← Chapters

အခန်း (၃၃၅)

Vol. 23 Ch. 335

အခန်း (၃၃၅)

Vol. 23 Ch. 335

[မုတ်ဆိတ်နီ]-ဂရန်နယ်လိုသည်မင်းသားဒိုမင်ဂူအဓိကလူယုံများထဲမှတစ်ယောက်ဖြစ်ပြီး သူသည် အင်ပါယာကင်းလှည့်တပ်ဖွဲ့၏တစ်၀က်ကျော်ခန့်ကို ထိန်းချုပ်သည်။

ဤလူသည် ပဲရစ်ကဲ့သို့ရာထူးအရှိန်၀ါနှင့် ထက်မြတ်သောဉာဏ်ရည်မရှိသော်လည်း သူသည် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် သူ၏ကြယ်ငါးလုံးအဆင့်မီးအတွင်းအားစွမ်းအင်နှင့် ပြေပြစ်သည့်လူမှုဆက်ဆံရေးတို့ကြောင့် လူသိများသည့်ပုဂ္ဂိုလ်တစ်ယောက်ပင်။ သူသည် မင်းသားဒိုမင်ဂူ၏လူများထဲတွင် ပဲရစ်၏လက်အောက်တွင်သာရှိသူတစ်ယောက်ဖြစ်ပြီး မြို့တော်စိန့်ပီတာစဘာ့တ်မှလူများစွာသည် သူ့အားလေးစားမှုဖြင့်နှုတ်ဆက်ကြရ၏။

စိန့်ပီတာစဘာ့တ်မှလူများသည် ဤမုတ်ဆိတ်အနီရောင်နှင့်လူ နိုင်ငံရေးလောကထဲသို့ မည်သည့်အချိန်မှစတင်၍၀င်ရောက်လာသည်ကို မမှတ်မိကြတော့ချေ။

လူများမှတ်မိသည့် တစ်ခုတည်းသောအရာမှာ ဤလူသည် မင်းသားဒိုင်မင်ဂူအင်ပါယာအရှင်သခင်ယရှင်း၏ မြို့တော်စိန့်ပီတာစဘာ့တ်သို့ပြန်လည်ဆင့်ခေါ်ခြင်းကို ခံရခဲ့စဥ်က မင်းသား၏အနောက်တွင်ပါလာခဲ့သူအနေဖြင့်သာမှတ်မိကြ၏။ ဤအချိန်က ၀န်ကြီးတော်တော်များများသည် ဒိုမင်ဂူကို အင်ပါယာမြို့တော်သို့ပြန်လည်ဆင့်ခေါ်ခြင်းကို သဘောမကျခဲ့ကြချေ။ ထို့အချိန်က မင်းသား၏အနောက်တွင်ရပ်နေသည့် ဤလူအစောင့်ကိုယ်ရံတော်စစ်သည်ကို မည်သူမှသတိမထားမိခဲ့ကြချေ။ ထိုအချိန်က မင်းသားဒိုမင်ဂူကိုယ်တိုင်ပင် အင်ပါယာမြို့တော်သို့ပြန်လည်ရောက်ရှိခါစဖြစ်သောကြောင့် လူအများအထင်သေးခြင်းခံခဲ့ရသည့်အတွက်ပင်။

လွန်ခဲ့သည့်ခြောက်နှစ်ခန့်က ဇီးနစ်အင်ပါယာထဲတွင် အဓိကစစ်အင်အားတပ်ဖွဲ့၁၁ဖွဲ့ရှိခဲ့၏။

သို့သော် အဆင့်၁၁တပ်ဖွဲ့၏အမိန့်ပေးခေါင်းဆောင်သည် မြို့တော်စိန့်ပီတာစဘာ့တ်သို့ပြန်ရောက်ကာစမင်းသားဒိုမင်ဂူကို ကျေးကျွန်ကောင်မလေးတစ်ယောက်ကို လုရင်းဖြင့်ရန်စခဲ့လိုက်မိသည်။ လူအများမှတ်မိသည်မှာ ဤမုတ်ဆိတ်အနီဖြင့်ကိုယ်ရံတော်သည် မင်းသားကိုကာကွယ်ရန်အတွက် အဆင့်၁၁တပ်ဖွဲ့၏ခေါင်းဆောင်ဖြစ်သူကို ခေါင်းဖြတ်ကာသတ်ခဲ့ခြင်းပင်။ သူ့အား ထိုအချိန်မှစကာ လူများသတိထားမိလာခဲ့ကြ၏။

