← Chapters

အခန်း (၃၃၃)

Vol. 23 Ch. 333

အခန်း (၃၃၃)

Vol. 23 Ch. 333

နေ့ရက်များကုန်ဆုံးလာသည်နှင့်အမျှ ပို၍ပို၍အေးစက်လာတော့သည်။

လွန်ခဲ့သည့်နှစ်ရက်ခန့်က ကျဆင်းခဲ့သည့်နှင်းများသည် အချိန်အတန်ကြာသည်အထိအရည်ပျော်ဦးလိမ့်မည်မဟုတ်ပေ။ လူများအား ပို၍ပင်အေးစက်စေသည်မှာ သတင်းဆိုးများပင်။

လုပ်ကြံသတ်ဖြတ်မှုကြီးပြီးဆုံးသည်မှာ ရက်ပေါင်းအတန်ကြာနေပြီဖြစ်သော်လည်း မင်းသားနှစ်ပါးလုံး၏စုံစမ်းစစ်ဆေးမှုမှာ တိုးတတ်မှုမရှိသေးချေ။ လူတိုင်း၏စိတ်ထဲတွင်အကြောက်တရားများကြီးစိုးနေပြီး နေ့တိုင်းလိုလိုပင် သံသယရှိသည့်လူများအဖမ်းခံနေရ၏။

ဤကဲ့သို့အရေးကြီးသည့်အချိန်တွင် မင်းသားများသည် အလွန်ပြင်းထန်သောနည်းလမ်းများကို အသုံးပြုကာ စုံစမ်းစစ်ဆေးနေကြ၏။

အင်ပါယာစစ်သည်များကို သံသယရှိသည့်လူမှန်သမျှအကုန်ဖမ်းဆီးရန်အမိန့်ပေးထား၏။ အဖွဲ့၀င်တိုင်းပြည်များမှ တော်၀င်ပုဂ္ဂိုလ်များနှင့် ဘုရင်များအပါ၀င်ပင်ဖြစ်သည်။ စစ်သည်များကို သံသယရှိပါက ဘုရင်များကိုပါ ဖမ်းဆီးရန်ညွန်ကြားထား၏။

ဤကဲ့သို့မည်သူမှ မလွတ်မြောက်နိုင်ဟူသည့်စည်းမျဥ်းတွင်သက်ရောက်မှုတစ်ချို့လည်းရှိနေ၏။

လုပ်ကြံသတ်ဖြတ်မှုများပြီးသည့် သုံးရက်မြောက်နေ့တွင် လုပ်ကြံသတ်ဖြတ်သူများ၏ရင်းမြစ်အား အတည်ပြုပြီးသွားပြီဖြစ်သည်။ သူတို့သည် ရန်ဘက်စပါတပ်အင်ပါယာမှစစ်သည်များပင်။ သူတို့အား ဇီးနစ်အင်ပါယာအတွင်းသို့စေလွှတ်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူတို့ထဲမှတစ်ချို့လူများသည် အဖွဲ့၀င်တိုင်းပြည်တစ်ချို့နှင့်ပူးပေါင်းကာ အင်ပါယာမြို့တော်စိန့်ပီတာစဘာ့တ်အတွင်းသို့ပင်ရောက်ရှိနေကြပြီးဖြစ်၏။ ထိုကဲ့သို့ပူးပေါင်းခဲ့သည်ဟု သက်သေအတိကျရှိသည့်တိုင်းပြည်များမှ ဘုရင်များမှစကာ အစေခံများအထိ အင်ပါယာသစ္စာဖောက်မှုဖြင့် ကွပ်မျက်အပြစ်ပေးခဲ့ပြီးဖြစ်၏။

သူတို့အားခေါင်းဖြတ်ကာ ဦးခေါင်းများကို လှံတံပေါ်တွင်ထိုးစိုက်ပြီးထောင်မက်ကာ တစ်ခြားကျန်ရှိနေသည့် သစ္စာဖောက်တိုင်းပြည်များကို သတိပေးပြသထား၏။

စိတ်၀င်စားစရာကောင်းသည်မှာ မင်းသားနှစ်ပါးလုံးသည် သစ္စာဖောက်တိုင်းပြည်သုံးခုစီကို ဖော်ထုတ်နိုင်ခဲ့ခြင်းပင်။ တစ်နည်းဖြင့် ဆိုရပါက မင်းသားနှစ်ပါးသည် စုံစမ်းစစ်ဆေးသည့်နေရာတွင်လက်ရှိအချိန်ထိ လက်ရည်တူနေသည်ဟုဆိုခြင်းပင်။

