← Chapters

“ခေတ်ပျက်အတွင်းသို့ရောက်ရှိလာခြင်း”

Vol. 22 Ch. 327

“ခေတ်ပျက်အတွင်းသို့ရောက်ရှိလာခြင်း”

Vol. 22 Ch. 327

အချိန်လေးနာရီခန့်ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ညနေအချိန်သို့ပင်ရောက်ရှိနေပြီဖြစ်၏။

ဖှေးပတ်၀န်းကျင်ကို ဂရုတစိုက်ဖြင့်အာရုံခံကြည့်လိုက်ရာ ထိုလူသည် ထွက်ခွာသွားပြီဖြစ်ကြောင်းကို သိရှိလိုက်သည်။ အချိန်ဖြုန်းမနေတော့ပဲ သူသည် ချမ်းဘော့ဒ်တပ်ဖွဲ့စခန်းချထားသည့်နေရာသို့ထွက်ခဲ့လိုက်တော့သည်။

ချမ်းဘော့ဒ်စခန်းနှင့် မီတာ၅၀၀ခန့်ကွာ၀ေးသည့်နေရာသို့ရောက်သည့်အချိန်တွင် သူသတိထားလိုက်သည်။ ထောင်ခြောက်များရှိမနေသည်သေခြာမှ သူစခန်းအတွင်းသို့၀င်လာခဲ့တော့၏။

စခန်းဂိတ်တံခါး၀သို့ရောက်သည့်အချိန်တွင် သူရယ်လိုက်မိသည်။ ထိုလူသည်သာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ချထားခဲ့သည့်အမှတ်သားကို အာရုံခံနိုင်ပါက သူ့အားအချိန်မရွေးပင် ခြေရာခံ၍ရနိုင်၏။ ထို့ကြောင့် ထောင်ခြောက်များချနေရန်ပင် မလိုအပ်ချေ။ သူသည်လုပ်ကြံသတ်ဖြတ်မှုကြောင့် အကြောက်လွန်နေကာ တုန့်ပြန်မှုလွန်ကဲနေပုံရ၏။

ဤသည်မှာလည်း သူ၏အမှားမဟုတ်ပေ။

ဖှေးသည် အလွန်ဂရုစိုက်တတ်သည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သူပြုလုပ်ခဲ့သည့်အပြုမူများသည် မာနထောင်လွှားကာအန္တရာယ်များသည့်ဟန်ရှိသော်လည်း ဤသည်များကို သေချာစွာချင့်ချိန်တွက်ဆပြီးမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ဗျူဟာတစ်ခုကို သက်မှတ်ပြီးသည့်နောက်တွင် လူအများ၏ရှေ့တွင်မည်သည့်အရာကိုမှဂရုမစိုက်တတ်သည့် ခွေးရူးတစ်ကောင်းပုံဖြင့်စိတ်ရှုပ်ထွေးစေခြင်းမှာ သူ၏အကျင့်တစ်ခုပင်။ ဤသည်မှာ ပါးနပ်သည့် ဗျူဟာတစ်ခုပင်။ သို့သော် ယခုအချိန်တွင်မူ သူသည် ဤလုပ်ကြံသတ်ဖြတ်မှု၏အကြောင်းပြချက်နှင့် လုပ်ကြံသတ်ဖြတ်သူဘယ်သူဖြစ်သည် ဘယ်ကလာသည်ကို သိရှိခြင်းမရှိသည့်အတွက်စိုးရိမ်နေမိ၏။

“အန်ဂျယ်လာ...”

ဖှေးရုတ်တရက် တဲဘေးတွင် သူ၏ဇနီးလောင်းကို မြင်လိုက်မိသည်။

အန်ဂျယ်လာသည် စိုးရိမ်ခြင်းများပြည့်နှက်နေသည့် မျက်နှာနှင့်အတူတဲဘေးတွင်စောင့်နေခဲ့ခြင်းဖြစ်သည်။ သူမသည် အမွေးပွအနွေးထည်တစ်ခုကို ၀တ်ဆင်ထားသော်လည်း သူမသည်၏ဆံနွယ်များသည်လေထဲတွင် လွှင့်ပျံနေရင်းဖြင့် ခန္ဂာကိုယ်သည်လည်းအအေးဒဏ်ကြောင့်တုန်ခါနေ၏။

