အခန်း (၃၃၄)
Vol. 23 Ch. 334
အဖွဲ့၀င်တိုင်းပြည်များ၏စစ်ဘက်ဆိုင်ရာလေ့ကျင့်ခြင်းပြိုင်ပွဲကို ခနတာခန့်ရပ်ဆိုင်းထား၏။ လုပ်ကြံသတ်ဖြတ်သူများကို ရှာဖွေခြင်းမှာလည်း ပို၍ပင်ပြင်းထန်လာတော့သည်။
လုပ်ကြံသတ်ဖြတ်သူများ၏ ဇစ်မြစ်ကိုအတည်ပြုပြီးပြီဖြစ်သောကြောင့် အင်ပါယာနှစ်ခု၏စစ်ရေးမှာလည်းတင်းမာနေပြီဖြစ်သည်။ နယ်စပ်တစ်ယောက်တွင် စစ်သည်အင်အား၁၀၀၀၀၀ခန့်နေရာချထားသည့် းပါတပ်အင်ပါယာသည် ဇီးနစ်အင်ပါယာထဲသို့ ကနေဦးထိုးစစ်တစ်ချို့စတင်နေပြီဖြစ်သည်။ ဇီးနစ်အင်ပါယာသည်လည်း ဤထိုးစစ်များကို ခုခံနေရ၏။အင်ပါယာနှစ်ခုသည် နယ်စပ်တွင်ရှိသည့်အရေးကြီးမြို့တစ်ခုဖြစ်သည့် ရေဇာမြို့အတွင်းတွင် တိုက်ပွဲဖြစ်ပွားနေကြ၏။ နေ့တိုင်းလိုလိုပင် ဇီးနစ်အင်ပါယာစစ်ဌာနချုပ်ထံသို့ အစီရင်ခံများများသည် နှင်းစက်များကဲ့သို့ တဖွဲဖွဲရောက်ရှိလာနေလျှက်ရှိသည်။
သို့သော် နယ်စပ်တစ်လျှောက်တွင် ဖြစ်နေသည့် အခြေအနေများနှင့်ပတ်သက်သည့်သတင်းအချက်လက်များကို အင်ပါယာမှ လျို့၀ှက်ထား၏။ ထို့ကြောင့် သာမန်လူများသည် ဘာဖြစ်နေသည်ကိုသိခွင့်မရကြချေ။
သာမန်လူများသေချာပေါက်သိရှိကြသည်မှာ တစ်စုံတစ်ခုဖြစ်ပွားတော့မည်ကိုပင်။ သူတို့အားလုံးတစ်ခါမှ မခံစားဖူးသည့်ဖိအားများကို ခံစားနေကြရ၏။
ဖှေး ရေပူစမ်းမြို့တော်မှခေါ်ဆောင်လာခဲ့သည် သူ၏တပည့်များကို လုပ်ကြံသတ်ဖြတ်မှုအစွမ်းများသင်ကြားပေးနေသည့် ခုနှစ်ညမြောက်တွင် တိုးရိစ်၀င်လာကာ လျို့၀ှက်သည့်အလည်လာသူတစ်ယောက်သည် သူ့အားတွေ့ဆုံရန်အတွက်ရောက်ရှိနေကြောင်းသတင်းပို့လိုက်၏။
ဖှေးရယ်မောလိုက်သည်။ သူထိုလူစခန်းအတွင်းသို့ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်ကတည်းက မည်သူဖြစ်သူကို သိရှိနှင့်ပြီးဖြစ်သောကြောင့်ပင်။
“မတွေ့တာတောင်ကြာပြီနှော် မစ်ပဲရစ်။ ခင်ဗျားကျွန်တော်တို့ရဲ့သဘောတူညီမှုကို မေ့သွားပြီးတောင်ထင်နေတာ။ ဖှေးစခန်းအတွင်းသို့လှမ်းလျှောက်၀င်လာနေသည့် မိန်းမလှလေးကို ကြည့်ကာပြုံးလိုက်သည်။ သူသည် သူ၏ပလ္လင်ပေါ်မှခြင်းမရှိပဲ ရောက်ရှိလာသည့်လူကိုသာ ထိုင်ရန်အတွက်လက်ဟန်ခြေဟန်ဖြင့်ပြလိုက်သည်။
“အလတ်ဇန္ဒား နင့်ရဲ့နာမည်က တိုက်ပွဲပြီးတော့ အင်ပါယာတစ်ခွင်မှာ အတော်ကျော်ကြားနေပြီ။ လူတော်တော်များများက နင်နဲ့တွေ့ချင်နေတော့ ၀င်လာဖို့က ခက်နေတယ်လေ။ အတော်သတ္တိမွေးပြီးမှ လာခဲ့ရတာ။ ကျွန်မကို ၀င်ခွင့်မပြုမှာ စိုးရိမ်နေခဲ့တာပေါ့...”
