← Chapters

အခန်း (၃၃၁)

Vol. 23 Ch. 331

အခန်း (၃၃၁)

Vol. 23 Ch. 331

ဖှေးချက်ချင်းပင် ပို၍သိချင်သွား၏။ ဤမှော်အစီရင်များကို ဇီးနစ်အင်ပါယာ၏အဆင့်မြင့်မှော်ဆရာတစ်ယောက်ယောက်စီရင်ထားမှန်း သူရိပ်မိလိုက်၏။

ဖှေး မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး မှော်အစီရင်တစ်ခုနေရာချထားသည့်နေရာအနီးသို့လမ်းလျှောက်သွား၏။ ထို့နောက်တွင် သူ၏မျက်လုံးများကို မှိတ်လိုက်ကာ လေထဲတွင်ရှိနေသည့် မှော်စွမ်းအင်များကို အာရုံခံနိုင်ရန်အတွက် ကြိုးစားကြည့်လိုက်သည်။

အဆင့်၇စုံလိုက်ပစ္စည်းဖြစ်သည့် အာကိန်၏လှည့်စားမှုများ တိုးမြှင့်မှုကြောင့် ဖှေး၏မှော်ဆရာဇာတ်ကောင်မှာ ယခုအချိန်တွင် လယ်ဗယ်၃၉သို့ရောက်ရှိနေပြီဖြစ်၏။ လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်နီးနီးပင် စွမ်းအားမြင့်မား၏။ ဤဇာတ်ကောင်အနေဖြင့် ဖေး၏မီးစွမ်းအင်၊ ရေစွမ်းအင်နှင့် လျှပ်စီးစွမ်းအင်တို့အပေါ်တွင်အာရုံခံနိုင်မှုမှာ ဤကမ္ဘာပေါ်တွင်ရှိသည့် ပါရမီရှင်မှော်ဆရာများထက် များစွာပို၍ပင်မြင့်မားသည်။ အထူးသဖြင့် အပြင်ကမ္ယာနှင့် ဒိုင်ယာဘလိုကမ္ဘာတို့ကြားတွင်ရှိသည့်မှော်ပညာဆက်နွယ်ချက်ကို အဖိုးကြီးကိန်းမှ ရှာဖွေတွေ့ရှိသွားသည့်အချိန်တွင်ဖြစ်၏။ ဖှေး၏မှော်အစီရင်များအပေါ်တွင်နားလည်မှုမှာ ပရော်ဖက်ရှင်နယ်တစ်ယောက်နီးနီးပင်မြင့်မားနေပြီဖြစ်သည်။ သူသည် အာကာရာနှင့် ကိန်းတို့ထံမှမြောက်များစွာသင်ယူထားသည့်အတွက်ကြောင့်ပင်။

မြင့်မားသည့်အာရုံခံနိုင်မှုနှင့် ပရော်ဖက်ရှင်နယ်အဆင့်ရှိ နားလည်ကျွမ်း၀င်မှုတို့ဖြင့် ဖှေးသည် မီးစွမ်းအင်မှော်အစီရင်ကို အာရုံခံကြည့်ရင်းဖြင့်မည်ကဲ့သို့တည်ဆောက်ထားသည်ကို စဥ်းစားကြည့်နေ၏။

“ဒါကကြယ်ခြောက်လုံးအဆင့် ခုခံမှုမှော်အစီရင်တစ်ခုပဲ...ဒီမှာ မှော်လမ်းကြောင်း၄၅ခု..အမ် မဟုတ်သေးပါဘူး မှော်လမ်းကြောင်း ၄၇ခုပါ၀င်တာပဲ။ အတော်ကျွမ်းကျင်တဲ့အစီရင်တစ်ခုပဲ။ ငါတောင်လှည့်စားခံလိုက်ရတော့မလို့။”

ဖှေးအံ့သြသွားကာ မှော်အစီရင်ကို နီးကပ်စွာဖြင့်လေ့လာကြည့်လိုက်သည်။ ဤမှော်အစီရင်ကို ဖန်တီးခဲ့သည့်လူမှာ နောက်အဆင့်တစ်ခုတွင်တည်ရှိနေသည်မှာ သေချာ၏။

ဖှေးသည် မှော်အစီရင်ကို နားလည်နိုင်ခဲ့သော်လည်း သူ၏လက်ရှိအစွမ်းများဖြင့် ဤကဲ့သို့မှော်အစီရင်မျိုးကို ဖန်တီးနိုင်ခြင်းမရှိသေးပေ။

