← Chapters

အခန်း (၃၂၈)

Vol. 22 Ch. 328

အခန်း (၃၂၈)

Vol. 22 Ch. 328

အရှင်မင်းကြီး မစ်စတာလမ်းပါ့ဒ်၊ မစ်စတာပီးရာ့စ်နဲ့ မစ်စတာဒရော့ဂ်ဘာတို့က စခန်းနေရာကို တပ်ဖွဲ့နဲ့အတူလာနေပါပြီ။ မစ်စတာလမ်းပါ့ဒ်က အရှင်မင်းကြီးကို ကြိုတင်အကြောင်းကြားပေးဖို့ သူ့ရဲ့စာပို့ငှက်နဲ့အတူရင်အမိန့်ပေးလိုက်လို့ပါ။” စစ်သည်သည်မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ထားရင်းဖြင့် လျှောက်တင်လိုက်သည်။

“ဟားဟား ကောင်းတာပေါ့။” ဖှေးရယ်မောကာ ထိုင်ခုံပေါ်မှထလိုက်သည်။ “ငါတို့သွားပြီးကြိုဆိုကြရအောင်။ ငါတို့တပ်ဖွဲ့တွေလဲရောက်လာပြီဆိုတော့ လူစုံသွားပြီပေါ့...”

တဲထဲတွင်ရှိနေသည့် လူများစိတ်လှုပ်ရှားလာကြပြီးဖှေးနှင့်အတူတဲပြင်သို့ထွက်ခွာသွားတော့၏။

.....

ရှည်လျားစွာခရီးထွက်လာပြီးသည့်နောက်တွင် ပီးရာ့စ်၊ လမ်းပါ့ဒ်နှင့် ဒရော့ဂ်ဘာတို့တပ်ဖွဲ့သည် မြို့တော်စိန့်ပီတာစဘာ့တ်သို့ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။

သူတို့နှစ်ရက်ကြာခန့်နောက်ကျနေရခြင်း၏အကြောင်းအရင်းမှာ သူတို့မိုရိုတောင်တန်းများစီသို့ရောက်သည့်အချိန်တွင် နှင်းများထူထပ်နေသောကြောင့်ပင်။ ၅၀စင်တီမီတာခန့်ထူထပ်သောနှင်းများသည် ကျဥ်းမြောင်းမက်စောက်သောတောင်တက်လမ်းကို ဖုံးကွယ်ထားသည့်အတွက် ဖြတ်သန်းသွားလာရန်အန္တရာယ်များနိုင်သည့်အတွက်ဖြစ်၏။ ချမ်းဘော့ဒ်မှစစ်သည်များသည် အားနည်းသူများမဟုတ်သော်လည်း နှင်းများအရည်ပျော်စေရန်အတွက် တစ်ရက်ခန့်စောင့်ခဲ့ကြသည်။ နောက်ပြီးမှ သူတို့သည် တောင်တန်းများကိုဖြတ်ကျော်လာကြခြင်းဖြစ်၏။

ဦးစွာရောက်နှင့်နေသည့်ဖှေးတို့တပ်ဖွဲ့ကဲ့သို့ပင် နောက်မှရောက်ရှိလာသည့်စစ်သည်များသည်လည်း မြို့တော်စိန့်ပီတာစဘာ့တ်ကို ပထမဆုံးမြင်တွေ့လိုက်ရသည့်အတွက် အံ့သြသွားကြရသည်။