ဤခုတ်ပိုင်းချက်သည် စစ်သည်၅သောင်းခန့်အင်အားရှိသည့်တပ်ဖွဲ့တစ်ခုကို ပျောက်ကွယ်သွားစေ၏။

ဤခုတ်ပိုင်းချက်သည် ယခင်က တပ်ဖွဲ့၁၁ခုတည်ရှိခဲ့သည်ကို ယခုအချိန်တွင် တပ်ဖွဲ့ဆယ်ခုသာတည်ရှိစေတော့၏။

မည်သူမှထိုအချိန်က အင်ပါယာအရှင်သခင်ယရှင်းမည်သည့်အရာကိုတွေးနေသည်ကို မသိခဲ့ချေ။ သို့သော်လည်း တပ်ဖွဲ့ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သည့် ဤကိုယ်ရံတော်မှာ အပြစ်ပေးခြင်းမခံခဲ့ရချေ။ ထိုအစားသူသည် သုံးရက်ကြာသည့်အချိန်တွင် သူ၏ဆရာကို ရဲရင့်စွာဖြင့်ကာကွယ်ခဲ့သည့်အတွက် အင်ပါယာအရှင်သခင်ယရှင်း၏ ဆုပေးခြင်းကို ခံခဲ့ရပြီး ရာထူးလည်းတိုးမြှင့်သွား၏။ ထိုအချိန်မှစ၍ သူသည် အင်ပါယာကင်းလှည့်တပ်ဖွဲ့ကို ထိန်းချုပ်သူတစ်ယောက်ဖြစ်လာပြီး မင်းသားဒိုမင်ဂူ၏လက်အောက်တွင် ဒုတိယအကြောက်ရဆုံးလူတစ်ယောက်ဖြစ်လာခဲ့၏။

အမှန်ပင် ပထမဆုံးအကြောက်ရဆုံးလူနှင့် ထိုအချိန်ကမင်းသားဒိုမင်ဂူနှင့် တပ်ဖွဲ့ခေါင်းဆောင်တို့ လုယူနေကြသည့် ကျေးကျွန်ကောင်မလေးမှာ ပဲရစ်ပင်။

တစ်နှစ်ခန့််ကြာပြီးသည့်အချိန်တွင် မြို့တော်စိန့်ပီတာစဘာ့တ်မှ လူများသည် ပဲရစ်အားနတ်ဆိုးအမျိုးသမီးဟုပင် စတင်၍ခေါ်လာကြ၏။

မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် နတ်ဆိုးအမျိုးသမီးဟုခေါ်ဆိုခြင်းခံရသည့်ပဲရစ်တစ်ယောက်တည်းကသာ ဇီးနစ်အင်ပါယာ၏ဉာဏ်ပညာနတ်ဘုရားမဟုခေါ်ဆိုခြင်းခံရသည့် မင်းသမီးတာနာရှာနှင့် ယှဥ်နိုင်စွမ်းရှိ၏။

အဆင့်၁၁တပ်ဖွဲ့အမိန့်ပေးခေါင်းဆောင်၏ မိသားစုမှာလည်း ရန်သူများ၏ဖိအားပေးခြင်းကို ခံခဲ့ရသော်လည်း ဤကိစ္စကို ယရှင်းမှ မျက်ကွယ်ပြုခဲ့သည်။ မကြာမှီတွင် ထိုမိသားစုသည် သမိုင်းထဲတွင်ပျောက်ကွယ်သွားတော့၏။ ထိုအဖြစ်ပျက်ပြီးသည့်နောက်တွင် လူအများတစ်ခုကိုအသေချာသဘောပေါက်လိုက်ကြသည်။ အင်ပါယာအရှင်သခင်ယရှင်းသည် သူ၏ဒုတိယသားတော်ကို အလွန်နှစ်သက်သည်ဟူသည့်အချက်ပင်။ ထို့ကြောင့်အင်ပါယာအရှင်သခင် သူ့အားထီးနန်းလွှဲခဲ့မည်မှာမဖြစ်နိုင်သည့်အရာတစ်ခုမဟုတ်တော့ပေ။

