← Chapters

အခန်း (၃၃၆)

Vol. 23 Ch. 336

အခန်း (၃၃၆)

Vol. 23 Ch. 336

သွေးစွန်းဂိုဏ်း၏အသတ်လတ်ပိုင်းအရွယ်ခေါင်းဆောင်သည် ပြုံးလိုက်သည်။

သူသည် အရာများသည် ဤမျှမရိုးရှင်းကြောင်းကိုသိရှိသော်လည်း ချမ်းဘော့ဒ်ဘုရင်သည် ခံစားချက်များကို ထိန်းချုပ်နိုင်သည့်လူမဟုတ်သည်ကိုမူ ခန့်မှန်းမိ၏။ ဤအချက်တစ်ခုတည်းကပင် သူ၏စိတ်ထဲတွင်ရှိနေသည့် ချမ်းဘော့ဒ်ဘုရင်၏ ခြိမ်းခြောက်လာမှုတို့ကို လျှော့ကျသွားစေ၏။

သို့သော် သူမသိသည်မှာ လူများကိုအကဲခတ်သည့်နေရာတွင် ဆရာတစ်ဆူဖြစ်သည့် အနီရောင်မုတ်ဆိတ် ဂရန်နယ်လိုသည် သူနှင့်ဆန့်ကျင်ဘက်သုံးသပ်မှုတစ်ခုကို ချမှတ်ခဲ့သည်ဟူသည့်အချက်ပင်။

ခန်းမဆောင်ထဲတွင် အကောင်းမြင်မှုများနှင့် ပြည့်နှက်နေ၏။

ထို့နောက် သွေးစွန်းဂိုဏ်းမှာလူများအားလုံးယုံကြည်မှုမြင့်တက်နေခိုက်တွင်...

“ဖုန်း...”

ကောင်းကင်ပေါ်မှဥက္ကာပျံခဲတစ်လုံးကျဆင်းလာသကဲ့သို့ပင် ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူမြေကြီးပါ တုန်ခါလာ၏။ ကမ္ဘာပျက်သည့်နေ့သို့ရောက်ရှိသွားသကဲ့သို့ပင် ခံစားလိုက်ရ၏။

“ဘာဖြစ်သွားတာလဲ...” သွေးစွန်းဂိုဏ်းခေါင်းဆောင်သည် မတ်တပ်ရလိုက်ကာ သူ၏အဖွဲ့သားများနှင့်အတူ ခန်းမအပြင်ဘက်သို့လမ်းလျှောက်ထွက်သွား၏။ သူတို့သည် ပေါက်ကွဲသံထွက်ပေါ်လာသည့်အရပ်ထံသို့ မှုန်ကုတ်ကုတ်အမူယာများဖြင့်ကြည့်လိုက်မိကြသည်။

မီးတောက်များကို လူတိုင်း၏မျက်လုံးများထဲတွင် မြင်လိုက်ကြရသည်။

မီးများသည် ညလယ်ခေါင်တွင်အထူးပင်တောက်ပနေ၏။

သို့သော် မည်သူမှာ မီးတောက်များ၏လှပမှုကို မခံစားနိုင်ကြသေးပေ။ အညှာတာကင်းမဲ့သည့်မီးတောက်များသည် သွေးစွန်းဂိုဏ်း၏ပိုင်ဆိုင်မှုအဆောက်ဦးများကို ၀ါးမြိုပစ်နေသည့်အတွက်ကြောင့်ပင်။

“ဟားဟား မင်းတို့အတွက်အပြစ်ပေးမှုကတော့ကျရောက်လာပြီ။ သတ်ဖြတ်မှုစတင်တော့မယ်။ ဒီညပြီးတာနဲ့ သွေးစွန်းဂိုဏ်းဆိုတာက ရှိတော့မှာမဟုတ်တော့ဘူး။”

မိုးချုန်းသံကဲ့သို့ ဟိန်းဟောက်သံသည် နေရာထဲတွင် ဟိန်းထွက်လာ၏။ လူတိုင်း၏နားစည်ကို ကွဲအက်စေလုနီးပါးပင်။

“မင်းဘယ်သူလဲ။ မင်းဒီကိုလာရဲတယ်ပေါ့...လစ်စမ်းကွာ...”

