အခန်း (၃၃၉)
Vol. 23 Ch. 339
“သွေးစွန်းနေတဲ့ဓားက လက်စားချေဖို့အတွက်ပဲ။ ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်လျှက်နဲ့ထွက်သွားနိုင်မှာမဟုတ်ဘူး။ဟားဟားဟား...” နတ်ဆိုးကဲ့သို့သော မျက်နှာဖုံးကို ၀တ်ဆင်ထားရင်းဖြင့် ဖှေးညအမှောင်ထဲတွင် ရယ်မောလိုက်သည်။ သူ၏လက်ထဲတစ်ဖက်တွင် ဓားတစ်လက်၊ တစ်ဖက်တွင် သွေးစွန်းဂိုဏ်းခေါင်းဆောင်၏ဦးခေါင်းကိုကိုင်ကာ မီးတောင်များထဲတွင်ရပ်နေရင်းဖြင့် ဖှေးသည် ငရဲပြည်မှနတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။
ဤကြောက်မက်ဖယ်မြင်ကွင်းနှင့် အတူ သတ်ဖြတ်လိုသည့် ဆန္ဒများပါ ရောထွေးပါ၀င်လာသဖြင့် သွေးစွန်းဂိုဏ်းအဖွဲ့၀င်များ၏စိတ်ဓာတ်များလဲပြိုကုန်ကြတော့၏။
“အား..သူခေါင်းဆောင်ကြီးကို သတ်ပစ်လိုက်ပြီ...”
“ခေါင်းဆောင်ကြီးသေသွားပြီ ခေါင်းဆောင်ကြီးသေသွားပြီ....”
“ပြီးသွားပြီ။ သွေးစွန်းဂိုဏ်းတော့အဆုံးသတ်သွားပြီ။ သူကငရဲပြည်က နတ်ဆိုးတစ်ကောင်ပဲဖြစ်ရမယ်...”
မီးပင်လယ်အတွင်းမှ အော်ဟစ်ငိုကြွေးသံများစွာထွက်ပေါ်လာ၏။ သွေးစွန်းဂိုဏ်းမှ ကြေးစားစစ်သည်များသည် သူတို့၏ရဲစွမ်းသတ္တိများပျောက်ဆုံးကာ ဆက်လက်တိုက်ခိုက်လိုစိတ်မရှိကြတော့ပေ။ ဤကဲ့သို့သောအရှိန်မျိုးဖြင့် သူတို့သည် သွေးစွန်းဂိုဏ်း၏ပြိုလဲမှုကို မတားဆီးနိုင်ကြတော့ပေ။ ဤအချိန်ထိ အင်ပါယာစစ်သည်များလည်းရောက်ရှိလာခြင်းမရှိသေးပေ။ ဖယ်လွန်မိသားစုမှ တပ်ကူများလဲရောက်ရှိလာခြင်းမရှိ။ ဤအချက်တစ်ခုတည်းကပင် သွေးစွန်းဂိုဏ်းသည် ရန်မစသင့်သူတစ်ဦးကို ရန်စမိခဲ့ကြောင်းကို သတ်သေထူနေ၏။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားသည် သွေးစွန်းဂိုဏ်းကို ဖျက်ဆီးပစ်ရန်အတွက် ကြိုးစားနေခြင်းဖြစ်ပြီး ဤအရာကို ဖယ်လွန်မိသားစုပင် တားဆီးနိုင်ခြင်းမရှိတော့ချေ။
သွေးစွန်းဂိုဏ်းသည် စွန့်ပစ်ခြင်းခံလိုက်ရပြီဖြစ်၏။
ကြေးစားစစ်သည်များသည် မီးများတောက်လောင်နေသည့်ကြားထဲတွင် စတင်၍ပြေးလွှားကြတော့သည်။ တစ်ချို့စစ်သည်များသည် မထွက်ပြေးမှီသူတို့စုဆောင်းထားသည့်ပိုင်ဆိုင်မှုများကို ယူဆောင်နေကြသည်။ တစ်ချို့စစ်သည်များမှာမူ သွေးစွန်းဂိုဏ်းနှစ်ပေါင်းများစွာစုဆောင်းထားသည့် ဘဏ်ဏာတိုက်ကို စတင်၍ဖောက်နေကြပြီဖြစ်သည်။ ဤသည်မှာ အရေးကြီးသည့်အချိန်တစ်ခုဖြစ်သော်လည်း ကြေးစားစစ်သည်များစွာမှာ တောကြောင်များပင်ဖြစ်သည်။ သူတို့သည် ဤကဲ့သို့အခြေအနေမျိုးမှာပင် အကျိုးမြတ်ထုတ်လိုနေကြ၏။
သွေးစွန်းဂိုဏ်းခေါင်းဆောင်၏လက်အောက်တွင် အဓိကတိုက်ခိုက်ရေးသမားခြောက်ယောက်ခန့်ရှိနေသေး၏။
