← Chapters

အခန်း (၃၂၉)

Vol. 22 Ch. 329

အခန်း (၃၂၉)

Vol. 22 Ch. 329

“ဘာဒီကောင်တွေက ချမ်းဘော့ဒ်ဘုရင်လက်အောက်ကကောင်တွေလား...”

ဒီးန်မိသားစု၏ပါရမီရှင်မှော်ဆရာနှင့် ဘတ်ဂ်ဘီယွန်းဆေးတို့ ဤလူ၏လက်ချက်ကြောင့် သေခါနီးပင်ဖြစ်သွားသည်ကို ပြန်လည်စဥ်းစားမိပြီးသည့်နောက်တွင် ခေါင်းဆောင်မှာ သူ၏လည်ပင်းပေါ်တွင် ဓားတင်ထားသကဲ့သို့ အေးစက်သည့်ခံစားချက်ကို ခံစားလိုက်ရ၏။ “ပါးကွပ်သားသူရဲကောင်းတွေကိုတောင် တိုက်ခိုက်ရဲတဲ့လူကို ငါရန်သွားစလိုက်မိရင် ဘာဖြစ်သွားနိုင်လဲ...” သူတွေးလိုက်မိသည်။

“မင်း...မင်းတို့ မင်းတို့က တကယ်ပဲ ချမ်းဘော့ဒ်သားတွေလား။” ခေါင်းဆောင်ဖြစ်သူသည် တုန်ယဥ်သည့်အသံဖြင့်မေးလိုက်သည်။ သူ၏မျက်နှာပေါ်တွင်ရှိသည့် အပြုံးသည် ၀မ်းနည်းသည့် အမူရာထက်ပင် ပို၍ကြည့်ရဆိုးနေတော့၏။

လမ်းပါ့ဒ်သည်အခြေအနေရုတ်တရက်ပြောင်းလဲသွားသည့်အတွက် အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွား၏။ သို့သော် သူသည် အနည်းငယ်ခန့်မှန်းမိပြီးဖြစ်၏။ သူသည် ဤကဲ့သို့အခြေအနေများစွာကို ကြုံတွေ့ဖူးပြီးဖြစ်သည့်အတွက်ပင်။ “ဘုရင်က ထိတ်လန့်ဖွယ်တစ်ခုခုကို လုပ်ထားပြန်ပြီထင်တယ်။ ဒါကြောင့် ဒီစစ်သည်က အသေလန့်နေတာဖြစ်မယ်...”

“ဟုတ်တာပေါ့။” တုံးအသည်ဟုထင်ရသည့် ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့သည် တကယ်တန်းတွင် အကင်းပါးသူများဖြစ်ကြပြီး ကျယ်လောင်စွာဖြေလိုက်ကြသည်။

“အာ...”

သူတို့ပတ်၀န်းကျင်တွင်ရှိနေသည့် အင်ပါယာစစ်သည်များထံမှာ အာမေဍိတ်သံများထွက်ပေါ်လာတော့သည်။ သူတို့၏ခေါင်းထဲတွင် မိုးကြိုးမုန်တိုင်းတစ်ခုဖြစ်ပေါ်နေသလိုခံစားနေရ၏။ အထူးသဖြင့် ခေါင်းဆောင်စစ်သည်ပင် သူသည် မြေပြင်ပေါ်သို့လဲကျလုနီးနီးပင်။ သူသည် ပတ်၀န်းကျင်တွင်ရှိနေသည့် အင်ပါယာစစ်သည်များကို အော်ဟစ်ကာအမိန့်ပေးလိုက်သည်။ “မင်းတို့စောက်ပိန်းတွေ။ ဦးနှောက်တွေခြစားကုန်ပြီလား။ မင်းတို့ကောင်တွေ ချမ်းဘော့ဒ်ဘုရင်ရဲ့လူတွေကို ကြိုးနဲ့ချည်ရဲတယ်ပေါ့။ မင်းတို့တွေအကုန်သေချင်လို့လား။ အမြန်လုပ်ကြိုးဖြေပြီးလွှတ်ပေးလိုက်ကြကွာ...”

