အခန်း (၃၃၈)
Vol. 23 Ch. 338
“ဘယ်သူမှ ဒီတိုက်ခိုက်မှုကို မခံနိုင်ဖူးသေးဘူး။” လက်တစ်ဖက်တွင် မှော်တောင်၀ှေးကို ကိုင်ထားရင်းဖြင့် ဖှေးကျန်ရှိနေသည့်လက်တစ်ဖက်ဖြင့် လေပေါ်တွင် မှော်သင်္ကေတမျိုးစုံကို ရေးဆွဲလိုက်၏။
သွေးစွန်းဂိုဏ်းခေါင်းဆောင်၏မျက်နှာအမူယာမှာ ပို၍ပင်လေးနက်လာတော့၏။
ပတ်၀န်းကျင်တွင်တောက်လောင်နေကြသည့် မီးတောက်များထံမှ မှော်စွမ်းအင်များထွက်ပေါ်လာနေသည်ကို သူခံစားလိုက်ရ၏။ စွမ်းအားတစ်မျိုးမျိုးကို ဆင့်ခေါ်နေသည့်အရိပ်ယောင်ပင်။
“မင်းဒီတိုက်ခိုက်မှုကိုခံနိုင်မယ်ဆိုရင် ငါဒီနေရာကိုလုံး၀ကိုလာတော့မှာ မဟုတ်ဘူး။” ဖှေး အေးစက်ကာ ယုံကြည်ချက်ရှိသည့်အသံဖြင့်ပြောလိုက်ကာ သူ၏ခန္ဓကိုယ်တစ်၀ိုက်တွင် အနီရောင်စက်လုံးတစ်ခု၀န်းရံကာ ပေါ်လာတော့၏။
ခေါင်းဆောင်သည် ဖိအားများကို ပို၍ပင်ခံစားလာရ၏။ သူ၏အတွင်းအားစွမ်းအင်များနှင့် ၀ိဉာဥ်စွမ်းအင်များကို ပို၍ပင်စုစည်းရဦးမည်ဖြစ်သည်။
ဤလျို့၀ှက်သည့်မျက်နှာဖုံး၀တ်ဆင်ထားသည့် မှော်ဆရာသည် ယနေ့တွင်သူ့အားဖိအားများစွာကို ပေးလျှက်ရှိသည်။ မှော်ဆရာ၏ပတ်လည်တွင် ထူထပ်သည့်မှော်စွမ်းအင်အကာရံများရှိနေသည့်အတွက် ချောင်းမြောင်းတိုက်ခိုက်ရန်မှာလည်း ခက်ခဲလှ၏။ ခေါင်းဆောင်သည် အလွန်အကြပ်ရိုက်သည့်အခြေအနေတစ်ခုနှင့်ရင်ဆိုင်နေရသည်။ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ဤတိုက်ခိုက်မှုကို ခံနိုင်ရန်ဆုတောင်းနေပြီး ဤလူထွက်ခွာသွားရန်ကိုသာ မျှော်လင့်နေတော့၏။
“အသင့်ပြင်ထား...” ဖှေးအော်လိုက်သည်။
သွေးစွန်းဂိုဏ်းခေါင်းဆောင်သည် ပို၍ပင် အာရုံစိုက်လိုက်ကာ သူ၀တ်ဆင်ထားသည့်အပြာရောင်၀တ်ရုံသည်အပြာရောင်အလင်းတန်းများပင်တောက်ပလာ၏။ ဤသည်မှာ နတ်ဆိုးသားရဲတစ်ကောင်၏အရေခွံဖြင့်ပြလုပ်ထားခြင်းဖြစ်သည့်အတွက် ၀တ်ဆင်ထားသူ၏ ခုခံစွမ်းကို တိုးမြှင့်ပေးနိုင်၏။ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ရန်သူ၏သေစေနိုင်သည့်တိုက်ခိုက်မှုကို ခုခံဖို့စောင့်ဆိုင်းရန်သာဖြစ်တော့သည်။
ဤအခိုက်တန့်တွင်...