သူတို့ထဲမှတစ်ယောက်ကို လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖှေးကိုယ်တိုင်ဖမ်းဆီးထားပြီးပြီဖြစ်သည်။ ဘုံဆိုင်အတွင်းတွင် ဖှေးထားခဲ့သည့်ထိပ်ပြောင်သည် အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရသည်။ ပြိုင်ဘက်ကင်းသည်ဟုသူထင်မှတ်ထားခဲ့သည့် ခေါင်းဆောင်သည် ဖှေး၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး၊ သွေးစွန်းဂိုဏ်းဌာနချုပ်အား မီးများစွဲလောင်နေသည်ကို ကြည့်ရင်းဖြင့် သူ၏မျက်နှာသည် အရောင်ကင်းမဲ့လာတော့၏။ ယခုအချိန်တွင်မူ သူအမှန်တကယ်ပင် ကြောက်လန့်နေပြီဖြစ်သည်။ သို့သော် သူ့တွင် ပြင်ဆင်ရန်အတွက် အခွင့်ရေးမရှိတော့ပေ။ သူ့အားစောင့်နေသည့် သူတော်စဥ်တပ်ဖွဲ့၀င်စစ်သည်တစ်ယောက်သည် သူ၏ဦးခေါင်းကို ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်ပြီး သူ့အားမီးအတွင်းသို့ ပစ်ထည့်လိုက်တော့၏။
ကျန်ရှိနေသည့် ခေါင်းဆောင်တိုက်ခိုက်ရေးသမားငါးယောက်တို့သည် သူတို့အစီစဥ်နှင့်သူတို့ရှိနေကြသည်။ တစ်ချို့သည် လူယုံများကို စုဆောင်းကာ သူတို့၏ရတနာများနှင့်အတူထွက်ပြေးလွတ်မြောက်ရန်အတွက် ကြိုးစားနေကြသည်။ တစ်ချို့မှာ အံကြိတ်လျှက် သွေးစွန်းဂိုဏ်း၏ရတနာပစ္စည်းများ ထားရှိသည့် အခန်းအတွင်းသို့ချီတပ်လျှက်ရှိကြသည်။
တစ်ချို့မှာမူ သူတို့၏ခေါင်းဆောင်အတွက်လက်တုန့်ပြန်ရန်အတွက် ရွေးချယ်လိုက်ကြသည်။
“မင်းက ခေါင်းဆောင်ကို သတ်လိုက်တာပဲ။ ငါသူ့အတွက်လက်စားချေမယ်...”
မီးများအတွင်းမှ လူတစ်ယောက်ပြေးထွက်လာ၏။ သူ၏အ၀တ်စားများနှင့် ချပ်၀တ်များသည် မီးစွဲလောင်နေလျှက်ရှိပြီး သူ၏အရေပြားနှင့် ကြွက်သားများသည်လည်း မီးလောင်ခြင်းခံထားရသည်မှာ ထင်ရှားသည်။ ဤလူသည် မီးတောက်များကြာထဲတွင် ပုန်းအောင်းနေပြီးဖှေးအားလုပ်ကြံသတ်ဖြတ်နိုင်သည့်အခွင့်ကောင်းကို စောင့်စားနေခဲ့ခြင်းပင်။ ဤလူသည် လေးစားစရာပင်။
သို့သော် သူ၏သစ္စာရှိမှုအာား မကောင်းသည့်လူတစ်ယောက်အပေါ်တွင် ပေးခဲ့လိုက်မိ၏။
အေးစက်သည့်အမူယာတစ်ခုနှင့်အတူ ဖှေးသည် တယ်လီပေါ့အစွမ်းကို အသုံးပြကာအ၀ေးသို့ချက်ချင်းပင်ရှောင်ရှားလိုက်ပြီး မီးလုံးများစွာပစ်လိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည်လည်းပျောက်ကွယ်သွားတော့၏။ ဤချောင်းမြောင်းတိုက်ခိုက်သူသည် မီးလုံးများကို ပွတ်ကာသီကာဖြင့်ရှောင်ရှားပြီးချိန်တွင် ထူးဆန်းသည့်ပုံသဏန်ရှိသည့် ဓားသည် သူ၏လည်မျိုအတွင်းသို့စိုက်၀င်သွားတော့၏။
“ဖုန်း...”