ထိုအချိန်မှစတင်ပြီးဒိုမင်ဂူသည် [မုတ်ဆိတ်နီ]နှင့် [နတ်ဆိုးအမျိုးသမီး] တို့၏အကူညီဖြင့် ဇီးနစ်အင်ပါယာထဲတွင် အရှိန်၀ါအကြီးဆုံးလူများထဲမှတစ်ယောက်ဖြစ်လာခဲ့သည်။ သူသည် အင်ပါယာထီးနန်းအတွက် ယှဥ်ပြိုင်ရာတွင် ဇီးနစ်စစ်ပွဲနတ်ဘုရားမင်းသားအာရှဗင်၏တစ်ဦးတည်းသောပြိုင်ဘက်ပင်။ ဤအချက်အပေါ်မူတည်ကာ မြို့တော်ထဲတွင်ရှိသည့် ဆွေကြီးမျိုးကြီးမိသားစုတော်တော်များများသည်လည်း သူ့ဘက်သို့ခုန်ကူးကာ မင်းသားအင်ပါယာထီးနန်းကိုရရှိစေရန်အတွက် အကူညီပေးကြ၏။

.....

.....

ယနေ့တွင် မုတ်ဆိတ်နေသည် ပဲရစ်၏ညွှန်ကြားချက်အရ ဖှေးနှင့် သူ၏လူများကို မြို့တော်စိန့်ပီတာစဘာ့တ်ထဲသို့၀င်ခွင့်ရအောင်ပြုလုပ်ပေးရန်အတွက် ကိုယ်တိုင်ရောက်ရှိလာခဲ့သည်။

ဤအတွက်အကြောင်းပြချက်တစ်ခုမှာ အစီစဥ္က်ကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက်ပင်။

တစ်ခြားအကြောင်းပြချက်တစ်ခုမှာ ဂရန်နယ်လိုသည် ဖှေးနှင့်ပတ်သက်၍စိတ်၀င်စားသည့်အတွက်ကြောင့်ပင်။ သူသည် မည်သူ့ကိုမဆိုတိုက်ခိုက်ရဲသည့်ဘုရင်သည် မည်ကဲ့သို့လူဖြစ်သည်ကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့လိုသည့်အတွက်ပင်။ ကောင်းကင်သို့ပျံသန်းနိုင်သည့် နဂါးတစ်ကောင်လား။ မီးတစ်ချို့ကိုသာမှုတ်ထုတ်နိုင်သည့် ပုတ်သင်တစ်ကောင်လားဆိုသည်ကို သိရှိလိုသည့်အတွက်ပင်။

ယခုအချိန်တွင် ဂရန်နယ်လိုသိရှိသွားပြီဖြစ်၏။

အမှန်ပင် ဤကဲ့သို့သာမန်လူပုံသာရှိသည့်မုတ်ဆိတ်နီနှင့်စစ်သည်သည် အင်ပါယာကင်းလှည့်တပ်ဖွဲ့ကိုထိန်းချုပ်သည့် ကြောက်မက်ဖွယ် [မုတ်ဆိတ်နီ]ဖြစ်ကြောင်းကို ဖှေးသိရှိခြင်းမရှိပေ။ ဇိုလာရစ်၏သတင်းအချက်လက်အစီရင်ခံစာတွင် သူ့အကြောင်းလဲမပါရှိပေ။

သူ၏ကျေးဇူးတင်စကားကို ပြောပြီးနောက်တွင် ဖှေးသူတို့ကို ယဥ်ကျေးစွာဖြင့်ထွက်သွားခိုင်းလိုက်၏။

ဂရန်နယ်လိုမှာ ဒေါသဖြစ်သွားခြင်းမရှိပေ။ သူသည် သူ၏လူများနှင့်အတူယဥ်ကျေးစွာနှုတ်ဆက်ပြီးထွက်လာခဲ့လိုက်၏။

ထို့နောက်တွင် လမ်းပါ့ဒ်၊ ပီတာ၊ တိုးရိစ်၊ အိုလတ်ဂ်၊ ပီးရာ့စ်၊ ဒရော့ဂ်ဘာတို့နှင့် အသန်မာဆုံးသူတော်စဥ်တပ်ဖွဲ့၀င်သုံးယောက်ခန့်သာ အခန်းထဲတွင်ကျန်ခဲ့၏။ ရှိသမျှခြေလက်များအားလုံးရိုက်ချိုးခြင်းခံထားရသည့် သွေးစွန်းဂိုဏ်း၀င် မျက်စိတစ်ဖက်ကန်းနေသည့် လူသန်းကြီးတစ်ယောက်လဲရှိနေသည်။

