ပြန်လည်အော်ဟစ်လိုက်၏။

“သေတော့မယ့် လူတစ်ယောက်က ဘာမှသိဖို့မလိုဘူး..”

အေးစက်ပြီး စူးရှသည့်အသံတစ်ခုသည် ထက်မံ၍ထွက်ပေါ်လာပြန်သည်။ ထိုအသံနှင့်အတူ စူးရှသည့်စွမ်းအင်တစ်ခုပါ ထွက်ပေါ်လာ၏။ ထိုအရာသည်နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ပင် စွမ်းအင်သည် ဓားတစ်ချောင်းအသွင်သို့ကူးပြောင်းသွားပြီး ဖှေး၏ဦးခေါင်းခွံကို ချိန်ရွယ်ကာပျံသန်းလာ၏။

ဖှေးသည် ပစ်မှတ်ထားချုပ်ကိုင်ခြင်းခံနေရဆဲဖြစ်သည့်အတွက် သူ၏လက်ချောင်းများကိုပင် ရွေ့လျားနိုင်ခြင်းမရှိပေ။

သူခွန်အားကုန်သုံးကာ မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် ပြူးကျယ်သွားပြီး သူ၏စိတ်ထဲတွင်လည်း ပျာယာခတ်သွားတော့၏။

အေဇာရုတိုက်သို့စတင်ရောက်ရှိသည့်အချိန်မှစပြီး ပထမဆုံးအနေဖြင့် သူသေခြင်းတရားနှင့်နီးကပ်သွားသကဲ့သို့ခံစားလိုရခြင်းပင်။

စစ်မှန်သည့် သေခြင်းတရားတစ်ခုပင်။

ထိုသေခြင်းတရားသည် သူအဖွဲ့၀င်တိုင်းပြည်၂၅၀ကို အံ့သြထိတ်လန့်စေပြီးသည့်အချိန်တွင် မမျှော်လင့်ပဲတိတ်ဆိတ်စွာဖြင့်ရောက်ရှိလာခဲ့သည်။ ဤအခိုက်တန့်သည် သူ့အတွက် ဂုဏ်အယူရဆုံးအချိန်တစ်ခုဖြစ်နေသင့်သည်။ သို့သော်လည်း...”

.....

သန့်စင်သော၀တ်ရုံတစ်ခုဖြင့် စခန်းချရာနေရာများထဲတွင် လှည့်လည်သွားလာနေသည့် ခပ်ပိန်ပိန်လူတစ်ယောက်သည် ရုတ်တရက်တစ်စုံတစ်ခုကို အာရုံခံလိုက်မိ၏။ တောက်ပသည့် မျက်လုံးတစ်စုံသည် အ၀ေးတစ်နေရာသို့လှမ်းကြည့်လိုက်ပြီး ရွတ်ဆိုလိုက်သည်။ “ဘယ်သူတုန်း။ သူကဘယ်သူလဲ...အဲ့အရပ်ကဆိုရင် မဟုတ်မှလွဲရော...” သူသည် အလွန်ထိတ်လန့်အံ့သြနေပုံရသည်။

“သေစမ်း...”

“၀ုန်း...”

ဤလူသည်လက်ရှိနေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး သူ၏ဘေးတွင်ရှိနေသည့်လမ်းသွားလမ်းလာများသည် သူရုတ်တရက်ပျောက်ကွယ်သွားသည်ကိုပင် သတိမထားလိုက်မိချေ။

....

....

“အန်မာ လာကြည့်ပါဦး။ ဒီ၀တ်စုံလေးက မလှဘူးလား...”

စခန်း၏အလည်တွင်ရှိနေသည့်တဲတစ်ခုထဲတွင် လှပသည့်ကောင်မလေးတစ်ယောက်သည် အမဲရောင်ကိုယ်ကျပ်ဂါ၀န်ရှည်တစ်ခုကို ၀တ်ဆင်ထား၏။ သူမသည် တစ်ပတ်လှည့်လိုက်ပြီး သူမ၏အလှကို ပြသလိုက်သည်။

“အန်ဂျယ်လာ အရှင်မင်းကြီးက နင်ဘာ၀တ်၀တ်သဘောကျနေမှာပဲလေ” အန်မာသည် အန်ဂျယ်လာ၏ခေါင်းပေါ်သို့ဆံထိုးတစ်ခု တပ်ပေးရင်းဖြင့် ပြောလိုက်သည်။

ရုတ်တရက်...