ကြီးမားသည့်မြို့တော်ကြီးတစ်ခု၊ ကောင်းကင်ထိထောင်တတ်နေသည့် မှော်မျှော်စင်ကြီးများ၊ သူရဲကောင်းနန်းတော်ထဲတွင်ရှိသည့် မျှော်စင်၁၁ခု၊ မြို့တော်စိန့်ပီတာစဘာ့တ်၏ တောင်တန်းကြီးများကဲ့သို့ခံတပ်နံရံကြီးများ ဤအရာများအားလုံးသည်ချမ်းဘော့ဒ်သားများ၏စိတ်ကူးထဲတွင်သာ တည်ရှိခဲ့ဖူးသည့်အရာများပင်။ အပြင်တွင်အမှန်တကယ်တည်ရှိနေမှန်းသူတို့မသိခဲ့ကြချေ။ လမ်းပါ့ဒ်သည် လူအများသိရှိခြင်းမရှိသည့် နောက်ခံသမိုင်းရှိသည့်အတွက် သူသည်မြို့တော်စိန့်ပီတာစဘာ့တ်ကို မြင်လိုက်မိသည့်အချိန်တွင်ပုံမှန်သာတုန့်ပြန်၏။ သို့သော် ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့်တစ်ခြားစစ်သည်များမှာ မူ ပါးစပ်အဟောင်းသားဖြစ်ကာ ဆွံ့သြသွားကြ၏။

“ဘုရင်အလတ်ဇန္ဒားတစ်ယောက်ပဲ ဒီလိုကြီးမြတ်တဲ့မြို့တော်ကြီးကို ထိန်းချုပ်ဖို့ရာထိုက်တန်တယ်။” ဒရော့ဂ်ဘာသူ၏ပါးစပ်ကို ဖွင့်ကာ မပြောသင့်သည့်အရာတစ်ခုကို ပြောလိုက်မိ၏။

ပီးရာ့စ်၏မျက်နှာသည်ရုတ်တရက်အရောင်ပြောင်းလဲသွားပြီး ဒရော့ဂ်ဘာ၏ပါးစပ်ကိုပိတ်လိုက်သည်။

လမ်းပါ့ဒ်၏မျက်နှာအမူယာသည်လည်း ပြောင်းလဲသွား၏။ သူတစ်ဖက်သို့လှည့်လိုက်ကာ “မင်းအင်ပါယာမြို့တော်ထဲမှာဆိုအပြောဆိုဆင်ခြင်မှရမယ်။ မင်းပြောလိုက်တာကိုသာတစ်ခြားလူကြားသွားမယ်ဆိုရင် အရှင်မင်းကြီးအတွက် ဒုက္ခအများကြီးတွေ့သွားစေလိမ့်မယ်...”

ဒရော့ဂ်ဘာ သူ၏ခေါင်းကိုကုတ်ကာ အမြန်ခေါင်းငြိမ့်ပြလိုက်၏။

ဒရော့ဂ်ဘာသည် ပုံမှန်အားဖြင့် ဂရုမစိုက်တတ်သည့်လူတစ်ယောက်ဖြစ်သော်လည်း လမ်းပါ့ဒ်သည် အရင်ဘုရင်ဟောင်းနှင့် ညီအကိုကဲ့သို့ဖြစ်ပြီး ဖှေးပြီးလျှင် တိုင်းပြည်ထဲတွင် နံပါတ်၂စစ်သည်တစ်ယောက်ဖြစ်နေဆဲပင်။ ချမ်းဘော့ဒ်မှလူတိုင်းသည် လမ်းပါ့ဒ်သည် လက်ရှိတွင် ရာထူးကြီးကြီးမားမားတစ်ခုယူထားခြင်းမရှိသော်လည်း အလွန်လေးစားကြ၏။

မြို့တော်စိန့်ပီတာစဘာ့တ်ဘက်သို့မျက်နှာမူထားသည့်တောင်စောင်းမှာ ပို၍ပြပြစ်လှသဖြင့် သူတို့လျှင်မြန်စွာပင်တောင်ချေသို့ရောက်ရှိသွား၏။

“ရပ်လိုက်ကြ။ မင်းတို့က ဘယ်သူတွေလဲ။ မြင်းပေါ်က ဆင်းကြစမ်းကွာ...” စခန်းချနေရာများ၏အပြင်ဘက်ကို အစောင့်များတင်းကြပ်စွာချထား၏။ အင်ပါယာစစ်သည်များ ချမ်းဘော့ဒ်တပ်ဖွဲ့ကို မြင်လျှင်မြင်ခြင်းပင် သူတို့သတိပေးလိုက်သည်။