အဖွဲ့၀င်များကြားထဲမှ ခေါင်းဆောင်ဖြစ်သူသည် အလွန်ဒေါသဖြစ်နေ၏။ သူ၏မျက်လုံးများထဲတွင် ဒေါသမီးတောက်များကခုန်နေပြီး အပြာရောင်အတွင်းအားစွမ်းအင်များသည် ပေါက်ကွဲကာ သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ သူ၏လက်များကို ၀ှေ့ရမ်းလိုက်ပြီး အေးစက်သည့်အတွင်းအားစွမ်းအင်များထွက်ခွာသွားပြီး တောက်လောင်နေသည့် မီးများကို ဖုံးလွှမ်းလိုက်သည်။ ဤအပြုမူသည် လူတိုင်းကို သူသည် ဤနေရာတွင် ခေါင်းဆောင်အစစ်မှန်တစ်ယောက်ကဲ့သို့ထင်ဟပ်စေ၏။

“မင်းပဲလစ်လိုက်...”

အရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ပင် လူအုပ်ထံသို့ပြေး၀င်လာပြီး ၂၀မီတာခန့်အမြင့်ရှိသည့်စစ်သည်ရုပ်ထုတစ်ခုပေါ်သို့ဆင်းသက်လိုက်၏။

ဤလူ၏ခြေထောက်များအောက်တွင် ရှေးကျသည့်စွမ်းအင်တစ်မျိုးရှိနေ၏။ သူ၏အောက်တွင် မီးတောက်များတောက်လောင်နေပြီး သူပျံသန်းလာသည့်လေကြောင်းတစ်လျှောက်တွင် မီးတောက်များစွဲကျန်ခဲ့လျှက်ရှိသည်။ သူအဖြူရောင်ကျောက်ရုပ်ပေါ်သို့ရပ်နေသည့်အချိန်တွင် မီးများသည်စတင်၍တောက်လောင်လာတော့သည်။ မကြာမှီတွင် ကျောက်ရုပ်ကြီးတစ်ခုလုံးသည် မီးနတ်ဘုရားကဲ့သို့ပင် မီးစွဲလောင်လာတော့၏။ ရုပ်တုပေါ်တွင်ရပ်နေသည့်လူမှာ မှော်ဆရာ၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားပြီး သူ၏အနီရောင်၀တ်ရုံသည်လည်း လေထဲတွင် လွှင့်ပျံလျှက်ရှိနေ၏။ ၀တ်ရုံအောက်တွင်ရှိနေသည်မှာ လျို့၀ှက်သည့် သံမဏိချပ်၀တ်တစ်ခုဖြစ်ပြီး သူ၏လက်ထဲတွင် ကြီးမားသည့်တိုက်ပွဲသုံးမှော်တောင်၀ှေးကြီးတစ်ခုကိုလည်း ဆွဲကိုင်ထား၏။ တောင်၀ှေးမှာ ၁၈၀စင်တီမီတာခန့်ပင် ရှည်လျား၏။

သူသည် မီးများဖြင့်ပေါင်းစပ်ကာတစ်သားတည်းဖြစ်လာနေသကဲ့သို့ပင်။

ပို၍အံ့သြဖွယ်ကောင်းသည်မှာ သူသည် မီးတောက်များပေါ်တွင် ရပ်နေခြင်းဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်သည် မီးစွဲလောင်ခြင်းမရှိပေ။ သူ၏ရှည်လျားသော အမဲရောင်ဆံပင်များသည်လည်းလေထဲတွင် လွှင့်ပျံနေ၏။ သူ၏ဆံပင်များသည်အမှောင်ထုနှင့်ပေါင်းစပ်ကာ သူအားငရဲပြည်မှထွက်လာသည့်နတ်ဆိုးတစ်ကောင်နှင့်တူနေစေ၏။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ဤလူ၏မျက်နှာပေါ်တွင်၀တ်ဆင်ထားသည့်အမဲရောင်မျက်နှာဖုံးတစ်ခုပင်။ ဤမျက်နှာဖုံးသည် အသက်ရှင်သန်နေသည့်သတ္တ၀ါတစ်ကောင်ကဲ့သို့ပင်။ ဤမျက်နှာဖုံးသည် ထိုလူ၏မျက်နှာနှင့်အလွန်အသားတကျရှိနေ၏။ သို့သော် မျက်နှာဖုံး၏နဖူးပေါ်တွင် ကောင်းကင်ပေါ်သို့ထောင်မက်နေသည့်အမဲရောင်ဦးချိုတစ်ချောင်းပါရှိနေ၏။ ထိုဦးချိုသည် ကြောက်မက်ဖွယ်အလင်းကိုရောင်ပြန်ဟပ်လျှက်ရှိသည်။

“မင်းကဘယ်သူလဲ..”