ရုပ်အလောင်းသည် မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။
“၀ှီး...”
ဖှေးဓားကိုအရှေ့သို့ပစ်ပေးလိုက်ရာ ခပ်ပိန်ပိန်ကောင်းလေးတစ်ယောက်သည် ရုတ်တရက်ထွက်ပေါ်လာပြီး ဓားကိုဖမ်းလိုက်၏။
“မင်းရဲ့စွမ်းဆောင်ရည်က အဲ့လောက်မကောင်းသေးဘူး။ ပစ်မှတ်ကို တိုက်ခိုက်ပြီးတာနဲ့ မင်းက အမြန်ပြန်ပြီးပြေးသင့်တယ်။ မင်းသူ့ရဲ့ခန္ဓာကိုယ်ကို ဓားနဲ့စိုက်ပြီးတော့ ဘာလို့စက္ကန့်အနည်းငယ်လောက်ရပ်နေခဲ့တာလဲ။ သူက အဲ့အခွင့်ရေးကိုအသုံးချပြီးတော့ မင်းကို ဒဏ်ရာရအောင်လုပ်နိုင်ခဲ့တယ်။ အန်း သူက ငါနဲ့အာရုံများနေပြီး၊ ဒဏ်ရာလဲအတော်ရနေပြီးလို့ ကံကောင်းတာပေါ့။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းကို အဲ့စက္ကန့်အနည်းငယ်အတွင်းမှာပြန်သတ်သွားနိုင်တယ်...” ဖှေးဖြေးညှင်းစွာဖြင့်ပြောလိုက်၏။
“ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော်မှတ်ထားပါ့မယ်။” ဤခပ်ပိန်ပိန်ကောင်လေးမှာ ဖှေး၏တပည့်ဖြစ်သူ ဖီးလစ်-အစ်ဇာနီပင်။
အစ်ဇာနီ၏စွမ်းအားများမှာ သိပ်ပြီးမမြင့်မားလှပေ။ သို့သော် သူ၏မွေးရာပါ ကိုယ်ဖျောက်စွမ်းအားမှာ အလွန်အစွမ်းထက်လွန်းလှသည်။ သူသည် နေရာတစ်၀ိုက်တွင် တစ်ခြားလူများမြင်နိုင်စွမ်းမရှိပဲ တိတ်ဆိတ်စွာသွားလာနိုင်၏။ ဖှေးကိုယ်တိုက်ပင် သေချာကြိုးစားခြင်းမရှိပါက သူ့အားရှာဖွေနိုင်မည်မဟုတ်ပေ။ ဖှေးလက်အောက်တွင် လေ့လာပြီးသည့်အချိန်တွင် အစ်ဇာနီသည် သူ၏အစွမ်းကို ပို၍ကောင်းမွန်စွာထိန်းချုပ်တတ်လာပြီဖြစ်၏။ အစ်ဇာနီအား လုပ်ကြံသတ်ဖြတ်သူအစစ်မှန်တစ်ယောက်ဖြစ်လာနိုင်ရန်အတွက် ဖှေးသူ့ကို တိုက်ပွဲအတွေ့ကြုံများရရှိစေလို၏။ ဤအတွက်ကြောင့် ဖှေးသွေးစွန်းဂိုဏ်းခေါင်းဆောင်ကို အာရုံလွဲထားကာ အစ်ဇာနီကိုသေစေသည့်တိုက်ခိုက်မှုမျိုးပြုလုပ်စေခဲ့ခြင်းပင်။ အမှန်ပင် ဤကဲ့သို့တိုက်ခိုက်နိုင်ခြင်းမှာ အစ်ဇာနီအသုံးပြုသည့် ဓားကြောင့်လဲပါ၏။ ဤဓားကို နတ်ဆိုးအရိုးများနှင့် မဟူရာသတ္တုရိုင်းတို့ကို အသုံးပြကာပြုလုပ်ထားခဲ့ခြင်းပင်။ ထို့ကြောင့် နတ်ဘုရားအဆင့်လက်နက်များကဲ့သို့ပင် ချွန်ထက်လှ၏။ ဤအတွက်ကြောင့် အစ်ဇာနီသည် သွေးစွန်းဂိုဏ်းခေါင်းဆောင်၏စွမ်းအင်အကာရံနှင့် မှော်နတ်ဆိုးသားရဲအရေခွံဖြင့်ပြုလုပ်ထားသည့် အကာကွယ်၀တ်ရုံတို့ကို လွယ်ကူစွာထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်သည်။
