အခန်း (၃၂၅)
Vol. 22 Ch. 325
ဒိုင်ယာဘလိုကမ္ဘာထဲတွင် ဖြစ်သည်။
ဖှေးသည် သူပုန်စခန်း၏အပြင်တွင်ရှိသော လွင်ပြင်တစ်ခုပေါ်တွင်ရပ်နေရင်းဖြင့် သူ၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၄၀မှာ လယ်ဗယ်၃၉သို့ပြန်လည်ကျဆင်းသွားကြောင်း လျို့၀ှက်ထူးဆန်းသည့်အေးစက်စက်အသံကြီးမှ ပြောသည်ကိုကြားလိုက်ရသည်။ ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်လည်ကာစဥ်းစားကြည့်ရင်းဖြင့် သူချွေးများပင် ပို၍ပြန်လာမိ၏။
သူသည် ဒူရီရယ်ကိုသာ အာရုံလွှဲရန်အတွက်အချိန်မှီမဆင့်ခေါ်နိုင်ခဲ့ပါက သူအသတ်ခံရေတော့မည်ဖြစ်သည်။
ဒိုင်ယာဘလိုကမ္ဘာမှ ကစားသူမဟုတ်သည့်ဇာတ်ကောင်းများကို ဆင့်ခေါ်ရန်အတွက်မည်သည့်အရာမှ ကုန်ကျခြင်းမရှိသော်လည်း မကောင်းဆိုး၀ါးများကိုဆင့်ခေါ်ရန်အတွက်မှာမူ ကန့်သက်ချက်များစွာရှိသည်။
ထိုကန့်သက်ချက်များထဲတွင် နှစ်ခုမှာအရေးကြီးလှသည်။
ပထမှတစ်ခုမှာ ဖှေးဆင့်ခေါ်နိုင်သည့်မကောင်းဆိုး၀ါးများသည် ဖှေး၏ဓားချက်အောက်တွင်သေဆုံးခဲ့ဖူးသည့်မကောင်းဆိုး၀ါးများကိုသာ ဆင့်ခေါ်နိုင်သည်။ သူသည် အနိုင်မယူဖူးသေးသည့်မကောင်းဆိုး၀ါးများ၊ နတ်ဆိုးများကို ဆင့်ခေါ်နိုင်ခြင်းမရှိပေ။
ဒုတိယအချက်အနေဖြင့် ဖှေးမကောင်းဆိုး၀ါးများကို ဆင့်ခေါ်ရန်အတွက် အတွေ့ကြုံအမှတ်များကို ပေးဆပ်ရမည်ဖြစ်သည်။ မကောင်းဆိုး၀ါးပို၍လယ်ဗယ်မြင့်လေ ဆင့်ခေါ်ရန်ကုန်ကျသည့်အတွေ့ကြုံအမှတ်ပိုများလေဖြစ်သည်။
ပုံမှန်အားဖြင့် ဤကုန်ကျခြင်းမှာ သိပ်ပြီးမများပြားလှချေ။ သာမန်မကောင်းဆိုး၀ါးများကိုဆင့်ခေါ်ခြင်းသည် အတွေ့ကြုံအမှတ်ရာပေါင်းအနည်းငယ်ခန့်သာလိုအပ်သည်။ သို့သော် ဒူရီရယ်ကိုဆင့်ခေါ်ရန်မှာမူ အတွေ့ကြုံအမှတ်၅၀၀၀၀ခန့်ကုန်ကျ၏။
လယ်ဗယ်တစ်ခုတက်ရန်အတွက် အတွေ့ကြံအမှတ်သန်းပေါင်းများစွာစုဆောင်းရသည့်လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်အတွက် ထိုပမာနမှာသိပ်ပြီးမများပြားလှချေ။ သို့သော် ဖှေးသည် လယ်ဗယ်တက်ပြီးခါစဖြစ်သောကြောင့် သူ၏အဆင့်၄၀လူရိုင်းဇာတ်ကောင်တွင် အတွေ့ကြုံအမှတ်၅၀၀၀၀ရှိနေဦးမည်မဟုတ်ပေ။ ထို့ကြောင့်ဖှေးတစ်ဆင့်ပြန်လည်ကျဆင်းသွားခြင်းဖြစ်သည်။
“ပြန်ပြီးလေ့ကျင့်ရဦးမယ်ကွာ...”