ပြိုင်ပွဲစတင်ရန်မှာ လေးရက်ခန့်သာလိုအပ်တော့၏။ ပြိုင်ပွဲကို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ နောက်ကျမှလာရောက်သည့်လူများသည် သစ္စာဖောက်မှုဖြင့် စွပ်စွဲခံရမည်ဖြစ်သည်။ ထို့ကြောင့်အဖွဲ့၀င်တိုင်းပြည်၂၅၀လုံးသည် သတ်မှတ်နေရာများသို့ရောက်ရှိနေကြပြီးဖြစ်သည်။ ယနေ့တွင်လည်း အရှိန်၀ါကြီးမားသည့်လူများစွာလုပ်ကြံသတ်ဖြတ်ခံထားရသဖြင့်လမ်းပါ့ဒ်တို့တပ်ဖွဲ့သည် သံသယဖြစ်ဖွယ်ပင်။ သူတို့အားစစ်ဆေးခြင်းမပြုလုပ်ရမခြင်း အင်ပါယာစစ်သည်များသည် လွှတ်ပေးလိုက်ကြမည်မဟုတ်ပေ။ ထို့ကြောင့်လမ်းပါ့ဒ်တို့တပ်ဖွဲ့ကို ၀ိုင်းလိုက်ကြ၏။

လမ်းပါ့ဒ်သည် ဤအရာကိုမြင်လိုက်ရသည့်အတွက်အံ့သြသွား၏။ သူလက်ဟန်ခြေဟန်ပြလိုက်ပြီးလူတိုင်းကို မြင်းများပေါ်မှဆင်းခိုင်းလိုက်သည်။

“ဒီကောင်တွေက လုပ်ကြံသတ်ဖြတ်သူတွေနဲ့ ဆက်နွယ်နေမယ့်ပုံပဲအကုန်ဖမ်းလိုက်ကြစမ်းကွာ...” ရုတ်တရက် ခေါင်းဆောင်ဟုယူဆရသည့်လူသည် အဆင့်မြင့်ချပ်၀တ်များနှင် အဆင့်၄မီးမှုတ်မှော်သားရဲများကိုမြင်လိုက်ရသည့်အတွက် အပိုင်သိမ်းလိုစိတ်၀င်လာတော့သည်။

ဤကဲ့သို့အဖြစ်ပျက်များသည် ယနေ့တွင်အကြိမ်ပေါင်းများစွာဖြစ်ပွားခဲ့ပြီးဖြစ်သည်။ လုပ်ကြံသတ်ဖြတ်သူများကို ဖမ်းဆီးရန်ဆိုသည်မှာ အောက်ခြေစစ်သည်များအတွက် ငွေရှာနိုင်သည့်အကြောင်းပြချက်တစ်ခုကဲ့သို့ပင် ဖြစ်နေ၏။

အင်ပါယာအတွင်းတွင် ဖြစ်ပွားနေသည့်အကျင့်ပျက်ခြစားမှုတို့မှာ အလွန်ပြင်းထန်လှသဖြင့် ဤကဲ့သို့သောအရာများသည် လူတိုင်းအတွက်ပုံမှန်ကဲ့သို့ပင်။

“နေပါဦး။ နားလည်မှုလွဲနေတာဖြစ်ရမယ်။ ငါတို့က လုပ်ကြံသတ်ဖြတ်သူတွေမဟုတ်ပါဘူး။ဒီကိုရောက်နှင့်ပြီးဖြစ်တဲ့ အဖွဲ့၀င်တိုင်းပြည်တစ်ခုက တပ်ဖွဲ့တစ်ခုပါ။” လမ်းပါ့ဒ်လျှင်မြန်စွာဖြင့်ရှင်းပြလိုက်သည်။