“လုပ်ကြသတ်ဖြတ်သူတွေဆိုတာက အခွင့်ရေးသမားတွေပဲ။ မင်းအဲ့တာကိုမှတ်မိမှရမယ်။ တကယ်လို့ မင်းအခွင့်ရေးတွေကို အသုံးချတဲ့နေရာမှ ကျွမ်းကျင်သွားပြီဆိုရင် မင်းကနတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်လာလိမ့်မယ်..”
“အန်း...မင်းအဆင်ပြေရဲ့လား။” သူ၏တပည့်ကို ဆူပြီးသည့်နောက်တွင် ဖှေးသည် ဂရုစိုက်တတ်သည့် လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွား၏။
“ရပါတယ် သိပ်ပြီးတော့မပြင်းထန်ပါဘူး။ ကျွန်တော်က ချပ်၀တ်၀တ်ထားလို့သိပ်ပြီးမထိလိုက်ဘူး။ ကိုယ်တွင်းအင်္ဂါတွေတတော့ နည်းနည်းထိသွားတယ်။ ဒါပေမယ့် ဆေးပုလင်းသောက်လိုက်လို့အကုန်ပျောက်သွားပါပြီ။” အစ်ဇာနီ၏မျက်နှာပေါ်တွင် ရှက်ရွံ့သည့်အပြုံးတစ်ခုပေါ်လာ၏။
ဖှေး ခေါင်းငြိမ့်လိုက်သည်။
သူသည် သွေးစွန်းဂိုဏ်းခေါင်းဆောင်၏အလောင်းဘက်သို့လှည့်လိုက်ပြီး အဆင့်၇နတ်ဆိုးသားရဲ၏အရေခွံဖြင့်ပြလုပ်ထားသည့် အပြာရောင်၀တ်ရုံကို ချွတ်ယူလိုက်သည်။ သူသည် ဤ၀တ်ရုံကို အစကတည်းက မျက်စိကျနေခဲ့ခြင်းပင်။ ဤ၀တ်ရုံတင် ရေခဲစွမ်းအင်များပါ၀င်ပြီး အကြမ်းခံကာ ရေခဲစွမ်းအင်အတွင်းအားများကို တိုးမြှင့်ပေးနိုင်၏။ ၀တ်ရုံတွင် အစ်ဇာနီဓားဖြင့်စိုက်ထားသည့်အပေါက်တစ်ခုရှိနေသော်လည်း ၀တ်ရုံ၏တန်ဖိုးမှာ မြင့်မားနေဆဲပင်။
ဖှေးထိုအရာကို သူ၏ထားသိုရာလက်စွပ်အတွင်းသိုပစ်ထည့်လိုက်၏။
“ဟမ်...ဒါက။ ငါ့အမိန့်ကို ပြောလိုက်။ လမ်းပါ့ဒ်နဲ့ တစ်ခြားလူတွေကို နည်းနည်းလောက်အချိန်ဆွဲဖို့ပြောလိုက်။ သွေးစွန်းဂိုဏ်းက လူတွေအကုန်လုံးကိုမသတ်နဲ့ဦး။ ငါတစ်ချို့ကိစ္စတွေလုပ်စရာရှိသေးတယ်။” ဖှေးရုတ်တရက်တစ်စုံတစ်ခုကို အာရုံခံလိုက်မိသဖြင့် အစ်ဇာနီကို မှာလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ...” အစ်ဇာနီသည် ယဥ်ကျေးစွာဖြင့် တုန့်ပြန်လိုက်ပြီး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
သူ၏မျက်လုံးများကို မှိတ်ကာ အရပ်မျက်နှာတစ်ခုထံသို့အနည်းငယ်အာရုံခံလိုက်မိပြီးသည့်အချိန်တွင် ဖှေးသည် လမ်းကြောင်းကိုဆုံးဖြတ်လိုက်ပြီး မီးတောက်များအတွင်းသို့ပြေး၀င်သွားတော့၏။ သူသည် သွေးစွန်းဂိုဏ်းဌာနချုပ်တွင်ရှိသော နံပါတ်၁ခန်းမဆောင်အတွင်းသို့လမ်းလျှောက်၀င်သွားပြီး စတင်ရှာဖွေတော့သည်။
......