လျို့၀ှက်ထူးဆန်းသည့် လုပ်ကြံသတ်ဖြတ်သူသည် သူ့အားအပြင်ကမ္ဘာတွင် ဆက်လက်၍ရှာဖွေနေနိုင်သည်ကို တွေးပြီးသည့်နောက်တွင် ဖှေးဒိုင်ယာဘလိုကမ္ဘာထဲတွင်သာ ဆက်လက်ရှိနေပြီးလယ်ဗယ်မြှင့်တင်ရန်အတွက် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ခနတာခန့်အနားယူပြီးသည့်အချိန်တွင် ဖှေးအေဇာရုတိုက်သို့ပြန်လည်ကာ သွားရောက်ခြင်းမပြုသေးပေ။
ထိုအစားသူအယ်လီနာကိုခေါ်ကာ သူ၏လူများကို လုံခြုံကြောင်းအသိပေးရန်အတွက် ဆင့်ခေါ်ခြင်းအစွမ်းကို အသုံးပြုပြီးအပြင်ကမ္ဘာသို့လွှတ်လိုက်သည်။ ထို့နောက်တွင် ဖှေးသည် တောလ်-ရာရှာ၏သင်္ချိုင်းမြေကို သွားရောက်ကာ သူကုန်ုဆုံးသွားခဲ့သည့်အတွေ့ကြုံအမှတ်၅၀၀၀၀ကိုပြန်လည်ရရှိရန်အတွက် မကောင်းဆိုး၀ါးများကိုသတ်ဖြတ်တော့၏။
ထို့ကြောင့် မနေ့ကမှသွေးများဖုံးလွှမ်းနေခဲ့သည့် တောရာရှာသင်္ချိုင်းသည် ယနေ့တွင်လည်းသွေးများထက်မံ၍ ဖုံးလွှမ်းကုန်တော့သည်။
“အား...”
“ဖွီး...”
“ဖုန်း...”
မကောင်းဆိုး၀ါးများနတ်ဆိုးများ၏ အော်ဟစ်သံတို့မှာ ထိုနေရာတွင် ဖုံးလွှမ်းသွားတော့၏။
အဆင့်မြင့်ပစ္စည်းများတပ်ဆင်ထားရင်းဖြင့် ဖှေးဓားကို ၀ှေ့ရမ်းလျှက်ရှိရာ သူ၏ခန္ဓာကိုယ်ပေါ်သို့သွေးများဖုံးလွှမ်းကုန်၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးများစွာဖုံးလွှမ်းလျှက်ရှိရာ လူတိုင်းပင် အ၀ေးတစ်နေရာမှနေ၍ သတ်ဖြတ်လိုသည့်ဆန္ဒများကို အာရုံခံနိုင်သည်။
“ကောင်းကင်လက်သီး...ငါဒီသိုင်းကွက်ကိုရော ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ..”
ဖှေးဓားနှစ်လက်ကို ၀ှေ့ရမ်းလိုက်ရာ ဓားစွမ်းအင်တစ်ခုထွက်ခွာသွားပြီးအ၀ေးတစ်နေရာတွင်ရှိနေသည့် မကောင်းဆိုး၀ါးတစ်ကောင်ကို ထိမှန်သွားသည်။ ဤတိုက်ခိုက်မှုသည် ထူထဲသည့်ချပ်၀တ်၀တ်ဆင်ထားသည့်မကောင်းဆိုး၀ါးကို ကောင်းမွန်စွာထိခိုက်စေနိုင်ခြင်းမရှိသော်လည်း ထိုမကောင်းဆိုး၀ါးမှာနက်ရှိုင်းစွာဖြင့်မေ့မြောသွားတော့၏။
ဤသိုင်းကွက်သည် အဆင့်၅ပါးကွပ်သားသူရဲကောင်းကို သတိလစ်မေ့မြောစေကာ ဖှေး မဟူရာမီးတောက်မြွေများထံသို့ပစ်ပေးနိုင်ခဲ့သည့်သိုင်းကွက်တစ်ခုပင်။ ပုံမှန်အားဖြင့်အဆင့်တူညီသည့်သိုင်းဆရာစစ်သည်များကို သတ်ဖြတ်ရန်မှာလွယ်ကူနိုင်သော်လည်း ဖမ်းချုပ်နိုင်ရန်မှာ လေးဆခန့်ပို၍ခက်ခဲနိုင်သည်။