ဤလူသည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖှေးဖမ်းဆီးလာသည့်သွေးစွန်းဂိုဏ်းထိပ်တန်းစစ်သည်များထဲမှတစ်ယောက်ဖြစ်သောလူပင်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကနဲ့နှိုင်းယှဥ်ကြည့်ပါက ဤလူသည်အတော်လေးပိန်ကျသွားပြီးဖြစ်သော်လည်း သူ၏မျက်လုံးထဲတွင် ရက်စက်သည့်အလင်းရောင်များတောက်ပနေဆဲပင်။ ဤလူသည် သူ့အားအသေမုန်းတီးနေကြောင်းကို ဖှေးတပ်အပ်ပြောနိုင်၏။

“ငါမင်းကို ပြောခဲ့ပါတယ်။ ငါသွေးစွန်းဂိုဏ်းတစ်ခုလုံးကိုဖျက်ဆီးပစ်တာကို မင်းကိုယ်တိုင်မြင်ရအောင်လုပ်ပေးပါမယ်လို့။ ဒီနေ့က နောက်ဆုံးတော့ရောက်လာပြီ မင်းသိပ်ပြီးတော့မစောင့်လိုက်ရဘူးမလား။” ဖှေး ထိုလူ၏ပါးစပ်ကို စို့ထားသည့်အ၀တ်စကို ခြေဖြင့်ကန်ကာဖြုတ်လိုက်ပြီး ခြိမ်းခြောက်သည့်စကားလုံးများကို ပြောလိုက်၏။

ထိုလူသည် စတင်၍ရုန်းကန်ကာ ကျယ်လောင်စွာဖြင့်အော်ဟစ်တော့၏။

“အသုံးမ၀င်ဘူး။ မင်းကိုဘယ်ကောင်မှ လာကယ်မှာမဟုတ်ဘူး...ဒီအခန်းကို ဆူညံသံကာတဲ့မှော်အစီရင်တွေနဲ့၀န်းရံထားတယ်။ မင်းဒီက ပစ္စည်းတွေကအကုန်လုံးကို ရိုက်ခွဲမယ်ဆိုရင်တောင် မင်းရဲ့လူတွေကကြားနိုင်မှာမဟုတ်ဘူး...”

“ချမ်းဘော့ဒ်ဘုရင် ခင်ဗျားကိုယ်ခင်ဗျားအထင်ကြီးမနေနဲ့။ သွေးစွန်းဂိုဏ်းမှာ စွမ်းအားမြင့်စစ်သည်တွေအများကြီးပဲ။ နောက်ပြီးတော့ ငါတို့ကို ဇီးနစ်အင်ပါယာရဲ့အင်အားကြီးအဖွဲ့တစ်ခုဖြစ်တဲ့ဖယ်လွန်မိသားစုက နောက်ခံပေးထားတယ်။ ခင်ဗျားလို့အဆင့်၆အဖွဲ့၀င်နိုင်ငံလေးတစ်ခုရဲ့ ဘုရင်တစ်ပါးက ဘာလုပ်နိုင်မှာမိုလို့လဲ...” အခြေအနေကို နားလည်သွားပြီးသည့်နောက်တွင် ထိုလူ၏မျက်လုံးများထဲသို့မျှော်လင့်ချက်မဲ့သည့်အရိပ်ယောက်များကိန်းအောင်းစပြုလာ၏။ သို့သော် သူ၏ပါးစပ်အတွင်းမှထွက်လာသည့် စကားလုံးများသည် ရန်လိုနေဆဲပင်။

“ဖုန်း...”

ဒရော့ဂ်ဘာသည် ထိုလူ၏မျက်နှာကို ပိတ်ရိုက်လိုက်ရာ သွေးများနေရာအနှံ့သို့ပန်းထွက်ကုန်၏။ ဤလူ၏အက်ကွဲနေသောမေးရိုးများသည် တစ်စစီးကြေမွသွားတော့သည်။

တစ်ဖက်တွင် ဖှေးသည်လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။ ကြီးမားသည့်ရုပ်ပိုင်းဆိုင်ရာခွန်အားတို့မှာ သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတော့သည်။

