အခန်း (၃၄၂)
Vol. 23 Ch. 342
ဖှေးပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ရွှေရောင်စွမ်းအင်အရှိန်၀ါတို့သည် သူ၏ပတ်၀န်းကျင်သိုဖုံးလွှမ်းသွား၏။
ဤအရှိန်၀ါတွင် မြင့်မြတ်သည့်စွမ်းအင်များပါ၀င်နေပြီး ဤစွမ်းအင်မှာ မှောင်မိုက်သည့်စွမ်းအင်ကို တိုက်ခိုက်ရန်အတွက်အကောင်းဆုံးဖြစ်သည့်အတွက်ပင်။ အေးစက်သည့်စွမ်းအင်များအားလုံးသည် ပါလာဒင်ဇာတ်ကောင်၏အရှိန်အ၀ါနှင့်တွေ့လိုက်သည့်အချိန်တွင် နေရောင်အောက်မှ နှင်းစက်များကဲ့သို့ပင် ပျောက်ကွယ်သွားတော့၏။ ဖှေးဆုတောင်ခြင်းအစွမ်းကို အသုံးပြုလိုက်ရာ သူ၏ခန္ဓကိုယ်တစ်၀ိုက်တွင်ရှီနေသည့်ရွှေအလင်းရောင်များသည် ပို၍ပင် ပြင်းထန်တောက်ပလာတော့သည်။ ဤသည်မှာ ရွှေများစုပုံထားသည့်တောင်များထက်ပင် ပို၍တောက်ပနေ၏။ ဤစွမ်းအင်၏သန့်ရှင်းစင်ကြယ်မှုအောက်တွင် ခန်းမဆောင်၏လေထုမှာ ငြိမ်းချမ်းငြိမ်သက်သည့်အသွင်သို့ပြောင်းလဲသွားတော့၏။
ဤအရာများအားလုံးကို ဆောင်ရွက်ပြီးနောက်တွင် ဖှေးသည် မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြန်လည်ကာပြောင်းလဲလိုက်သည်။
ထို့နောက်တွင် ဖှေးပို၍ပင်သန်မာလာသည့်ဆင့်ခေါ်မှုတစ်ခုကို အာရုံခံလိုက်မိ၏။ သူ၏ချစ်သူမှ သူ့အားခေါ်နေသကဲ့သို့ ရင်းနီးချစ်ခင်သည့်ခံစားချက်တစ်ခုကို ခံစားနေရသည်။ ဤခေါ်သံသည် တွင်းထဲတွင်ရှိနေသည့် အဖြူရောင်အရိုးများထံမှ လာရောက်လျှက်ရှိသည်။
ဖှေးတွန့်ဆုတ်နေခြင်းမရှိပဲ အရိုးတွင်းထဲသို့ခုန်ဆင်းလိုက်သည်။
ဤမြင်ကွင်းသည် ဖှေးအတွက်သိပ်ပြီးကြောက်စရာမကောင်းလှချေ။ ဒိုင်ယာဘလိုကမ္ဘာထဲတွင် ဖှေးသည် ပို၍ကြောက်မက်ဖွယ်ကောင်းသည့် သွေးထွက်သံယိုမြင်ကွင်းများကိုမြင်တွေ့ခဲ့ဖူးပြီးဖြစ်သည်။ ထိုငရဲခန်းများနှင့် နှိုင်းယှဥ်ပါက ဤအရိုးတွင်းသည် ချစ်စဖွယ်ပင် ကောင်းနေလိမ့်မည်ဖြစ်သည်။
“ချွတ် ချွတ်...”