သွေးစွန်းဂိုဏ်းခေါင်းဆောင်၏နောက်တွင် ရှိနေသည့်လေထုမှာ လှုပ်ရှားသွား၏။
ထူးဆန်းသည့်ပုံသဏန်ရှိသည့်ဓားသည် မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိပဲ ထွက်ပေါ်လာပြီးနောက်ကျောမှနေ၍ သွေးစွန်းဂိုဏ်းခေါင်းဆောင်၏ စွမ်းအင်အကာရံကိုတိတ်ဆိတ်စွာဖြင့် ထိုးစိုက်လိုက်သည်။ မည်သည်မှ ဤဓားချက်ရောက်ရှိလာသည်ကို သတိမထားလိုက်မိချေ။ ခေါင်းဆောင်၀တ်ဆင်ထားသည့်အပြာရောင်၀တ်ရုံသည်လည်း ထိုးဖောက်ခြင်းခံလိုက်ရ၏။ ထို့နောက်တွင် ဓားသည် ခေါင်းဆောင်၏ခန္ဓာကိုယ်အတွင်းသို့စိုက်၀င်သွားတော့သည်။
“သေစမ်း...”
ခေါင်းဆောင်၏အာရုံစိုက်မှုသည် ဖေးထံသို့သာရောက်ရှိနေသောကြောင့် သူသည် ဤကဲ့သို့အချိန်မျိုးတွင် တစ်စုံတစ်ယောက်သူ့အနားသို့ရောက်ရှိလာမည်ဟုထင်မထားခဲ့ချေ။ ထို့အပြင် သူ၏စွမ်းအင်အကာရံနှင့် မှော်ချပ်၀တ်ကို လွယ်ကူစွာပင်ထိုးဖောက်နိုင်သည့် လက်နက်မျိုးရှိနေလိမ့်မည်ဟုလည်း သူထင်မထားသောကြောင့်ပင်။
သူတစ်စုံတစ်ခုမှားယွန်းနေကြောင်းကို သတိထားလိုက်မိသည့်အချိန်တွင် နောက်ကျသွားခဲ့ပြီဖြစ်၏။
ထူးဆန်းသည့်ပုံသဏန်ရှိသည့်အမဲရာင်ဓားသွားသည် သေမင်း၏အနမ်းတစ်ပွင့်ကဲ့သို့ သူ၏နှလုံးသားထဲသို့အမှန်တကယ်ပင် စိုက်၀င်သွားခဲ့ပြီဖြစ်၏။ ဤဓားသည် အလွန်ချွန်ထက်လှသဖြင့် အရာအားလုံးကို စုတ်ဖြဲနိုင်သကဲ့သို့ပင်။
ဤဓားသည် လူငယ်တစ်ယောက်၏လက်ထဲတွင် ရှိနေ၏။
“မဟုတ်ဘူး...” သွေးစွန်းဂိုဏ်းခေါင်းဆောင်သည် မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်ငိုကြွေးလိုက်သည်။ သူ၏နောက်ဆုံးကျန်ရှိနေသည့် အသက်နှင့် ရှိသမျှအတွင်းအားစွမ်းအင်များကို အသုံးပြုကာ ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့်လူကို သတ်ဖြတ်ရန်အတွက် တစ်ဖက်သို့လှည့်လိုက်သည်။ ဤလှုပ်ရှားမှုသည် သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ဒဏ်ရာကိုပို၍ဆိုး၀ါးစေသည်။ ထူးဆန်းသည့်ပုံစံရှိသည့် ဓားသည်ထိခိုက်မှုအမြင့်မားဆုံးပေးနိုင်ရန်အတွက် ဒီဇိုင်ဆွဲထားခြင်းဖြစ်ပြီး သူ၏ခန္ဓကိုယ်ပေါ်တွင် အလွန်ကြီးမားသည့် ဒဏ်ရာတစ်ခုကို ချန်ထားခဲ့သည်။
