← Chapters

အခန်း (၃၃၂)

Vol. 23 Ch. 332

အခန်း (၃၃၂)

Vol. 23 Ch. 332

မှောင်မဲသည့်တိမ်တိုက်များသည် အရှေ့ဘက်မှစတင်၍ရွေ့လျားလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာမြေပြင်ပေါ်သို့တောက်ပနေသည့် လမင်းကိုဖုံးကွယ်လိုက်သည်။

ကြောက်မက်ဖွယ်နတ်ဆိုးသားရဲများအော်ဟစ်သံများနှင့်ရောထွေးနေသည့် အေးစက်သည့်လေညင်းမှာ အလွန်ထိတ်လန့်ဖွယ်ပင်။ စွမ်းအားမြင့်မှော်အစီရင်များသည်အမည်မသိသားရဲတိရစ္ဆာန်များဖြတ်သန်းသွားမိသည့်အတွက် မကြာခနဆိုသလိုပေါက်ကွဲနေကြသည်။ ထိုသားရဲများသည်ပြာကျသည်အထိလောင်ကျွမ်းခြင်းသို့မဟုတ်အေးခဲသွားခြင်း စသည့်အဆုံးသတ်များနှင့်ကြုံတွေ့သွားကြရ၏။

ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင်ဖှေးသည် တိုက်ပွဲဖြစ်ပွားခဲ့ရာမြေပြင်တစ်၀ိုက်တွင် လွတ်လပ်စွာဖြင့်လည့်လည်သွားလာနေ၏။ သူသည်တိုက်ပွဲမြေပြင်၏အနောက်ဘက်မှစတင်ကာ တဖြည်းဖြည်းခြင်းဖြင့် အလည်သို့လမ်းလျှောက်လာ၏။

မည်သည့်နေရာမှမသိပဲ စွမ်းအားမြင့်အတွင်းအားစွမ်းအင်များထွက်ပေါ်လာတတ်၏။ ထိုစွမ်းအင်များဖြင့်ထိလိုက်မိသည့်အရာမှန်သမျှသည် အစိတ်စိတ်အမွာမွာဖြစ်ကာ ပျက်စီးသွား၏။ ဖုန်မှုန့်များနေရာအနှံ့လွှင့်ပျံကုန်ကြသည်။ ဤသည်မှာ သိုင်းဆရာနှစ်ယောက်၏တိုက်ပွဲမှ ကျန်ရစ်ခဲ့သည့်စွမ်းအင်အကြွင်းကျန်များပင်။ သိုင်းဆရာနှစ်ယောက်မှာ အလွန်စွမ်းအားပြင်းထန်သည့်အတွက် သူတို့၏တိုက်ခိုက်မှုများသည် နေရာတွင်အေးခဲနေပုံရသည်။ ထိုကျန်ရစ်ခဲ့သည့်စွမ်းအင်များသည် ချိန်ကိုက်ဗုံးများကဲ့သို့ရန်ဖန်ရန်ခါတွင် ပေါက်ကွဲမည်ဖြစ်သည်။ ထိုစွမ်းအင်များသည် သေချာစွာဂရုစိုက်ရှောင်ရှားခြင်းမရှိပါက ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ကိုပင်အဆုံးသတ်ပေးနိုင်၏။

ဖှေးသည် အန္တရာယ်အပေါ်တွင်အာရုံခံနိုင်စွမ်းမြင့်မားသည့် လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထားသည့်အတွက်သာ လှည့်လည်သွားလာနိုင်နေခြင်းဖြစ်၏။ သူသည် စွမ်းအင်အကြွင်းကျန်များမည်သည့်နေရာတွင်ရှိနေသည်ကို အာရုံခံနိုင်ပြီး ရှောင်တိမ်းနိုင်၏။

“သူတို့နှစ်ယောက်လုံးက အနောက်ဘက်ကနေလာခဲ့ကြတာပဲ။ သူတို့ထဲကတစ်ယောက်ထွက်ပြေးနေတာ တစ်ယောက်ကပြေးလိုက်နေခဲ့တာပဲ။ ပြေးလိုက်တဲ့လူက ပြေးနေတဲ့လူကို မှီသွားပြီးတော့ တိုက်ပွဲစတင်တာပဲ။”

“ထွက်ပြေးနေတဲ့လူက ငါ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့လူပဲ...”

