အခန်း (၃၄၀)
Vol. 23 Ch. 340
သွေးစွန်းဂိုဏ်း၏နံပါတ်၁ နန်းတော်ဆောင်မှာ ကြီးကျယ်ခမ်းနားလှသည်။ အလွန်ပင် ကျယ်ပြောလှပြီး ရင်ပြင်အငယ်စားလေးတစ်ခုကဲ့သို့ပင်။ တစ်ပိုင်းတစ်စမှာ ဖှေး၏မီးလုံးများကြောင့် ဖျက်ဆီးခြင်းခံခဲ့ရပြီး ပရိဘောဂတစ်ချို့မှာ မီးများလောင်ကျွမ်းနေသော်လည်း ခန်းမဆောင်၏တည်ဆောက်ပုံမှာ ကောင်းမွန်နေဆဲပင်။
ဖှေးသူ၏ပတ်၀န်းကျင်ကို ဂရုတစိုက်ဖြင့်လေ့လာလိုက်သည်။ ထို့နောက်တွင် အာကန်နာ၏လှည့်စားမှုများစုံလိုက်ပစ္စည်းများထဲမှ မှော်ကျိမ်လုံးကိုဆင့်ခေါ်လိုက်ကာ သူ၏လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။ ထို့နောက်တွင် ခြင်္သေ့နှစ်ကောင်ဖြင့်အလှဆင်ထားသည့် ကြီးမားသည့် ပလ္လင်ကြီးထံသို့လမ်းလျှောက်သွားလိုက်၏။
“ကြေးစားစစ်သည်ခေါင်းဆောင်တစ်ယောက်က အဖွဲ့၀င်တိုင်းပြည်က ဘုရင်တွေပဲထိုင်ခွင့်ရှိတဲ့ ခြင်္သေ့ရုပ်ပုလ္လင်ပေါ်မှာထိုင်နေတာပဲ။ အတော်အတင့်ရဲတဲ့ကောင်ပဲ။”
ဖှေးသူ၏လက်ကို ၀ှေ့ရမ်းလိုက်ရင်းဖြင့်နှာခေါင်းရှုံ့လိုက်၏။
“၀ုန်း...”
လေခွင်းသည့်အသံများနှင့်အတူမီးလုံးလေးလုံးသည် ပလ္လင်ထံသို့ပျံသန်းသွား၏။ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ အဖြူရောင်ပလ္လင်ကြီးတစ်ခုလုံးမှာ အစိတ်စိတ်အမွှာမွှာကွဲအက်သွားတော့၏။
ဖြေးညှင်းစွာဖြင့် လွှင့်ပျံနေသည့် ဖုန်မှုန့်များအနည်ထိုင်လာကြတော့သည်။
ပျက်ဆီးသွားသည့် ပလ္လင်၏အနောက်တွင် လျို့၀ှက်လမ်းကြောင်းတစ်ခုပေါ်လာတော့၏။ လမ်းကြောင်းမှာမှောင်မဲနေပြီး ထိုလမ်းကြောင်းသည် မည်သည့်နေရာသို့ဦးတည်နေသည်ကို ဖှေးမသိရှိချေ။
ဂိတ်တံခါး၏တစ်ဖက်ခြမ်းတွင် လျို့၀ှက်ထူးဆန်းသည့် ငွေရောင်သင်္ကေတများ ရေးဆွဲထား၏။ ဤသည်မှာ ထူးဆန်းသည့်မှော်အစီရင်တစ်မျိုးပင်။ မှော်အစီရင်များတင်မက ဂိတ်တံခါးတစ်ခုလုံးသည် လက်ရှိစတိုင်များနှင့် ကွဲပြားနေ၏။ ဖှေးဂိတ်တံခါးကိုသေချာလေ့လာပြီးသည့်နောက်တွင် ဤတံခါးကို ကြီးမားသည့်ကျောက်တုံးအပိုင်းစတစ်ခုနှင့်ပြုလုပ်ထားပြီး