ထင်ရှားစွာပင် သူမသည် ဖှေးကိုစောင့်မျှော်နေခြင်းပင်။

ဖှေးသည် မြင်ကွင်းကြောင့် နှလုံးသားများကြေမွသွားသလိုခံစားလိုက်ရ၏။ သူသည် အရှေ့သို့အမြန်ပြေးသွားပြီး ကောင်မလေးကို ပွေ့ဖက်လိုက်သည်။

“အား...အလတ်ဇန္ဒားနင်ပြန်ရောက်လာပြီပဲ။ ဒီနေရာတစ်၀ိုက်မှာရှိတဲ့လူတွေအကုန်လုံးနင့်အကြောင်းပဲ ပြောနေကြတာ။”အန်ဂျယ်လာသည် အံ့သြသွား၏။ သို့သော် ရင်းနှီးသည့် နွေးထွေးသောကိုယ်သင်းရနှံ့ကိုရပြီးသည့်နောက်တွင် သူမအားပွေ့ဖက်လိုက်သည့်လူမှာ မည်သူဖြစ်သည်ကို သိရှိသွားသည်။ သူမဖှေးကိုပြန်လည်ကာ ပွေ့ဖက်လိုက်ပြီး သူမ၏စိုးရိမ်နေသည့် စိတ်များသည်လည်း ပုံမှန်အခြေအနေသို့ပြန်လည်ကာရောက်ရှိလာပြီဖြစ်၏။

ချမ်းဘော့ဒ်စခန်းထဲတွင်ရှိနေသည့် လေထုမှာ ပျော်ရွှင်ဖွယ်ပင်။

စစ်သည်များအားလုံးသည် အောင်ပွဲကျင်းပရန်အတွက်ပြင်ဆင်နေကြ၏။

စခန်းအပြင်ဘက်တွင် လေးစားအားကျသည့်အကြည့်များသည် ချမ်းဘော့ဒ်စခန်းထံသို့ဦးတည်နေကြသည်။ သို့သော် မည်သူမှ ချမ်းဘော့ဒ်စခန်းနှင့်ပတ်လည် မီတာ၁၀၀အချင်း၀က်အနီးသို့ကပ်ရဲခြင်းမရှိကြချေ။ ပါးကွပ်သားသူရဲကောင်းများကို အနိုင်ယူကာ ပါရမီရှင်ဆွေကြီးမျိုးကြီးမိသားစု၀င်နှစ်ယောက်ကို အရှက်ခွဲပြီးသည့်အချိန်တွင် ဖှေးကို လူပေါင်းများစွာမှကြောက်ရွံ့နေကြပြီဖြစ်သည်။

အလည်တွင်ရှိနေသည့်တဲထဲတွင် ဖှေးရေသောက်ချိန်ပင်မရသေးစဥ် အဖိုးကြီးဇိုလာရစ်နှင့် ကောင်လေးလူကာတို့၀င်ရောက်လာ၏။ သူတို့သည် ထိတ်လန့်အံ့သြဖွယ်သတင်းများကို ယူဆောင်လာခဲ့ကြခြင်းပင်။

“ဘာ...ဒီနေ့တိုက်ပွဲကိုကြည့်ဖို့လာကြတဲ့ဆွေကြီးမျိုးကြီးတွေနဲ့ အင်အားကြီးအဖွဲ့စည်းတွေတော်တော်များများကအရေးကြီးလူတွေအသတ်ခံလိုက်ရတယ်ဟုတ်လား။ လုပ်ကြံခံလိုက်ရတာလား။ ဘယ်လိုဖြစ်တာလဲ။” ဖှေးသည် အစီရင်ခံစာကိုဖတ်နေရင်းဖြင့်ထိတ်လန့်အံ့သြသွားရ၏။