နောက်အခိုက်တန့်တွင် သူ၏မျက်နှာသည် အရောင်ပြောင်းလဲသွား၏။ သူသည် သွေးစွန်းဂိုဏ်း၏ဌာနချုပ်တစ်၀ိုက်တွင် စွမ်းအားမြင့်စစ်သည်များစွာပုန်းအောင်းနေသည်ကို အာရုံခံလိုက်မိသည့်အတွက်ပင်။ သူတို့သည် အဖွဲ့လေးငါးဖွဲ့ရှိနေကြပြီး မတူညီသည့်အဖွဲ့စည်းများမှာ ဖြစ်ပုံရကာတစ်စုံတစ်ရာကို စောင့်ဆိုင်းနေပုံရ၏။

“ဒီလူတွေက ပဲရစ်နဲ့အပေးယူလုပ်ထားတဲ့အဖွဲ့တွေက လူတွေဖြစ်မယ့်ပုံပဲ။ သူတို့က သွေးစွန်းဂိုဏ်းကိုအပျောက်ရှင်းပြီး ပိုင်ဆိုင်မှုတွေကို ခွဲ၀ေယူဖို့အတွက် ငါ့ကို အသုံးချချင်နေကြတယ်...”

ဖှေးတွေးကြည့်လိုက်ပြီး ဤသည်မှာ ရှားပါးသည့်အခွင့်ရေးတစ်ခုဖြစ်သည်ကို သတိထားလိုက်မိသည်။

“ဒီတစ်ခေါက်မှာတော့ ဘယ်သူ့ကိုမှ အလျှော့ပေးနေစရာမလိုဘူး။ မင်းတို့ရဲ့စွမ်းအားတွေကို အကုန်အသုံးချကြ။ လိုအပ်ရင် ငါပေးထားတဲ့သူတော်စဥ်ချပ်၀တ်တွေကို ပါထုတ်သုံးကြ။ မင်းတို့ကို သွေးစွန်းဂိုဏ်းဌာနချုပ်ရဲ့ထွက်ပေါက်မှန်သမျှကို ပိတ်ထားစေချင်တယ်။ ဘယ်သို့ကို မှမလွတ်စေနဲ့။ ဒီကောင်တွေအကုန်လုံးချမ်းဘော့ဒ်ကို လုပ်ခဲ့တဲ့အရာတွေအတွက် ပြန်ပြီးပေးဆပ်ရလိမ့်မယ်...”

ဖှေး၏ရှင်းလင်ပြတ်သားသည့်အသံကို လူတိုင်း၏နားထဲတွင် ကြားလိုက်ကြရ၏။

.....

.....

ခေါင်းဆောင်ကြီး ကျွန်တော်တို့သတင်းရထားပါပြီ မြောက်ပိုင်းက ကျွန်တော်တို့ရဲ့ကျေးကျွန်ဖမ်းတဲ့တပ်ဖွဲ့တစ်ခုအသတ်ခံရတဲ့အမှုမှာ ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားနဲ့သက်ဆိုင်နေပါတယ်။ နောက်ပြီးတော့ စခန်းချတဲ့နေရာမှာ သွေးစွန်းဂိုဏ်း၀င်တွေကို သတ်ဖြတ်ခဲ့တဲ့လူကလဲသူပါပဲ...”

မီးတောက်များထွန်းလင်းထားသည့် တောက်ပသည့်ခန်းမဆောင်ထဲတွင် မီးရောင်အောက်တွင် လူပေါင်းများစွာရွေ့လျားနေကြ၏။

လူတစ်ယောက်သည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ရင်းဖြင့် သတင်းကိုတင်ပြလိုက်သည်။

“ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒား...ပါးကွပ်သားသူရဲကောင်းတွေကိုအနိုင်ယူခဲ့တဲ့ အဆင့်၆အဖွဲ့၀င်နိုင်ငံရဲ့ ဘုရင်ငယ်လေးမလား...ဟမ် တကယ်ပဲအဲ့လိုဆိုရင်တော့ အခြေအနေတွေက နည်းနည်းရှုပ်ထွေးသွားနိုင်တယ်။” နတ်ဆိုးသားရဲတစ်ကောင်၏အရေခွံဖြင့်ပြုလုပ်ထားသည့်အပြာရောင်၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် သူထိုင်နေသည့် ပလ္လင်လက်ကိုင်ကို ပွတ်သပ်ရင်းဖြင့်တွေ့လိုက်၏။ ပလ္လင်ခုံကို ခြင်္သေ့နှစ်ကောင်ရုပ်တုဖြင့်အလှဆင်ထားသည်။