ဖှေးခြေချလိုက်သည့်အချိန်တွင် အရိုးတစ်ချို့ကျိုးကြေကုန်ကြသည်။
ဤအရိုးများသည် ဆယ်နှစ်ခန့်ရှိနေပုံရသည်။ အရိုးများဆွေးမြေ့နေပုံကို ကြည့်ရင်းဖြင့် သူတို့သက်ရှိထင်ရှားရှိစဥ်က အဆင့်မြင့်စစ်သည်များမဟုတ်ကြသည်ကို ဖှေးပြောနိုင်၏။ ဤအရိုးများသည် အလွန်ကျိုးပဲ့လွယ်နေပြီး ဤနေရာထဲတွင် လေတိုက်ခတ်မှုမရှိသည့်အတွက်သာ ပုံမပျက်ရှိနေကြခြင်းပင်။
ဖှေးအရိုးများပေါ်တွင် ခြေချလိုက်သည်နှင့်တပြိုင်နက်အဖြူရောင်အရိုးမှုန်များသည် လေထဲတွင် ပြန့်ကျဲကုန်တော့၏။
“ဟမ်...ဒီနေရာမှာ ပစ္စည်းကရိယာတစ်ချို့လဲရှိနေတာပါလား...”
ဖှေးမီးအလင်းရောင်နှင့် မျှော်လင့်မထားသည့်ပစ္စည်းတစ်ချို့ကို တွေ့လိုက်ရသည်။
အရိုးများအောက်တွင် ဆောက်လုပ်ရေးသုံးပစ္စည်းများအပြည့်စုံရှိနေခြင်းပင်။ အ၀တ်စားများပေါ်တွင် တပ်ဆင်လေ့ရှိသည့်ကြယ်သီးတစ်ချို့လဲရှိနေကြသည်။
ဖှေး ဤအရိုးများသည် မည်သူတို့၏အရိုးများဖြစ်သည်ကို ချက်ချင်းပင်သိရှိလိုက်သည်။ ဤမြေအောက်လျို့၀ှက်ခန်းကို တည်ဆောက်ရာတွင် ပါ၀င်ခဲ့သည့် ကျေးကျွန်များ၊ လက်သမားများ၏အရိုးများပင်။ ဤခန်းမဆောင်ကို ဆောက်လုပ်ပြီးသည့်အချိန်တွင် လျို့၀ှက်ချက်မပေါက်ကြားစေရန်အတွက် ဆောက်လုပ်ခဲ့သည့်အလုပ်သမားအားလုံးကို သတ်ဖြတ်ပစ်ခဲ့ပုံရသည်။
သနားစရာကောင်းသည့် လူများပင်။
ဖှေးတွင်း၏အောက်ခြေသို့ရောက်သည့်အချိန်တွင် ဆင့်ခေါ်နေမှုအာရုံမှာ ပို၍ပင်ပြင်းထန်လာတော့သည်။ ဤဆင့်ခေါ်နေမှုသည် တွင်းနံရံတစ်ဖက်ဖက်မှဖြစ်သည်ကို ဖှေးရိပ်မိလိုက်သည်။
သူထိုနံရံထံသို့ ကပ်သွားပြီး သေချာကြည့်ရန်ပြင်လိုက်သည့်အချိန်တွင် ဖှေး၏မျက်လုံးများသည် ရပ်တန့်သွားတော့၏။ နံရံနှင့် မီတာ၀တ်ခန့်၀ေးသည့်နေရာရှိ အရိုးများပေါ်တွင်ထင်ရှားသည့် ခြေရာနှစ်စုံကို တွေ့လိုက်ရသည့်အတွက်ပင်။
ဤခြေရာများသည် ၃၀စင်တီမီတာခန့်ရှည်လျားပြီး ပတ်၀န်းကျင်တွင်ရှိသည့် အရိုးများ၊ အရိုးစများနှင့် နှိုင်းယှဥ်ကြည့်ပါက အလွန်သန့်ရှင်းနေ၏။ ဖှေး ငုပ်တုတ်ထိုင်လိုက်ပြီးအသေချာလေ့လာကြည့်ရှုလိုက်ရာ ခြေရာများသည် တစ်စုံတစ်ယောက်မှ ဤနေရာသို့နေ့စဥ်လာရောက်နေသကဲ့သို့ နံရံထံသို့ဦးတည်လျှက်ရှိကြောင်းကို တွေ့လိုက်ရသည်။
“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ ဘယ်လိုလူက ဒီနေရာကိုနေ့တိုင်းလာပြီး တစ်နေရာထဲကို ပဲခြေချနေမှာလဲ...”
ဖှေးသည် တွေးလိုက်ရင်းဖြင့်ခြေရာပေါ်သို့တက်နင်းကြည့်လိုက်သည်။
“ချွင်...ချွတ် ချွတ်...”
