← Chapters

အခန်း (၃၃၀)

Vol. 22 Ch. 330

အခန်း (၃၃၀)

Vol. 22 Ch. 330

ဤညတွင် ကြီးမားသည့် အောင်ပွဲခံပါတီတစ်ခုကျင်းပနေ၏။

မီးပုံသည်ကောင်းကင်ကို ထွန်းလင်းစေသည်အထိတောက်ပလျှက်ရှိ၏။ မင်းသားနှစ်ပါးထုတ်ပြန်ထားသည့်ညမထွက်ရအမိန့်ကြောင့် လမ်းများတွင်လူရှင်းနေသော်လည်း စခန်းအတွင်းတွင် ဆူညံစည်ကားလျှက်ရှိ၏။ မီးပုံများ၊ ၀ိုင်ယမကာများ၊ အသားကင်များ၊ ဂီတသံများ၊ နပန်းပွဲများဖြင့် ချမ်းဘော့ဒ်သားများသည် သူတို့၏စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ကို လွတ်လပ်စွာဖြင့်ထုတ်ပြနေကြသည်။

ဘိုင်ဇန်တိုင်းဘုရင်ငယ်နှင့် သူ၏ဇနီးလောင်းတို့နှစ်ယောက်လုံးသည် ပါတီပွဲတွင်ရောက်ရှိနေကြ၏။ သူတို့ယနေ့နေ့လည်တွင် အလည်လာခဲ့စဥ်က အန်ဂျယ်လာမှ သူတို့နှစ်ယောက်လုံးကို ဖိတ်ကြားခဲ့ခြင်းပင်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးညမထွက်ရအချိန်မတိုင်မှီတွင် အမှီရောက်ရှိလာကြသည်။ သို့သော် အမိန့်ကြောင့် ချမ်းဘော့ဒ်စခန်းတွင်သာညဘက်ရှိနေကြရ၏။

ယနေ့ဓားကွင်းတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအပြီးတွင် လူတော်တော်များများသည် ဘိုင်ဇန်တိုင်းနှင့် ချမ်းဘော့ဒ်တို့ကြားထဲတွင်ရှိနေသည့်ရင်းနှီးသည့်ဆက်ဆံရေးကို သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ဤပါတီပွဲတွင် ကွန်စတန်တိုင်းနှင့် သူ၏ဇနီးလောင်းကို တွေ့ရသည်မှာ သိပ်ပြီးမထူးဆန်းတော့ပေ။

သို့သော် အံ့သြစွာပင် ပါတီပွဲသို့ရောက်ရှိလာသည့်လူတစ်ချို့လဲရှိနေ၏။

လူတော်တော်များများမှာ ချမ်းဘော့ဒ်နှင့်ကောင်းမွန်သောဆက်ဆံရေးရရှိရန်ဆန္ဒရှိကြသည့် အဖွဲ့၀င်တိုင်းပြည်များ၊ အရှိန်၀ါကြီးမားသည့်အဖွဲ့စည်းများမှဖြစ်ကြသည်။ သူတို့သည်လည်း နေ့လည်ခင်းကတည်းကရောက်ရှိနေကြခြင်းဖြစ်ပြီး သူတို့ယူဆောင်လာသည့်လက်ဆောင်ပစ္စည်းများသည် ချမ်းဘော့ဒ်စခန်းထဲတွင် တောင်ကဲ့သို့ပုံနေလျှက်ရှိ၏။ သို့သော် ဖှေးသည် နေ့လည်အချိန်တွင် လုပ်ကြံခြင်းခံရသဖြင့် နေ့လည်တွင်မရှိသည့်အတွက် သူတို့သည်ပိုက်ဆံမြောက်များစွာပေးပြီးညဘက်သွားလာခွင့်ရရန်ဆောင်ရွက်အပြီးမှ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