ယနေ့ဖှေးအဆင့်၅ပါးကွပ်သားသူရဲကောင်းကို ဖမ်းချုပ်ပြီး မြွေများထံသို့ပစ်လွှတ်နိုင်ခဲ့ခြင်းမှာ တုန့်ဆိုင်းခြင်းအစွမ်း၏သက်ရောက်မှုကြောင့်ပင်။
[တုန့်ဆိုင်းခြင်း]အစွမ်းသည် ဖှေးအားရန်သူတစ်ယောက်ကို အချိန်ခနတာခန့်ရပ်တံ့သွားစေရန်ဆောင်ရွက်ပေးသည်။ ထိုရန်သူသည် ပြင်ပမှာအခြေအနေများကို ထိုအချိန်ခနအတွင်းတွင် တုန့်ပြန်နိုင်ခြင်းမရှိတော့ပေ။
ယနေ့တိုက်ပွဲတွင် ဖှေးသည် တုန့်ဆိုင်းခြင်းအစွမ်းကို သူ၏ကောင်းကင်လက်သီးတွင် အပြည့်၀ပေါင်းထည့်နိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူ့ထံတွင် ရန်သူကို တစ်စက္ကန့်မျှရပ်တန့်သွားစေနိုင်သည့် လယ်ဗယ်၂တုန့်ဆိုင်းခြင်းအစွမ်းရှိသော်လည်း အဆင့်၅ပါးကွပ်သားသူရဲကောင်းရပ်တန့်သွားသည်မှာ တစ်စက္ကန့်ပင်မပြည့်ခဲ့ချေ။
ဒိုင်ယာဘလိုကမ္ဘာထဲတွင် တစ်နာရီခန့်တိုက်ခိုက်ပြီးသည့်အချိန်တွင်ဖှေးသည် တုန့်ဆိုင်းခြင်းအစွမ်း၏သက်ရောက်မှုကို ကောင်းကင်လက်သီးသိုင်းကွက်ထဲသို့ပေါင်းထည့်နိုင်သွားပြီဖြစ်သည်။ ယခုအချိန်တွင် သူသည် လက်သီးရာကဲ့သို့တူညီသည့်အစွမ်းကို လက်သီးတစ်ခုတည်းဖြင့်သာမဟုတ်ပဲ ဓားဖြင့်လည်း အသုံးပြုနိုင်သွားပြီဖြစ်သည်။ လက်သီးရာများအစားဓားရာများဖြင့် ရန်သူကိုတိုက်ခိုက်ရန်အတွက် ပစ်လွှတ်မည်ဖြစ်သည်။ ဤအချက်သည် ဖှေးကို ခနတာခန့်စိတ်လှုပ်ရှားသွားစေ၏။
“အာ ငါဒီတတိယမြောက် သိုင်းကွက်ကို ကလေးသိပ်-ကောင်းကင်လက်သီးလို့ခေါ်ရမယ်။ ဟားဟားဟား နာမည်က အတော်တိကျတာပဲ...”
နောက်နှစ်နာရီခန့်အကြာတွင်--
“ချွန်....”
ကျွတ်ဆက်သော်လည်းစိတ်ကျေနပ်ဖွယ်အသံတစ်ခုကို ဖှေး၏နားထဲတွင်ကြားလိုက်ရသည်။
ကောင်းကင်ပေါ်မှ အဖြူရောင်အလင်းတန်းတစ်ခုကျဆင်းလာပြီး ဖှေးအားလွှမ်းခြုံသွားကာ ဖှေး၏ခန္ဓာကိုယ်ပေါ်မှ သွေးများဖုန်မှုန့်များကိုဆေးကြောပေးလိုက်၏။ ဒဏ်ရာများကိုလည်းပျောက်ကင်းစေပြီး မန်နာများ၊ သက်လုံစွမ်းများကို ပြန်လည်ကာဖြည့်တင်းပေးလိုက်သည်။ သူသည် အသစ်မွေးဖွားလာသကဲ့သို့လန်းလန်းဆန်းဆန်းရှိနေ၏။
သတ်ဖြတ်ခြင်းများစွာကို ပြုလုပ်ပြီးသည့်နောက်တွင် ဖှေးသည်အတွေ့ကြုံအမှတ်များစွာကို ပြန်လည်ရရှိသွားပြီး လယ်ဗယ်ပြန်လည်ကာမြင့်တက်သွားပြီဖြစ်သည်။
“အန်း ဘာတွေဖြစ်နေတာလဲဆိုတာ သွားကြည့်ရတော့မယ့်အချိန်ပဲ...”