အော်ဟစ်ပြီးသည့်နောက်တွင် သူသည် ပြုံးပြလိုက်ပြီး လမ်းပါ့ဒ်၊ ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့အနားသို့ကပ်သွားကာ ကိုယ်တိုင်ကြိုးဖြေပေးရန်ကြိုးစားလိုက်သည်။

“အာ မလို့ပါဘူး။” ဒရော့ဂဘာသည် ကြိုးဖြေပေးရန်လာသည့်ကပ္ပတိန်၏လက်ကိုရှောင်ရှားလိုက်ကာ စိတ်ဆိုးသည့်အမူယာဖြင့်ပြောလိုက်သည်။ “ဒီလောက်ဆိုရပါပြီ၊။ လုပ်လေ မင်းငါ့ချပ်၀တ်ကို ချွတ်ယူလိုက်။ ငါအရှင်မင်းကြီးစီကို ကိုယ်လုံးတီးနဲ့သွားတာပေါ့။ ငါလဲ အရှင်မင်းကြီးကို သူ့လူတွေဘယ်လိုအဆက်ဆံခံခဲ့ရလဲဆိုတာ သိစေချင်တယ်...”

“ဟုတ်တယ် ခင်ဗျားခုနက ခြိမ်းလာခြောက်လားလုပ်နေတာမဟုတ်ဘူးလား။” ပီးရာ့စ်ဖြစ်ပျက်နေသည်များကို နားလည်သွားသည်။ သူသည် ဤအခွင့်ရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။ သူအော်ပြောလိုက်သည်။ “ညီနောင်တို့ ငါ့တို့ဘုရင်လက်ဆောင်ပေးထားတဲ့ချပ်၀တ်တွေကို ပေးလိုက်ကွာ။ ငါတို့ဘုရင်ကိုယ်တိုင်အစာကျွးထားတဲ့ ပီးတောက်သားရဲတွေကိုလဲ ပေးလိုက်ကြတော့။ ငါတို့ကောင်တွေက လုပ်ကြံသတ်ဖြတ်သူတွေမဟုတ်ဘူးလား။ ဟီးဟီး နောက်မှ ငါတို့ဘုရင်ကို လာပြန်ယူခိုင်းကြတာပေါ့။”

ဥပဒေပြုစစ်သည်များနှင့် သူတော်စဥ်စစ်သည်များသည်လည်း ဉာဏ်များသည့်ပုဂ္ဂိုလ်များပင် သူတို့သည် ဘုရင်ထံမှ သင်ယူထားကြပုံရ၏။ သူတို့သည် ဘာတွေဖြစ်နေမှန်းသေချာမသိကြသေးသော်လည်း အမိန့်အတိုင်းပင်အနီးတွင်ရှိနေသည့် စစ်သည်များကို ချပ်၀တ်များကိုအမြန်ချွတ်ယူရန်အတွက်ပြောလိုက်သည်။

အင်ပါယာစစ်သည်များသည် ကြောင်တောင်တောင်ဖြစ်ကုန်ကြသည်။

ဤသည်မှာ သူတို့အမှားပင်။ သူတို့သည် ပစ္စည်းများကို လိုချင်သည့်အတွက် လုပ်ကြံသတ်ဖြတ်သူများဟုအရင်စွပ်စွဲခဲ့မိကြခြင်းပင်။ ဤသည်မှာ သူတို့လုပ်နေကြပင်ဖြစ်ပြီး အထက်မှ ရာထူးကြီးပုဂ္ဂိုလ်များစွာသည်လည်း ဤအရာကိုမျက်ကွယ်ပြုထားကြသည်။ သို့သော် သူတို့သည် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်ကိုမတရားပြုမိပါက သူတို့သည်ချက်ချင်းပင် အပြစ်ပေးခြင်းခံရမည်ဖြစ်သည်။ ယခုအချိန်တွင်မူ သူတို့သည် ချမ်းဘော့ဒ်ဘုရင်ကို စော်ကားမိနေခြင်းဖြစ်သောကြောင့် သူတို့အားအကွပ်မျက်ပင်ခံရနိုင်၏။

စစ်သည်များသည် သူတို့၏ခေါင်းဆောင်ကို ကြည့်လိုက်ကြသည်။

ခေါင်းဆောင်မှာ ငိုချင်စိတ်ပင်ပေါက်နေ၏။

“အဲ့တာကျွန်တော့ရဲ့အမှားတွေပါ...” ခေါင်းဆောင်သည် မြေပြင်ပေါ်သို့ဒူးထောက်ကာ ထိုင်ချလိုက်ပြီး သူသည် ကွပ်မျက်ခံရနီး ရာဇ၀တ်သားတစ်ယောက်ကဲ့သို့ ကြောက်လန့်နေသည့်အမူရာဖြင့်ပြောလိုက်သည်။ “မစ်စတာတို့ ကျွန်တော်...ကျွန်တော်အဲ့လိုမလုပ်ခဲ့သင့်ပါဘူး။ ခင်ဗျားတို့ လျှော်ကြေးအနေနဲ့ဘာပဲလိုချင်ချင်ကျွန်တော်ပေးပါမယ်။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ချမ်းဘော့ဒ်ဘုရင်ကို ဒီကိစ္စပေးမသိပါနဲ့...” ခေါင်းဆောင်သည် သူ၏အိပ်ကပ်များအတွင်းသို့နှိက်ကာ ရှိသမျှပိုက်ဆံများအားလုံးကို ထုတ်ယူပြီးပြောလိုက်သည်။ သူသည် ပိုက်ဆံများကို ပေးကာအသနားခံလိုက်၏။