“အား...ဘာလို့ငါ့ရဲ့ခေါင်းက အရမ်းနာလာရတာလဲ...” ပြုံးနေခဲ့သည့်အန်ဂျယ်လာမှာ ရုတ်တရက်နာကျင်စွာဖြင့်အော်ဟစ်လိုက်မိသည်။ နာကျင်သည့်အမူယာတစ်ခုသည် သူမ၏မျက်နှာပေါ်တွင် ပေါ်လာပြီး “ဘာတွေဖြစ်နေတာလဲ..အလတ်ဇန္ဒားများ...”

အန်ဂျယ်လာသည် ရုတ်တရက်လှုပ်ရှားနေခြင်းကိုရပ်တန့်လိုက်ပြီးအ၀ေးတစ်နေရာသို့ စိုးရိမ်ခြင်းများပြည့်နေသည့် မျက်လုံးများဖြင့်ကြည့်လိုက်မိသည်။

.....

.....

ဖှေးသည် သေခြင်းတရားထောင်ခြောက်တစ်ခုထဲတွင် ရောက်ရှိနေခြင်းပင်။

သူသည် ရှောင်ပြီးပြန်လည်တိုက်ခိုက်ရန်နေနေသာသာ လှုပ်ရှားခြင်းပင် မပြုနိုင်ချေ။

သူ၏ခေါင်းပေါ်တွင် ဓားစွမ်းအင်တစ်ခုမှာ အညှာတာကင်းမဲ့စွာဖြင့်အောက်သို့ဆင်းသက်လာနေ၏။

“ဟားဟားဟား...မင်းငါ့ကိုသတ်ချင်ရင် ငရဲမင်းစီကနေခွင့်ပြုချက်အရင်တောင်းမှရမယ်..” ဖှေးသူ၏စိတ်ထဲတွင် ကြိမ်း၀ါးလိုက်ပြီးဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်၏။

“ဒွီ..”

ညင်သာသော်လည်း ထူးဆန်းသည့်အသံတစ်ခုထွက်ပေါ်လာသည်။

ပစ်မှတ်ထားခံနေရခြင်းနှင့် အချုပ်နှောင်ခံထားရသည့်ခံစားချက်သည် လျှော့နည်းလာပြီး လွတ်လပ်သည့်ခံစားချက်မှာ ဖှေးထံသို့ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

ရှောင်တိမ်းခြင်း။

ဤသည်မှာ ဖှေးခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်သည့်အချိန်တွင် ပထမဆုံးပြလုပ်သည့်အရာပင်။

တစ်ချိန်တည်းမှာပင် ကြီးမားသည့်ဘဲဥပုံစက်လုံးကြီးတစ်ခုပေါ်ပေါက်လာ၏။ တစ်စုံတစ်ခုသည် ထိုအရာထဲမှ ထွက်လာရန်အတွက်ကြိုးစားနေပုံရသည်။

“၀ေါင်း...မိုက်မဲတဲ့လူသားတွေ မင်းတို့ငါ့ကို ရှာနေကြတာလား...”

စက်လုံးအတွင်းမှ မကောင်းဆိုး၀ါးလက်နှစ်ဖက်သည် အရင်ထွက်ပေါ်လာ၏။ ဤကမ္ဘာပေါ်မှမဟုတ်သည့် စွမ်းအားမျိုးဖြင့် ထိုသတ္တ၀ါကြီးသည့် စွမ်းအင်ဓားကို ကိုင်ဆွဲလိုက်သည်။

“ဖုန်း..”

မကောင်းဆိုး၀ါးလက်တစ်ဖက်မှာ အပိုင်းပိုင်းပြတ်သွား၏။ စူးရှသည့်အနံ့နှင့်အရာအားလုံးကို တိုက်စားနိုင်သည့်ဂုဏ်သတ္တိရှိသော သွေးစက်များသည်ကောင်းကင်ပေါ်မှကျဆင်းလာတော့သည်။

“၀ေါင်း မင်းတို့လူသားတွေ ကြီးမြတ်တဲ့ ဒူရီရယ်ကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့...”