ထိုဂိတ်တံကားအားလျို၀ှက်လမ်းကြောင်းပေါ်တွင်ချထားသည်ကို တွေ့လိုက်ရသည်။ ဤကျောက်တုံးစသည် တစ်ခြားခေတ်တစ်ခုမှာဖြစ်သည်မှာ ထင်ရှားလှ၏။ ရှေးကျသည့် အရှိန်၀ါများကို ခံစားနေရပြီး လျို့၀ှက်လမ်းကြောင်းနှင့် လုံး၀အပ်စက်ခြင်းမရှိသည့်အတွက်ပင်။
သို့သော် ဂိတ်တံခါးပေါ်တွင်ရှိသည့် မှော်သင်္ကေတများသည် ဖှေးကိုရင်းနှီးသည့်ခံစားချက်တစ်ခုပေးလျှက်ရှိ၏။
ဤဂိတ်တံခါးသည် ကောင်းမွန်သည့်အပိုင်းစတစ်ခုဖြစ်သည်ကို ဖှေး၏မသိစိတ်များတွင် ခံစားနေရသည်။
“ငါဒါကိုအရင်သိမ်းထားလိုက်မယ်...” သူသည် ကောက်ချက်တစ်ခုမချနိုင်သေးသော်လည်း ဖှေးသည် လူရိုင်းဇာတ်ကောင်အဖြစ်သိုပြောင်းလဲလိုက်ပြီး ကြီးမားသောခွန်အားများကို အသုံးပြကာ တံခါးကို လမ်းကြောင်းးမှခွာယူလိုက်၏။ ထို့နောက်တွင် သူ၏ထားသိုရာအကန့်အတွင်းသို့ထည့်လိုက်သည်။
ထိုအရာများပြလုပ်ပြီးသည့်နောက်တွင် သူသည် လမ်းကြောင်းအတွင်းသို့လမ်းလျှောက်၀င်ခဲ့တော့သည်။
အစောပိုင်းက သူအာရုံခံလိုက်မိသည့် ဆင့်ခေါ်ခြင်းသည် ဤဂိတ်တံခါးအတွင်းမှ ထွက်ပေါ်လာနေခြင်းပင်။
လမ်းကြောင်းမှာ အလွန်ကျဥ်းမြောင်းလှသည်။ လူတစ်ယောက်သာ ဘေးတစ်စောင်းသွားခြင်းဖြင့် ၀င်ရောက်နိုင်၏။ ကျောက်တုံးလှေကားထစ်များသည် ပို၍နက်ရှိုင်းကာမှောင်မဲသည့် မြေအောက်အတွင်းသို့ဦးတည်သွား၏။ မြေအောက်သို့ ၅၀မီတာခန့်လမ်းလျှောက်ပြီးသည့်အချိန်တွင် လမ်းကြောင်းမှာ ပို၍ကျယ်ပြန့်လာသည်။ အရှေ့ဘက်တွင်ရတနာများမှ တောက်ပနေသည့်အလင်းရောင်များကိုမြင်နေရ၏။
ဤကဲ့သို့ကျဥ်းမြောင်းကာ မှောင်မဲလှသည့်လမ်းကြောင်းထဲတွင် အလင်းရောင်ကိုမြင်လိုက်ရပါက မည်သူမဆိုအရှိန်တင်ကာအရှေ့သို့မြန်မြန်ရောက်အောင် ပြေးသွားကြမည်ဖြစ်သည်။
သို့သော် ဖှေးရပ်တန့်လိုက်သည်။
နံရံများမှာ သာမန်ပုံသာပေါက်နေသော်လည်း အန္တရာယ်ရှိနေသည်ကို ဖှေးခံစားလိုက်မိသည့်အတွက်ပင်။ ဖှေးပင် ဤခံစားချက်ကြောင့် ထိတ်လန့်သွားမိ၏။
“မှော်ထောင်ခြောက်တွေလား...”