ပဲရစ်သည်တူညီသည့် ၀တ်စုံကိုသာ၀တ်ဆင်နေလျှက်ရှိသည်။ အဖြူရောင်ဂါ၀န်ရှည်တစ်ခုကို ၀တ်ဆင်ကာ နှင်းဆီပန်းတစ်ခုကို ကိုင်ဆွဲထား၏။ အဖြူရောင်၀တ်စုံနှင့် နှင်းဆီပန်းတို့ကြားထဲတွင်ရှိသည့်အရောင်ကွာခြားမှုမှာ သူမ၏မတူညီသော စရိုက်နှစ်ခုကို ပြသထားသည့်အတိုင်းပင်။ သူမသည် လူတိုင်းမှ ကြောက်ရွံ့သည့် အကြံသမားတစ်ယောက်ဖြစ်သလို ခင်မင်ရင်းနှီးတတ်သည့်သူငယ်ချင်းတစ်ယောက်လဲဖြစ်၏။ ဤကောင်မလေးသည် မတူညီသည့်ဇာတ်ရုပ်များကို ပြောင်းလဲရာတွင် အလွန်ချောမွေ့လွန်းလှသည်။
ဖှေးသည် ဤကောင်မလေးနှင့်အသားကျနေပြီဖြစ်သဖြင့် သူမ၏လှည့်စားမှုများကြောင့်အရူးလုပ်ခြင်းမခံရတော့ချေ။
ထိုအချိန်တွင် တဲအတွင်း၀င်ပေါက်မှာ ပွင့်လာကာ အန်မာသည် ခေါင်းပြူကာကြည့်လိုက်၏။ ပဲရစ်ကိုမြင်တွေ့လိုက်ရပြီးသည့်နောက်တွင် သူမ၏မျက်နှာသည်အရောင်ပြောင်းလဲသွားတော့သည်။ ဒေါသဖြစ်သည့် ငှက်ကလေးတစ်ကောင်ကဲ့သို့ သူမသည် တစ်စုံတစ်ယောက်ကို ဆွဲခေါ်ကာ တဲအတွင်းသို့၀င်ရောက်လာခဲ့တော့၏။
ထိုမိန်းကလေး၀င်ရောက်လာသည့်အချိန်တွင် တဲတစ်ခုလုံးတောက်ပသွားတော့၏။
သူမသည် အန်ဂျယ်လာပင်။
ကောင်မလေးသည် စိတ်လှုပ်ရှားနေသည့်ပုံရှိသည်။ သူမသည် ဖှေးအားအနည်းငယ်တောင်းပန်သည့်ပုံဖြင့် ကြည့်ရင်းဖြင့် အန်မာ၏လက်အတွင်းမှရုန်းထွက်နိုင်ရန်အတွက် ကြိုးစားနေ၏။
ဤအရာကိုမြင်ပြီးသည့်နောက်တွင် ဖှေးဖြစ်ပျက်နေသည်ကို နားလည်သွား၏။ အန်မာသည်တဲအတွင်းသို့၀င်လာသည့်အချိန်တွင်ကောင်မလေးတစ်ယောက်ကိုမြင်လိုက်သည့်အတွက်တစ်စုံတစ်ရာကိုအထင်လွဲမိသွားပုံရ၏။ သူမသည် ဖှေးဖောက်ပြန်နေသည်ကို ပြသရန်အတွက် အန်ဂျယ်လာကိုဤတဲအတွင်းသို့ခေါ်လာခဲ့ခြင်းပင်။ သူမအထင်လွဲသွားမိသည်ကို သိသည့်တိုင်အောင် သူမသည်အန်ဂျယ်လာကို ဖှေးအား “နင့်မှာ မိန်းမရှိပြီးသား မရှုပ်နဲ့”ဟု သတိပေးသည့်အနေဖြင့်ခေါ်လာခဲ့ခြင်းပင်။
ဖှေး အန်မာသူ့ကို ခေါင်းမာသည့်အမူယာဖြင့်ကြည့်နေသည်ကို ရယ်စရာကောင်းသည်ဟုထင်မြင်မိသည်။
“၀ိုး နင်တို့ကအတော်ချစ်စရာကောင်းတာပဲ...” ပဲရစ်သည် အလွန်ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သဖြင့် သူမသည်လည်းဖြစ်ပျက်နေသည်များကို ရိပ်မိသွားကာကောင်မလေးနှစ်ယောက်ကို ရင်းနှီးစွာဖြင့် ပြုံးပြလိုက်၏။ သူမသည် တန်ဖိုးကြီးလက်ဆောင်ပစ္စည်းတစ်ချို့ကို ထုတ်ယူလိုက်ပြီး ကောင်မလေးနှစ်ယောက်ကို အရှေ့ဘက်တောင်တန်းပေါ်တွင်ဖြစ်ခဲ့သမျှကို တောင်းပန်သည့်အနေဖြင့်ပေးလိုက်သည်။