ဤအမည်မသိပုဂ္ဂိုလ်ထံမှထွက်ပေါ်လာနေသည့် ကြီးမားသည့်မှော်စွမ်းအင်အရှိန်၀ါများနှင့် ပြင်းထန်သောသတ်ဖြတ်လိုသည့်ဆန္ဒာများကို ခံစားလိုက်ရအပြီးတွင် သွေးစွန်ဂိုဏ်းခေါင်းဆောင်မှာ အလွန်လေးနက်လာတော့သည်။ ဤလူသည် ကြောက်မက်ဖွယ်ရာကောင်းသည် ရန်သူတစ်ယောက်ဖြစ်ပြီး သူတို့အားလုံးကို သတ်ဖြတ်၍မပြီးမခြင်းထွက်ခွာသွားမည်မဟုတ်သည်ကို ရှင်းလင်းစွာဖြင့်သိရှိလိုက်သည့်အတွက်ပင်။

“၀ှစ် ၀ှစ် ၀ှစ်...”

သူ့အားပြန်လည်ဖြေကြားလိုက်သည်မှာ ၂၀စင်တီမီတာခန့်အချင်းရှိသည့်မီးလုံးများပင်။

မန္တာန်ရွတ်ဖတ်ခြင်းမရှိ၊ မှော်စွမ်းအင်များထွက်ပေါ်လာခြင်းမရှိပဲ ဤလူလက်ကို ၀ှေ့ရမ်းလိုက်ရုံမျှဖြင့်ပင် မီးလုံးများသည် မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိပဲ လှေကားများပေါ်တွင်ရပ်တန့်နေသည့် သွေးစွန်ဂိုဏ်းသားများကို ထိမှန်သွား၏။

“မင်း...သေစမ်းကွာ...” သွေးစွန်းဂိုဏ်းခေါင်းဆောင်မှာ အလွန်ုဒေါသဖြစ်သွား၏။

အေးစက်နေသည့်အပြာရောင်စွမ်းအင်များသည် ပို၍ပင်တောက်ပလာကာ သူ၏လက်များကို၀ှေ့ရမ်းလိုက်သည်။ အပြာရောင်စွမ်းအင်များနှင့် မီးလုံးများသည် လေထဲတွင် တွေ့ဆုံကြတော့၏။

“ဖုန်း ဖုန်း...”

မီးနှင့်ရေခဲတို့တွေ့ဆုံလိုက်သည့်အသံမှာ မိုးချုန်းသံများကဲ့သို့ပင် ကျယ်လောင်နေ၏။

မီးလုံးများကို ထူးဆန်းသော်လည်း ကြောက်မက်ဖွယ်ကောင်းသည့်မှော်အစီရင်တစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ မီးပွားစလေးတစ်ခုပင် ကျရာနေရာကိုစွဲလောင်ကာ ဖျက်ဆီးပစ်နိုင်၏။ လောင်စာဆီများလောင်းထားသည့်အတိုင်းပင် သွေးစွန်းဂိုဏ်းဌာနချုပ်တစ်ခုလုံးသည် မီးများတဟုန်းဟုန်းတောက်လောင်နေတော့၏။ ခန်းမဆောင်တစ်ခုလုံးသည် ငရဲခန်းတစ်ခုကဲ့သို့ပင် ဖြစ်သွားပြီး ကြေးစားစစ်သည်များအော်ဟစ်ကာ မီးများကိုငြိမ်းသပ်နိုင်ရန်အတွက် ကြိုးစားနေကြ၏။

ဤသည်မှာ မှော်ဆရာတစ်ယောက်၏အစွမ်းပင်။

တစ်ယောက်ခြင်းတိုက်ခိုက်ပါက မှော်ဆရာသည် လယ်ဗယ်တူစစ်သည်တစ်ယောက်ကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် မှော်ဆရာတစ်ယောက်၏ လူအုပ်အားထိန်းချုပ်နိုင်ခြင်းနှင့် ထိခိုက်စေနိုင်မှုတို့မှာစစ်သည်တစ်ယောက်ထက်များစွာပင် သာလွန်၏။