သွေးစွန်းဂိုဏ်းတွင်ဤကဲ့သို့ကြောက်မက်ဖွယ် လျို့၀ှက်လိုဏ်ဂူတစ်ခုရှိနေလိမ့်မည်ဟုဖှေးထင်မထားခဲ့ချေ။
ဖှေးစဥ်းစားကာလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။
ဇာတ်ကောင်၇ကောင်ရှိသည့်အနက် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်သည် မှော်ထောင်ခြောက်များပြုလုပ်ဖျက်ဆီးရာတွင် အကျွမ်းကျင်ဆုံးဇာတ်ကောင်ဖြစ်သည့်အတွက်ကြောင့်ပင်။ ဤကဲ့သို့အခြေအနေမျိုးတွင် အကောင်းဆုံးရွေးချယ်မှုတစ်ခုပင်။
လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အနေဖြင့် အရှေ့တွင်ရှိသည့်နံရံများပေါ်တွင် မှော်ထောင်ခြောက်များမျိုးစုံရှိနေသည်ကို ဖှေးရှင်းလင်စွာဖြင့် အာရုံခံလိုက်မိ၏။ ဤမှော်ထောင်ခြောက်များသည် အနုစိတ်လှပြီးကောင်းမွန်စွာဖုံးကွယ်ထားသည်။ တစ်စုံတစ်ယောက်သည် မှော်ထောင်ခြောက်များနှင့်ပတ်သက်ရာတွင် ကျွမ်းကျင်သူတစ်ယောက်မဟုတ်ပါက ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ပင် အားနည်းသည့်အခြေအနေသို့ကျရောက်သွားမည်ဖြစ်သည်။ ဤစစ်သည်သာ ကံမကောင်းပါက ထိုအမျိုးသား သို့မဟုတ် ထိုအမျိုးသမီးပင် ထောင်ခြောက်များကြောင့် သေဆုံးသွားနိုင်၏။
ဖှေးဖြေးညှင်းစွာဖြင့်အရှေ့သို့လမ်းလျှောက်သွား၏။
သူသည် ထောင်ခြောက်များကိုရှင်းလင်းရန်ကြိုးစားနေသည်။ သို့သော် သူသည် ထောင်ခြောက်များအားလုံးကိုရှင်းလင်းခြင်းမပြုပေ။ သူသည် လူတစ်ယောက်သွားနိုင်ရုံလောက်သာ ထူးဆန်းသည့်လမ်းကြောင်းတစ်ခုဖြင့် မှော်ထောင်ခြောက်များကိုရှင်းလင်းလိုက်၏။
“ထူးဆန်းတာပဲ...ဒီ ဒီဇိုင်းတွေကတော့ စိတ်၀င်စားစရာပဲ။ ဒါပေမယ့် ပြုလုပ်ထားတာကော့ အတော်ညံ့လွန်းတယ်။ တစ်ယောက်ယောက်က တစ်ခြားထောင်ခြောက်တွေကို လိုက်အတုယူပြီးအတတ်နိုင်ဆုံးလုပ်ထားတဲ့ပုံပဲ။....” ဖှေးဖြေးညှင်းစွာဖြင့် ထူးဆန်းသည့်အချက်တစ်ချို့ကို ရှာဖွေတွေ့လိုက်မိသည်။ နေရာတစ်၀ိုက်တွင် ထောင်ခြောက်များစွာရှိနေ၏။ သို့သော် ဤထောင်ခြောက်များ၏စွမ်းအားမှာ ထောင်ခြောက်အရေတွက်များပြားလှသည့်အတွက် လျှော့နည်းနေ၏။ တစ်ချို့ထောင်ခြောက်များဆိုလျှင် နေရာချထားပုံပင်မမှန်ကန်ချေ။ ဤထောင်ခြောက်များဆင်ခဲ့သည့်လူသည် ထောင်ခြောက်အရေတွက်များပြားရန်ကိုသာ အာရုံစိုက်ခဲ့ပုံရသည်။ သူသည် မှော်ထောင်ခြောက်အကြောင်းကို နားလည်ကျွမ်း၀င်သည့်လူတစ်ယောက်ဖြစ်ပုံမရချေ။
ဤလမ်းကြောင်းသည် မီတာ၅၀ခန့်ရှည်လျားပြီး ဖှေးဖြတ်ကျော်ရန်အတွက် မိနစ်၃၀ခန့်ကုန်ဆုံးခဲ့သည်။
ဖှေးသည် မည်သည့်ထောင်ခြောက်ကိုမှ နင်းမိခြင်းမရှိပဲ ခြေရာများကိုလည်း ချန်ထားခဲ့ခြင်းမရှိပေ။ ဤလမ်းအတွင်းမှာ မည်သူမှ ဖြတ်လျှောက်ခဲ့ခြင်းမရှိသည့်အတိုင်းပင်။
လမ်းကြောင်းအဆုံးတွင် သင်္ကေတကိုးခုထွင်းထုထားသည့်ကျောက်နံရံကြီးတစ်ခုရှိနေ၏။ ထိုသင်္ကေတများထဲတွင် ဖှေးနားမလည်သည့် အဓိပ္ပါယ်များပါ၀င်နေသည်။ ဤသင်္ကေတများကို သွေးကဲ့သို့ နီရဲနေသည့်အတွင်းအားစွမ်းအင်များနှင့် ရေးထိုးထားပြီး ထိုကဲ့သို့ရေးထိုးထားခြင်းသည် သင်္ကေတများကို လျို့၀ှက်ထူးဆန်းသည့်ပုံပေါက်နေစေသည်။ ဖှေးနံရံရှေ့တွင်ရပ်နေရင်းဖြင့် ဤသင်္ကေတများကို သူယခင်ကမြင်ဖူးခဲ့သလိုခံစားမိနေသည့်အတွက် အံ့သြနေသည်။ သို့သော် ဤအမှတ်သင်္ကေတများသည် ဒိုင်ယာဘလိုကမ္ဘာမှ မကောင်းဆိုး၀ါးများထံမှ ရရှိသည့်အမှတ်သင်္ကေတများနှင့် တူညီခြင်းမရှိပေ။
ထို့နောက်တွင် ဖှေးသူ၏လောဘကို ပြသလိုက်သည်။
သူလူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ဓားများကို အသုံးပြုကာ အမှတ်သားသင်္ကေတများကို ထွင်းယူလိုက်သည်။ ထို့နောက်တွင် သူ၏ထားသိုရာအကန့်အတွင်းသို့ပစ်ထည့်လိုက်၏။ သူသည် ဤသင်္ကေတများကို နားလည်နိုင်သည့်အာကာရာနှင့် ကိန်းတို့ကို ပြသကြည့်ရန်စီစဥ်ထားသည်။
အမှတ်သားသင်္ကေတများကို ထွင်းယူပြီးသည့်နောက်တွင် ဖှေးသည် ကျောက်နံရံ၏ညာဘက်သို့ချိုးလာခဲ့၏။
လျှောက်လမ်းသည် ၉၀ဒီဂရီချိုးလိုက်ခြင်းဖြစ်သည်။ အိမ်မက်ဆန်သည့်အလင်းရောင်များသည် ထိုနေရာမှထွက်ပေါ်လာနေခြင်းပင်။
ဤနေရာတွင် မှော်ထောင်ခြောက်များမရှိတော့သည့်အတွက် ဖှေးသည် လူရိုင်းဇာတ်ကောင်အဖြစ်သို့သာ ပြောင်းလဲထား၏။