ဤသည်မှာ အလွန်ညင်သာသည့် သတ္တုစပရင်တစ်ခုအသံပင်။ ထို့နောက်တွင် ဂီယာစက်သွားများတစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည့်အသံများထွက်ပေါ်လာတော့၏။ ဖှေး သူ၏ခြေထောက်အောက်တွင် ညင်သာစွာလှုပ်ခါသွားသည်ကို ခံစားလိုက်မိသည်။ ထို့နောက်တွင် သူ၏အရှေ့တွင်ရှိနေသည့်နံရံပေါ်တွင် ငွေရောင်အစက်ပျောက်ငါးခုခန့်ပေါ်လာတော့သည်။ ဤငွေရောင်အစက်ပျောက်များသည် နံရံပေါ်တွင် လျှင်မြန်စွာဖြင့် ကခုန်ကာ လှပသည့် သင်္ကေတတစ်ချို့ကို ရေးဆွဲလိုက်သည်။ ထိုသင်္ကေတများသည် ကျောက်တုံးဂိတ်တံခါးတစ်ခုနှင့် တူညီသည့် မှော်အစီရင်တစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့၏။
“ဒါက....”
ဖှေးမတုန့်ပြန်နိုင်သေးခင်မှာပင် မှော်အစီရင်သည် သူ့အလိုလိုစတင်ကာအသက်၀င်လာတော့သည်။
ညင်သာသည့်တုန်ခါသံတစ်ခုနှင့်အတူ ဖှေးရင်းနှီးသည့် ခံစားချက်တစ်ခုသည်လည်း ထွက်ပေါ်လာ၏။ ၂မီတာခန့်အမြင့်ရှိသည့်ကောင်းကင်ပြာရောင်တယ်လီပေါ့တ်ပေါ်တယ်တစ်ခုသည် ဖှေး၏အရှေ့တွင်ပေါ်လာတော့သည်။
ဖှေး ကျက်သေသေသွား၏။
သူသည် ဤမြင်ကွင်းနှင့်အလွန်ပင်ရင်းနှီးနေသည့်အတွက်ပင်။
ဤသည်မှာ ပေါ်တယ်တစ်ခုပင်။
ဤသည်မှာ ဒိုင်ယာဘလိုကမ္ဘာမှ မြို့ပြောင်းစာလိပ်အသုံးပြုပါက ဖြစ်ပေါ်လာသည့် ပေါ်တယ်တစ်ခုပင်။
တူညီသည့်မှော်စွမ်းအင်အရှိန်၀ါ၊ တူညီသည့်မှော်စွမ်းအင်အရောင်သွေး၊ တူညီသည့် ဘဲဥပုံသဏန်တို့ပင်။ ဖှေးသည် ဤသည်မှာ တယ်လီ့ပေါ့တ်ပေါ်တယ်တစ်ခုဖြစ်ကြောင်းကို အသေချာသိနေ၏။ သိုသော် ဤပေါ်တယ်သည် မည်သည့်နေရာကိုခေါ်ဆောင်သွားမည်ဆိုသည်ကိုမူ သူမသိချေ။
အခြေအနေသည် ပို၍ပို၍စိတ်၀င်စားစရာကောင်းလာသည်ကို ဖှေးခံစားလိုက်မိသည်။
သူသည် အဖိနှိပ်ခံခဲ့ရသည့် သူ၏ချမ်းဘော့ဒ်သားများအတွက် လက်စားချေနေသည်ဟုသာထင်ခဲ့သော်လည်း အရာများသည်တစ်ခြားတစ်ဖက်သို့ရောက်ရှိလာနေပြီဖြစ်သည်။
သူ၏ချပ်၀တ်နှင့် ဒိုင်ယာဘလိုကမ္ဘာမှ ဓားနှစ်လက်ကို ဆင့်ခေါ်ပြီးသည့်အချိန်တွင် ဖှေးတွန့်ဆုတ်ခြင်းမရှိပဲ ပေါ်တယ်အတွင်းသို့၀င်ခဲ့လိုက်တော့သည်။
တစ်စက္ကန့်အကြာတွင် မှောင်မဲသည့်နေရာတစ်ခုသည် ဖှေးမျက်စိရှေ့တွင်ပေါ်လာ၏။