အန်မာသည် ပထမတွင်သိပ်ပြီးအလိုကျခြင်းမရှိပေ။ သို့သော် ပဲရစ်သည် လူများကို ထိန်းချုပ်ကိုင်တွယ်ရာတွင် တစ်ခြားအဆင့်သို့ရောက်နေသူတစ်ယောက်ဖြစ်သည်။ အန်မာသည် အပြင်ပိုင်းတွင် မာကြောသည့်ဟန်ရှိသော်လည်း အထဲတွင်မူ စိတ်ထားနူးညံ့သည့်ကောင်မလေးတစ်ယောက်ဖြစ်သည်ကို သူမသိလိုက်၏။ ပဲရစ်သည် သူမငယ်စဥ်က မိဘမဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပြီး အမြဲလိုလိုအနိုင်ကျင့်ခံနေရသည့်အကြောင်းကို ပြန်လည်ကာ ပြောပြလိုက်၏။ သူမသည် မင်းသားဒိုမင်ဂူ၏ကယ်တင်ခြင်းကို ခံလိုက်ရပြီး ရက်စက်သည့်နိုင်ငံရေးလောကထဲတွင် ဒိုမင်ဂူကို ပြန်လည်ကျေးဇူးတုန့်ပြန်ရန်အတွက် ပါ၀င်ခဲ့ရကြောင်းကို ရှင်းပြလိုက်သည်။ သူမသည် သွယ်၀ိုက်သောနည်းဖြင့် ဤနေရာသို့ဘုရင်အလတ်ဇန္ဒားကို ပိုးပန်းလို၍လာခဲ့သည်မဟုတ်ကြောင်းချမ်းဘော့ဒ်တိုင်းပြည်သွေးစွန်းဂိုဏ်းကို ချေမှုန်းရာတွင် ကူညီရန်သာလာရောက်ခဲ့ကြောင်းကို ရှင်းပြ၏။
ဖှေးတစ်ယောက်ပလ္လင်ပေါ်တွင် အံ့သြနေ၏။
သူသည် ပဲရစ်သည် အန်ဂျယ်လာနှင့်အန်မာတို့၏ရန်လိုသည့်အမြင်များကို တဖြည်းဖြည်းဖြင့် ပျောက်ကွယ်လာအောင်လုပ်နိင်သည်ကို ကိုယ်တိုင်မြင်တွေ့နေရသည့်အတွက်ကြောင့်ပင်။ မကြာမှီတွင်ကောင်မလေးသုံးယောက်သည် မတွေ့တာကြာသည့်ညီအမများကဲ့သို့ပင် စကားပြောနေကြတော့၏။
“မင်းသမီးတာနာရှာက ရှင်က အရင်က ခက်ခဲတဲ့အခြေအနေတွေနဲ့ကြုံခဲ့ရတယ်လို့ပြောပြခဲ့ဖူးတယ်...” အန်ဂျယ်လာပဲရစ်အတွက် ကိုယ်ချင်းစာလိုက်မိသည့်အတွက် သက်ပြင်းချလိုက်မိသည်။
“ဟမ် မင်းသမီးက အဲ့လိုပြောတယ်လား...” ပဲရစ်အံ့သြသွားကာမေးလိုက်၏။
“ဟုတ်တယ်...” အန်ဂျယ်လာသည့် အစေခံများကို ၀ိုင်နှင့် သစ်သီးတစ်ချို့ယူလာခဲ့ရန်အတွက် အမိန့်ပေးကာ ပဲရစ်ကို ဧည့်ခံလိုက်သည်။ သူမသည် ပဲရစ်အားသူငယ်ချင်းတစ်ယောက်အဖြစ်မြင်လာပြီဟူသည့် အဓိပ္ပာယ်ပင်။
မကြာမှီတွင် စကားလမ်းကြောင်းသည် ပဲရစ်ဤနေရာသို့လာခဲ့ရသည့်အကြောင်းရင်းထံသို့ပြန်လည်ကာ ရောက်ရှိသွားတော့၏။
“အရှင်တောင်းဆိုထားသလိုပဲ။ ကျွန်မက အကုန်လုံးကို စီစဥ်ထားပြီးပါပြီ။ ဒီနေ့ညသန်းခေါင်ရံမှာ အရှင်က အများဆုံးလူဆယ်ယောက်ခေါ်ပြီးတော့ မြို့တော်စိန့်ပီတာစဘာ့တ်ထဲကို ၀င်ရောက်နိုင်တယ်။ နောက်ပြီးတော့ အရှင့်မာ အချိန်နှစ်နာရီပဲရမယ်။ နှစ်နာရီပြည့်ပြီဆိုရင် အရှင့်ရဲ့ကိစ္စပြီးသည်ဖြစ်စေမပြီးသည်ဖြစ်စေ ပြန်မှရမယ်...” ပဲရစ်သည် အန်ဂျယ်လာနှင့် အန်မာတို့ဤနေရာတွင်ရှိနေသေးသည့်တိုင်အောင် သူမစီစဥ်ထားသည်များကို ဖှေးကိုပြောပြလိုက်၏။