ဤသည်မှာ ဖှေးမှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲခဲ့ခြင်း၏အကြောင်းပြချက်တစ်ခုပင်။

မီးများတောက်လောင်နေသည့် ရုပ်တုပေါ်တွင် ရပ်နေသည့် မျက်နှာဖုံး၀တ်ဆင်ထားသော နတ်ဆိုးသည် မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထားသည့်ဖှေးပင်။ သူသည် ခြေချသည့်နေရာတိုင်းတွင် မီးများစွဲလောင်စေရန်အတွက် [မီးလျံမီးတောက်]အစွမ်းကို အသုံးပြထား၏။ ထို့နောက်တွင် သူသည် [မီးလုံးဖြင့်ပစ်ခတ်ခြင်း]အစွမ်းကို အသုံးပြုကာ သွေးစွန်းဂိုဏ်းဌာနချုပ်၏ ပင်ပခန်းမဆောင်ကို ငရဲခန်းတစ်ခုအဖြစ်သို့ပြောင်းလဲပစ်လိုက်ခြင်းဖြစ်သည်။

ဤသည်မှာ မှောင်မိုက်သည့် လူသတ်ညတစ်ခုပင်။

သန့်စင်သောမီးတောက်များကို အသုံးပြုကာအပြစ်သားများကို ရှင်းလင်းသုတ်သင်ရန်အတွက်အကောင်းဆုံးအချိန်တစ်ခုပင်။

ဤသည်မှာ သွေးစွန်းဂိုဏ်းလက်ချက်ဖြင့် သေဆုံးခဲ့ရသည့်ချမ်းဘော့ဒ်တိုင်းပြည်သားများကို ကောင်းမွန်စွာအနားပေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းတစ်ခုပင်။

“မီးတွေကိုအရင်ငြိမ်းလိုက်ကွာ...ငါသူ့ကိုရှင်းလိုက်မယ်...”

သွေးစွန်းဂိုဏ်းခေါင်းဆောင်သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။ သူသည် အနီးနားတွင်ရှိနေသည့် လူများကို မီးငြိမ်းရန်အမိန့်ပေးလိုက်ပြီး လေထဲတွင် အပြာရောင်အလင်းတန်းတစ်ခုကို ချန်ရစ်ကာ ဖှေးထံသို့ပျံသန်းသွား၏။

ပါးစပ်များကိုဖွင့်ကာဟိန်းဟောက်လိုက်သည့်သားရဲတစ်ကောင်ကဲ့သို့ပင် သူသည် ဖှေးကို အားကုန်သုံးကာတိုက်ခိုက်လိုက်၏။

“[ရေခဲအနမ်း]...သေပေတော့...”

သွေးစွန်းဂိုဏ်းခေါင်းဆောင်မှာ တွန့်ဆုတ်မနေပဲ သူ၏အစွမ်းထက်ဆုံးသိုင်းကွက်တစ်ခုကို ထုတ်သုံးလိုက်၏။

သူသည် ဤလျို့၀ှက်ထူးဆန်းသည့်မှော်ဆရာကိုအမြန်ဆုံးသတ်ဖြတ်ရမည်ကို သိရှိသောကြောင့်ပင်။ သို့မဟုတ်ပါက သူတို့အဖွဲ့သည် ပြန်လည်မထူထောင်နိုင်လောက်တော့သည့် ထိခိုက်မှုနှုန်းဖြင့်ကြုံတွေ့နိုင်သောကြောင့်ပင်။ ကြယ်ခြောက်လုံးအဆင့်မှော်ဆရာကို တိုက်ပွဲမြေပြင်ပေါ်တွင် လွတ်လပ်စွာဖြင့်အစွမ်းများအသုံးပြုခွင့်ပေးထားပါက မိမိသေကြောင်းကို မိမိကြံနေခြင်းပင်။

.....

.....

“ဟမ် သူကဘယ်သူလဲ..သူက ချမ်းဘော့ဒ်ဘုရင်လက်အောက်မှာ ရှိနေတဲ့ ငါမသိရသေးတဲ့ ကြောက်မက်ဖွယ်ကြယ်ခြောက်လုံးအဆင့်မီးစွမ်းအင်သုံးမှော်ဆရာလား...”