သူသည် မည်သည့်အရာကိုမှ မြင်နိုင်ခြင်းမရှိသေးခင်မှာပင် အရိုးစုများသည် သူ၏အမြင်အာရုံကို ပိတ်ဆို့ထား၏။
ဤသည်မှာ ရွှေရောင်အရိုးစုတစ်ခုပင်။
အားနည်းသည့်ကျေးကျွန်များ၊ လက်သမားများ၏အရိုးစုများနှင့် မတူညီပဲ ဤအရိုးစုသည် ရွှေစစ်စစ်ဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။ ဤသည်မာ တောက်ပသော်လည် သာာမန်လူတစ်ယောက်ထက်သေးငယ်၏။ အမြင့်၁.၂မီတာခန့်သာရှိသည်။ အရိုးစုသည့်အပြည့်စုံပင်ထိုနေရာ၌ ရပ်လျှက်ရှိနေသည်။ ၄င်းသည် မီးတောက်သင်္ကေတပါရှိသည့်တိုက်ပွဲသုံးပုဆိန်တစ်ခုကို ကိုင်ထားပြီးတစ်စုံတစ်ခုကို စောင့်ရှောက်နေသည့်အတိုင်းပင်။
.....
.....
“သေစမ်း...သွေးစွန်းဂိုဏ်းကတော့လစ်သွားပြီ။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ငါ့မှာ အစီစဥ်နောက်တစ်ခုရှိနေသေးတယ်။
နောက်တွင် မီးတောက်များနှင့် သွေးစွန်းဂိုဏ်း၏ဓိကတိုက်ခိုက်ရေးသမားခြောက်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် [မြေပြင်ကျား] ကာဟေးလ်သည် မီးလောင်နေသည့်အဆောက်ဦးများကို ကြည့်လိုက်၏။ သူသည် အနှစ်နှစ်အလလစုဆောင်းထားသည့်ရတနာပစ္စည်းများကို ယူဆောင်ကာ သူ၏လူယုံအယောက်၂၀နှင့်အတူပြေးလွှားနေခြင်းဖြစ်သည်။
သွေးစွန်းဂိုဏ်းဌာနချုပ်အဆောက်ဦးသည် အလွန်ကျယ်ပြန့်လှသည်။ ကြီးမားသည့် ခံတပ်နံရံကဲ့သို့အဆာက်ဦးကြီးများသည် အပြင်ဘက်နှင့်အဆက်သွယ်ဖြတ်ထားပြီး ထွက်ပေါက်လေးပေါက်သာရှိ၏။
မြေပြင်ကျား ကာဟေးနှင့် သူ၏လူယုံများသည်အနောက်ဘက်ထွက်ပေါက်သိုရောက်ရှိရန် မီတာ၂၀ခန့်သာလို့တော့သည်ကို တွေ့လိုက်ရသည့်အတွက် စိတ်အေးသွားကြ၏။
သူတို့အားလုံးဤထွက်ပေါက်အပြင်ဘက်သို့ရောက်ရှိသွားပါက သူတို့သည် မြို့တော်ထဲတွင် ပင်လယ်ပြင်ထဲမှ ရေတစ်စက်ကဲ့သို့ပင် ပျောက်ကွယ်သွားနိုင်သောကြောင့်ပင်။ သူတို့သည် မြို့တော်စိန့်ပီတာစဘာ့တ်၏မြေမျက်နှာသွင်ပြင်နှင့် ရင်းနှီးသောကြောင့်သူတို့အား မည်သည့်အဖွဲ့စည်းမှခြေရာခံနိုင်ကြတော့မည်မဟုတ်သည့်အတွက်ပင်။ သွေးစွန်းဂိုဏ်းမှလူတိုင်းသည် ဤကဲ့သို့သောအချိန်မျိုးအတွက် ကြိုတင်ပြင်ဆင်ထားသည့် အစီစဥ်များရှိနေသောကြောင့်ပင်။