ဤပွင့်လင်းသည့်အမူယာကြောင့် အန်ဂျယ်လာနှင့်အန်မာတို့၏စိတ်ထဲတွင် ပဲရစ်၏ပုံရိပ်မှာ ပို၍မြင့်မားသွား၏။
“နှစ်နာရီက လုံလောက်ပါတယ်။” ဖှေးသည် သွေးစွန်းဂိုဏ်း၏အင်အားကိုကောင်းမွန်စွာသိရှိပြီး သူ့ထံတွင်လည်း ကိုယ်ပိုင်အစီစဥ်များရှိနေနှင့်ပြီးဖြစ်သည်။
ဤသည်မှာ ညနေခင်းပင်။
စခန်းချရာနေရာတစ်လျှောက်တွင် လမ်းလျှောက်နေသည့် လူတစ်ချို့သာရှိနေ၏။ လူအများစုမှာ ညမထွက်ရအချိန်မတိုင်မှီတွင် သူတို့၏သက်ဆိုင်ရာစခန်းများထံသို့ပြန်သွားကြသောကြောင့်ပင်။ ဤနေရာတွင် ပြန့်နှံ့နေသည့်အကြောက်တရားများကို ခံစားပြီးရပြီးသည့်အချိန်တွင် လူများသည် အသားကျနေကြပြီဖြစ်၏။ သူတို့သည် အမိန့်နာခံပြီး ကောင်းမွန်စွာပြုမူမှသာ အသက်ရှင်နိုင်မည်ကို သိရှိသည့်အတွက်ပင်။
ညအမှောင်၏ဖုံးကွယ်မှုအောက်တွင် အင်ပါယာစစ်သည်၅၀ခန့်ပါ၀င်သည့်တပ်ဖွဲ့တစ်ခုသည် ချမ်းဘော့ဒ်စခန်းထဲသို့လျှင်မြန်စွာ၀င်သွား၏။
၁၀မိနစ်အတွင်းမှာပင် အင်ပါယာစစ်သည်အယောက်၅၀သည် လျှင်မြန်စွာပြန်လည်ထွက်ခွာသွားကြတော့၏။
သူတို့သည် ပြသနာမဖြစ်ပေ။ အင်ပါယာကင်းလှည့်တပ်ဖွဲ့မှာလည် ဒုတိယမင်းသားဒိုမင်ဂူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီးအင်ပါယာကင်းလှည့်တပ်ဖွဲ့သည် လုပ်ကြံသတ်ဖြတ်မှုကို စုံစမ်းနေသည့်နေရာတွင် အရေးပါသည့်တပ်ဖွဲ့များထဲမှ တစ်ခုဖြစ်သောကြောင့်ပင်။ ချမ်းဘော့ဒ်ဘုရင်သည် နာမည်ကျော်ကြားနေသော်လည်း ချမ်းဘော့ဒ်စခန်းသည်လဲ နေ့စဥ်ရှာဖွေအစစ်ဆေးခံရန်လိုအပ်နေတုန်းပင်။ သို့သော် ဤသည်မှာ သရုပ်ပြမှုတစ်ခုကဲ့သို့ပင်။ လျှင်မြန်စွာပင် ဟိုကြည့်သည်ကြည့်လုပ်ကာ ပြန်လည်ထွက်ခွာသွား၏။
ဤစစ်သည်တပ်ဖွဲ့သည် မည်သူ၏အာရုံစိုက်မှုကိုမှမရရှိခဲ့ချေ။
ချမ်းဘော့ဒ်စခန်းမှထွက်ခွာပြီးသည့်နောက်တွင် သူတို့သည် ကျန်ရှိနေသည့်တိုင်းပြည်များကိုရှာဖွေစစ်ဆေးခြင်းများမပြုလုပ်ကြချေ။ သူတို့သည် စခန်းချနေရာကိုတိုက်ရိုက်ပင်ဖြတ်ကျော်သွားပြီး အစစ်ဆေးအတားဆီးများကို ဖြတ်ကျော်ကာ မြို့တော်စိန့်ပီတာစဘာ့တ်ထံသို့ဦးတည်သွားတော့၏။ မကြာမှီတွင် သူတို့သည် အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
.....