“အဟွတ်...အဟွတ်...အဟွတ်..မင်းညစ်ပတ်တဲ့ကောင်...မင်း” သွေးစွန်းဂိုဏ်းခေါင်းဆောင်သည် ယိုင်ထိုးနေ၏။ သူသည် မတ်တပ်ပင် ကောင်းစွာမရပ်နိုင်တော့ချေ။
“ညစ်ပတ်တယ် ဟုတ်လား။ ဟားဟားဟား တကယ်လား...” ကျောက်ရုပ်ပေါ်တွင်ရပ်နေသည့် ဖှေးသည် အရှေ့သို့ပြေးလာကာ ခေါင်းဆောင်နှင့်ဆယ်မီတာခန့်တွင်ရပ်လိုက်သည်။ ထို့နောက်တွင် ဖှေးသည် ခေါင်းဆောင်အနီးသို့ဖြေးညှင်းစွာဖြင့်လမ်းလျှောက်သွားရင်းဖြင့်ပြောလိုက်၏။ “ဘာလို့ ငါက အဲ့လောက်ညစ်ပတ်တယ်လို့မခံစားရတာလဲ။ ခင်ဗျားလိုအမှိုက်သရိုက်ကောင်အပေါ်မှာဆို ကျွန်တော်သုံးချင်သလောက် ညစ်ပတ်တဲ့နည်းလမ်းတွေသုံးခွင့်ရှိတယ်။ ခင်ဗျားကို အခါတစ်ရာပြန်လောက်တောင်သတ်ချင်သေးတယ်။ ဒါပေမယ့် ခင်ဗျားမှာက အသုံးမကျတဲ့အသတ်တစ်ချောင်းပဲပါလာတာကိုး။ ခင်ဗျားက ကျွန်တော့ရဲ့ရှေ့မှာ စစ်သည်တစ်ယောက်လိုသေချင်လို့လား။ ထွီ..ခင်ဗျားနဲ့မတန်ပါဘူး။”
“အဟွတ်...မင်း...ဘယ်သူ...မင်းဘယ်သူလဲ...” သွေးစွန်းဂိုဏ်းခေါင်းဆောင်၏ ခေါင်းထဲတွင် အလိုမကျမှုများဖြင့် ရေရွတ်လိုက်သည်။
သူ၏အမြင်အာရုံများသည် မှောင်လာနေပြီဖြစ်၏။ သူ၏ရန်သူသည်သာ မီးတောက်များရှေ့တွင် ရပ်နေခြင်းမဟုတ်ပါက သူသည် ရန်သူမည်သည့်နေရာတွင်ရှိနေသည်ဆိုသည်ကိုပင် မြင်နိုင်စွမ်းရှိတော့မည်မဟုတ်ပေ။ သူ၏အမြင်အာရုံသည် ၀ေ၀ါးစပြုလာနေပြီဖြစ်ပြီး သူမသေမှီတွင် သူ့အားသတ်ဖြတ်ခဲ့သူသည် မည်သူဖြစ်သည်ကို သိရှိသွားလို၏။
“ကျွန်တာ်က...” ဖှေးသူ့ထံသို့လမ်းလျှောက်သွားပြီး မိတ်ဆွေဟောင်းတစ်ယောက်ကဲ့သို့ တီတိုးပြောလိုက်၏။
“မင်းက..ချမ်း...”
“မင်းအခုငါဘယ်သူလဲဆိုတာ သိပြီဆိုတော့ မင်းငြိမ်းချမ်းစွာသေလို့ရပြီပေါ့...”
ဖှေးခေါင်းဆောင်၏ဘေးနားသို့လမ်းလျှောက်သွားလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲတွင် စိုက်၀င်နေသည့်ဓားကိုစွဲနုတ်လိုက်ကာ ခေါင်းဆောင်၏ဦးခေါင်းကို ကျန်လက်တစ်ဖက်ဖြင့် ကိုင်ဆွဲလိုက်၏။ “၀ှစ်..” အမဲရောင်ဓားသည် ရွေ့လျားသွား၏။ နေရာတစ်၀ိုက်ကို နှစ်ပေါင်းများစွာခန့် ခြောက်ခြားစေခဲ့သည့် သေစေနိုင်သောကြေးစားစစ်သည်ခေါင်းဆောင်ကြီးသည် ခေါင်းဖြတ်ခံလိုက်ရပြီဖြစ်သည်။
“ဟားဟား...”