နားလည်ခြင်းနှင့်ဖန်တီးခြင်းတို့သည် မတူညီသည့်အရာနှစ်ခုဖြစ်သောကြောင့်ပင်။

“အမ်..နောက်ထပ်မှော်အစီရင်တွေလဲရှိနေသေးတာပဲ။ တစ်ခု...နှစ်ခု...ငါးခု...ဆယ်ခု။ မတူညီတဲ့စွမ်းအင်ဂုဏ်သတ္တိတွေရှိတဲ့မှော်အစီရင် ၁၅ခုတောင်ပါလား။ နောက်ပြီး ဒီနေရာကို လုံး၀ကာရံထားကြတယ်။ ဒီမှော်အစီရင်တွေအားလုံးကိုလုပ်ဖို့ဆိုရင် ကြယ်ခြောက်လုံးအဆင့်မှော်ဆရာအနည်းဆုံးခြောက်ယောက်နဲ့ မှော်တလင်းကျောက်တွေလဲအများကြီးလိုအပ်မှာပဲ။ ဒီလိုဆို အင်ပါယာက ဘာလို့ဒီလောက်တောင်အကုန်ကျခံပြီး ဒီနေရာကို တားမြစ်ထားချင်နေတာလဲ။ သူတို့တစ်ယောက်ယောက်က တစ်ခုခုကို တွေ့ရှိသွားမှာကိုများစိုးရိမ်နေလို့လား။”

ဖှေး ချက်ချင်းပင် အကြောင်းရာများစွာကိုတွေးလိုက်မိသည်။

“ဒီတိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ လျို့၀ှက်ချက်တွေများရှိနေလို့လား...” သူတွေးလိုက်မိ၏။

ဖှေးပို၍ရှာဖွေနိုင်ရန်အတွက် ဤနေရာသို့ရောက်အောင်၀င်ရလိမ့်မည်ဟုခံစားလိုက်မိသည်။

ဤနေရာတွင်တစ်ခြားအကာရံများရှိမနေသည်မှာ ကံကောင်းသည်ဟုဆိုရမည်။ ဤနေရာကို တားမြစ်ပိတ်ပင်ရန်အတွက် တာ၀န်ရှိသည့်လူသည် မှော်အစီရင်များဖြင့်သာလုံလောက်ပြီဟုယူဆခဲ့ပုံရသည်။ အစောင့်စစ်သည်များ၊ မှော်ဆရာများဖြင့်စောင့်ကြပ်စေခဲ့ခြင်းမရှိပေ။ ထို့အပြင် မိုရိုတောင်တန်းပေါ်တွင် မှော်သားရဲကောင်းများများစွာရှိသည့်အတွက် ဤမှော်အစီရင်များထဲသို့၀င်တိုက်မိနိုင်ချေလည်းရှိ၏။ ထို့ကြောင့် ဖှေးမှော်အစီရင်တစ်ခုကို တက်နင်းလိုက်မိသော်လည်း မည်သူမှ လာရောက်စစ်ဆေးခြင်းမပြုကြခြင်းပင်။

ဖှေးထိုနေရာတစ်၀ိုက်ကို လှည့်လည်သွားလာကာ စစ်ဆေးပြီးအနောက်တွင် မှော်အစီရင်၏အားနည်းချက်များကိုရှာဖွေတွေ့ရှိသွား၏။ ဖှေးသည် ဤအစီရင်များကို သေချာစွာအာရုံခံပြီးအားနည်းချက်များကိုရှာဖွေရန်အတွက်မိနစ်နှစ်ဆယ်ခန့်အသုံးပြုခဲ့ရသည်။ သူမှော်လမ်းကြောင်းတစ်ခုချင်းစီတိုင်းကို ဂရုတစ်စိုက်ဖြင့်စစ်ဆေး၏။ နောက်ဆုံးတွင် သူမှော်အစီရင်ကို ကျော်ဖြတ်နိုင်သည့်နည်းလမ်းတစ်ခုကို စဥ်းစားမိသွားပြီး သူ၏မျက်လုံးများသည်လည်း တောက်ပသွားတော့၏။