၉၀ဒီဂရီအကွေ့များစွာချိုးကွေ့လာပြီးသည့်နောက်တွင် ဖှေးသည် ကြီးမားသည့်မြေအောက်ခန်းမဆောင်ကြီးတစ်ခုအတွင်းသို့ရောက်ရှိလာခဲ့၏။
ခန်းမဆောင်အတွင်းသို့၀င်လာပြီးသည့်နောက်တွင် ရတနာများမှ တောက်ပနေသည့်အလင်းရောင်များသည် နေရာတစ်ခုလုံးကို လင်းထိန်နေစေ၏။ ဖှေးကိုယ်တိုင်ပင် ဤအရာကြောင့် ကျက်သေသေသွားမိသည်။ ရွှေ၊ ငွေ၊ ကျောက်မြတ်ရတနာများစုပုံထားသည့် တောင်များ ၂၀ခန့်ရှိနေသည့်အတွက်ပင်။
ဤအရာများအားလုံးသည် သွေးစွန်းဂိုဏ်းနှစ်ပေါင်းများစွာစုဆောင်းလာခဲ့သည့်ရတနာများပင်။
ဤကဲ့သို့ကြွယ်၀မှုမျိုးကို ပိုင်ဆိုင်ရန်အတွက် သွေးစွန်းဂိုဏ်းသည် လုပ်နိုင်သမျှအရာအားလုံးကိုလုပ်ခဲ့သည့်အတွက်ပင်။ လူကုန်ကူးခြင်း၊ တရားမ၀င်ပစ္စည်းများရောင်း၀ယ်ခြင်းတို့အပါ၀င်ပင်ဖြစ်၏။ အင်ပါယာ၏ဥပဒေများထဲတွင် ယိုယွင်းချက်များစွာရှိနေ၏။ မကောင်းသည့်လူများသည် ထိုယိုယွင်းချက်များကိုအသုံးပြုကာ စီးပွားရှာခဲ့ကြသည်။ အင်အားကြီး ဖယ်လွန်မိသားစု၏ထောက်ခံမှုဖြင့် သွေးစွန်းဂိုဏ်းသည် မကောင်းမှုများစွာကို ကျူးလွန်ခဲ့သည်။ သူတို့အား ကြေးစားစစ်သည်ဟူ၍ပင် ခေါ်ဆိုရန်မထိုက်တန်တော့ချေ။ သူတို့သည် လောဘကြီးသည့်သူခိုးဓားမြများသာဖြစ်တော့၏။ ရလဒ်အနေဖြင့် သူတို့သည် ကြွယ်၀မှုများစွာကို စုဆောင်းနိုင်ခဲ့ကြသည်။
ထို့အပြင် ဤငွေများသည် သွေးစွန်းဂိုဏ်းစုဆောင်းမိသမျှအားလုံးထဲမှ အစိတ်ပိုင်းတစ်ခုသာဖြစ်သေးသည်ကို ဖှေးသိရှိသည်။ သွေးစွန်းဂိုဏ်းသည် ဖယ်လွန်မိသားစုနှင့် တခြားအဖွဲ့စည်းများကိုလည်း ငွေကြေးများပေးရသေးသည့်အတွက်ပင်။
ဤကဲ့သို့သော ပိုင်ဆိုင်မှုသည် ချမ်းဘော့ဒ်နန်းတော်ကဲ့သို့သော နန်းတော်တစ်ရာခန့်ပင် ၀ယ်ယူနိုင်၏။
အထင်ကြီးဖွယ်ပင်။
စိတ်ကူးမယဥ်နိုင်လောက်အောင်ပင်။
သူ၏ရှေ့တွင်ရှိနေသည့် ရတနာများကို ကြည့်ရင်းဖြင့် ဖှေး၏သွေးများဆူပွက်လာခဲ့သည်။
မည်သူမဆိုဤကဲ့သို့သောရတနာများကို မြင်မိပါက ကျက်သေသေကာ စကားမပြောနိုင်ပင်ဖြစ်သွားမည်ဖြစ်သည်။