“အမြန်လုပ်...ငါ့နောက်လိုက်ခဲ့ကြ။ ညာဘက်ကို သွား။ အန်ဒီ မင်းအဲ့ကောင်မလေးနှစ်ယောက်ကိုရောခေါ်ခဲ့လား...” ကာဟေးသည် အသံတိုးတိုးဖြင့်မေးလိုက်သည်။
“စိတ်မပူပါနဲ့ ခေါင်းဆောင် ကျွန်တော်စီစဥ်ထားပါတယ်။” မျက်စိတစ်ဖက်ကန်းနေသည့် အရပ်ပုပုပိန်ပိန်ပါးပါးလူငယ်တစ်ယောက်သည် ပြန်ဖြေလိုက်သည်။ သူ့ဘေးတွင် အရပ်ရှည်ရှည်နှင့် သန်သန်မာမာကြေးစားစစ်သည်နောက်တစ်ယောက်ရှိနေ၏။ သူတို့နှစ်ယောက်လုံး၏ပုခုံးပေါ်တွင် ကြီးမားသည့်အိတ်ကြီးနှစ်ခုကို ထမ်းထားကြသည်။ လရောင်နှင့် မီးတောက်အလင်းရောင်များအောက်တွင် ထိုအိတ်ထဲတွင် လူနှစ်ယောက်ကို ချည်နှောင်ထည့်ထားသည်မှာ ထင်ရှားလှသည်။ သို့သော် အိတ်ထဲတွင်ထည့်ထားခံရသည့်ကောင်မလေးနှစ်ယောက်၏ပါးစပ်များသည် အပိတ်ခံထားရ၏။ သူတို့သည် အော်ဟစ်ကာအကူညီတောင်းနိုင်ခြင်းမရှိပေ။
“ကြောက်စရာကောင်းလိုက်တာ။ အတော်ကြောက်စရာကောင်းတာပဲ...အဲ့မျက်နှာဖုံးနဲ့ မှော်ဆရာကဘယ်သူလဲ။ သူက ငရဲပြည်ကနတ်ဆိုးတစ်ယောက်ပဲဖြစ်ရမယ်။ ကြယ်ငါးလုံးအဆင့်ရေခဲစွမ်းအင်သုံးတဲ့ငါတို့ရဲ့ခေါင်းဆောင်က အင်ပါယာထဲမှာ အထင်ကရလူတစ်ယောက်ပဲ။ အဲ့တာကို အဲ့မှော်ဆရာက လွယ်လွယ်ကူကူခေါင်းဖြတ်သတ်လိုက်တယ်” ကြေးစားစစ်သည်တစ်ယောက်သည် ကြောက်ရွံ့စွာဖြင့်ရေရွတ်နေ၏။
“သူဘယ်သူလဲဆိုတာအရေးမကြီးပါဘူး။ ငါတို့ကောင်တွေအပြင်ကို ထွက်နိုင်တော့မယ်။ ဟားဟား ငါတို့လွတ်သွားပြီဆိုရင် ငါတို့ရဲ့ဒေါသတွေကို ဒီကောင်မလေးနှစ်ယောက်အပေါ်ပုံချကြတာပေါ့။ ဟီးဟီးဟီး...” တစ်ချို့ကြေးစားစစ်သည်များသည် သူတို့ကံကောင်းသွားသည့်အတွက် ၀မ်းသာနေကြ၏။
“မင်းတို့နှစ်ကောင်လုံးပါးစပ်ပိတ်ထားကြစမ်းကွာ...” ကာဟေးသည်တစ်ဖက်သို့လှည့်ကာ အသံတိုးတိုးဖြင့်ပြောလိုက်၏။ “အဲ့ကောင်မလေးနှစ်ယောက်နဲ့ ငါလုပ်စရာအစီစဥ်တွေရှိတယ်။ မင်းတို့ကောင်တွေ လက်ချောင်းနဲ့တောင်မထိမိကြစေနဲ့။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ငါ့ကို ရိုင်းစိုင်းကြမ်းတမ်းတယ်ဆိုပြီး အဆိုးမဆိုကြနဲ့တော့။” သူ၏အမူယာသည် ရက်စက်သည့်ပုံရှိသည်။
သူ၏လူယုံများသည် ဘာမှမပြောရဲကြတော့ပေ။