"စစ်ပွဲနတ်ဘုရားအတွက် ချီးယားစ်..." လူများခွက်များကို ကိုင်မြောက်လိုက်ကြသည်။

"ချမ်းဘော့ဒ်ဘုရင်အတွက် ချီးယားစ်။ အရှင့်ကို အဖွဲ့၀င်တိုင်းပြည်တွေထဲမှာ နံပါတ်၁ဘုရင်လို့ခေါ်ရင်လွန်ရာမကျပါဘူး။ နောက်ပြီးအရှင်က အနာဂတ်မှာ နံပါတ်၁စစ်သည်တစ်ယောက်ဖြစ်လာနိုင်တဲ့လူပဲ။ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာဖြစ်ဖို့ဆိုတာက အရှင့်အတွက်မဖြစ်နိုင်တဲ့အိမ်မက်တစ်ခုမဟုတ်တော့ဘူး..." ကောင်းမွန်စွာ၀တ်စားထားသည့် ဆွေကြီးမျိုးကြီးတစ်ယောက်သည် ၀ိုင်ခွက်ကို ကိုင်မြှောက်ကာ ဂုဏ်ပြုပေးလိုက်သည်။ ချက်ချင်းပင် သူ၏ဘေးတွင်ရှိနေသည့် လူများသည်လည်း ၀ိုင်ခွက်များကို ကိုင်မြှောက်ကာ ချီးယားစ်လိုက်ကြ၏။

ထို့နောက်တွင် သူတို့အားလုံးဖှေးကိုကြည့်လိုက်ကြသည်။

"စစ်ပွဲနတ်ဘုရားနဲ့ ကျွန်တော်တို့ရဲ့ခင်မင်ရင်းနှီးမှုအတွက် ချီးယားစ်..." ဖှေးတုန့်ပြန်လိုက်ကာ သူ၏လက်ထဲမှ၀ိုင်ခွက်ကို မော့သောက်လိုက်၏။

ယနေ့လူပေါင်းများစွာရှေ့တွင် ဒီးန်မိသားစုနှင့် ဘတ်ဂ်မိသားစုတို့ကိုအရှက်ခွဲခဲ့သည့်အတွက် ဖှေးကိုလူပေါင်းများစွာမှ ရှိန်နေခဲ့ကြ၏။ သို့သော် ယခုအချိန်တွင်မူသူတို့အားလုံး ဖှေးသည်လည်း ယဥ်ကျေးပျူငှာတတ်သည့်အတွက် ပို၍စိတ်သက်သာလာကြပြီးဖြစ်သည်။

မကြာမှီတွင် ပါတီပွဲမှာ အရှိန်အမြင့်ဆုံးရောက်ရှိလာတော့သည်။

ဧည့်သည်များအားလုံးသည်ဤအခွင့်ရေးကို ဖှေးအားလက်ဆောင်များပေးရန်အတွက်အသုံးချကြ၏။ သူတို့သည် ဖှေးနှင့် စကားပြောကာ သူတို့၏သက်ဆိုင်ရာဆရာများ၏ ခင်မင်ရင်းနီးလိုသည့်ဆန္ဒကို ပြောကြားကြသည်။

ဖှေးလည်း ဤလူများနှင့် ဖော်ရွေစွာပြန်လည်စကားပြောလျှက်ရှိ၏။ ပါတီပွဲအတွင်းတွင် သူပြသခဲ့သည် ကမူးရူးထိုးအပြုမူမှာ ယခုအချိန်တွင် မြင်နိုင်ခြင်းမရှိတော့ပေ။ သူသည် အမဲရောင်၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားသည်။ အန်ဂျယ်လာသည်လည်းအဖြူရောင်၀တ်စုံတစ်ခုကို ၀တ်ထားပြီး ဖှေး၏ဘေးတွင်ရှိနေ၏။ သူတို့ကို ကြည့်ရသည်မှာ လိုက်ဖက်လှ၏။