သွေးစွန်းဂိုဏ်းဌာနချုပ်တွင်ရှိသည့် ရှည်လျားသည့်မျှော်စဥ်၏ထိပ်ဖျားတွင် တိုက်ပွဲအခြေအနေကို ကြည့်ရှုနေသည့်လူငယ်တစ်ယောက်သည် ရုတ်တရက်မျက်မှောင်ကြုံ့လိုက်၏။ သူ၏စူးရှပြီးတွက်ချက်တတ်သည့်မျက်လုံးများထဲတွင် အံ့သြမှုများစွာရှိနေ၏။

“ချမ်းဘော့ဒ်ဘုရင်မင်းမှာ လျို့၀ှက်ချက်တွေဘယ်လောက်တောင်ရှိနေသေးတာလဲ။ မဟုတ်ဘူး။ ငါမိသားစုရဲ့အကြီးကဲတွေကို ဒီလူကိုရအောင်စည်းရုံးဖို့ပြောမှဖြစ်မယ်။ ဘယ်လောက်ပဲပေးရပေးရ ဒီလိုလူမျိုးကိုစည်းရုံးရတယ်ဆိုတာ တန်ပါတယ်...”

.....

“အန်း သတ်ဖြတ်ပြီး မီးနဲ့ရှို့တာပဲ ချမ်းဘော့ဒ်ဘုရင်စီမှာ တကယ်ပဲအကြံစည်ကောင်းတစ်ခုရှိနေတာပဲ...ဒီမှော်ဆရာရဲ့ဇစ်မြစ်ကို စုံစမ်းဖို့တစ်ယောက်ယောက်ကို လွှတ်လိုက်ကွာ...”

သွေးစွန်းဂိုဏ်းဌာနချုပ်၏မြောက်ဘက်တွင်တည်ရှိသည့် မျှော်စဥ်ရှည်တစ်ခုပေါ်တွင် သူငယ်တစ်ယောက်သည် အစောင့်စစ်သည်၁၂ယောက်ခန့်၏အလည်မှာ ရေရွတ်လိုက်သည်။

.....

[ဇီးနစ်စစ်ပွဲနတ်ဘုရား] အာရှဗင်သည်လည်း ဤတိုက်ပွဲကိုအ၀ေးတစ်နေရာမှနေ၍ ကြည့်ရှုနေ၏။

အာရှဗင်သည် သူ၏အတွင်းအားတစ်ချို့ကို သွေးစွန်းဂိုဏ်းဌာနချုပ်အတွင်းသို့လျို့၀ှက်စွာဖြင့်၀င်ရောက်စေကာ ထိုနေရာတစ်၀ိုက်ကို လှမ်းကြည့်နေနိုင်၏။ သူသည် ချမ်းဘော့ဒ်ဘုရင်ကို အာရုံခံနိုင်ခြင်းမရှိသည့်အတွက်လက်ရှိတိုက်ခိုက်နေသည့် မျက်နှာဖုံး၀တ်ဆင်ထားသော မှော်ဆရာထံသို့သာအာရုံစူးစိုက်ကြည့်မိနေသည်။ သူ၏ခေါင်းထဲတွင် ခန့်မှန်းချက်များစွာထွက်ပေါ်လာလျှက်ရှိသော်လည်း ဤမှော်ဆရာထံမှရရှိသည့်အရှိန်၀ါများသည် ချမ်းဘော့ဒ်ဘုရင်နှင့်လုံး၀တူညီခြင်းမရှိဟူ၍သာကောက်ချက်ချနိုင်၏။ အေဇာရုတိုက်ပေါ်တွင် စွမ်းအားမြင့်မှော်ဆရာများ စစ်သည်များထံမှာ သူများနှင့်မတူပဲထူးခြားသည့်အရှိန်၀ါတစ်မျိုးစီရှိနေလေ့ရှိသည်။ ဤအရှိန်၀ါကိုပြောင်းလဲရန်မှာ အလွန်ပင်ခက်ခဲလှ၏။ ထို့ကြောင့် ဤအနီရောင်၀တ်ရုံကို၀တ်ဆင်ထားသည့်မှော်ဆရာသည် ချမ်းဘော့ဒ်ဘုရင်မဟုတ်ဟူ၍သာ တစ်ထစ်ချတွက်ထား၏။

“သူကချမ်းဘော့ဒ်ဘုရင်မဟုတ်ဘူးဆိုရင်။ သူကချမ်းဘော့ဒ်ဘုရင်လက်အောက်က လူတစ်ယောက်ပဲဖြစ်ရမယ်...”