“ပါးကွပ်သားသူရဲကောင်းခြောက်ယောက်၊ အရှင်မင်းကြီးနဲ့ မတ်ရာဇီတို့ပြန်သွားပြီးတဲ့အချိန်မှာ ဓားကွင်းထဲကိုဘယ်ကမှန်းမသိတဲ့ လုပ်ကြံသတ်ဖြတ်သူတွေ၀င်လာကြတယ်လို့သိရပါတယ်။ သူတို့ကအတော်စွမ်းအားမြင့်ပြီးတော့ ရုတ်တရက်ရောက်ရှိလာတော့ အသေအဆုံးမြင့်မားကုန်တာ။ ဘတ်ဂ်မိသားစုရဲ့ခေါင်းဆောင်အဖိုးကြီးက ချက်ချင်းအသတ်ခံလိုက်ရတယ်။ ဒီးန်မိသားစုရဲ့ ပါရမီရှင်မှော်ဆရာ ဒီးန်-ကာဇိုလာက ဒဏ်ရာအပြင်းထန်ရပြီးတော့ လမ်းမှာတင်သေသွားတယ်။ တစ်ခြားအရေးကြီးပုဂ္ဂိုလ်တွေလဲသေကုန်တယ်။ ဘီယွန်းဆေးကလွဲပြီးတော့ အရေးကြီးပုဂ္ဂိုလ်တွေတော်တော်များများအသတ်ခံလိုက်ရတာပဲ...”

ဇိုလာရစ်သည် တိုက်ပွဲပြီးသည့်အချိန်တွင်ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ဖှေးအားအသေးစိတ်ရှင်းပြနေ၏။

အရာအားလုံးကို နားထောင်ပြီးသည့်နောက်တွင် ဖှေးတွေးလိုက်မိသည်။ “လုပ်ကြံဖို့ပစ်မှတ်ထားတာ ငါတစ်ယောက်ထဲကို မဟုတ်ဘူးပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတစ်ခြားအကြောင်းတွေရှိရဦးမယ်...”

ဖှေးလုပ်ကြံမှုမှ လွတ်မြောက်နိုင်ရန်အတွက် ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့တိမ်းရှောင်ထွက်ပြေးပြီးသည့်နောက်တွင် ဤကဲ့သို့ဖြစ်ရပ်ဆိုးတစ်ခုဖြစ်ပွားလိမ့်မည်ဟုထင်မထားခဲ့ချေ။

သူအပြင်ကမ္ယာသို့ပြန်လည်ရောက်ရှိသည့်အချိန်တွင်လေထုမှာ ထူးဆန်လျှက်ရှိသည်မှာ အံ့သြဖွယ်မဟုတ်တော့ပေ။ စခန်းတွင်ရှိနေသည့်လူတိုင်းသည် ကာကွယ်ရံအသင့်ပြင်နေကြပုံရသည်။ မူလက ဖှေးသည် သူဖန်တီးခဲ့သည့်ရူးသွပ်သောပုံရိပ်ကြောင့်လူများခြိမ်းခြောက်ခံရလိုခံရစားရသည့်အတွက် ဤကဲ့သို့ဖြစ်နေသည်ဟုထင်ခဲ့၏။ သို့သော် အကြောင်းပြချက်အမှန်ကို သူယခုအချိန်မှသိလိုက်ရခြင်းဖြစ်သည်။

ဒီလိုကြောက်စရာကောင်းတဲ့စစ်ဆင်ရေးကို ဘယ်သူကများစီစဥ်ခဲ့တာပါလိမ့်။

ဖှေး ဤအခြေအနေအကြောင်းကို တွေးရင်းဖြင့်ခေါင်းများပင် ကိုက်လာသောကြောင့် သူ၏နဖူးကိုပွတ်သပ်လိုက်မိသည်။ ဇီးနစ်အင်ပါယာထဲမှာ အရေးကြီးပုဂ္ဂိုလ်တွေအများကြီးကိုတောင်လုပ်ကြံသတ်ဖြတ်ရဲတဲ့အင်အားစုတစ်ခုရှိနေသေးတာလား။

“ဒါမှမဟုတ်ဘူးဆိုရင် သူတို့ကဇီးနစ်အင်ပါယာအပြင်ကလူတွေလား...” ဖှေးတွေးလိုက်မိသည်။

သူသည် တစ်စုံတစ်ခုကို ကိုင်ဆွဲလိုက်မိသလိုခံစားလိုက်ရသည်။ သို့သော်လည်း ကောက်ချက်မချနိုင်သေးပေ။

“ဒီကိစ္စပြီးတော့မြို့တော် စိန့်ပီတာစဘာ့တ်ကရော ဘယ်လိုတုန့်ပြန်ခဲ့လဲ...” ဖှေးခေါင်းထောင်ကာ မေးလိုက်သည်။