ချမ်းဘော့ဒ်တပ်ဖွဲ့ထဲတွင်ရှိနေသည့် လူများစွာသည်လည်း အဖားခံနေကြရ၏။

ပီတာ၊ လမ်းပါ့ဒ်၊ ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ အိုလတ်ဂ်နှင့် ပီးရာ့စ်တို့၏ဘေးတွင် လူများ၀န်းရံလျှက်ရှိပြီး လေးစားမှုများကို ပြသကာသူတို့ကိုလည်းလက်ဆောင်များဆက်သနေကြ၏။ သူတို့၏ဘုရင်ကဲ့သို့ပင် လက်ဆောင်များကို တွန့်ဆုန်ခြင်းမရှိပဲ အကုန်လက်ခံလျှက်ရှိကြသည်။ ရေပူစမ်းမြို့တော်မှ မိဘမဲ့ကလေးလေးယောက်သည်လည်း ကောင်းမွန်စွာဆက်ဆံခြင်းခံနေကြရ၏။ သူတို့သည် စွမ်းအားသိပ်မရှိသေးပဲ တိုင်းပြည်ထဲတွင် ရာထူးကြီးကြီးမားမားလက်ခံထားခြင်းမရှိသော်လည်း သူတို့သည် ဘုရင်၏တပည့်များပင်။ တကယ်တန်းတွင် သူတို့သည် ဧည့်သည်များစကားအပြောလိုဆုံးလူများဖြစ်လာကြ၏။ ကလေးများနှင့်ရင်းနှီးအောင်ဆက်ဆံရသည်မှာ ပို၍လွယ်ကူသောကြောင့်ပင်။

"အရှင်မင်းကြီးစိတ်မရှိပါနဲ့ ကျွန်တော်ခုနက လျှောက်တင်ဖို့တစ်ခုမေ့ခဲ့လို့ပါ။" ဖှေးပြန်ထိုင်လိုက်သည်ကို တွေ့သည့်အခါတွင် ဇိုလာရစ်သည်ဖှေးထံသို့လမ်းလျှောက်လာကာ အနားသို့ကပ်ပြောလိုက်သည်။

ဖှေးသူ၏လက်ကို ၀ှေ့ရမ်းလိုက်ရာ မမြင်နိုင်သည့်စွမ်းအားတစ်ခုသည် သူနှင့် ဇိုလာရစ်တို့နှစ်ယောက်ကို ၀န်းရံလိုက်သည်။ သူတို့နှစ်ယောက်စကားပြောသံကို ပြင်ပမှလူများကြားနိုင်ခြင်းမရှိတော့ပေ။

"ဘာပြောချင်လို့လဲ..."

ဖှေး ဇိုလာရစ်ကို သူ၏ဘေးတွင်ထိုင်ရန်လက်ဟန်ခြေဟန်ဖြင့်ပြလိုက်၏။ ဤတစ်ကြိမ်တွင် ဇိုလာရစ်လျှောက်တင်ရန်ကိစ္စမှာအရေးကြီးပုံရသည်။

"အရှင်မင်းကြီးတို့တိုက်ပွဲပြီး ၁၅မိနစ်လောက်နေတော့ မိုရိုတောင်တန်းတွေစီကနေ မိုးချိန်းသံလိုလိုတွေကြားလိုက်ရတယ်။ တစ်ချို့လူတွေပြောတာက သူတို့တွေလုံး၀မယုံနိုင်စရာကောင်းတဲ့အရာတွေကို မြင်လိုက်ရတယ်တဲ့။ တစ်ချို့တောင်တွေက ပြိုကျပြီးပျောက်ကွယ်ကုန်ကြတယ်။ မိုရိုတောင်တန်းတွေကနေကြီးမားတဲ့စွမ်းအင်အရှိန်၀ါတွေလဲ ထွက်လာတယ်လို့လူတွေပြောနေကြတယ်။ အဲ့စွမ်းအင်လယ်ဗယ်က ကြယ့်အဆင့်ထက်ကျော်တဲ့စွမ်းအင်တွေဆိုတော့ ထိပ်တန်းမှော်သားရဲနှစ်ကောင်တိုက်ခိုက်နေကြတာမဟုတ်ဘူးဆိုရင်တော့ သိုင်းဆရာတွေပဲဖြစ်ရမယ်...ဆူညံသံတွေက မငြိမ်သက်ခင် ၁၅မိနစ်လောက်ကြာပြီးမှငြိမ်သက်သွားတယ်။ အကြောင်းပြချက်တစ်ချို့ကြောင့် ဇီးနစ်အင်ပါယာက အမြန်လှုပ်ရှားပြီးသွားပြီ။ အဲ့နေရာတစ်ခုလုံးကို လော့ခ်ဒေါင်းချထားပြီးတော့ အကြွင်းကျန်စွမ်းအင်တွေမပြန့်အောင်ကြီးမားတဲ့မှော်အစီရင်တွေကို လည်းဘေးပတ်ပတ်လည်မှာ ချထားတယ်။ စခန်းချနေရာမှာ လူတော်တော်များများပြေနေတာက လအဆင့်ရှိတဲ့လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို သူတော်စဥ်သိုင်းဆရာခါဆစ်က ရှာဖွေသတ်ဖြတ်ပစ်လိုက်တာတဲ့..."