ဤရလဒ်သည် မင်းသားနှစ်ပါးကို ထောက်ခံနေသည့်လူများကို စိုးရိမ်စိတ်များဖြစ်ပွားစေသည်။ အင်ပါယာအရှင်သခင်ယရှင်း၏ ကျန်းမာရေးအခြေအနေမှာပို၍ပင် ဆိုး၀ါးလာနေသဖြင့် အချိန်မရွေးပင် နတ်ရွာစံသွားနိုင်သည်။ မည်သည့်မင်းသားမှ ထီးနန်းဆက်ခံရန်အတွက် ထိုက်တန်သည်ကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားတွင်အပြင်းထန်ပြိုင်ဆိုင်နေကြ၏။

ဖြေးညင်းစွာဖြင့် လုပ်ကြံသတ်ဖြတ်သူများကို စုံစမ်းဖော်ထုတ်ရန်စီမံကိန်းမှာ တစ်စထက်တစ်စပို၍နက်နဲလာတော့သည်။ မည်သူမှ နားလည်နိုင်ခြင်းမရှိတော့ပေ။

အချိန်တိုအတွင်းမှာပင် စခန်းချနေရာများတွင်ဖြစ်ပွားနေသည့် ရက်စက်စွာကွပ်မျက်အပြစ်ပေးခြင်းများသည် မြို့တော်စိန့်ပီတာစဘာ့တ်အတွင်းသို့ပင်ပြန့်နှံ့သွားတော့၏။ မင်းသားနှစ်ပါးရရှိထားသည့်သတင်းများအရ လုပ်ကြံသတ်ဖြတ်မှုတွင် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်နေထိုင်သည့် ဆွေကြီးမျိုးကြီးမိသားစုတစ်ချိ့လည်းပါ၀င်ပတ်သက်နေကြသည်ဟုဆို၏။ ထို့ကြောင့်ပင် လုပ်ကြံသတ်ဖြတ်သူများသည် အင်ပါယာအတွင်းတွင်ရှိနေသည့် အရေးကြီးပုဂ္ဂိုလ်များ၏တည်နေရာကို အတိကျသိနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြို့တော်မြေပြင်အတွင်းတွင်လည်း သွေးများစွန်းထင်းလာတော့၏။

မကြာမှီတွင် ဦးခေါင်းပြတ်များစွာကို မြို့တော်စိန့်ပီတာစဘာ့တ်၏ခံတပ်နံရံပေါ်တွင်ခင်းကျင်းပြသထားတော့သည်။

ကွပ်မျက်ခြင်းခံရသည့်လူများထဲမှ တစ်ချို့လူများသည် ဤနေ့မတိုင်မှီက အလွန်ချမ်းသာပြီးအာဏာရှိခဲ့သူများဖြစ်ခဲ့ကြသည်။ သို့သော် ယခုအချိန်တွင်မူ သူတို့ကောင်းကောင်းမွန်မွန်ပင် သေဆုံးခွင့်မရခဲ့ကြချေ။ သူတို့အားလုံးမင်းသားနှစ်ပါး၏အားပြိုင်ပွဲထဲတွင် မြေစာပင်များဖြစ်လာခဲ့ကြရ၏။

သို့သော် လူအများကိုအံ့သြထိတ်လန့်စေသည်မှာ စပါတပ်အင်ပါယာမှာ လုပ်ကြံသတ်ဖြတ်သူများ၏လှုပ်ရှားမှုမှာ ဇီးနစ်အင်ပါယာမှာ အပြင်းထန်စုံစမ်းစစ်ဆေးနေသည့်တိုင်အောင် ပို၍ရူးသွပ်ကာအတင့်ရဲလာနေကြခြင်းပင်။ သူတို့သည် ပြန်လည်ကာထွက်ပေါ်လာကြပြီး ဒုတိယအကြိမ်လုပ်ကြံသတ်ဖြတ်ခြင်းများကို စတင်ကြတော့၏။

နှင်းမှုန်တိုင်းတပ်ဖွဲ့ကို ထိန်းချုပ်သည့် ဂါရိုမိသားစု၏ခေါင်းဆောင်မှာလုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသည်။

ဇီးနစ်ဘဏ္ဏာရေး၀န်ကြီး၏တစ်ဦးတည်းသောသားသည်လည်း လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသည်။

ဇီးနစ်အင်ပါယာ၏စစ်ဘက်ဆိုင်ရာဌာနချုပ်မှာ တိုက်ခိုက်ခြင်းခံခဲ့ရပြီး အရာရှိ၁၀၀ကျော်သေဆုံးခဲ့သည်။

မင်းသမီးတာနာရှာတိုက်ခိုက်ခံခဲ့ရပြီး လုပ်ကြံသတ်ဖြတ်သူများလက်ချက်ဖြင့် သေဆုံးလုနီးနီးဖြစ်ခဲ့သည်။