“စခန်းချနေရာကို ကာကွယ်နေတဲ့ တပ်ဖွဲ့သုံးခုကတော့ စပြီးလှုပ်ရှားနေကြပြီ။ သူတို့ကတော့ နေရာတစ်ခုလုံးကို၀ိုင်းထာပြီးတော့ လုပ်ကြံသတ်ဖြတ်သူတွေကိုဖမ်းဖို့ကြံနေပုံရတယ်။ နံပါတ်၁တပ်ဖွဲ့ဖြစ်တဲ့ သွေးသံမဏိတပ်ဖွဲ့ကတော့ စတင်ချီတပ်ပြီးတော့ အဖွဲ့၀င်တိုင်းပြည်တပ်ဖွဲ့တွေနဲ့ တစ်ကီလိုမီတာလောက်၀ေးတဲ့နေရာမှာ စခန်းချထားတယ်။ လက်ရှိမှာ နာမကျန်းဖြစ်နေတဲ့ အင်ပါယာအရှင်သခင်ယရှင်းလဲအတော်ဒေါသဖြစ်နေတယ်ကြားတယ်။ လူတော်တော်များများကတော့ သွေးသံမဏိတပ်ဖွဲ့ကို နယ်စပ်ကို စပါတပ်အင်ပါယာကျူးကျော်လာမှကို ကာကွယ်ဖို့ပို့မယ်ထင်ပေမယ့် ဇီးနစ်စစ်ပွဲနတ်ဘုရားမင်းသားအာရှဗင်နဲ့ ဒုတိယမင်းသား ဒိုမင်ဂူတို့နှစ်ယောက်လုံးက လက်ရှိဖြစ်တဲ့ကိစ္စကိုပဲ စုံစမ်းဖို့အမိန့်ပေးခံထားရတယ်။ သူတို့နှစ်ယောက်လုံးကို သီးခြားလှုပ်ရှားဖို့လဲအမိန့်ပေးထားတယ်။”

အဖိုးကြီးဇိုလာရစ်သည် တိကျသေချာစွာဖြင့်ရှင်းပြနေ၏။ ကောင်လေးလူကာသည်လည်း ရံဖန်ရံခါတွင်ဇိုလာရစ်ကျန်ခဲ့သည့်အကြောင်းရာများကို၀င်ရောက်ထောက်ပြမည်ဖြစ်သည်။ ဖြေးညှင်းစွာဖြင့် သူတို့နှစ်ယောက်သည် လိုက်ဖက်ညီလာကြတော့၏။

“သီးခြားအလုပ်လုပ်ရမှာဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက်ကန့်သက်ထားတာမရှိဘူးပေါ့” ဖှေး၏အသံရုတ်တရက်ထွက်ပေါ်လာ၏။ သူပြုံးလိုက်ပြီး ထိုင်ခုံလက်ကိုင်ကိုလက်ဖြင့်ပုတ်လိုက်ကာ “မင်းသားနှစ်ပါးက ပြိုင်ဆိုင်နေတဲ့ပုံပဲ...”

“ဟုတ်တယ်အရှင်မင်းကြီး။ လူတော်တော်များများလဲအဲ့လိုပဲပြောနေကြတယ်။ အင်ပါယာက လက်ရှိကိစ္စကိုအသုံးပြပြီး ဘယ်သူကထီးနန်းဆက်ခံသင့်လဲဆိုတာကို ဆုံးဖြတ်ဖို့ကြံနေကြတဲ့ပုံံပဲ။ အလားလာရှိတဲ့လူတွေကလဲအဲ့မင်းသားနှစ်ပါးပဲရှိတာလေ...” အဖိုးကြီးဇိုလာရစ်မှသုံးသပ်လိုက်သည်။ “နောက်ထပ်ကြားတာက အင်ပါယာက အဲ့အမိန့်ပေးပြီးတဲ့အချိန်မှာ တစ်နှစ်ကျော်အထိဖြစ်ပွားနေတဲ့ထီးနန်းလုပွဲကလဲ ငြိမ်သွားတယ်။ ဆွေကြီးမျိုးကြီးတွေအကုန်လုံးစိတ်လှုပ်ရှားနေကြတယ်။ အဖွဲ့၀င်တိုင်းပြည်တွေကတောင် စပြီးလှုပ်ရှားနေကြပြီ။”

အဖိုးကြီးဇိုလာသည် ဖှေးအားချမ်းဘော့ဒ်သည်လည်း တူညီသည့်ရွေးချယ်မှုမျိုးနှင့်ရင်ဆိုင်နေရသည်ကို ကွယ်၀ှက်သောနည်းဖြင့် သတိပေးနေခြင်းပင်။

ဖှေးဇိုလာရစ်ဆိုလိုသည်ကို နားလည်လိုက်သည်။ သိုသော်လည်း...