အပြာရောင်စက်လုံးအတွင်းမှ မကောင်းဆိုး၀ါးကြီးတစ်ကောင်ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်သည် တောင်ငယ်တစ်လုံးကဲ့သို့ပင်။ အနည်းဆုံးမီတာတစ်ရာခန့်အမြင့်ရှိပြီး အရေပြားမှာ နီရဲကာမာကြောသည့်ပုံရှိသည်။ အ၀ေးမှကြည့်ပါကကြီးမားသည့် ပိုးကောင်ကြီးတစ်ခုကဲ့သို့ပင်။

ဤမကောင်းဆိုး၀ါးကြီးသည်အော်ဟစ်ကာ စက်လုံးအတွင်းမှ ပြေးထွက်လာတော့သည်။

ဤသည်မှာ သမိုင်း၀င်အခိုက်တန့်တစ်ခုပင်။

ဒိုင်ယာဘလိုကမ္ဘာဒုတိယမြေပုံမှ နောက်ဆုံးခေါင်းဆောင်ကြီးဖြစ်သူ ငရဲမင်းလေးပါးထဲမှတစ်ယောက်ဖြစ်သည့် ဒူရီရယ်သည် ပေါ်တယ်မှတဆင့် အေဇာရုတိုက်ပေါ်သို့ရောက်ရှိလာခြင်းပင်။

ဖှေး ဤနတ်ဆိုးသခင်ကို ဆင့်ခေါ်ရန်အတွက် ဆင့်ခေါ်ခြင်းအစွမ်းကို အသုံးပြုခဲ့ခြင်းပင်။

“ဟ ဒါဘာကြီးလဲ..”

ကောင်းကင်ပေါ်တွင် လူကောင်ပြလာသည့် လျို့၀ှက်ထူးဆန်းသည့်လူသည် အံ့သြသွား၏။ အေဇာရုတိုက်ပေါ်မှလူများအတွက် ဒူရီရယ်သည် တစ်ခါမှကြုံတွေ့ဖူးခြင်းမရှိသည့် ဖြစ်တည်မှုတစ်ခုပင်။

“မင်းလိုလူသားက ကြီးမြတ်တဲ့ ဒူရီရယ်ကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့...”

ပိုးကောင်ကြီးသည် ဒေါသဖြင့်အော်ဟစ်လိုက်သည်။ သူ၏ညာဘက်လက်သဲပေါ်တွင်ရှိသည့်အခွံမာမှာ အပိုင်းပိုင်းပြတ်ထွက်သွားပြီဖြစ်ပြီး သွေးများစီးကျနေဆဲပင်။ ဒူရီရယ်သည် ကောင်းကင်ပေါ်တွင်ရှိနေသည့်လူသည့်သူ့အားတိုက်ခိုက်သည့်လူဖြစ်ကြောင်းကို အာရုံခံလိုက်မိသည့်အတွက် သူ၏ပါးစပ်ကို ဖွင့်ကာစတင်တိုက်ခိုက်တော့သည်။

အေးစက်သည့်စွမ်းအင်များ ပါးစပ်အတွင်းမှ ထွက်ပေါ်လာ၏။

ဤသည်မှ ဒူရီရယ်၏အစွမ်းတစ်ခုပင်။

“ညစ်ပတ်တဲ့ပိုးကောင် မင်းကသေချင်နေတာလား...”

လေပေါ်တွင်ရှိနေသည့်လူသည် ဤတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိသွားပုံရသည်။ သူသည် ဒေါသဖြစ်စွာဖြင့်အော်ဟစ်လိုက်ပြီး ဓားစွမ်းအင်နောက်တစ်ခုသည်ကောင်းကင်ပေါ်မှ ပျံသန်းလာ၏။ ထိုစွမ်းအင်သည် ဒူရီရယ်၏ဘယ်လက်ကိုဖြတ်ပစ်လိုက်ပြီး သွေးများပို၍ပင်စီးကျလာတာ့သည်။

ဒူရီရယ်သည် ပြင်းထန်စွာနာကျင်သွားပြီးလူးလိမ့်ကာအေးစက်သည့်စွမ်းအင်များဖြင့် ထက်မံကာတိုက်ခိုက်တော့သည်။

“သေစမ်း ဒူရီရယ်ကတောင် ဒီလူရဲ့ပြိုင်ဘက်မဟုတ်သေးဘူးပဲ...”

ဤအရာကိုမြင်ပြီးသည့်နောက်တွင် ဒူရီရယ်ပင် ဤလူကိုကြာကြာထိန်းမထားနိုင်ကြောင်းကို သိရှိလိုက်သည်။ ဤခေါင်းဆောင်ကြီးကို သူ၏လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်ဖြင့် အနိုင်ယူထားပြီးသည့်အတွက် လက်ရှိရန်သူကို ယှဥ်နိုင်မည်မဟုတ်သည်မှာထင်ရှားလှ၏။

“သေစမ်းကွာ...”