“သွေးစွန်းဂိုဏ်းကတော့ လစ်သွားပြီး...”
ဤအရာများကို မျှော်စဥ်ရှည်တစ်ခုပေါ်မှကြည့်နေသည့် လူငယ်သည် သက်ပြင်းချလိုက်မိ၏။ သို့သော် သူ၏မျက်လုံးများမှာမူ စိတ်အားထက်သန်နေဆဲပင်။ ခနတာခန့် တွန့်ဆုတ်ပြီးသည့်နောက်တွင် သူသည် မျှော်စဥ်အောက်သို့ဆင်းကာ အမှောင်ထုထဲတွင်ပျောက်ကွယ်သွားတော့၏။
“သွေးစွန်းဂိုဏ်းလဲပြီးသွားပြီဆိုတော့ ဆုလာဘ်တွေသိမ်းဖို့အချိန်ပဲ...”
......
“ချမ်းဘော့ဒ်ဘုရင်က အခုထိပေါ်မလာသေးဘူး။ မဟုတ်မှလွဲရော...”
သွေးသံမဏိတပ်ဖွဲ့၏ကာကွယ်မှုအောက်တွင် ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်သည် လူတစ်ယောက်ကို လိုက်ရှာကြည့်နေ၏။ သို့သော် သူလိုက်ရှာနေသည့်လူမှာ ရောက်ရှိလာခြင်းမရှိသေးပေ။ အာရှဗင်သည် ပို၍ပင်စိတ်ရှုပ်ထွေးသွား၏။
“အဲ့မှော်ဆရာက ဘယ်သူများဖြစ်နိုင်မလဲ။ ကြယ်ခြောက်လုံးအဆင့်မှော်ဆရာတစ်ယောက်ပဲ။ သူမထင်မရှားလူတစ်ယောက်တော့မဖြစ်နိုင်ဘူး။ ဒါပေမယ့် အဲ့လိုဆိုရင် ဘာလို့ငါက ဒီမှော်ဆရာအကြောင်းကို လုံး၀မသိရတာလဲ။” သူတွေးလိုက်မိ၏။
အာရှဗင်သည် အလွန်စိုးရိမ်နေသကဲ့သို့ခံစားနေရ၏။ အမှန်တရားအားဖုံးကွယ်ထားသည့် ပ၀ါစတစ်ခုရှိနေပုံရပြီး သူသည် ဤပ၀ါစကို ဖယ်ရှားနိုင်ခြင်းမရှိသေးပေ။
“အမြန်လုပ်။ စပြီးစုံစမ်းကြတော့...” အာရှဗင်သည် သူ၏အေးစက်သည့်အသံနှင့်အတူအမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ အရှင့်သား။” ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် စစ်သည်တစ်ယောက်သည် ဒူးထောက်ကာ တုန့်ပြန်လိုက်သည်။ ထို့နောက်တွင် စစ်သည်သည် မတ်တပ်ထကာ ထွက်သွားတော့၏။
ဇီးနစ်အင်ပါယာ၏အကြီးဆုံးမင်းသားမှ လေ့ကျင့်ပေးထားသည့် လူယုံစစ်သည်များဖြစ်သည့်အတွက် သူတို့သည် ဇီးနစ်စစ်ပွဲနတ်ဘုရားနှင့်အတူတိုက်ပွဲများစွာတိုက်ခိုက်ဖူး၏။ သူတို့သည် မင်းသားအားအလွန်ပင်သစ္စာရှိကြပြီး သူတို့သည် တစ်ဦးနှင့်တဦးအလွန်နားလည်ကြ၏။ ထို့ကြောင့် မင်းသားမှ စုံစမ်းလိုက်ကြဟုပြောလိုက်သည်နှင့်ပင် သူတို့သည် မင်းသားအလိုရှိသည့်အရာကို တိတိကျကျသိရှိသွားခြင်းပင်။
......