ဤသတင်းသည် ဖှေးကို များစွာအံ့သြသွားစေခဲ့သည်။

.....

.....

သန်းခေါင်းရံအချိန်ဖြစ်ပြီး ကောင်းကင်လည်တွင် လမင်းကြီးမှာတောက်ပလျှက်ရှိသည်။

စခန်းချနေရာတစ်ခုလုံးမှပင်ကြားနိုင်လောက်အောင်ကျယ်လောင်သည့် ပါတီပွဲမှာလည်းအဆုံးသတ်သွားပြီဖြစ်သည်။

လူများအနားယူကာ အိပ်စက်နေကြပြီဖြစ်၏။

စခန်းချနေရာတစ်ခုလုံးတိတ်ဆိတ်နေပြီး လရောင်သည်တိုက်ပေါ်တွင်တောက်ပလျှက်ရှိသည်။ ကြားနိုင်ရသည့်တစ်ခုတည်းသောအသံမှာ လေထဲတွင် တဖျတ်ဖျတ် လွှင့်ပျံနေသည့်အလံရွက်များပင်။

ဤအချိန်တွင်

အရိပ်တစ်ခုသည် အလည်တွင်ရှိနေသည့်တဲအတွင်းမှ ရုတ်တရက်ထွက်ခွာလာပြီး မိုရိုတောင်တန်းများထံသို့ဦးတည်သွား၏။

ဤလူသည် အလွန်ပေါ့ပါးကာလျှင်မြန်လွန်းလှသဖြင့် မည်သည့်ဆူညံသံမှပင်ထွက်ပေါ်လာခဲ့ခြင်းမရှိပေ။ ညအမှောင်၏ဖုံးကွယ်မှုအောက်တွင် စခန်းချနေရာတစ်၀ိုက်၌ကင်းလှည့်နေကြသည့် အင်ပါယာစစ်သည်များသူ့ကိုသတိထားလိုက်မိခြင်းမရှိကြချေ။ ငါးမိနှစ်အတွင်းမှာပင် ထိုလူသည် ကင်းစောင့်များအားလုံးကိုရှောင်တိန်းကာမိုရိုတောင်တန်းများထံသို့ရောက်ရှိသွား၏။

မိနစ်နှစ်ဆယ်ခန့်ကြာသည့်အချိန်တွင်--

"ဒီမှာပဲဖြစ်ရမယ်။ ငါစွမ်းအင်အရှိန်၀ါတစ်ချို့ကို အာရုံခံမိနေပြီ။ အမ် ဒါက တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာများလား..." တောင်ထပ်တစ်ခုပေါ်တွင်ရပ်နေရင်းဖြင့် ဖှေးအ၀ေးသို့လှမ်းကြည့်လိုက်၏။

သူမြင်နေရသည်မှာ ၅ကီလိုမီတာခန့်ကျယ်၀န်းသည့်မြေကျဥ်းကြီးတစ်ခုပင်။ အရွယ်စားမျိုးစုံရှိသည့် ကျောက်တုံးများသည် ကျင်းထဲတွင်ရှိနေကြ၏။ ထင်ရှားစွာပင် ဤကျောက်စများသည် တောင်၏အစိတ်ပိုင်းများပင်။ အနီးကပ်ကြည့်ရှုလိုက်သည့်အချိန်တွင် ဖှေးကျင်းထဲတွင် သဲကဲ့သို့ဖုန်မှုန့်များရှိနေသည်ကို တွေ့လိုက်ရ၏။ ဤသည်မှာ ကြီးမားသည့်စွမ်းအင်များကြောင့် ကြေမွသွားခဲ့ရသည့်ကျောက်တုံးများပင်။ ဤသည်မှာ သိုင်းဆရာများ၏တိုက်ပွဲကြောင့်ဖြစ်လာပြီး နတ်ဆိုးသားရဲများတိုက်ပွဲမဟုတ်မှန်းပြောနိုင်၏။