သီအိုရီမှာ ရိုးရှင်းသည်။

မှော်အစီရင်များတည်ရှိနေမှုမှာ ဖှေးအတွက်ရှုပ်ထွေးသည့် လျှပ်စစ်ဆားကစ်များကဲ့သို့ပင်။ မှော်လမ်းကြောင်းတစ်ခုခြင်းစီတိုင်းသည်၀ိုင်ယာကြိုးတစ်ချောင်းကဲ့သို့ပင်။ သူတို့အားလုံးသည်စုပေါင်းကာ ရှုပ်ထွေးသည့်မှော်စနစ်တစ်ခုကို ဖန်တီးလျှက်ရှိသည်။ သို့သော်အကယ်၍ဖှေးသည်သာ ဤမှော်လမ်းကြောင်းများကို ရှောင်ရှားနိုင်ပါက ဖှေးကျော်ဖြတ်၍သွားနိုင်မည်ဖြစ်သည်။ မှော်ဆရာများအတွက် မှော်လမ်းကြောင်းများကို တစ်ချိန်တည်းမှာပင် အာရုံခံပြီး ရှောင်ရှားသွားလာနိုင်ခြင်းသည် လွယ်ကူသည့်အရာတစ်ခုမဟုတ်ပေ။ သို့သော မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထားသည့်ဖှေးအတွက်မှာမူ ထိုမှော်လမ်းကြောင်းများသိပ်သည်းခြင်းမရှိပါက မဖြစ်နိုင်သည့်ကိစ္စတစ်ခုမဟုတ်ချေ။

ကြယ်ခြောက်လုံးအဆင့်ရေဂုဏ်သတ္တိမှော်အစီရင်တစ်ခုဖြစ်သည့် ရေခဲကျားမှော်အစီရင်မှာ ဖှေးဖြတ်သန်းသွားလာရန်အတွက်လုံလောက်၏။

ဖှေးစိတ်ငြိမ်အောင်ထားလိုက်သည်။ သူ၏စိတ်အာရုံများကို စုစည်းကာ ပြင်ဆင်လိုက်၏။ ထို့နောက်တွင် ခြေဖျားထောက်ကာ မိုင်းများကိုရှောင်ရှားသွားနေသည့်အင်ဂျင်နီယာတစ်ယောက်ကဲ့သို့ရှေ့သို့ခြေလှမ်းလိုက်၏။ သူသည် မြေပြင်ပေါ်တွင် ထူးဆန်းသည့် လမ်းကြောင်းတစ်ခုအတိုင်းလျှောက်နေခြင်းဖြစ်သည်။ အရက်မူးနေသူတစ်ဦးကဲ့သို့ပင်ဖြစ်နေ၏။ သူသည် အရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်၊ အနောက်သို့ သုံးချက်ပြန်ခုန်လိုက် ဘယ်ချိုးလိုက် ထိုကဲ့သို့ပြလုပ်ကာသွားလာနေ၏။

ဤမှော်အစီရင်ကိုပြုလုပ်ခဲ့သည့်ပညာရှင်သာဖေးကိုမြင်ပါက သူသည် ထိတ်လန့်အံ့သြမိသွားမည်ဖြစ်သည်။

ဖှေး၏လှုပ်ရှားမှုများနှင့် ချိန်ကိုက်နှုန်းမှာ မှော်လမ်းကြောင်းများကိုရှောင်ရှားရန်အတွက်ပြည့်စုံနေသည်။ သူသည် ပို၍မြန်သို့မဟုတ်ပို၍နှေးမိပါက မှော်အစီရင်ကို နိုးထလာစေမည်ဖြစ်သည်။

ဤသည်မှာ ဓားသွားများပေါ်တွင်ကခုန်နေခြင်းပင်။

သေမင်းနှင့် ကျီဆယ်နေသကဲ့သို့ပင်။

နောက်ဆုံးတွင် တစ်နာရီကြာပြီးသည့်အချိန်တွင် ဖှေးသည်မှော်အစီရင်ကို ကျော်ဖြတ်သွားနိုင်ပြီဖြစ်၏။

တစ်နာရီအတွင်းမှာပင် ဖှေးသည် ရှုပ်ထွေးအန္တရာယ်များသည့်မှော်အစီရင်တစ်ခုကို တကျသေချာစွာဖြင့်ရှောင်ရှားကာဖြတ်သန်းသွားလာနိုင်ခဲ့၏။ ဤသည်မှာ အေဇာရုတိုက်ပေါ်တွင်မည်သူမှပင် ပြုလုပ်ခဲ့ဖူးခြင်းမရှိသည့်အရာတစ်ခုပင်။

“သေစမ်းကွာ...မောလိုက်တာ...”