ဤအချိန်တွင်မူ ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များအားလုံးသည် ထိတ်လန့်အံ့သြသွားကြ၏။

“ဒီလောက်တောင်ကြောက်တာလား...” သူတို့တွေးလိုက်မိကြသည်။

“ဘုရင်က ငါတို့ဒီမှာမရှိတုန်း တစ်ခုခုများလုပ်ထားလို့လား။ မဟုတ်မှလွဲရောအရှင်မင်းကြီးက မင်းသမီးတာနာရှာနဲ့လက်ထပ်ပြီး အင်ပါယာအရှင်သခင်ယရှင်းရဲ့သမက်များဖြစ်သွာလို့လားဟ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် အင်ပါယာစစ်သည်တွေက ဘာလို့ဒီလောက်တောင်ကြောက်နေမှာလဲ...”

သူတို့မတုန့်ပြန်နိုင်သေးခင်မှာပင် အင်ပါယာစစ်သည်များအားလုံးသည်ဒူးထောက်လိုက်ကြသည်။

သူတို့သည်ဘာမှမတတ်နိုင်ကြချေ။ ချမ်းဘော့ဒ်ဘုရင်၏ရန်လိုမှုတို့မှာ ဤနေရာတစ်၀ိုက်တွင် လူသိများနေပြီဖြစ်၏။

ယနေ့တိုင်ပွဲအပြီးတွင် အင်အားစုတော်တော်များများသည် ချမ်းဘော့ဒ်ဘုရင်ကို ရန်မစသင့်သောလူစာရင်းတွင်ထည့်သွင်းပြီးဖြစ်သည်။ အင်ပါယာစစ်သည်များကိုပင် လုပ်ကြံသတ်ဖြတ်သူရှာဖွေရာတွင် ချမ်းဘော့ဒ်ဘုရင်အားအနှောင့်ယှက်မပေးရန်အတွက်အမိန့်ပေးထားပြီးဖြစ်သည်။ ဤလူများသည်သာ ချမ်းဘော့ဒ်ဘုရင်လက်အောက်မှလူများမှန်းအစကတည်းက သူတို့သိရှိပါက ဤကဲ့သို့ပြုမူမိကြလိမ့်မည်မဟုတ်ပေ။

ချမ်းဘော့ဒ်သားများသည် တစ်ယောက်နှင့်တစ်ယောက်ကြောင်တောင်တောင်ဖြင့်ကြည့်လိုက်မိကြသည်။

လမ်းပါ့ဒ်အနည်းငယ်မျက်မှောင်ကြုံ့လိုက်ပြီး စစ်သည်များဘက်သို့လှည့်လိုက်သည်။ “ကောင်းပြီလေ ဒီနေရာတင်အဆုံးသတ်ကြတာပေါ့။ ငါ့တို့တွေလမ်းတစ်လျှောက်မှာလည်း အချိန်တော်တော်များများကုန်ခဲ့ပြီးပြီ။ မစ်စတာဘရွတ်နဲ့မစ်စတာဘတ်စ်တို့ မှာလိုက်တဲ့သတင်းကိုလည်း အရှင်မင်းကြီးစီတင်ပြရဦးမယ်ဆိုတာလည်း မမေ့နဲ့ဦး။” လမ်းပါ့ဒ်သည်အခြေအနေကို ပို၍မရှုပ်ထွေးသွားစေလိုပေ။ သူသည် ဘာတွေဖြစ်ကုန်သည်ကို သေချာမသိသော်လည်း သူသည် ချမ်းဘော့ဒ်အတွက် ဒုက္ခမများစေခြင်းသည်ကောင်းသည့်အရာတစ်ခုဖြစ်ကြောင်းသိရှိသည်။ သူတို့ချမ်းဘော့ဒ်မှ မထွက်ခွာမှီမှာလည်း ဘတ်စ်နင့် ဘရွတ်တို့သည် ကစဥ့်ကလျားခေတ်အတွင်းသို့စတင်၀င်ရောက်တော့မည်ဖြစ်ကြောင်းကို ပြောခဲ့သည်။ ထို့ကြောင့် အေးအေးဆေးဆေးနေခြင်းသည် ရှင်သန်နိုင်ရန်အတွက်အခွင့်ရေးတစ်ခုပင်။

“ဟုတ်ကဲ့ပါ ကျွန်တော်တို့ဒီကောင်တွေကို ဒီတစ်ခါတော့သက်ညှာပေးလိုက်မယ်...” တပ်ဖွဲ့ထဲတွင်ရှိနေသည့် လူတိုင်းသည် လမ်းပါ့ဒ်၏အမိန့်ကို နားထောင်လိုက်ကြသည်။

“ဖုန်း ဖုန်း ဖုန်း...”