အချိန်တိုအတွင်းမှာပင် လုပ်ကြံသတ်ဖြတ်သူများသည် ပြန်လည်လက်စားချေလိုနေသည့်အတိုင်းပင် ဇီးနစ်အင်ပါယာမှ အရေးကြီးပုဂ္ဂိုလ်များ၊ တော်၀န်မျိုးနွယ်များကို ပတ်မှတ်ထားတိုက်ခိုက်လျှက်ရှိ၏။ သူတို့၏လုပ်ကြံသတ်ဖြတ်မှုများမှာ အောင်မြင်မှုနည်းသော်လည်း သူတို့သည်မြို့တော်စိန့်ပီတာစဘာ့တ်မှလူများ၏ စိတ်ထဲတွင်အကြောက်တရားထည့်သွင်းပေးနိုင်ခဲ့၏။ ထိုလူများသည် နောက်တစ်ကြိမ်တွင်သူတို့ပစ်မှတ်ထားခံရမည်ကို ထိတ်လန့်နေကြ၏။

ဤကဲ့သို့အခြေအနေများကြားထဲတွင်မင်းသားနှစ်ပါးမှ အင်ပါယာအရှင်သခင်ယရှင်းကို အဖွဲ့၀င်တိုင်းပြည်များ၏ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကို အနောက်သို့ဆုတ်ပေးရန်တောင်းဆိုခဲ့သည်။

ဤအကြံပြုချက်ကို အင်ပါယာအရှင်သခင်မှလက်ခံခဲ့၏။

ဤသည်မှာ နှစ်နှစ်ဆယ်ပတ်လုံးတွင် ပြိုင်ပွဲကိုပထမဆုံအကြိမ်အနေဖြင့်နှောင့်နှေးခဲ့ခြင်းပင်။

ကွပ်မျက်ခြင်းခံခဲ့ရသည့်အဖွဲ့၀င်တိုင်းပြည်ခြောက်ခုအပြင် ကျန်ရှိနေသည့်အဖွဲ့၀င်တိုင်းပြည်များကိုလက်ရှိနေရာတွင်သာ နေနေကြရန်ညွှန်ကြားထား၏။ ခွင့်ပြုချက်မရပဲ လှုပ်ရှားသည့်တိုင်းပြည်သည် သစ္စာဖောက်မှုဖြင့်စွပ်စွဲကာ ကွပ်မျက်ခြင်းခံရမည်ဖြစ်၏။

တစ်ချိန်တည်းမှာပင် သူရဲကောင်းနန်းတော်သည်လည်း အင်ပါယာအရှင်သခင်ယရှင်း၏ခွင့်ပြုချက်ဖြင့် ဤစုံစမ်းစစ်ဆေးမှုတွင်ပါ၀င်လာ၏။

စခန်းပတ်လည်တွင်ရှိနေသည့်လေထုမှာ ပို၍ပင်ထိတ်လန့်ဖွယ်ဖြစ်လာတော့သည်။

သွေးစီးကြောင်းများမှာ နေ့တိုင်းလိုလိုပင် ဖြစ်ပေါ်လျှက်ရှိသည်။

သို့သော် စခန်းပတ်လည်တွင်ဖြစ်ပွားနေသည့် ကြောက်မက်ဖွယ်အဖြစ်ပျက်များသည် ချမ်းဘော့ဒ်စခန်းကို လုံး၀ပင်သက်ရောက်ခြင်းမရှိပေ။

သူတို့၏သက်ဆိုင်ရာခေါင်းဆောင်များ၏ ညွှန်ကြားမှုအောက်တွင် ဥပေဒေပြုတပ်ဖွဲ့၀င်များနှင့် သူတော်စဥ်တပ်ဖွဲ့များသည် ဤအခွင့်ရေးကိုအသုံးချကာ သူတို့၏စွမ်းအားများကို မြှင့်တင်ရန်အတွက်အသုံးချနေကြ၏။ အဓိကခေါင်းဆောင်းများဖြစ်ကြသည့် အိုလတ်ဂ်နှင့်တိုးရီစ်တို့လိုလူများသည်လည်း အပြင်းထန်လေ့ကျင့်နေကြသည်။

ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့လယ်ဗယ်မြှင့်တင်ရန်သွားခြင်းအပြင် ဖှေးသည် မိုရိုတောင်တန်းများပေါ်တွင်ရှိသည့် လအဆင့်သိုင်းဆရာနှစ်ယောက်တိုက်ပွဲဖြစ်ပွားခဲ့သော်နေရာသို့လည်းသွားကာ မှော်အစီရင်များကိုအသုံးပြု၏ ၀ိဉာဥ်စွမ်းအားကျင့်စဥ်များကိုလည်း ကျင့်ကြံလျှက်ရှိသည်။

၆ရက်ကြာပြီးသည့်နောက်တွင် ဖှေးသည် ဒိုင်ယာဘလိုကမ္ယာမှာ သူ၏အများဆုံးဂိမ်းကစားနိုင်သည့်အချိန်ကို လေးနာရီမှာ လေးနာရီ၁၀မိနစ်အထိမြှင့်တင်နိုင်ခဲ့ပြီဖြစ်၏။

All Chapters