ဖှေးယနေ့အတွက် လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်၏။
တိုက်ပွဲများစွာတိုက်ခိုက်ပြီးသည့်နောက်တွင် ဖှေးသည်လူရိုင်းဇာတ်ကောင်၏အစွမ်းများကို အပြင်ကမ္ဘာတွင် ပို၍ချောမွေ့စွာအသုံးပြနိုင်လာပြီဖြစ်၏။ သူသည် သိုင်းကွက်ပြောင်းလဲမှုများနှင့် လူရိုင်းဇာတ်ကောင်၏အထာကို နားလည်လာပြီဖြစ်သည်။ တကယ်တန်းတွင် သူထိန်းချုပ်သည့် အဆင့်၄၀လူရိုင်းဇာတ်ကောင်သည် သူယခင်ဘ၀မှဂိမ်းကစားခဲ့သည့်လူရိုင်းဇာတ်ကောင်ထက်ပင် ပို၍အစွမ်းထက်နေသည်ဟုဆိုနိုင်၏။
ဤသည်မှာ ဖှေး၏အရည်ခြင်းနှင့်ဆက်နွယ်နေသည်။
မကြာသေးမှီအချိန်က ဖှေးသည် သိုင်းကျင့်စဥ်နှင့်ပတ်သက်သည့်နေရာတွင် သူ၏အရည်ခြင်းနှင့် ဖြတ်ထိုးဉာဏ်တို့သည် သာမန်လူသားများထက်သာလွန်မြင့်မားလာကြောင်းကို သတိထားလိုက်မိသည်။
ဥပမာအနေဖြင့် သူသည် လုပ်ကြံသတ်ဖြတ်သူ၏အတွင်းအားစီးဆင့်ပုံတို့ကိုလေ့လာကာ အေဇာရုတိုက်မှလူများလေ့ကျင့်နိုင်သည့်ကျင့်စင်စာလိပ်များကို ဖန်တီးနိုင်ခဲ့သည်။ သူပထမတွင် ယခင်ဘ၀မှ ဒိုင်ယာဘလိုဂိမ်းကစားခဲ့သည့်အတွေ့ကြုံကြောင့်ဟုသာထင်နေခဲ့သော်လည်း ယခုအချိန်တွင်မူ ဤမျှမရိုးရှင်းကြောင်းကို သတိထားမိလာ၏။
နှိုင်းယှဥ်၍မရနိုင်သည့်ပါရမီရှင်တစ်ယောက်ပင်။
သူသည် နတ်ဘုရားကဲ့သို့ နားလည်နိုင်ခြင်း၊ လေ့လာနိုင်ခြင်းနှင့်ဖန်တီးနိုင်ခြင်းအစွမ်းများရရှိထားနေသကဲ့သို့ပင်။
ဤသည်မှာ စစ်မှန်သောအရည်ခြင်းပင်။
ဤအရည်ခြင်းကို စွမ်းအားကြီးရန်သူများစွာနှင့်ရင်ဆိုင်ပြီးသည့်အချိန်တွင် သူကိုယ်တိုင်ရှာဖွေတွေ့ရှိလာခဲ့ခြင်းဖြစ်၏။
ယခင်အလတ်ဇန္ဒားတွင်လည်း ဤအရည်ခြင်းမရှိခဲ့သည်ကိုသူသေချာပေါက်သိသည်။ ယခင်ဘ၀တွင်လည်း သူဤကဲ့သို့အရည်ခြင်းမျိုးမရှိခဲ့ပေ။ တစ်နည်းအားဖြင့်ဆိုရပါက သူ၏အရည်ခြင်းသည် အေဇာရုတိုက်သို့ရောက်ရှိလာသည့်အချိန်မှစတင်က မွေးဖွားလာခဲ့ခြင်းပင်။
ဤသည်မှာ အလွန်ထူးဆန်းလှသည်။
ဖှေးပထမက ဤအချက်နှင့်ပတ်သက်၍ စိတ်မသက်သာသလိုခံစားရသည်။