“ငါတို့တွေဒီကိစ္စကိုအလျှင်စလိုဆုံးဖြတ်ဖို့မလိုပါဘူး။ ထီးနန်းလုတိုက်ပွဲဆိုတာက ထင်သလောက်မရိုးရှင်းဘူး။ နောက်ပြီး အဖွဲ့၀င်တိုင်းပြည်တွေရဲ့နေရာက ဆွေကြီးမျိုးကြီးတွေရဲ့နေရာနဲ့မတူဘူး။ ငါတို့အတွက်ကတော့ အနိုင်ရမယ့်လူပေါ်လာတဲ့အထိ တိတ်တိတ်လေးစောင့်နေရုံပဲတတ်နိုင်တယ်။ တစ်ချို့တိုင်းပြည်တွေကအလောင်းအစားလုပ်ကြမယ်ဆိုရင်တော့ သူတို့တွေကလောင်းကစားသမားတွေပဲနေမယ်။” ဖှေးသည် အင်ပါယာထဲတွင် ပို၍အရှိန်၀ါကြီးလာရန်နှင့်ပတ်သက်ပြီးစိတ်၀င်စားသည့်ပုံမပေါ်ချေ။ သူသည် ဤကဲ့သို့အခြေအနေမျိုးတွင်အေးဆေးနေမည်ဖြစ်သည်။

ဇိုလာရစ်နှင့်ကောင်လေးလူကာတို့နှစ်ယောက်လုံးသည့် သတင်းအချက်အလက်စုဆောင်းရာတွင် စိတ်၀င်စားကြပြီး အရည်ခြင်းရှိကြ၏။ သို့သော်သူတို့သည် နိုင်ငံရေးကိစ္စတွင်မူ သိပ်ပြီးမတော်လှချေ။ ဘုရင်ဆုံးဖြတ်လိုက်သည်ကို မြင်ရပြီးသည့်အချိန်တွင် သူတို့ဆက်ပြောခြင်းမရှိကြတော့ပေ။

“အခုအချိန်မှာတော့ လေထုကအတော်လေးတင်းမာနေတယ်။ အကြီးဆုံးမင်းသားရဲ့သွေးသံမဏိတပ်ဖွဲ့ရော၊ ဒုတိယမင်းသားရဲ့ တပ်ဖွဲ့ရောက ဖမ်းဆီးမှုတွေပြုလုပ်နေကြတယ်။ ဒီနေ့နဲ့တင်ကို လူတစ်ထောင်ကျော်လောက်ဖမ်းခံပြီးရပြီ။ သူတို့နှစ်ယောက်လုံးက ညမထွက်ရအမိန့်တွေထုတ်ထားကြတယ်။ ညနေခင်းရောက်ပြီဆိုရင်ဘယ်သူမှ စခန်အပြင်ကိုထွက်ပြီး လမ်းလျှောက်ခွင့်မရှိဘူး။ စစ်သည်တပ်ဖွဲ့တစ်ချို့တောင် ကျွန်တော်တို့ခန်းထဲကို ရှာဖွေစစ်ဆေးဖို့လာသေးတယ်။ ဒါပေမယ့် အရှင်မင်းကြီးရဲ့စခန်းဆိုတာကိုလဲသိရော နဲနဲလောက်တင်ရှာဖွေမှုလုပ်ပြီးတော့ ပြန်သွားကြတယ်...”