ဆူညံသံများစွာထွက်ပေါ်လာရင်းဖြင့် ချမ်းဘော့ဒ်မှစစ်သည်များ သူတို့၏ကြွက်သားများကို လှုပ်ရှားလိုက်ကြ၏။ သိပ်ပြီးအားစိုက်ခြင်းမပြုပဲပင် သူတို့အားချည်နှောင်ထားသည့်ကြိုးများမှာ ပြတ်တောက်ကုန်ကြတော့သည်။

ဤသည်ကို မြင်ပြီးသည့်နောက်တွင် အင်ပါယာစစ်သည်များနှင့် သူတို့၏ခေါင်းဆောင်သည် ပို၍ပင်ကြောက်ရွံ့သွားကြ၏။ ဤကြိုးများကို နတ်ဆိုးသားရဲ၏တစ်ရှူးများဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး အလွန်အစွမ်းထက်သည့် လုပ်ကြံသတ်ဖြတ်သူများကို ချည်နှောင်ရန်အတွက် စီစဥ်ထားခြင်းပင်။ ကြိုးများကို ဓားဖြင့်ပိုင်းဖြတ်ရန်ပင် ခက်ခဲလှသည်။ သို့သော်လည်း သူတို့၏မျက်စိရှေ့တွင်ရှိသည့်လူများသည် ခွန်အားကိုသာအသုံးပြုပြီးပိုင်းဖြတ်ပြလိုက်သည်။ “ဘုရားရေ သူတို့က ဘယ်သူတွေလဲ လူသားအရေခြုံထားတဲ့ သားရဲကောင်တွေများလား...” သူတို့တွေးလိုက်မိကြ၏။ “သူတို့ဘုရင်က အစွမ်းထက်တော့ သူ့ရဲ့လူတွေကလဲ မခေပါ့လား...”

ခေါင်းဆောင်ထံမှ ပိုက်ဆံများယူပြီးသည့်နောက်တွင် ဒရော့ဂ်ဘာသည် ရေတွက်ကာ သူ၏အိတ်ကပ်အတွင်းသို့ထည့်လိုက်၏။ ထို့နောက်တွင် တစ်ခြားဥပဒေပြုအရာရှိများနှင့်အတူ ကျန်ရှိနေသည့် စစ်သည်များ၏အိတ်ကပ်များအတွင်းမှ လိုက်လံရှာဖွေကြသည်။ ရှိသမျှငွေများကို သိမ်းပိုက်ပြီးသည့်နောက်တွင် သူတို့သည် မီးမှုတ်သားရဲများပေါ်သို့ခုန်တက်ကာ ချမ်းဘော့ဒ်စခန်းရှိရာထံသို့ထွက်ခွာသွားကြတော့သည်။

ယခုအချိန်မှသာ အင်ပါယာစစ်သည်များနှင့် သူတို့၏ခေါင်းဆောင်များသက်ပြင်းချလိုက်နိင်တော့၏။

နောက်ဆုံးတွင်...

သူတို့၏ဗလာကျင်းနေသည့် အိတ်ကပ်များကိုကြည့်ရင်းဖြင့်ခေါင်းဆောင်နှင့် စစ်သည်များငိုချင်စိတ်ပင်ပေါက်လာတော့သည်။ “သေစမ်း ဒီချမ်းဘော့ဒ်သားတွေ။ ဘာလို့ဒီလောက်တောင် လောဘကြီးကြရတာလဲ...” သူတို့အားလုံးတွေးလိုက်မိကြ၏။ သူတို့အားလုံး၏အိတ်ကပ်များအနှိက်ခံလိုက်ရခြင်းဖြစ်ပြီး တစ်ပြားမှပင်ကျန်ခဲ့ခြင်းမရှိပေ။

.....

.....