ဖှေးမြေပြင်ပေါ်တွင်ထိုင်ရင်းဖြင့်အသက်ပြင်းထန်စွာရှူနေ၏။ သူ၏နဖူးပေါ်တွင်ချွေးများဖြင့်စိုနေပြီးသူသည် ရေချိးထားသကဲ့သို့ပင်။ သူသည် အလွန်မောပန်းလွန်းလှသဖြင့် ဦးနှောက်သုံးကာစဥ်းစားလိုက်သည့်အချိန်တိုင်းတွင် သူ၏ဦးခေါင်းကို အပ်များစွာဖြင့်ထိုးနေကဲ့သို့ပင်ဖြစ်နေ၏။

ဤသည်မှာ ပါးကွပ်သားသူရဲကောင်းလေးယောက်နှင့်တိုက်ခိုက်ရသည်ထက်ပင် ပို၍မောပန်းလှသည်။

လွန်ခဲ့သည့် မိနစ်ခြောက်ဆယ်ပတ်လုံးတွင် ဖှေးသည်အထူးအာရုံစိုက်ပြီး သူ၏ခန္ဓာကိုယ်ကို နေရာမှန်ရောက်အောင်ကြိုးစားခဲ့ရ၏။ သူ၏ခန္ဓာကိုယ်ကိုဤကဲ့သို့သောဖိအားအောက်တွင် တစ်နာရီခန့်ထားရသည်မှာ တပ်ဖွဲ့တစ်ခုနှင့်တစ်လကြာတိုက်ခိုက်ရသည်ထက်ပင် ပို၍ပင်ပန်းလှ၏။ အကယ်၍ ဖှေးတွင်သာဒိုင်ယာဘလိုကမ္ဘာမှရရှိထားသည့်အစွမ်းများမရှိပါက ဖှေးသည့်အချိန်၁၀မိနစ်ခန့်ပင်တောင့်ခံနိင်လိမ့်မည်မဟုတ်ပေ။

၀ိဉာဥ်စွမ်းအားနှင့်သက်ဆိုင်သည့်မောပန်းမှုကြောင့် ဖှေးကို အလွန်ပင်ပန်းစေကာ အိပ်ငိုက်စေ၏။ သူ၏၀ိဉာဥ်စွမ်းအင်များအားလုံးကုန်ဆုံးသွားသကဲ့သို့ခံစားလိုက်ရသည်။

“ခနလောက်တော့ နားမှဖြစ်မယ်။” သွေးဆေးပုလင်းနှင့် မန်နာဆေးပုလင်းတစ်လုံးစီသောက်ပြီးသည့်နောက်တွင် ဖှေးသူ၏၀ိဉာဥ်စွမ်းအင်များတိုးတတ်လာသည်ကို မခံစားရသေးပေ။ ထိုအစားဖှေးမြေပြင်ပေါ်တွင်ထိုင်လိုက်ပြီး အာကာရာပေးလိုက်သည့်စာအုပ်အတွင်းတွင်ဖော်ပြထားသည့်နည်းလမ်းများကို အသုံးပြကြည့်၏။

၀ိဉာဥ်စွမ်းအင်သည် စိတ်၀င်စားစရာကောင်းသည့်နယ်ပယ်တစ်ခုပင်။

သူ၏အရင်ဘ၀တွင်ဂိမ်းကမားခဲ့သည့်မှတ်ဉာဏ်များအရ မှော်ဆရာဇာတ်ကောင်၏အစွမ်းများသည် မန်နာနှင့်သာသက်ဆိုင်၏။ ဖေး၏၀ိဉာဥ်စွမ်းအင်သည် အေဇာရုတိုက်သို့စတင်ရောက်ရှိလာသည့်အချိန်ကတည်းက တိုးမြှင့်လာခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် သူသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် တစ်နေ့လေးနာရီခန့်သာနေနိုင်ခြင်းဖြစ်၏။ ဖှေးသည် သူပုန်စခန်းမှ ခရမ်းရောင်၀ိဉာဥ်စွမ်းအင်ကျင့်ကြံခြင်းစာအုပ်ကို ရရှိပြီးသည့်အချိန်တွင် နှေးကွေးသော်လည် တိုးတတ်မှုတစ်ချို့ရှိလာပြီဖြစ်၏။ ကြိုးစားပါကတနေ့တွင် ဖှေးသည်ဒိုင်ယာဘလိုကမ္ဘာထဲတွင် အလိုရှိသလိုတစ်နေ့လျှင် ၂၄နာရီခန့်နေခွင့်ရနိုင်လိမ့်မည်ဟုခံစားနေရ၏။

မိနှစ်နှစ်ဆယ်ခန့်ကြာသည့်အချိန်တွင်---

“ဟူး...”