ဇိုလာရစ်ဤကဲ့သို့ပြောရင်းဖြင့် ဇိုလာရစ်နှင့်ကောင်လေးလူကာတို့သည် သူတို့၏အရှေ့တွင်ရှိနေသည့်လူကို လေးစားသည့်မျက်လုံးများဖြင့်ကြည့်လိုက်မိကြသည်။

အချိန်အတော်ကြာသည်အထိ ချမ်းဘော့ဒ်တိုင်းပြည်သည် အလွန်အနိုင်ကျင့်ခံရဆုံးတိုင်းပြည်တစ်ခုပင်။ အိမ်နီးခြင်းတိုင်းပြည်များအားလုံးလိုလိုပင် သူတို့အားခြေဖြင့်တက်နင်းနိုင်ကြ၏။ ချမ်းဘော့ဒ်တိုင်းပြည်မှလူများသည် ကျေးကျွန်များထက်အဆင့်အနည်းငယ်ခန့်သာမြင့်လှပြီးချမ်းဘော့ဒ်တိုင်းပြည်မှလူတစ်ယောက်ကိုသတ်ဖြတ်ခြင်းသည်အင်ပါယာထဲတွင် ရာဇ၀တ်မှုတစ်ခုအဖြစ်ပင် မသက်မှတ်ချေ။

သို့သော် ယခုအချိန်တွင်မူအရာအားလုံးသည်ပြောင်းလဲသွားပြီဖြစ်၏။

ဖှေးထောင်နှင့်ချီသောလူများ၏ရှေ့တွင် ပါးကွပ်သားသူရဲကောင်းလေးယောက်ကိုအနိုင်ယူပြီးသည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ဂုဏ်ရှိန်သည်လည်း သိသာစွာဖြင့်မြင့်တက်လာခဲ့၏။ ယခုအချိန်တွင် လူတိုင်းသည်ချမ်းဘော့ဒ်တိုင်းပြည်မှလူများကို လေးစားစွာဖြင့်နှုတ်ဆက်ကြ၏။ အဆင့်၁အဖွဲ့၀င်တိုင်းပြည်ကပင် ချမ်းဘော့ဒ်မှလူများကို လေးစားမှုပေးရ၏။ အဖွဲ့၀င်တိုင်းပြည်များဆိုပါက အနိုင်ကျင့်ဗိုလ်ကျလေ့ရှိသော အင်ပါယာစစ်သည်များကပင် ချမ်းဘော့ဒ်စခန်းမှန်သိသောအခါယဥ်ကျေးစွာဆက်ဆံနေကြရ၏။

စဥ်းစားပြီးသည့်နောက်တွင် ဇိုလာနှင့် မိုဒရစ်တို့၏သွေးများသည် ဂုဏ်ယူ၀င့်ကြွားမှုကြောင့်ဆူပွက်လာတော့၏။ ယခုအချိန်တွင် ချမ်းဘော့ဒ်မှလူများအားလုံးသည် ဤကဲ့သို့ခံစားနေရသည်။

ချမ်းဘော့ဒ်တိုင်းပြည်မှ သာမန်လူများကပင် ရက်စက်ကြမ်းကြုတ်သည့်တစ်ခြားတိုင်းပြည်များမှ စစ်သည်များ၏အရှေ့တွင် ရင်ကော့ပြီးသွားနိုင်နေပြီဖြစ်သည်။

ဘုရင်သည် သူတို့အားရူးသွပ်စေရန်အတွက်လုံလောက်၏။

ဘုရင်သည် သူတို့အသက်ကို စွန့်လွှတ်ရန်အတွက်လုံလောက်သည်။

ဒီကလေထုထဲမှာ အကြောက်တရားတွေပြန့်နှံ့နေတာပဲ...” ဖှေးသက်ပျင်းချလိုက်မိသည်။ ဤသည်မှာ တားဆီး၍မရချေ။ ဤသည်မှာ အစမျှသာရှိသေး၏။ နောက်တစ်ချိန်တွင် ပို၍ရူးသွပ်သည့် အရာများဖြစ်လာတော့မည်ဖြစ်သည်။ လူပေါင်းများစွာသည် နိုင်ငံရေးအကြောင်းပြချက်များကြောင့် စွပ်စွဲအနိုင်ကျင့်ခံရတော့မည်ဖြစ်သည်။ လူပေါင်းများစွာ၏ကံကြမ္မာများသည်လည်း ပြောင်းလဲကုန်ကြတော့မည်ဖြစ်၏။

ဖှေးကစဥ့်ကယျားဖြစ်စဥ်ကြီးသည့် ပေါ်ထွက်စပြုနေသည်ကို ခံစားနေရ၏။ သွေးသံရဲရဲနှင့်သတ်ဖြတ်ခြင်းခေတ်မှာရောက်ရှိလာတော့မည်ဖြစ်သည်။