ထူးဆန်းသည့်အရာတစ်ခုဖြစ်ပျက်ပြီး သူ၏ခန္ဓာကိုယ်တွင် ယခင်ကမရှိခဲ့သည့်အရာတစ်ခု၀င်ရောက်လာသည့်အတွက် ဖှေးစိတ်မသက်သာသလိုခံစားရ၏။ ဤသည်မှာ သူသည် သိပ်ပြီးဗဟုသုတများစွာမရှိသေးခဲ့သောကြောင့်ပင်။
ဤသည်မှာ လူသားများ၏စိတ်ပင်။
ထို့ကြောင့်ဖှေးသေခြာစွာစဥ်းစားကြည့်လိုက်ပြီး ဤလျို့၀ှက်ချက်၏ရင်းမြစ်ကို အသေချာစဥ်းစားကြည့်လိုက်သည်။
အချိန်တန်ကြာတွေးခဲ့ပြီးသည့်နောက်တွင် ဖှေးဖြစ်နိုင်သည့်အကြောင်းပြချက်တစ်ခုကို စဥ်းစားလိုက်မိ၏။
သူသည် သူပုန်စခန်းမှ ပထမဆုံးမြေပုံကို အနိုင်ယူပြီးသည့်နောက်တွင် နတ်ဘုရားပေးသည့်အစွမ်းသုံးခုဖြစ်သည့် ပေး၀ေခြင်း၊ ဆင့်ခေါ်ခြင်းနှင့် သင်ယူခြင်းအစွမ်းတို့ကိုရရှိခဲ့သည်။ ထိုအစွမ်းများထဲတွင် ပေး၀ေခြင်းနှင့် သင်ယူခြင်းအစွမ်းတို့မှာလက်ရှိကိစ္စနှင့်ဆက်နွယ်နေပုံရသည်။
ဖှေး၍အစွမ်းများကို စတင်ရရှိခဲ့စဥ်က သိပ်ပြီးမပျော်ရွှင်ခဲ့ချေ။
ဤအစွမ်းများသည် သူ၏ခွန်အားကိုချက်ချင်းတိုးမြှင့်ပေးနိုင်ခဲ့ခြင်းမရှိပေ။ ဖှေး၏ယခင်ကအမြင်တွင် ဤအစွမ်းများ၏နာမည်မှာ အထင်ကြီးလောက်ဖွယ်ဖြစ်သော်လည်း အတွေ့ကြုံအမှတ်များ၊ ပစ္စည်းများလောက်ပင် အသုံး၀င်ခြင်းမရှိဟုထင်မိသည်။
သို့သော် ယခုအချိန်တွင်မူ ဖှေးယခင်က ထိုကဲ့သို့တွေးခဲ့မိသည်မှာ မိုက်မဲရာကျနေပေလိမ့်မည်။
အရည်ခြင်းပြောင်းလဲသွားခြင်း၊ ပို၍မြန်ဆန်စွာသင်ယူနိုင်လာခြင်း၊ ဖန်တီးနိုင်စွမ်းများတိုးမြှင့်လာခြင်း ဤသည်တို့မှာ လက်ဆောင်အစစ်မှန်များပင်။ လယ်ဗယ်များ၊ ပစ္စည်းများ၊ အတွေ့ကြုံအမှတ်များသည် ဤအရာများနှင့်နှိုင်းယှဥ်ကြည့်ပါက အမှိုက်သရိုက်များကဲ့သို့ပင်။
ဤနတ်ဘုရားပေးသည့် အစွမ်းသုံးခုသည် အရည်ခြင်းကိုပင် ပြောင်းလဲပစ်နိုင်စွမ်းရှိ၏။
သက်ရောက်မှုမှာ အံ့သြထိတ်လန့်ဖွယ်ပင်။
သူတို့အားနတ်ဘုရားကိုယ်တိုင်ပေးသည့်အစွမ်းများဟုခေါ်သည်မှာ သိပ်ပြီးဆန်းကျယ်လှမည်မဟုတ်ပေ။
ဤကဲ့သို့အစွမ်းများကိုသာလျှင်နတ်ဘုရားပေးသည့်အစွမ်းများဟု ခေါ်ဆိုရန်ထိုက်တန်၏။