သို့သော် ခေါင်းဆောင်စစ်သည်မှာ လုံး၀ပင်နားထောင်ခြင်းမပြုပေ။ သူသည် စစ်သည်များကိုသာ အမြန်လုပ်ကြရန်အမိန့်ပေးလိုက်၏။ “သူတို့တွေကို တစ်ယောက်မှမလွတ်ကြစေနဲ့ကွာ။ အကုန်ဖမ်းပစ် သူတို့ရဲ့ပစ္စည်းမှန်သမျှကိုလည်းသိမ်းလိုက်။ ခုခံဖို့လုပ်တဲ့လူတွေကို ဘယ်သူမဆိုသတ်ပစ်လိုက်ကြ။”

ဤသည်ကို ကြားပြီးနောက်တွင် အင်ပါယာစစ်သည်များသည် သူတို့၏ခေါင်းဆောင်လိုချင်နေသည်ကို ရိပ်မိသွားကြ၏။ သူတို့သည် ရက်စက်စွာဖြင့်ရယ်မောလိုက်ကြပြီး ဓားများကို ဆွဲထုတ်ကာချည်းကပ်လာကြတော့သည်။

လမ်းပါ့ဒ်မျက်မှောင်ကြုံ့လိုက်သည်။ သူသည် ခေါင်းဆောင်စစ်သည်၏မျက်လုံးများကို ကြည့်လိုက်ရုံဖြင့်တစ်စုံတစ်ခုကိုနားလည်သွားပြီးဖြစ်သည်။ သူသည် ဤအခြေအနေမှ ရုံးထွက်နိုင်ရန်အတွက်နည်းလမ်းတစ်ခုကို စဥ်းစားနေခဲ့၏။

“မင်းတို့ကများ...” ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့နှစ်ယောက်လုံးဒေါသဖြစ်သွားကြသည်။ ပီးရာ့စ်ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်၏။ “ငါတို့ကအဖွဲ့၀င်တိုင်းပြည်တစ်ခုကကွ။ ဒီကိုပြိုင်ပွဲမှာ ပါ၀င်ဖို့ရောက်လာတာ။ မင်းတို့ကောင်တွေကဘယ်သူတွေမို့လို့ ငါ့တို့ကို ရာဇ၀တ်ကောင်တွေလိုဆက်ဆံနေတာလဲ...”

ခေါင်းဆောင်စစ်သည်သည်နှာခေါင်းသာရှုံ့လိုက်ပြီးမည်ကဲ့သို့မှပြန်လည်ကာ ဖြေကြားခြင်းမပြုပေ။ သူစစ်သည်များကိုသာ အမြန်လုပ်ကြရန်နိုုးဆော်လိုက်သည်။

“မင်းလုပ်လို့ရမယ်ထင်လို့လား...” ဒရော့ဂ်ဘာသည်လည်း အော်ဟစ်လိုက်သည်။

သူသည် မြင်းပေါ်မှ ပုဆိန်ကိုဆွဲယူလိုက်ပြီး အရှေ့သို့လမ်းလျှောက်လိုက်သည်။ အန္တရာယ်ရှိသည့်ခံစားချက်တစ်ခုသည် သူထံမှထွက်ပေါ်လာပြီး ချည်းကပ်လာသည့်စစ်သည်များကို ခနတာခန့်တုန့်ဆိုင်းသွားစေသည်။ သူတို့သည် ခေါင်းဆောင်စစ်သည်ကို တွန့်ဆုတ်စွာဖြင့်ကြည့်လိုက်ကြ၏။ တံခါးရွက်ကြီးကဲ့သို့ပုဆိန်ကြီးသည့်အနည်းဆုံးပေါင်း၆၀၀ခန့်အလေးချိန်ရှိသော်လည်း ဤလူ၏လက်ထဲတွင်မူ ကောက်ရိုးမျှင်လေးတစ်ခုကဲ့သို့ပင် ဖြစ်နေ၏။

