← Chapters

အခန်း (၃၄၅)

Vol. 23 Ch. 345

အခန်း (၃၄၅)

Vol. 23 Ch. 345

ဤစာကြောင်းများမှာ ရိုးရှင်းသည်။ ဒါတွေက နတ်ဆိုးဘုရင်ကြီးစီကနေ ရက်ရော

တဲ့လက်ဆောင်တွေပဲ။ [နတ်ဆိုးဘုရင်၏ အသိပညာ]...[နတ်ဆိုးဘုရင်၏ အ

ပြစ်ပေးခြင်း]...[နတ်ဆိုးဘုရင်၏မှတ်ဉာဏ်များ]...[နတ်ဆိုးဘုရင်၏ဆုတော

င်းခြင်းများ]...[နတ်ဆိုးဘုရင်၏ဓား]...[နတ်ဆိုးဘုရင်၏တွက်ချက်မှုများ].

..[နတ်ဆိုးဘုရင်၏...]....စက်ဆုပ်စရာကောင်းတဲ့နတ်ဘုရားတွေ....

ဆုံးရှုံးခဲ့ပြီ...လွတ်မြောက်...ငါသေတော့မယ်...သူတို့လာနေကြပြီ။...မသေ

မခြင်းဆက်တိုက်မယ်...ကို ကာကွယ်ဖို့....”

ဤသည်မှာစာလုံးရေ ၃၀၀၊ ၄၀၀ခန့်သာရှိသော်လည်း ဖှေးကောင်းမွန်စွာဖတ်နိုင်ခြင်းမ

ရှိပေ။ လက်ရေးမှာမရှင်းလင်းသလို သန္ဒါအထားသိုမှာလည်း ညံ့လှသည်။ ဖှေးသည်

လည်း ဘာသာစကားကိုကောင်းမွန်စွာနားလည်ခြင်းမရှိသည့်အတွက် ဤအရာတို့သည်

သူသိရှိနိုင်သမျှအချက်လက်များပင်။

နောက်ဆုံးစာမျက်နှာသို့ရောက်ရှိသွားသည့်အချိန်တွင် စာအုပ်သည် သူ့အလိုလိုအဖုံးပိ

တ်သွား၏။

ဖှေးစာလုံးတစ်ချို့ကို မြင်လိုက်ရသည်။

[နတ်ဆိုးဘုရင်၏အသိပညာများ]

ဤစာအုပ်၏နာမည်သည် နတ်ဆိုးဘုရင်၏အသိပညာများပင်။

ဤစကားလုံးများကို မြင်လိုက်ရသည့်အချိန်တွင် ဖှေးရက်ရောသောလက်ဆောင်များ

ဟူသည့် စာလုံး၏အဓိပ္ပါယ်ကိုနားလည်သွား၏။ နတ်ဆိုးဘုရင်၏အသိပညာများနှင့်န

တ်ဆိုးဘုရင်၏အပြစ်ပေးခြင်းများ စသည်တို့သည် နတ်ဆိုးဘုရင်မှ ချန်ထားခဲ့သည့်

လက်ဆောင်များပင်။ နတ်ဆိုးဘုရင်၏အသိပညာများစာအုပ်ထဲတွင် ပါရှိသည့်အချက်

လက်များကိုကြည့်ရင်းဖြင့်ပင် ဖှေးဤနတ်ဆိုးဘုရင်ဆိုသူသည် အလွန်အရှိန်၀ါကြီးသ

ည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ကို ခန့်မှန်းလိုက်မိ၏။ ဖှေး ဤနတ်ဆိုးဘုရင်မည်မျှအ

စွမ်းထက်သည်ကို မသိသော်လည်း အလွန်ဉာဏ်ပညာရှိသည့်လူတစ်ယောက်ဖြစ်သည်

ကိုမူအသေချာသိလိုက်မိ၏။

“ဒီနတ်ဆိုးဘုရင်၏အသိပညာများစာအုပ်အပြင် တစ်ခြားဟာတွေကရော။ နတ်ဆိုးဘု

ရင်၏အပြစ်ပေးခြင်းနှင့် နတ်ဆိုးဘုရင်၏ဓားတို့က။ သူတို့တွေကရောစာအုပ်တွေပဲလား။

ဒါမှမဟုတ်ရင်တစ်ခြားအရာတွေများလား။”