"ဟာ..." ဖှေးပါးစပ်အဟောင်းသားဖြစ်သွား၏။ "၅ကီလိုမီတာလောက်အကျယ်၀န်းရှိတဲ့တောင်တန်းတစ်ခုကိုဖျက်ဆီးပစ်တယ်ဆိုတာ ကြယ်အဆင့်စစ်သည်တွေလုပ်နိုင်တဲ့အရမဟုတ်ဘူး။ လအဆင့်စစ်သည်တွေပဲဖြစ်ရမယ်...ဒါပေမယ့် လသစ်လားလဆန်းလားလခြမ်းလားလပြည့်လားဆိုတာကို တော့ပြောနိုင်ဖို့ခက်ခဲလိမ့်မယ်။"

ဖှေးဤလအဆင့်စစ်သည်များသည် မည်သူများဖြစ်သည်ကိုမူမသေချာသေးပေ။ သို့သော် သူတစ်နည်းနည်းဖြင့် သူ့အားလုပ်ကြံရန်ကြိုးစားခဲ့သည့် သိုင်းဆရာအကြောင်းကို သတိရသွား၏။ ဖှေး၏မသိစိတ်အရ တိုက်ခိုက်ခဲ့သည့်လူနှစ်ယောက်ထဲမှတစ်ယောက်သည် ထိုလူဖြစ်သည်ကို သိရှိနေ၏။

"ငါအနားကိုသွားကြည့်မှရမယ်..."

ဖှေးဤကိစ္စ၏အဖြေကို သိရှိလိုသည်။ ထို့ကြောင့် သူကျင်းကြီးထံသို့ပြေးသွား၏။ သူသည် သက်လုံဆေးပုလင်းကို သောက်ထားသည့်အတွက် သူ၏အမြန်နှုန်းသည်သာမန်ထက်ပိုကာ မြန်ဆန်လျှက်ရှိသည်။

"အမ် ခန မှော်အစီရင်ကြီးပဲ..."

ဖှေး၏မျက်နှာအမူယာသည်ပြောင်းလဲသွား၏။

သူ၏အရှေ့တွင် မှော်စွမ်းအင်များတောက်ပနေသည်ကို အာရုံခံလိုက်မိသောကြောင့်ပင်။ မှော်စွမ်းအင်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသဖြင့် အာကာသတွင်းနက်ကြီးတစ်ခုကဲ့သို့ပင်။ မှော်စွမ်းအင်သည် လည်ပတ်လိုက်ပြီး သူ၏ရှေ့တွင်ရှိနေသည့်အရာမှန်သမျှသည် အပိုင်းပိုင်းဖြစ်သွား၏။ ဖှေး၏လယ်ဗယ်၃၆လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်သည် ဤစွမ်းအင်ကို မရင်ဆိုင်နိုင်သေးပေ။ သူအမြန်နောက်ပြန်ဆုတ်လိုက်မိသည့်အတွက်ကြောင့်သာ သေဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်၏။

"ဖုန်း ဖုန်း ဖုန်း..."

မီးဂုဏ်သတ္တိစွမ်းအင်များပေါက်ကွဲလာတော့သည်။ ဖှေးခြေဖြင့်နင်းလိုက်သည့် ကျောက်တုံးများသည့် မီးတောက်များစွဲလောင်သွားပြီး ချော်ရည်များအဖြစ်သို့ပြောင်းလဲသွားတော့၏။

ဖှေး၂၀မီတာခန့်၀ေးသည့်နေရာတွင် ရပ်နေရင်းဖြင့်သူ၏ရင်ဘက်ကို လက်ဖြင့်ဖိလိုက်၏။ သူ၏တုန့်ပြန်မှုသာလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်ပြောင်းလဲထားသည့်အတွက် မမြန်ဆန်ခဲ့ပါက သူသည်လည်းချော်ရည်များအဖြစ်သို့ပင် ပြောင်းလဲသွားတော့မည်ဖြစ်၏။

ထိုမီးတောက်များကပင် ကြယ်ခြောက်လုံးစစ်သည်တစ်ယောက်ထက်များစွာပိုအစွမ်းထက်နေပြီဖြစ်သောကြောင့်ပင်။

All Chapters