← Chapters

“ခရမ်းရောင်ကျင့်စဥ်စာလိပ်”

Vol. 22 Ch. 326

“ခရမ်းရောင်ကျင့်စဥ်စာလိပ်”

Vol. 22 Ch. 326

“ဒိုင်ယာဘလိုကမ္ဘာထဲတွင် ငါးမိနစ်ကြာပြီးသည့်နောက်တွင်ဖြစ်သည်။

“အန်း ဟုတ်တယ်။ မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ထူးဆန်းတဲ့ အထိန်းချုပ်အမှတ်သားတစ်ခုရှိနေတယ်..ဒီစွမ်းအားက အတော်အားကောင်းပြီးတော့ မင်းရဲ့အသိစိတ်ထဲထိ နက်နက်ရှိုင်းရှိုင်းစွဲထင်နေတာ။ နောက်ပြီးအဲ့ကောင်က အတော်လေးသေးငယ်ပြီးတော့ တော်ရုံနဲ့တောင်အာရုံခံလို့မရဘူး။”

သူပုန်စခန်းထဲတွင် ၀ိဉာဥ်ပိုင်းဆိုင်ရာနှင့် ကုသခြင်းမှော်မန္ဒန်များအားလုံးကို အကျွမ်းတ၀င်လေ့လာထားသည့် သူတော်စဥ်အာကာရာသည် ဖှေး၏ခန္ဓာကိုယ်ကို အသေးစိတ်စစ်ဆေးကာ သူ၏အမြင်ကို ပြောလိုက်သည်။

“သေစမ်း တစ်ခုခုမှားနေတယ်ဆိုတာကို ကျွန်တော်သိနေတယ်...”

ဖှေးချက်ချင်းပင် ပြသနာ၏အရင်းမြစ်ကို သိလိုက်ရ၏။

တစ်နည်းနည်းဖြင့် ထိုလျို့၀ှက်သည့်လူသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် မသိလိုက်စေပဲ အမှတ်အသားတစ်ခုကို ချန်ထားခဲ့၏။ ဤအချက်ကြောင့် ဖှေးလူရိုင်းဇာတ်ကောင်အဖြစ်သို့ပင်ပြောင်းလဲခဲ့သော်လည်း ထိုလူ၏လက်မှမလွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ ကြောက်မက်ဖွယ်ပင်။ “စွမ်းအားမြင့်သိုင်းဆရာတစ်ယောက်က ငါ့အပေါ်မှာ ငါတောင်မသိလိုက်ပဲ အမှတ်သားတစ်ခုချလိုက်နိုင်ခဲ့တာပဲ...သူကဘယ်လောက်တောင်အစွမ်းထက်တာလဲ။” ဖှေးဤအချက်ကို တွေးကြည့်ပြီးသည့်နောက်တွင် ကြောက်လန့်လာခဲ့သည်။

သူသည် စွမ်းအားအနည်းငယ်တိုးမြှင့်လာခဲ့သော်လည်း အားနေနေဆဲဖြစ်ကြောင်းကိုလည်း ရုတ်တရက်သဘောပေါက်လာခဲ့၏။

သူသည် ဇီးနစ်ပါယာမှာ ပါးကွပ်သားသူရဲကောင်းများကို အနိုင်ယူကာ၊ ဆွေကြီးမျိုးကြီးပုဂ္ဂိုလ်များကို တုန်လှုပ်စေခဲ့ပြီး ဂုဏ်အရှိန်၀ါများစွာရရှိခဲ့သော်လည်း ထိုပါးကွပ်သားသူရဲကောင်းများသည် ကြယ်ခြောက်လုံးအဆင့်စစ်သည်များသာဖြစ်သေး၏။ တောင်များကိုပင် ရွေ့လျားကာ၊ မြေမျက်နှာသွင်ပြင်များကိုပင် ပြောင်းလဲပစ်နိုင်သည့် လအဆင့်ကျွမ်းကျင်သူများ၊ နေအဆင့်သခင်များနှင့် နှိုင်းယှဥ်ကြည့်ပါက သူတို့သည် အလွန်အားနည်းနေသေး၏။

ထို့အပြင် ချမ်းဘော့ဒ်တိုင်းပြည်လုံး၀ပင် မယှဥ်နိုင်သေးသည့် ဇီးနစ်အင်ပါယာသည်တိုက်ပေါ်တွင် လယ်ဗယ်၁အင်ပါယာတစ်ခုသာရှိသေး၏။ တိုက်ပေါ်တွင်ရှိသည့် လယ်ဗယ်၉အင်ပါယာကြီးများကပင် သူတို့သည် ပြိုင်ဘက်ကင်းပြီဟုမဆိုနိုင်သေးချေ။ နတ်ဘုရားများပင် ဆုံးသည်အထိသွားလာနိုင်ခြင်းမရှိသည့် အေဇာရုတိုက်ကြီးပေါ်တွင် စွမ်းအားကြီးပုဂ္ဂိုလ်များစွာရှိနေနိုင်သောကြောင့်ပင်။

နှိုင်းယှဥ်ကြည့်ပါက သူသည် ဇီးနစ်အင်ပါယာမှ လူများကို အံ့သြစေရုံမျှလောက်ဖြင့် ဂုဏ်ယူမနေသင့်သေးပေ။ နွားခြေရာခွက်ထဲမှ ဖားတစ်ကောင်ကဲ့သို့ဖြစ်နေမည်ဖြစ်၏။

စဥ်းစားကြည့်ရင်းဖြင့် ဖှေးစိတ်အားထက်သန်လာပြီး သွေးများဆူပွက်လာ၏။

“ငါ့အစွမ်းတွေကို အမြန်တိုးမြှင့်မှဖြစ်မယ်..”