ဤခေတ်တွင် ကံကြမ္မာများကို စွမ်းအားမြင့်ပုဂ္ဂိုလ်များကသာ ထိန်းချုပ်မည်ဖြစ်၏။

အားနည်းသည့်လူများသည် ငိုကြွေးနေရုံသာတက်နိုင်တော့သည်။

“ဘိုင်ဇန်တိုင်းတိုင်းပြည်ကရေ။” ဖှေးသူနှင့်ကံကြမ္မာခြင်းတူသည့် ဘုရင်ငယ်အကြောင်းကို ရုတ်တရက်စဥ်းစားမိသွား၏။

“ကျွန်တော်တို့အရှင်မစ်အယ်လီနာကနေတစ်ဆင့်ပေးလိုက်တဲ့အမိန့်တွေကိုလိုက်နာခဲ့ပါတယ်။ မစ်စတာမီတာက ချမ်းဘော့ဒ်ကစစ်သည်တစ်ချို့ကို လွန်ခဲ့တဲ့မိနစ်အနည်းငယ်က ဘိုင်ဇန်းတိုင်းတိုင်းပြည်စခန်းကို စောင့်ကြည့်ဖို့လွှတ်ထားပါတယ်။ လုပ်ကြံသတ်ဖြတ်သူတွေက ဘိုင်ဇန်းတိုင်းတိုင်းပြည်ကို ပစ်မှတ်ထားခဲ့တဲ့ပုံမပေါ်ပါဘူး။ အင်ပါယာစစ်သည်တွေကလဲ ဘိုင်ဇန်တိုင်းတိုင်းပြည်ကလူတွေကိုလည်း ဖော်ဖော်ရွေရွေပါပဲ။ နေုာက်ပြီးတော့ အဖွဲ့၀င်တိုင်းပြည်တစ်ချို့က ၀န်ကြီးတွေနဲ့၊ တစ်ချို့ဆွေကြီးမျိုးကြီးမိသားစု၀င်တွေကလဲဘိုင်ဇန်တိုင်းဘုရင်ဆီကိုလာလည်နေကြတယ်။ အရာအားလုံးကတော့ ပုံမှန်ပါပဲ။”

“ဒါပဲလား...”

“လွန်ခဲ့တဲ့ ၃နာရီလောက်က ဘိုင်ဇန်တိုင်းဘုရင်နဲ့ သူ့ရဲ့ဇနီးလောင်းတို့က အရှင်မင်းကြီးစီကိုလာလည်ကြသေးတယ်။ ဒါပေမယ့် အရှင်မင်းကြီးပြန်မရောက်သေးလို့အရှင်မ အန်ဂျယ်လာကပဲ ဧည့်ခံလိုက်ရတယ်...” ဇိုလာရစ်မှာ ဖှေးကိုပြောလိုက်၏။

ဖှေးခေါင်းငြိမ့်လိုက်သည်။

“ဒီဘိုင်ဇန်တိုင်းတိုင်းပြည်က ဘုရင်ကောင်လေးကမဆိုးပါဘူး။ သူက ဉာဏ်ကောင်းတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကလဲမဆိုးဘူး။” ဖှေးတွေးလိုက်မိသည်။ သူသည် ဤကောင်လေးကို မြေတောင်မြှောက်ပေးရန်ကြိုးစားခြင်းမှာ အချည်းနှီးဖြစ်ပုံမရချေ။

သတင်းတင်ပြပြီးသည့်နောက်တွင် ဇိုလာရစ်နှင့်ကောင်လေးလူကာတိုသည့် စခန်း၏အလည်တွင်ရှိသည့် ဘုရင်၏တဲအတွင်းမှထွက်လာခဲ့တော့သည်။