“အတော်ကြောက်စရာကောင်းတဲ့အစွမ်းတွေ သူတို့နှစ်ယောက်လုံးရဲ့တိုက်ခိုက်မှုတစ်ခုစီတိုးက တောင်တွေကိုတောင်ဖျက်ဆီးပစ်နိုင်တယ်။ အချင်း၃ကီလိုမီတာပတ်လည်မှာရှိတဲ့ တောင်တန်းတွေတောင်ကုန်းတွေအကုန်လုံးအမှုန့်ဖြစ်ကုန်တာပဲ။ ဒီနေရာမှာနေထိုင်တဲ့ သားရဲကောင်တွေဆိုရင်အသတ်ရှင်နိုင်တဲ့အခွင့်ရေးတောင်မရလိုက်ဘူး။ အကုန်လုံးအရှင်လက်လက်မြေမြုပ်ခံလိုက်ကြရတယ်။”

“စွမ်းအားအကြွင်းကျန်တွေက လေထဲမှာ ပြန့်နှံ့ပြီးပျက်ဆီးမသွားဘူး။ ငါ့ရဲ့လက်သီးရာတွေလို့ပဲ လေထဲမှာ ကျန်နေခဲ့တယ်။ ဒါက နောက်လယ်ဗယ်တစ်ခုကို ရောက်ရှိနေတာ...”

“သူတို့နှစ်ယောက်တိုက်ခိုက်တာ သိပ်ပြီးမကြာခဲ့ဘူး။ သူတို့တွေ ဆယ်မိနစ်လောက်အတွင်းမှာ ပွဲသိမ်းသွားတာပဲ...”

“ဟမ်...ငါ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့လုပ်ကြံသတ်ဖြတ်သူက ဒဏ်ရာရသွားတဲ့ပုံပဲ။ အပြင်းထန်ကို ဒဏ်ရာရသွားတာ။ သူ့ရဲ့ဖြစ်တည်မှုက ကြယ်ခြောက်လုံးအဆင့်အောက်ကိုတောင်ရောက်သွားတာပဲ။ ဟင် သူက အသတ်ရှင်လျှက်ထွက်ပြေးနိုင်ဖို့အတွက် လျို့၀ှက်သိုင်းကွက်တစ်ခုကိုအသုံးပြုခဲ့တဲ့ပုံပဲ။”

“လုပ်ကြံသတ်ဖြတ်သူကို ဒီလောက်ဒဏ်ရာရသွားအောင်လုပ်လိုက်တဲ့လူက ဘယ်သူပါလိမ့်။ ဒီလူက လုပ်ကြံသတ်ဖြတ်သူရဲ့နောက်ကို ဆက်ပြီးမလိုက်တော့ဘူး။”

ဖှေးသည် သိုင်းဆရာနှစ်ယောက်၏စွမ်းအားအကြွင်းကျန်များကို အာရုံခံရင်းဖြင့် ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်းခန့်မှန်းနိုင်နေ၏။ ခြေရာလက်ရာများကို ကြည့်ရုံဖြင့်အကြောင်းရာတော်တော်များများကို ခန့်မှန်းနိုင်သည့်ကျွမ်းကျင်မုတ်ဆိုးတစ်ယောက်ကဲ့သို့ပင်။ လူရိုင်ဇာတ်ကောင်၏မသိစိတ်သည်သူ့အား ဤနေရာတွင် နေ့၀က်ခန့်အကြာကဖြစ်ပွားခဲ့သည့်ဖြစ်ရပ်ကို ပြောပြနေ၏။

လုပ်ကြံသတ်ဖြတ်သူရှုံးနိမ့်သွားသည်ဟူသည့်အချက်သည် ဖှေးအတွက်၀မ်းသာစရာပင်။

အချိန်အတန်ကြာခန့်ဤလုပ်ကြံသတ်ဖြတ်သူသည် ဒဏ်ရာပြင်းထန်စွာရရှိထားသည့်အတွက် ဖှေးကို ပစ်မှတ်ထားနိုင်တော့မည်မဟုတ်သောကြောင့်ပင်။ ဖှေးသည် ဤအချိန်ကို အသုံးပြုပြီးစွမ်းအားတိုးမြှင့်ရန်ကြိုးစားကာ နောက်တစ်ကြိမ်ရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်ခွင်ရသောကြောင့်ပင်။

“ဒီလုပ်ကြံသတ်ဖြတ်သူက ဘယ်သူလဲ။ ဘာလို့ငါ့နောက်ကို လိုက်နေခဲ့တာလဲ...”