ရေတိုရည်မှန်းချက်-လအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာရန်။

“ဆျာမ ဒီအမှတ်ထားကို ဖယ်ရှားနိုင်မယ့်နည်းလမ်းတစ်ခုခုများရှိမလား...”

တိတ်ဆိတ်စွာဖြင့် သူ၏ရည်မှန်းချက်ကို ချပြီးသည့်အချိန်တွင် ဖှေးလက်ရှိပြသနာအပေါ်တွင်ပြန်လည်ကာ အာရုံစိုက်လိုက်၏။ သူဤအမှတ်သားကို မဖယ်ရှားနိုင်ပါက ထိုအရာသည် ခန္ဓာကိုယ်ပေါ်တွင် ကပ်ထားသည့် ချိန်ကိုက်ဗုံးတစ်ခုကဲ့သို့ဖြစ်နေတော့မည်ဖြစ်သည်။ ထိုချိန်ကိုက်ဗုံးကို ထိန်းချုပ်သည့်ခလုပ်မှာ လျို့၀ှက်သည့်လုပ်ကြံသတ်ဖြတ်သူ၏လက်ထဲတွင်ရှိနေမည်ဖြစ်သည်။ ထိုလူသာအလိုရှိပါက သူသည် အချိန်မရွေးပင်သေဆုံးသွားနိုင်၏။

“အမ် ငါလုပ်နိုင်ပါတယ်။ ဒါမယ့် နည်းနည်းတော့ကြာလိမ့်မယ်။” အာကာရာ သူမ၏ခေါင်းကို နိမ့်ကာ ခနတာခန့်စဥ်းစားလိုက်ပြီး အဖြေပေးလိုက်၏။

“နည်းနည်းကြာမှာလား။ ဘယ်လောက်လဲ...” ဖှေးထက်မံ၍မေးလိုက်သည်။

“မင်းရဲ့ကံနဲ့ ကြိုးစားမှုအပေါ်မှာမူတည်တာပေါ့...”

လေးနက်သည့်အမူယာတစ်ခုသည် သူမ၏မျက်နှာပေါ်တွင် ပေါ်လာ၏။ အာကာရာသည် သူမ၏တဲအတွင်းသို့ပြန်လည်ကာ ၀င်ရောက်သွားပြီး ၅စင်တီမီတာခန့်အထူရှိသည့် စာအုပ်တစ်အုပ်ကို ယူကာ ပြန်ထွက်လာခဲ့သည်။

“ဒါက နာမည်မရှိတဲ့ ကျင့်စဥ်စာအုပ်တစ်ခုပဲ...” သူမသည် စာအုပ်ကို ဖှေးထံသို့လှမ်းပေးလိုက်ရင်းဖြင့် ပြောလိုက်၏။ “ထုံးတမ်းစဥ်လာတွေအရဆိုရင် စခန်းရဲ့မဟာခေါင်းဆောင်တစ်ယောက်ပဲ ဖတ်နိုင်တယ်လို့ဆိုကြတယ်။ ဒဏာရီတွေထဲမှာဆိုရင် ဒီစာအုပ်က လူတွေရဲ့အသိစိတ်ကို တိုးမြှင့်ပေးပြီးတော့ ပင်လယ်တစ်ခုလိုကျယ်၀န်းစေတယ်။ ဒါပေမယ့် ဒီကျင့်စဥ်စာအုပ်က စွမ်းအားတွေကို ရရှိဖိုဆိုရင်တော့ အရည်ချင်းရော ကံကောင်းမှုတွေရောလိုအပ်လိမ့်မယ်။”

ဖှေး သူ၏လက်ထဲတွင်ရှိသည့် ခရမ်းရောင်စာလိပ်ကို ပွတ်ကြည့်လိုက်၏။

ဤသည်မှာ ခရမ်းရောင်နွယ်ပင်များပုံဖြင့် အလှဆင်ထားသည့် စာအုပ်တစ်ခုပင်။ စာအုပ်ထဲတွင်ပါရှိသည့် စာရွက်များမှာ နူးညံ့သော်လည်း ခိုင်မြဲလှသည်။ ဖှေးမည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကိုမသိသော်လည်း ကိုင်ရသည်မှာ သံမဏိတစ်ခုကို ကိုင်ထားရသည့်အတိုင်းပင် လေးလံလှ၏။

“ဟမ်...နတ်ဘုရားစာလိပ် ၀ိဉာဥ်စွမ်းအား ထိန်းချုပ်ခြင်းနှင့် မြှင့်တင်ခြင်းဆိုပါလား...”