“ဒါပေမယ့် တာနာရှာက ချမ်းဘော့ဒ်ဘုရင်လက်အောက်ကလူတွေအကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းသိပါတယ်။ ဒါပေမယ့် သူမငါ့ကို ဒီမှော်ဆရာအကြောင်းကို တစ်ခါမှဘာလို့မပြောခဲ့တာလဲ...”

ဇီးနစ်စစ်ပွဲနတ်ဘုရားသည် အလွန်ရှုပ်ထွေးလျှက်ရှိသည်။

သူ၏ခေါင်းထဲတွင်ရှိနေသည့် ထူးဆန်းသည့်ခံစားချက်မှာ တစ်နေ့ထက်တစ်နေ့ပို၍ပင်ပြင်းထန်လာတော့၏။

.....

“ဟမ် ဒီခံစားချက်...ဘယ်ချိန်ကတည်းက ဒီလိုမှော်ဆရာတစ်ယောက်က ဇီးနစ်အင်ပါယာထဲကို ရောက်လာတာလဲ။ ဒီခံစားချက်ကို တကယ်မရင်းနှီးသေးဘူး။”

“ဘာ။ သူဘယ်သူလဲဆိုတာ ခင်ဗျားမသိဘူးဟုတ်လားအဖိုးကြီး။ သူက ခင်ဗျားရဲ့လျို့၀ှက်တပည့်မဟုတ်ဘူးဆိုတာ သေချာလို့လား...”

“မဟုတ်ဘူး...”

“ဒါကဘယ်လိုမှော်အရှိန်၀ါမျိုးလဲမသိဘူး။ ဘာလို့ငါ ထူးဆန်းပြီး ရှေးကျတဲ့ခံစားချက်တစ်ခုကို ခံစားနေရတာပါလိမ့်...အဲ့တာက...”

“အဲ့တာက ဒဏာရီလာမြေတွေကနေဆင်းသက်လာနေသလိုပဲ...”

“သူက စပါတပ်အင်ပါယာက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်များလား...”

“မဖြစ်နိုင်ဘူး။ ငါတို့ စပါတပ်အင်ပါယာက အဖိုးကြီးတွေနဲ့လဲ ရင်းနှီးခဲ့ကြတာပဲ။ စပါတပ်အင်ပါယာမှာလဲ ဒီလိုမှော်ဆရာမျိုးမရှိဘူး...”

“သူက ၀ေးလှံခေါင်းဖျားတဲ့တိုင်းပြည်တစ်ခုခုက ပါရမီရှင်တစ်ယောက်လားမသိဘူး။ အချိန်ဆိုတာက ကမ္ဘာပေါ်မှာအကြီးမားဆုံးအင်အားစုတစ်ခုပဲ....ချမ်းဘော့ဒ်ဘုရင်လူရှေ့ကိုထွက်လာခဲ့ပြီးကတည်းက ငါတို့လိုအဖိုးကြီးတွေရဲ့ခေတ်မဟုတ်တော့သလိုခံစားနေရတယ်...”

“ဘယ်လိုပဲနေနေပေါ့...မင်းသားနှစ်ပါးနဲ့ တစ်ခြားအင်အားကြီးအဖွဲ့စည်းတွေအကုန်လုံးက သဘောတူညီမှုတစ်ခုကို ယူထားကြတယ်။ ဒီညက သွေးညတစ်ခုပဲ...ငါတို့ပါ၀င်စရာမလိုပါဘူး...”

အသိဉာဏ်များပါ၀င်နေသည့် မှော်စွမ်းအင်များနှင့် အတွင်းအားများသည် မြို့တော်စိန့်ပီတာစဘာ့တ်၏အမြင့်မားဆုံးမှော်မျှော်စင်ကြီးများထံမှထွက်ပေါ်လာနေလျှက်ရှိ၏။ ဤစွမ်းအင်များသည် အလွန်သိမ်မွေ့လှသဖြင့် သာမန်လူများသတိထားမိခြင်းမရှိချေ။ မြို့တော် အပေါ်တွင် ဇီးနစ်အင်ပါယာ၏ထိပ်တန်းမှော်ဆရာကြီးနှစ်ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက်အ၀ေးမှ ဆက်သွယ်ပြောဆိုနေကြ၏။

All Chapters