“သူ့ကို အနိုင်ယူခဲ့တဲ့လူကရောဘယ်သူလဲ။ ဘာလို့ သူ့နောက်ကို လိုက်သွားခဲ့တာလဲ...”

ဤမေးခွန်းနှစ်ခုသည် ဖေးအားစိတ်ရှုပ်ထွေးစေသည့်မေးခွန်းနှစ်ခုပင်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်မြေပြင်တွင် အချိန်အတန်ကြာအသုံးပြုပြီး သဲလွန်စများကိုဆက်လက်ရှာဖွေကြည့်ခဲ့သည်။ သို့သော်လည်း ကောက်ချက်ချနိုင်သည်မှာ ယခင်ကဲ့သို့ပင်။

အလွန်နောက်ကျလာပြီဖြစ်သဖြင့် ဖှေးပြန်ရန်အတွက်ဆုံးဖြတ်လိုက်၏။

တူညီသည့်ဗျူဟာကိုအသုံးပြုရင်းဖြင့် ဖှေးမှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲကာ သေမင်းနှင့်ထက်မံကခုန်ရင်းမှော်အစီရင်များကိုကျော်ဖြတ်လိုက်သည်။ အစီရင်များထဲမှ အားအနည်းဆုံးအစီရင်တစ်ခုကို ရွေးချယ်ကျော်ဖြတ်ပြီးဖှေးအပြင်သို့ရောက်လာခဲ့၏။

ယခင်တစ်ခေါက်ကဲ့သို့ပင် ဖှေး၏၀ိဉာဥ်စွမ်းအားများကုန်ခမ်းသွား၏။

လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး သူနှင့်ပတ်ပတ်လည်တွင် မှော်ထောင်ချောက်တစ်ချို့ချလိုက်သည်။ ထို့နောက်တွင် မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြန်လည်ကာ ပြောင်းလဲလိုက်ပြီး အာကာရာပေးထားသည့် ခရမ်းရောင်ကျင့်စဥ်စာလိပ်ကိုအသုံပြုကာ ၀ိဉာဥ်စွမ်းအားကျင့်စဥ်ကို စတင်တော့၏။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးသည့်နောက်တွင် ဖှေးသူ၏မျက်လုံးများကို စိတ်လှုပ်ရှားစွာဖြင့်ဖွင့်လိုက်၏။ သူ၏၀ိဉာဥ်စွမ်းအားလယ်ဗယ်သည် လယ်ဗယ်၂၂၀ရောက်သည်အထိထက်မံတိုးမြှင့်သွားပြီဖြစ်သောကြောင့်ပင်။

“ဟားဟား တစ်လအတွင်းမှာတောင် ငါက လအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်လာတော့မယ့်ပုံပဲ...”

ဖှေးသူ၏ပတ်လည်တွင်ချထားသည့် မှော်ထောင်ချောက်များကို ပြန်လည်ရုတ်သိမ်းကာကြုံး၀ါးလိုက်သည်။ ထို့နောက်တွင် အရိပ်တစ်ခုအသွင်သို့ပြောင်းလဲကာ ပျောက်ကွယ်သွားတော့၏။

နေထွက်ချိန်မရောက်မှီ နာရီ၀က်ခန့်သာလိုအပ်တော့၏။

သို့မဟုတ်ပါက ဖှေးမှော်အစီရင်ကို ကျော်ဖြတ်ခြင်းအားအသုံးပြပြီး ၀ိဉာဥ်စွမ်းအားများကို ကုန်ခမ်းစေပြီး ပြန်လည်လေ့ကျင့်ကာ ၀ိဉာဥ်စွမ်းအားကျင့်စဥ်ကို ဆက်လုပ်ဦးမည်ဖြစ်သည်။

All Chapters