ဖှေးစိတ်ထဲမှ ကြိမ်ဆဲကာ ဆင့်ခေါ်ခြင်းကို ထက်မံအသုံးပြလိုက်သည်။ လျို့၀ှက်သည့်လုပ်ကြံသတ်ဖြတ်ရေးသမားသည် ဒူရီရယ်ဖြင့်အာရုံလွှဲခံနေရသည့်အချိန်တွင် ဖှေးပေါ်တယ်ဖွင့်လိုက်ပြီး ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့တိမ်းရှောင်ထွက်ပြေးကာ ပျောက်ကွယ်သွားတော့၏။

ပေါ်တယ်ပျောက်ကွယ်သွားသည့်အချိန်တွင် ဤလျို့၀ှက်သည့်လုပ်ကြံသတ်ဖြတ်သူသည်လည်း ဒူရီရယ်ကို သတ်ဖြတ်ပြီးသွားပြီဖြစ်သည်။ ဒိုင်ယာဘလိုကမ္ဘာမှ နတ်ဆိုးသခင်လေးပါးထဲမှ တစ်ပါးဖြစ်သည့်ဒူရီရယ်သည် ဤလူ၏လက်ထဲတွင် ၀က်တစ်ကောင်ကဲ့သို့သတ်ဖြတ်ခြင်းခံလိုက်ရ၏။

“ဟမ် ချမ်းဘော့ဒ်ဘုရင် ပျောက်သွားပြီ။ ငါစွမ်းအင်အမှတ်သားနဲ့ထိန်းချုပ်ထားတာတောင် ဘယ်လိုလွတ်မြောက်သွားတာလဲ။”

ဤလူသည် ကောင်းကင်ပေါ်တွင် မျက်မှောင်ကြုံ့လိုက်ရင်းဖြင့် သူဖှေး၏ကိုယ်ပေါ်တွင် ချထားသည့်စွမ်းအင်အမှတ်သားကို လိုက်လံရှာဖွေနေ၏။ သို့သော် သူ၏မျက်နှာသည်အရောင်ပြောင်းလဲသွား၏။ “ဘာဖြစ်သွားတာလဲ။ ပျောက်သွားပြီလား။ ငါလုံး၀အာရုံခံံလို့မရတော့ဘူး။ ဘယ်လိုတောင်လဲ...ဘာလို့ကြယ်ခြောက်လုံးအဆင့်သိုင်းရာလေးက ငါ့ရဲ့လက်ကနေလွတ်မြောက်သွားနိုင်တာလဲ...”

လုပ်ကြံသတ်ဖြတ်သူမှာ စဥ်းစားမရဖြစ်သွား၏။

သူသည် ပို၍နက်ရှိုင်းစွာရှာဖွေကြည့်ရန်အတွက်ကြိုးစားလိုက်သည်။ သို့သော် တစ်စုံတစ်ယောက်သည်အ၀ေးတစ်နေရာမှာ သူ့ထံသို့ပြေးလာနေပြီး စွမ်းအားမြင့်အရှိန်၀ါတစ်ခုထွက်ပေါ်လာ၏။ ဤစွမ်းအားအရှိန်၀ါ၏ခံစားချက်မှာ အလွန်မြင့်မားသည့်အတွက် လုပ်ကြံသတ်ဖြတ်သူပင် မယှဥ်ပြိုင်နိုင်သကဲ့သို့ခံစားလိုက်ရသည်။

“ဟာ...ဒီခံစားချက်။ ဒါက တောင်ပေါ်က လူများလား။ သေစမ်းကွာသူဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ရောက်ရှိလာတာလဲ...”

လုပ်ကြံသတ်ဖြတ်သူ၏မျက်နှာမှာ ပြောင်းလဲသွားပြီးဆက်လက်ရှာဖွေခြင်းမပြုတော့ပဲမိုရိုတောင်တန်းများထံသို့ ပြေးသွားတော့၏။

သူ့ထံသို့ပြေးလာနေသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်သည်လည်းအရှုံးမပေးပဲ မိုရိုတောင်တန်းများထံသို့ ဆက်လက်ပြေးလိုက်သွားတော့၏။

All Chapters