ချမ်းဘော့ဒ်စခန်းနှင့် နီးကပ်လာသည့်အချိန်တွင် လမ်းပါ့ဒ်ဂိတ်တံခါး၀တွင်စောင့်နေသည့် ဖှေး၊ ပီတာနှင့် အိုလတ်ဂ်တို့ကို မြင်လိုက်ရ၏။

“အရှင်မင်းကြီး..” လူတိုင်းမြင်းများပေါ်မှ ခုန်ဆင်းကာသူတို့၏ဘုရင်ကို အလေးပြလိုက်ကြ၏။

“ဟာဟား အခုတော့ ငါတို့တွေလူစုံသွားပြီပေါ့...” ဖှေးရယ်မောကာ သူ၏လူများကို လက်ဟန်ခြေဟန်ပြကာ သက်သာပေးလိုက်သည်။ သူတစ်ချက်ကြည့်လိုက်ပြီး အများစုမှာ စွမ်းအားများတိုးတတ်လာခဲ့ကြသည်ကို သတိထားလိုက်မိ၏။ လမ်းပါ့ဒ်သည် ယခုအချိန်တွင် လျှပ်စစ်ဂုဏ်သတ္တိစွမ်းအင်အသုံးပြု ကြယ်ငါးလုံးအလယ်လတ်အဆင့်စစ်သည်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူ၏ကျင့်ကြံနှုန်းမှာ အလွန်မြန်ဆန်လှသဖြင့် သူသည် ယခင်ကတည်းက လျှပ်စစ်စွမ်းအင်ကို ပိုင်ဆိုင်ခဲ့ဖူးသည့်အတိုင်းပင်။ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့နှစ်ယောက်လုံးသည်လည်း ကြယ်သုံးလုံးအဆင့်စစ်သည်များဖြစ်ကုန်ကြပြီဖြစ်သည်။ ကျန်ရှိနေသည့် စစ်သည်များသည်လည်း များစွာသန်မာလာခဲ့သည်။

“ဒါတွေကလဲ ချမ်းဘော့ဒ်သားတွေပဲလား။ ဒီမျက်နှာသစ်တွေကလည်းအတော်သန်မာတဲ့ပုံပဲ...”

“စစ်ကူတွေလား အံ့သြစရာပဲ။ အဆင့်၆အဖွဲ့၀င်တိုင်းပြည်ငယ်လေးတစ်ခုမှာ ဘယ်လိုလုပ်ပြီးတော့ စွမ်းအားမြင့်စစ်သည်တွေအများကြီးရှိနေရတာလဲ။ ဓားအနက်ကြီးအနောက်မှာလွယ်ထားတဲ့ ဆံပင်အနီရောင်နဲ့လူက အတော်အစွမ်းထက်တဲ့ပုံပဲ။ ငါတောင်ခန့်မှန်းလို့မရဘူး။”

“ချမ်းဘော့ဒ်တိုင်းပြည်က လူတစ်ယောက်ခြင်းတိုက်ပွဲတွေကိုပဲနိုင်နိုင်မယ်လို့ငါထင်ခဲ့တာ သူတို့မှာ ဘုရင်ကအစွမ်းထက်တဲ့အပြင်ကို စွမ်းအားကြီးစစ်သည်တွေများစွာလဲရှိနေတဲ့ပုံပဲ။ ဒီတစ်ခေါက်ပြိုင်ပွဲက ကြီးမားတဲ့တစ်စုံတစ်ခုရဲ့အစပဲဖြစ်မယ်။ အဆင့်၁အဖွဲ့၀င်နိုင်ငံတွေက အရာအားလုံးကို ထိန်းချုပ်နိုင်မှာမဟုတ်တော့ဘူး။ စိတ်၀င်စားစရာပဲ ဟားဟား...”

အနီးပတ်၀န်းကျင်တွင်ရှိနေသည့်တိုင်းပြည်များသည်လည်း ဤအရာကိုသတိထားလိုက်မိကြပြီး ချမ်းဘော့ဒ်တိုင်းပြည်၏အင်အားကို ထိတ်လန့်သွားကြတော့၏။

လျှင်မြန်စွာပင် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်ကူများရောက်ရှိလာပြီး အဆင့်မြင့်သိုင်းဆရာစစ်သည်များထက်မံရောက်ရျိလာသည့်သတင်းသည် စခန်းချရာနေရာတစ်၀ိုက်တွင် ပျံ့နှံ့သွားတော့၏။ ဤကဲ့သို့ရုတ်တရက်အပြောင်းလဲသည် လူပေါင်းများစွာကို အံ့သြသွားစေသည်။ လူအများစုသည် ပုန်းကွယ်နေခဲ့သည့်သားရဲတစ်ကောင်သည် အစွယ်များဖြဲပြနေသည်ကို သတိထားမိနေပြဖြစ်၏။

All Chapters