ဤသည်မှာ လပြည့်ညတစ်ညပင်။
“အရှင်မင်းကြီး အရှေ့မှာမြင်နေရတဲ့ အနီရောင်အဆောက်အုံတွေက သွေးစွန်းဂိုဏ်းရဲ့ဌာနချုပ်ပဲ။ သူတို့အဖွဲ့ရဲ့ ခွန်အားတွေနဲ့ ကြွယ်၀မှုတွေရဲ့၈၀ရာခိုင်နှုန်းလောက်က အဲ့အဆောက်ဦးထဲမှာရှိနေတယ်။ အထူးသဖြင့် စပါတပ်အင်ပါယာက လုပ်ကြံမှုပြီးတဲ့အချိန်မှာပဲ။ ဇီးနစ်အင်ပါယာထဲမှာရှိတဲ့အဖွဲ့စည်းတော်တော်များများက သူတို့ရဲ့အင်အားတွေကို တစ်နေရာထဲမှာပဲစုထားလိုက်ကြတော့တယ်။ သွေးစွန်းဂိုဏ်းလဲအဲ့လိုပဲလုပ်ထားပဲ။ ဒီနေ့ည သွေးစွန်းဂိုဏ်းရဲ့စွမ်းအားကြီးပုဂ္ဂိုလည်တွေအကုန်လုံးက အဲ့ဌာနချုပ်ထဲမှာပဲရှိနေကြတယ်...”
ခြောက်ထပ်ဘုံဆိုင်သည် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် မင်းသားဒိုမင်ဂူထိန်းချုပ်ထားသည့်နေရာများထဲမှတစ်ခုဖြစ်ပြီး ပတ်၀န်းကျင်တစ်၀ိုက်တွင် အရှည်ဆုံးအဆောက်ဦးတစ်ခုလဲဖြစ်သည်။ လှေကားများမှတဆင့် လေးထပ်မြောက်သို့ တက်သွားပြီးသည့်အချိန်တွင် ဖှေးသည် သွေးစွန်းဂိုဏ်းဌာနချုပ်နေရာကို ကောင်းမွန်စွာမြင်လိုက်နိုင်၏။ ပဲရစ်၏လူယုံတစ်ယောက်အသေးစိတ်ရှင်းပြနေသည်ကို နားထောင်ပြီးသည့်နောက်တွင် ဖှေးသူ၏အကြံစည်ကိုအကောင်ထည်ဖော်နိုင်ပြီဖြစ်၏။
“ကောင်းပြီ ကျွန်တော်နားလည်ပါပြီ။ အခုလိုကူညီပေးလို့ ကျေးဇူးပါပဲ မစ်စတာ...” ဖှေးခေါင်းငြိမ့်လိုက်သည်။
“အရှင်မင်းကြီးက အင်ပါယာတစ်ခုလုံးကို အံ့သြထိတ်လန့်စေခဲ့ပါတယ်။ အခုလိုကူညီခွင့်ရတာ ကျွန်တော့အတွက် ဂုဏ်ယူစရာပါ။” အနီရောင်မုတ်ဆိတ်များနှင့် အင်ပါယာကင်းလှည့်တပ်ဖွဲ့မှ အရာရှိတစ်ယောက်သည် ပြောလိုက်၏။ “အစီစဥ်အရဆိုရင်အရှင်မင်းကြီး ၁၅မိနစ်နေရင် စပြီးလှုပ်ရှားလို့ရတယ်။ အရှင်မပဲရစ်မှာလိုက်တာက သွေးစွန်းဂိုဏ်းက ဇီးနစ်အင်ပါယာထဲမှာရှိတဲ့ ထိပ်တန်းကြေးစားစစ်သည်တပ်ဖွဲ့တွေထဲကတစ်ခုပဲတဲ့။ အဲ့တာကြောင့် သူတို့မှာ ပိုင်ဆိုင်မှုတွေကလဲအများကြီးရှိတယ်။ တကယ်လို့အရှင်မင်းကြီးက ဒီနေ့သူတို့ကို အပြတ်ရှင်းနိုင်မယ်ဆိုရင် ချမ်းဘော့ဒ်က သွေးစွန်းဂိုဏ်းပိုင်ဆိုင်မှုတွေရဲ့၃၀ရာခိုင်နှုန်းကို ယူခွင့်ရှိမယ်လို့မှာလိုက်ပါတယ်...”