“ကျွန်တော်တို့မဟူရာတိုင်းပြည်က ရတဲ့သတင်းအချက်လက်တွေအရဆိုရင်တော့။ ကျွန်တော်တို့တွေချမ်းဘော့ဒ်တိုင်းပြည်ကလူတွေကို လူကုန်ကူးတာအရမ်းများသွားတယ်ထင်တယ်။”

“ကျေးကျွန်တစ်ချို့လောက်ဖမ်းခံရလိုက်တာနဲ့ သွေးစွန်းဂိုဏ်းကို ရန်လာစလိုက်တာပေါ့။ အတော်မိုက်မဲတဲ့အကြောင်းပြချက်တစ်ခုပဲ။ ဒီချမ်းဘော့ဒ်ဘုရင်က အတော်လေးအမြင်ကျဥ်းတဲ့ပုံပဲ။ အဲ့ကောင်က စောက်ပိန်းတစ်ကောင်ပဲနေမယ်။ သူက အထူးပါးကွပ်သားသူရဲကောင်းတွေကို စိတ်ဆိုးအောင်လုပ်ရဲတာ မဆန်းပါဘူး။ အမ်း..အဲ့လိုလူတစ်ယောက်က ဘယ်လောက်ပဲစွမ်းအားကြီးနေနေလုပ်နိုင်တာ သိပ်မရှိဘူး။ ငါသူ့ကို နည်းနည်းလောက်အထင်ကြီးလွန်းခဲ့တယ်ထင်တယ်...” ပလ္လင်ပေါ်တွင်ထိုင်နေသည့်လူသည် အေးဆေးပင်။

“ဟုတ်ပါတယ် ခေါင်းဆောင်ကြီး။ ချမ်းဘော့ဒ်ဘုရင်ဆိုတာက တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က မျက်မုန်းကျိုးပြီးသတ်တာခံရမယ့်တောသားတစ်ယောက်ပါ။”

“ကျွန်တော့ရဲ့အမြင်မှာဆိုရင် ချမ်းဘော့ဒ်ဘုရင်က တစ်ခြားလူတွေရဲ့အသုံးချတာခံနေရတဲ့ သနားစရာလူတစ်ယောက်ပဲထင်ပါတယ်။ သူကအခုမှာ အရှိန်၀ါကြီးမားနေပေမယ့် မကြာခင်မှာပဲ ပြိုလဲသွားနိုင်တယ်...”

“ဟီးဟီး အဲ့တိုင်းပြည်လေးကို ငါကိုယ်တိုင်သိမ်းပိုက်ပြီးတော့ အသတ်ခံလိုက်ရတဲ့ငါ့ရဲ့ညီနှောင်တွေအတွက်လက်စားချေပေးရမယ်...”

“ဖယ်လွန်မိသားစုက အဲ့လိုစောက်ပိန်းကို ဘာလို့လိုချင်နေလဲမသိပါဘူး။ ငါတို့တွေ ချမ်းဘော့ဒ်စခန်းကို လူတစ်ယောက်လွှတ်ပြီးတော့ ငါတို့လူတွေကို သတ်ရတဲ့အကြောင်းရင်းကိုတော့မေးရမယ်ထင်တယ်။ တကယ်လို့ သူသာဖြေရှင်းချက်ကောင်းကောင်းတစ်ခုကို မပေးနိုင်ဘူးဆိုရင်။ ဟီးဟီး ငါတို့ချမ်းဘော့ဒ်သားတစ်ယောက်နှစ်ယောက်လောက်ကို သတ်ပြလိုက်ကြတာပေါ့။ သူတစ်ယောက်ထဲနဲ့စွမ်းအားနဲ့ အကုန်လုံးကိုကာကွယ်နိုင်မှာမဟုတ်ဘူးဆိုတာကို သိသွားအောင်ပြပေးရမယ်...”

သွေးစွန်းဂိုဏ်း၏အဖွဲ့၀င်အားလုံးသည် သူတို့၏ခေါင်းဆောင်နှင့်အတူလိုက်ပါ ရယ်မောနေကြ၏။ သူတို့အားလုံးဖှေးကို အော်ဟစ်ကာ လှောင်ပြောင်နေကြသည်။ ငယ်ရွယ်သည့်ဘုရင်ကြောင့်သူတို့ခံစားနေရသည့် လေးလံသောဖိအားမှာ ပျောက်ကွယ်သွားပုံရ၏။

All Chapters