ဖှေးသူ၏မျက်လုံးများကို ဖွင့်ကာအသက်ရှူထုတ်လိုက်သည်။

“အား..အခုမှပဲနေလို့ကောင်းသွားတော့တယ်...ဟမ်” ဖေးအနည်းငယ်အံ့သြသွား၏။ သူ၏၀ိဉာဥ်စွမ်းအင်လယ်ဗယ်သည် အမှန်တကယ်တိုးမြှင့်သွားသည်ကို သတိထားမိလိုက်သည့်အတွက်ပင်။ ယခင်က လယ်ဗယ်၂၀၀မှ ယခုအချိန်တွင် လယ်ဗယ်၂၁၀သို့ရောက်ရှိသွားသည့်အတွက်ပင်။ မိနှစ်နှစ်ဆယ်အတွင်းတွင် ရရှိခဲ့သည့်သူ၏တိုးတတ်မှုနှုန်းသည် ဒိုင်ယာဘလိုကမ္ယာထဲတွင် အချိန်ပေါင်းများစွာလေ့ကျင့်ခဲ့သည့် တိုးတက်မှုနှုန်းထက်ပို၍မြင့်မားနေသောကြောင့်ပင်။

“ဘာဖြစ်တာပါလိမ့်...”

ဖှေးတွေးလိုက်မိသည်။

သူအဖြေတစ်ခုကိုသာ စဥ်းစားလိုက်မိ၏။ သူသည် သူ၏၀ိဉာဥ်စွမ်းအင်များအားလုံးကို မှော်အစီရင်ကို ကျော်ဖြတ်ရန်နေရာတွင် ပြင်းထန်စွာအာရုံစူးစိုက်ခြင်းဖြင့် အသုံးချခဲ့မိသည်။ ဤကဲ့သို့ အလွန်ကုန်ဆုံးနေသည့်အချိန်တွင် ခရမ်းရောင်ကျင့်စဥ်စာလိပ်အတွင်းမှ နည်းလမ်းများကိုအသုံးပြုလေ့ကျင့်ခြင်းဖြင့် ပို၍သိသာသည့်တိုးတတ်မှုများရရှိခဲ့ခြင်းပင်။

ဤကဲ့သို့တွေးမိပြီးသည့်အချိန်တွင် ဖှေး၏မျက်လုံးများတောက်ပသွား၏။

ဤသည်မှာ အတောင်ကောင်းမွန်သည့်နည်းလမ်းတစ်ခုဖြစ်ကြောင်းကို သတိထားလိုက်မိသည်။ သူသည် ၀ိဉာဥ်စွမ်းအင်များကိုအလွန်မြင့်အားအောင်မြှင့်တင်နိုင်တော့မည်ဖြစ်သည်။ ဤနည်းဖြင့် သူသည် ဒိုင်ယာဘလိုကမ္ယာထဲတွင် ပို၍အချိန်ကြာမြင့်စွာနေနိုင်တော့မည်ဖြစ်ပြီး သူ၏စွမ်းအင်များကိုလဲပို၍ပင်မြန်မြန်ဆန်ဆန်တိုးမြှင့်နိုင်တော့မည်ဖြစ်သည်။ လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်လာလိုသည့် သူ၏အိမ်မက်မှာလည်း ပို၍ပင်မြန်မြန်ဆန်ဆန်ပြည့်၀လာတော့မည်ဖြစ်သည်။

ဤရှာဖွေတွေ့ရှိမှုကိ မျှော်လင့်ထားခြင်းမရှိပေ။

ထို့နောက်တွင် ဖှေးလူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတစ်၀ိုက်တွင် လှည့်ပတ်သွားလာလိုက်၏။

ကြောက်မက်ဖွယ်စွမ်းအင်အကျွင်းကျန်များသည် လေထုထဲတွင် ပြန့်နှံ့နေခြင်းပင်။ ဤစွမ်းအင်အကျွင်းကျန်များသည် ရေလှိုင်းများကဲ့သို့ပင် လေထုထဲတွင် ရွေ့လျားလျှက်ရှိ၏။ ဖှေးလျှင်မြန်စွာပင် ရှာဖွေတွေ့ရှိမှုတစ်ချို့ကို သတိထားလိုက်မိသည်။ ထင်ရှားသည့်စွမ်းအင်နစ်ခုထဲမှ တစ်ခုသည် သူ့ကို သတ်ရန်အတွက်ကြိုးစားခဲ့သည့် လုပ်ကြံသတ်ဖြတ်သူ၏စွမ်းအင်ဖြစ်နေသည် ဟူသည့်အချက်ပင်။

All Chapters