“သုံးဆယ်ရာခိုင်နှုန်းလား...” ဖှေးအနည်းငယ်မျက်မှောင်ကြုံ့လိုက်၏။
သို့သော် သူမကြာမှီတွင် အကြောင်းပြချက်ကို နားလည်သွားတော့သည်။
နေရာတစ်၀ိုက်တွင်စောင့်ကြပ်နေကြသည့် စစ်သည်များ၊ အဆင့်မြင့်သိုင်းဆရာများကိုအနှောင့်ယှက်မပေးရန်မှာ သူအတွက်သိပ်ပြီးမဖြစ်နိုင်လှချေ။ အင်ပါယာ၏နိုင်ငံရေးအခြေအနေသည် လက်ရှိတွင်တင်းမာသည့်အနေထားသို့ရောက်ရှိနေသည့်အတွက်ပင်။ ထို့အပြင် ကောလဟာလများအရ သွေးစွန်းဂိုဏ်း၏နောက်ကွယ်တွင် ဖယ်လွန်မိသားစုရှိနေသည် ဟူ၍လည်းဆိုကြသည်။ ဤကဲ့သို့အခြေအနေများအောက်တွင် ပဲရစ်သည် ဤလူများဖှေးကို အချိန်နှစ်နာရီခန့်မျက်ကွယ်ပြုပေးရန်အတွက်လာဘ်ထိုးကာ ညှိနှိုင်းရမည်ဖြစ်သည်။ ဤအမြင်ဖြင့်ကြည့်ပါက ပိုင်ဆိုင်မှု၏၃၀ရာခိုင်နှုန်းကို သိမ်းယူခွင့်ရခြင်းကပင် အလွန်များပြားနေပြီဖြစ်၏။
“ကောင်းသားပဲ...”ဖှေးခေါင်းငြိမ့်ပြလိုက်၏။
မုတ်ဆိတ်နီဖြင့် အရာရှိသည့်အရာကိုကြားလိုက်ရသည့်အချိန်တွင် စိတ်အေးသွား၏။ သို့သော် တစ်ချိန်တည်းမှာပင် သူအံ့သြမိသွားသည်။
ဤသည်မှာ သူချမ်းဘော့ဒ်ဘုရင်ကို ပထမဆုံးအနေဖြင့်တွေ့ဖူးခြင်းဖြစ်သည်။ သူသည် ဤဘုရင်သည် အလွန်အစွမ်းထက်သည်ဟုလည်းကြားမိ၏။ ထို့ကြောင့်သူသည် ဤဘုရင်သည် ၀ေးလှံခေါင်ဖျားသည့်နေရာမှဖြစ်သောကြောင့် စွမ်းအားကြီးသည့်အတွက် မာနထောင်လွှားကာပညာမဲ့ပြီးရိုင်းစိုင်းလိမ့်မည်ဟုထင်ခဲ့မိသည့်အတွက်ပင်။ သို့သော် ယခုအချိန်တွင်မူ သူဖှေးအပေါ်တွင် ထားသည့်လေးစားမှုတို့မှာ ကြီးမားသည်ထက်ကြီးမားလာတော့၏။ “ဂုဏ်သတင်းကြီးတဲ့လူတိုင်းလဲ မာနမထောင်လွှားကြပါလား...” သူတွေးလိုက်မိသည်။