ဖှေးစာအုပ်၏ ပထမစာမျက်နှာတွင်ရေးထားသည့်စာကြောင်းတစ်ခုကို ဖတ်လိုက်မိပြီး စိတ်လှုပ်ရှားသွား၏။

ဤသည်မှာ အမှန်တကယ်ပင် စိတ်၀င်စားစရာကောင်းသည့်စာအုပ်တစ်အုပ်ပင်။

စာလုံးများကို စွမ်းအားကြီးမားသောသတ္တ၀ါတစ်မျိုးမျိုး၏သွေးများဖြင့် ရေးသားထားပုံရသည်။ စာအုပ်မှာ အလွန်အိုဟောင်းနေသော်လည်း စာလုံးများသည် နီရဲနေဆဲပင်။ ဤစာလုံးများတွင် စွမ်းအားမြင့်မားသည့် စွမ်းအင်အရှိန်၀ါများလည်း ပါ၀င်နေသည်။ ဖှေး၏လက်ချောင်းများသည် စာအုပ်များကို ထိရုံနှင့်ပင်နာကျင်မှုကို ခံစားနေရ၏။

ဤစာအုပ်ကို ဒိုင်ယာဘလိုကမ္ဘာထဲတွင် အသုံးပြုသည့်ရှေးကျသောဘာသာစကားတစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သည်။ ကံကောင်းစွာပင် ဖှေးယခင်က ဤဘာသာစကားကို အာကာရာနှင့်အတူလေ့လာသင်ကြားဖူးခဲ့သည်။ သို့မဟုတ်ပါက ဖှေးဤစာအုပ်ကို မဖတ်နိုင်သည့်အတွက် အရှုံးသမားတစ်ယောက်ကဲ့သို့ဖြစ်နေလိမ့်ဖြစ်၏။

ဖှေးချက်ချင်းပင် စာအုပ်တွင်ပါ၀င်သည့်အချက်လက်များကို စိတ်၀င်စားသွားတော့၏။

မကြာမှီမှာပင် နောက်တစ်နာရီခန့်ကုန်ဆုံးသွားပြီး အများဆုံးဂိမ်းကစားနိုင်သည့်အချိန်ပမာနမှာလည်း နီးကပ်လာပြီဖြစ်သည်။ ဖှေးတွေးကြည့်လိုက်ပြီး သူ့တွင်ရှိသမျှအချိန်များအားလုံးကို အသုံးပြုခြင်းမရှိပဲ အရေးပေါ်အခြေအနေအတွက် မိနှစ်၂၀ခန့်ချန်ထားခဲ့၏။ အကယ်၍ ထိုလျို့၀ှက်ထူးဆန်းသည့် လုပ်ကြံသတ်ဖြတ်သူသည် သူ့ထံသို့ ယနေ့တွင် ထက်မံရောက်ရှိလာပါက သူသည် ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ထက်မံတိမ်းရှောင်ထွက်ပြေးနိုင်ရန်ဖြစ်သည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသည့်စွမ်းအင်အမှတ်သားသည် ပျောက်ကွယ်သွားခြင်းမရှိသေးသောကြောင့်ပင်။

အာကာရာဆိုသည်အရ ဖှေး၏အသိစိတ်လယ်ဗယ်မှာ ၁၅၀သာရှိနေသေးသည်။ ဖှေး၏အသိစိတ်စွမ်းရည်လယ်ဗယ်သည် ၃၀၀အထက်သို့ရောက်ရှိသွားမှသာလျှင် သူနှင့်အဖိုးကြီးကိန်းထိုသည် ဖှေး၏သိစိတ်ထဲတွင် ကိန်းအောင်းနေသည့် ထိန်းချုပ်အမှတ်သားကို ဖယ်ရှားပေးနိုင်မည်ဖြစ်သည်။

သို့သော် စာအုပ်တွင် လျို့၀ှက်သည့်စွမ်းအင်တစ်ခုပါရှိသည်။ အကယ်၍ ဖှေးဤစာအုပ်ကို ကိုယ်နှင့်မကွာဆောင်ထားပါက စာအုပ်သည် ပြင်ပစွမ်းအင်များကို တားဆီးပေးမည်ဖြစ်ပြီး ထို့ကြောင့်လုပ်ကြံသတ်ဖြတ်သူသည်လည်း ဖှေး၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ထိန်းချုပ်အမှတ်သားကို အာရုံခံနိုင်မည်မဟုတ်ပေ။

ဒိုင်ယာဘလိုကမ္ယာမှ မထွက်ခွာမှီ ဖှေးဒရူးဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ကျီးကန်းတစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ ထိုကျီးကန်ကို ပေါ်တယ်အတွင်းမှ အရင်ဦးစွာထွက်ခွာပျံသန်းစေပြီး ထိုလုပ်ကြံသတ်ဖြတ်သူမရှိတော့သည် သေချာမှ အပြင်ကမ္ဘာသို့ပေါ်တယ်မှတဆင့်ထွက်ခွာခဲ့တော့၏။

All Chapters