ကောင်းကင်ပေါ်ရှိအမဲရောင်တိမ်တိုက်များကြားထဲတွင်။
“အဖိုးကြီး ခင်ဗျားရောမြင်နိုင်လား။ အဲ့မျက်နှာဖုံး၀တ်ထားတဲ့ကောင်လေးက အလတ်ဇန္ဒားမလား။” မတ်-ရာဇီသည် သူ၏ဦးခေါင်းကို ကုတ်လိုက်သည်။ အချိန်ကြာသည့်တိုက်အောင် သူမစဥ်းစားနိုင်သေးပေ။
“မသိဘူး...” သူ၏ဘေးတွင်ရှိနေသည့် ခပ်ပိန်ပိန်နှင့်လူသည် ဖြေလိုက်၏။
“ခင်ဗျားတောင်မမြင်နိုင်ဘူး ဟုတ်လား...”
“မမြင်နိုင်ဘူး...”
“ဟားဟား အင်ပါယာထဲမှာရှိတဲ့ နံပါတ်၁စစ်သည်ကြီး သူတော်စဥ်သိုင်းဆရာ ခါရစ်ကတောင်လူငယ်တစ်ယောက်ကို မမြင်နိုင်ဘူးတဲ့လား။ ခင်ဗျားသဲလွန်စတစ်ခုခုရောမရဘူးလား...”
“စွမ်းအားခံစားမှုနှစ်ခုက လုံး၀ကို မတူညီလို့ ငါသေချာမပြောနိုင်ဘူး...”
“ဟမ်။ ခင်ဗျားနောက်ဆုံးတော့ စကားတစ်လုံးထက်ပိုပြီး ပြောလိုက်ပြီပေါ့။ ဟားဟား ကျွန်တော်သေချာရေကြည့်လိုက်ဦးမယ်။ စကား၈ခွန်းပြောလိုက်တာပဲ။ ဒါက လွန်ခဲ့တဲ့ ၃နှစ်ပတ်လုံးက စံချိန်ကို ချိးဖြတ်လိုက်တာပဲ...” မတ်-ရာဇီသည် ရယ်မောလိုက်၏။
သူတော်စဥ်သိုင်းဆရာ- “.....”
မတ်ရာဇီ- “လုပ်စမ်းပါ။ စကားလေးပါလေးထပ်ပြောပါဦး။ တကယ်လို့ခင်ဗျားသာ စကားနည်းနည်းပြောမယ်ဆိုရင် ခင်ဗျားရဲ့ရန်သူတွေအတွက် ပိုပြီးတော့ ကြောက်စရာကောင်းနေလိမ့်မယ်...”
သူတော်စဥ်သိုင်းဆရာ- “မင်းလဲစကားနည်းနည်းလျှော့ပြောရင် အဲ့လိုပဲဖြစ်မယ်...”
မတ်-ရာဇီ- “.....”
မတ်-ရာဇီ- “ကျွန်တော်သွားပြီးတော့ အဲ့ကောင်လေးရဲ့မျက်နှာဖုံးကို ချွတ်လိုက်ရမလား...”
သူတော်စဥ်သိုင်းဆရာ- “မလုပ်နဲ့”
မတ်-ရာဇီ- “လုပ်ပြန်ပြီလား။ ခင်ဗျား စကားလုံးနဲနဲပိုပြောတော့ရော သေသွားမှာ မို့လို့လား။”
သူတော်စဥ်သိုင်းဆရာ- “.....”