ဖှေးသည်လည်း သူတို့နှစ်ယောက်ကို သဘောကျစွာဖြင့်ကြည့်ရင်းဖြင့်ကျန်ရစ်ခဲ့၏။ သူတို့မဟူရာတိုင်းပြည်မိုင်းတွင်းထဲတွင်ရှိနေခဲ့စဥ်က သူတို့သည် ရသမျှအခွင့်ရေးကို သတင်းအချက်လက်များရရှိရန်အတွက်အသုံးပြုခဲ့ကြကာ ချမ်းဘော့ဒ်မှတစ်ခြားလူများကို ကူညီနိုင်ရန်ကြိုးစားခဲ့ကြသည်။ သူတိုသည် အန္တရာယ်များသည့်နေရာတွင် အချိန်ကြာမြှင့်စွာနေခဲ့ရသည့်အတွက်ကြောင့်လားမသိချေ။ သူတို့သည် သတင်းအချက်လက်များအပေါ်တွင်အလွန်ကောင်းမွန်သည့်အာရုံခံနိုင်စွမ်းရှိကြ၏။ သူတို့သည် များပြားလှသည့်အချက်လက်များထဲမှာ အမှန်နှင့်အမှားကိုကောင်းမွန်စွာခွဲခြားနိုင်ကြပြီး သူတို့အားချမ်းဘော့ဒ်တိုင်းပြည်၏ သတင်းအချက်လက်ထောက်လှမ်းရေးဌာနကို ဦးဆောင်ရန်အတွက်ဖှေး၏ယုံကြည်မှုကို ရရှိထားပြီဖြစ်သည်။

မကြာမှီတွင် ပီတာ၊ တိုးရိစ်နှင့်အိုလတ်ဂ်တို့တဲအတွင်းသို့၀င်ရောက်လာ၏။

“အရှင်မင်းကြီး..” သူတို့ဒူးတစ်ဖက်ထောက်လိုက်ကြသည်။

“ထတော့...” ဖှေးသူတို့ကို ကြည့်လိုက်ပြီးစိတ်ကျေနပ်စွာဖြင့်ခေါင်းငြိမ့်လိုက်သည်။

ချမ်းဘော့ဒ်တိုင်းပြည်၏ခွန်အားသည် နေ့တိုင်းတိုးပွားလျှက်ရှိ၏။ ခေါင်းဆောင်များအနေဖြင့် ဤလူများ၏တိုးတတ်လာမှုသည်စိတ်ကျေနပ်ဖွယ်ပင်။ အဖွဲ့ထဲတွင်အပျင်းကြီးဆုံးလူတစ်ယောက်ဖြစ်သည့် အိုလတ်ဂ်ပင်ကြယ်၃လုံးအလယ်လတ်အဆင့်သို့ရောက်ရှိလာပြီဖြစ်၏။ သူ၏ခန္ဓကိုယ်ပေါ်တွင်ရှိနေသည့်အဆီများအားလုံးသည် လျှော့နည်းသွားပြီဖြစ်ပြီး သူသည် အနည်းငယ်မာကြောသည့်ပုံရှိနေပြီဖြစ်သည်။

“ဦးလေးလမ်းပါ့ဒ်ရောမရောက်သေးဘူးလား...” ဖှေးမေးလိုက်သည်။

အယ်လီနာချမ်းဘော့ဒ်မှရရှိလာသည့်သတင်းအချက်လက်များအရ လမ်းပါ့ဒ်တို့အဖွဲ့သည် မနေ့ကတည်းကရောက်ရှိလာရမည်ဖြစ်၏။ သို့သော် သူတို့သည် ယနေ့တစ်နေ့ကုန်သည်အထိရောက်ရှိလာခြင်းမရှိသေးပေ။

“လမ်းတစ်လျှောက်ဒီရက်ပိုင်းအတွင်းနှင်းတွေကျထားလို့ဖြစ်မယ်။ လမ်းပါ့ဒ်က အတော်သန်မာတဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ။အဖွဲ့၀င်နိုင်ငံထဲမှာ ရှိတဲ့လူတွေက သူ့ကိုယှဥ်နိုင်ကြမှာမဟုတ်ဘူး။ နောက်ပြီး ပီးရာ့၊ ဒရော့ဂ်ဘာ၊ ဥပဒေပြုစစ်သည်အယောက်၅၀နဲ့ သူတော်စဥ်စစ်သည်၂၅ယောက်လဲသူတို့နဲ့အတူရှိနေတာပဲ စိုးရိမ်စရာမရှိပါဘူး...”

“ဟုတ်တယ်...” ဖှေးခေါင်းငြိမ့်လိုက်သည်။

ဤအခိုက်တန့်တွင် တဲ၀င်ပေါက်မှာ လိုက်ကာတစ်ခုလှပ်သွားပြီးအစောင့်စစ်သည်တစ်ယောက်ပြေး၀င်လာ၏။

All Chapters