ဤအရာကိုမြင်ပြီးသည့်နောက်တွင် ကာဟေးသည်တစ်ဖက်သို့ပြန်လှည့်လိုက်သည်။ သို့သော် သူဆက်လက်၍မပြေးနိုင်သေးခင်မှာပင် သူ၏မျက်လုံးများသည် ကျဥ်းမြောင်းသွားပြီး နဖူးပေါ်မှချွေးစက်များစီးကျလာတော့သည်။
သူ၏အရှေ့တွင် ကြီးမားသည့်ဓားကြီးတစ်ချောင်းကို မြေပေါ်တွင်စိုက်ထားကာ ရပ်နေသည့်လူတစ်ယောက်ကိုတွေ့လိုက်ရသည့်အတွက်ပင်။ ဤလူသည်အလွန်တောင့်တင်းလှပြီးနံရံ၏အရိပ်များအောက်တွင် ရပ်နေ၏။ လျို့၀ှက်ထူးဆန်းသည့်ချပ်၀တ်တစ်စုံကို၀တ်ဆင်ထားရင်းဖြင့် သူသည် ပြိုင်ဘက်ကင်းနေသကဲ့သို့ပင်။ သူ၏အနီရောင်ဆံပင်များနှင့် ၀တ်ရုံသည် လေထဲတွင် လွှင့်ပျံနေရင်းဖြင့် ဆူညံသံများစွာလုပ်နေလျှက်ရှိသည်။
စွမ်းအားကြီးမားလှသည်။ ဤလူထံမှ ကြောက်မက်ဖွယ်ခံစားချက်တစ်ခုကို ခံစားနေရ၏။
ကြေးစားစစ်သည်များသည် ဤလူကို တစ်ချက်ပင်ကြည့်လိုက်မိသော်လည်း သူတို့သည် ကေသရာဇာခြင်္သေ့မင်း၏ရှေ့မှောက်တွင် ရောက်ရှိသွားသည့် ခွေးလေခွေးလွှင့်များကဲ့သို့ခံစားလိုက်မိကြ၏။ ဤလူပေးနေသည့်အရှိန်၀ါများသည် ထိတ်လန့်အံ့သြဖွယ်ပင်။
“ခင်ဗျား...ခင်ဗျားဘယ်သူလဲ...” ကာဟေးသည် အစွမ်းထက်သည့်လူတစ်ယောက်ဖြစ်သော်လည်း ဤလူနှင့်မယှဥ်ပြိုင်နိုင်သည်ကို သိရှိသည့်အတွက် သူ၏အသံများသည် တုန်ခါလျှက်ရှိသည်။
“သွေးစွန်းဂိုဏ်းလား...” ထိုလူသည် ရှင်းလင်းသည့်အသံဖြင့်မေးလိုက်၏။
ခင်ဗျားက...ခင်ဗျားက ဘယ်သူလဲ...” ကြေးစားစစ်သည်များ၏မျက်နှာသည် အရောင်ပြောင်းလဲသွားတော့သည်။ ဤလူသည် သူတို့ရန်သူဘက်မှာဖြစ်သည်ကို သိလိုက်ရသည့်အတွက်ပင်။
“မင်းတို့ကောင်တွေက သွေးစွန်းဂိုဏ်း၀င်တွေလား...”
“.......” ကြေးစားစစ်သည်များသည် ဤလူထံမှထွက်ပေါ်လာနေသည့် သတ်ဖြတ်လိုသည့်အရိပ်ယောင်များကိုခံစားနေရပြီဖြစ်သဖြင့် သူတို့အားလုံးအဆုံးသတ်သို့ရောက်ရှိနေသကဲ့သို့ခံစားလိုက်ရ၏။ သူတို့သည် ဤကဲ့သို့မျှော်လင့်ချက်ကင်းမဲ့သည့်ခံစားချက်မျိုးကို တစ်ခြားလူများခံစားရအောင်များစွာပြုလုပ်ခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် သူတို့ကိုယ်တိုင်ခံစားနေရသည့်အချိန်တွင် ထိုခံစားချက်သည် မည်မျှကြောက်စရာကောင်းမှန်းသူတို့ကိုယ်တိုင်သိလာရတော့၏။