“မင်းတို့ကောင်တွေက ခုခံရဲတယ်ပေါ့...” ခေါင်းဆောင်မှာ နှာခေါင်းရှုံ့ပြီးပြောလိုက်သည်။ “ဒီအချိန်မှာ စခန်းနေရာကို တပ်ဖွဲ့ကြီးသုံးခုနဲ့၀ိုင်းထာတယ်။ မင်းတို့တပ်ဖွဲ့မှာ စစ်သည်အင်အားတစ်ရာလောက်ပဲရှိတာ။ မင်းတို့ကောင်တွေက အင်ပါယာစစ်သည်တွေကို ဓားနဲ့ရွယ်ရဲတယ်ပေါ့။ မင်းတို့ကောင်တွေပြန်တိုက်ချင်ရင်တော့ တိုက်လို့ရပါတယ်။ ဒါပေမယ့် ၀ရန်းကျလာရင်တော့ မင်းတို့တွေအကုန်မီးရှို့ကွပ်မျက်ခြင်းခံရမယ်။”

လမ်းပါ့ဒ်သည်ဤအရာကိုကြားသည့်အချိန်တွင် ပို၍ပင်မျက်မှောင်ကြုံ့လိုက်သည်။ သူသည် ချမ်းဘော့ဒ်စစ်သည်များလက်သို့လှည့်လိုက်ပြီးခေါင်းရမ်းပြလိုက်၏။

သူတို့သည် တပ်ဖွဲကြီးများကိုကြောက်ရွံ့ခြင်းမရှိပေ။ သို့သော် သူတို့သည် ဖှေးအတွက် ဒုက္ခမဖြစ်စေလိုကြချေ။ သူတို့အတွက် ဖှေးကြိုးစားအားထုတ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်၏အင်အားကိုတိုးမြှင့်ခဲ့သည်မှာ ဤပြိုင်ပွဲတွင် အနိုင်ယူပြီးချမ်းဘော့ဒ်တိုင်းပြည်အတွက် အကျိုးမြတ်များစွာကိုရှာဖွေနိုင်ရန်ဖြစ်၏။ ထို့ကြောင့် သူတို့၏ ကမူးရှူးထိုးဆန်သောအပြုမူကြောင့် ဘုရင်၏အစီစဥ်များပျက်ကုန်မည်ကို မလိုလားကြချေ။

“လက်နက်တွေချပြီးတော့ အဖမ်းခံလိုက်ပါ...” လမ်းပါ့ဒ်ဆုံးဖြတ်လိုက်သည်။

ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့နှစ်ယောက်လုံးလက်နက်များကို ပစ်ချလိုက်ကြသည်။ သူတို့အလွန်ဒေါသဖြစ်နေကြ၏။ ဥပဒေပြုစစ်သည်များနှင့် သူတော်စဥ်စစ်သည်များသည်လည်း လက်နက်များကို ပစ်ချလိုက်ကြသည်။ ဤအရာကိုမြင်ပြီးသည့်နောက်တွင် အင်ပါယာစစ်သည်များသည် အမြန်ပြေးလာကြပြီးချမ်းဘော့ဒ်စစ်သည်များကို ၀ံပုလွေများကဲ့သို့ကြိုးများဖြင့်တုတ်နှောင်ကြတော့၏။ အနည်းငယ်ခုခံမိသောလူများကိုလဲရိုက်နှက်ကြသည်။ သို့သော် ချမ်းဘော့ဒ်မှလူများအားလုံးသည် စိတ်ကိုထိန်းထားကြ၏။ သူတို့၏ စိတ်ထဲတွင် ဘုရင်အတွက်အသတ်ပင်အသေခံနိုင်သူများဖြစ်သောကြောင့် အနည်းငယ်အရှက်ခွဲခံရခြင်းသည် ဘာမှမဟုတ်ဟုသာ တွေးနေကြသည်။

ခေါင်းဆောင်မှာ နှာခေါင်းရှုံကာ လမ်းလျှောက်လာ၏။ သူသည် ဒရော့ဂ်ဘာ၏မျက်နှာကို ပုတ်ကာရယ်မောလိုက်သည်။ “စောက်ပိန်း မင်းက အတော်မာနကြီးနေခဲ့တာမလား။ အခုတော့ ဘာတတ်နိုင်သေးလဲ။ ဟားဟားမင်းနောင်တရမှာပါ...သူတို့ရဲ့ချပ်၀တ်တွေကို ချွတ်လိုက်ကြစမ်းကွာ...”

အင်ပါယာစစ်သည်များသည် အမြန်ပြေးလာကြပြီး ချမ်းဘော့ဒ်စစ်သည်များ၏ချပ်၀တ်များကို ချွတ်ယူရန်ကြိုးစားကြတော့၏။ သူတို့ဤချပ်၀တ်များကို မျက်စိကျနေသည်မှာ ကြာပြီဖြစ်သည်။

“ရပ်လိုက်ကြစမ်း မင်းတို့ဓားမြတွေလား။ ဒီချပ်၀တ်တွေက ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားငါတို့ကို ပေးထားတဲ့ချပ်၀တ်တွေက ငါအသတ်ရှိနေသ၍တော့ မင်းတို့ချွတ်ယူဖို့မကြံကြနဲ့...”

ဒရော့ဂ်ဘာနှင့် သူ၏လူများသည် ဒေါသကိုမထိန်းနိုင်ကြတော့ချေ။ သူတို့သည် ချပ်၀တ်များကို ရရှိခဲ့စဥ်ကတည်းက ခရီးတစ်လျှောက်လုံးတွင် ချွတ်ခဲ့ခြင်းမရှိပေ။ သူတို့သည် ဤချပ်၀တ်များကို အလွန်နှစ်သက်ကြသဖြင့် ပုံမှန်ဆိုသလို ဆီများဖြင့်တိုက်ဆေးခြင်းများပြလုပ်ကြ၏။ သူတို့သည် ဤပြိုင်ပွဲတွင် ဘုရင်အတွက် ကြီးမြတ်မှုများကို ယူဆောင်ပေးလိုကြသည်။ ဤညစ်ပတ်သည့် အင်ပါယာစစ်သည်များသူတို့၏ချပ်၀တ်များကို လုယူကြမည်ကို လုံး၀ပင်မလိုလားကြချေ။

“ဟားဟား အဲ့လိုဆိုရင်တော့မင်းကို သတ်မှရမှာပေါ့...ဘယ်ကမှန်းမသိတဲ့ချမ်းဘော့ဒ်ဘုရင်ပေးထားတာဟုတ်လား...” ခေါင်းဆောင်မှာကျယ်လောင်စွာဖြင့်ရယ်မောလိုက်သည်။ သို့သော် သူ၏ဘေးတွင်ရှိနေသည့် စစ်သည်များမှ သူ့အားထိန်လန့်စွာဖြင့်ကြည့်နေကြသည်ကို လျှင်မြန်စွာဖြင့်သတိထာားမိလိုက်ကြ၏။ သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို သတိရလိုက်မိသည်။ အထစ်ထစ်အငေါ့ငေါ့ဖြင့်သူမေးလိုက်၏။ “ဘာ..ဘယ်သူပြောလိုက်တာလဲ ချမ်းဘော့ဒ်..ချမ်းဘော့ဒ်ဘုရင်ဟုတ်လား...”

သူသည် ပါးစပ်အဟောင်းသားဖြစ်သွား၏။

သူ၏ကြောရိုးများတွင် အေးစက်သွားပြီး သူ၏ဦးခေါင်းကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ခံစားလိုက်ရ၏။ သူသည် ထိန်းချုပ်၍မရအောင်တုန်ယဥ်လာတော့သည်။

All Chapters