သူသည် ကြီးမားသည့်ရတနာသိုက်တစ်ခုကို မထင်မှတ်ပဲရှာတွေ့လိုက်မိကြောင်းကို

ဖှေးသိလိုက်ရ၏။

သူ၏ရှေ့တွင်ရှိနေသည့် စာအုပ်တစ်ခုတည်းကပင် မြေအောက်ခန်းမဆောင်ထဲတွင်ရှိ

နေသည့်ရတနာပစ္စည်းများအားလုံးထက်ပင် သာလွန်နေပြီဖြစ်၏။ ဒိုင်ယာဘလိုကမ္ဘာမှ

ဇာတ်ကောင်၇ကောင်လုံး၏ဗဟုသုတများ၊ အာကာရာနှင့်ကိန်းတို့ထံမှသင်ယူခဲ့သည်များ၊

နတ်ဘုရားပေးသည့်အစွမ်းဖြစ်သည့် သင်ယူခြင်းတို့ကြောင့်ဖှေးသည် အကောင်းနှင့်အ

ဆိုးကို ကောင်းမွန်စွာပင်ခွဲခြားနိုင်၏၊ ထို့ကြောင့် သူနတ်ဆိုးဘုရင်၏ဗဟုသုတများစာ

အုပ်ကို မြင်လျှင်မြင်လိုက်ခြင်းပင် မည်မျှအဖိုးတန်သည်ကို သိရှိလိုက်မိသည်။ သူသည်

ဤစာအုပ်ထဲမှအချက်လက်များကိုသာ အပြင်တွင်အသုံးပြုနိုင်ပါက ချမ်းဘော့ဒ်တိုင်း

ပြည်၏ဖွံ့ဖြိုးတိုးတတ်မှုသည် လယ်ဗယ်၉ အင်ပါယာများဖြင့်ပင် နှိုင်းယှဥ်နိုင်သွားမ

ည်ဖြစ်၏။

.......

“ဒါဆို ဒါကချမ်းဘော့ဒ်တိုင်းပြည်ရဲ့အင်အားလား...”

မျှော်စဥ်တစ်ခုပေါ်တွင် ရပ်နေသည့် ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်သည် သူမြင်လိုက်

ရသည့်အရာကြောင့် အံ့သြသွား၏။

ချမ်းဘော့ဒ်တိုင်းပြည်၏ခွန်အားသည် သူစိတ်ကူးထားသည်ထက်ပင်ကျော်လွန်နေ

သောကြောင့်ပင်ဖြစ်၏။

လွန်ခဲ့သည့်မိနစ်နှစ်ဆယ်ခန့်လုံးတွင် သူသည် သွေးစွန်းဂိုဏ်း၀င်များရက်ရက်စက်စက်

အသတ်ဖြတ်ခံနေကြရသည်ကို မြင်တွေ့ခဲ့ရ၏။ အရပ်မျက်နှာလေးဖက်တွင်ရှိသည့်

ထွက်ပေါက်လေးခုမှာ သွေးစွန်းဂိုဏ်းဂုဏ်ယူရသည့်ဒီဇိုင်းတစ်ခုပင်ဖြစ်သည်။ ဤဒီဇိုင်းကို

အသုံးပြုခြင်းဖြင့် သွေးစွန်းဂိုဏ်းဌာနချုပ်သည် တော်၀င်နန်းတော်နီးနီးပင် လုံခြုံမှုရှိ၏။

မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ဖြစ်ပွားခဲ့သည့် ကြေးစားစစ်သည်အဖွဲ့အခြင်းခြင်းတိုက်

ခိုက်ခဲ့မှုများထဲတွင် သွေးစွန်းဂိုဏ်းသည်ဤဒီဇိုင်းကိုအသုံးပြုကာ ရှင်သန်နိုင်ခဲ့ခြင်းဖြစ်၏။

သို့သော် သူတို့ဂုဏ်ယူရသည့် အဆာက်ဦးဒီဇိုင်းသည် သေမင်းထောင်ခြောက်တစ်ခုအ

ဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။

ထွက်ပေါက်လေးခုလုံးကို ချမ်းဘော့ဒ်တိုင်းပြည်မှ ကြောက်မက်ဖွယ်စစ်သည်များပိတ်

ဆို့ထားကြ၏။

ပထမထွက်ပေါက်တွင်ကြီးမားသည့်ဓားကြီးကို ကိုင်ဆောင်သည့်ဆံပင်အနီရောင်နှင့်စစ်

သည်တစ်ဦးပိတ်ဆို့ထား၏။ ဤလူသည် လျှပ်စစ်ဂုဏ်သတ္တိအတွင်းအားစွမ်းအင်ကို

အသုံးပြုသူတစ်ယောက်ဖြစ်ပြီး သူ၏လက်သီးချက်များသည် မျက်စိနှင့်မြင်နိုင်ရန်ခက်

ခဲသည်အထိပင် မြန်ဆန်လှသည်။ ကြယ်ခြောက်လုံးအဆင့်စစ်သည်ဖြစ်သည့်အာရှဗင်

ပင် ဤလူ၏လက်သီးချက်များကို အကြမ်းဖျင်းသာမြင်နိုင်၏။ သူကိုယ်တိုင်ထိုလက်

သီးချက်များကိုရှောင်ရမည်ဆိုပါက ခက်ခဲလိမ့်မည်ဖြစ်သည်။ ဤလူသည် လျှပ်စီးစွ

မ်းအင်ကို အသုံးပြုခြင်းအားကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်းကို အာရှဗင်ကော

င်းစွာရိပ်မိ၏။

ဒုတိယထွက်ပေါက်တွင် ထူးဆန်းသည့် ချပ်၀တ်များ၀တ်ဆင်ထားကြသည့်လူသန်ကြီးနှ

စ်ယောက်ရှိနေကြသည်။ သူတို့ထဲမှ တစ်ယောက်သည် အမဲရောင်ဆံပင်များနှင့်ဖြစ်

ပြီးတစ်ယောက်သည် အဖြူရောင်ဆံပင်များနှင့်ပင်။ သူတို့၏တောင့်တင်းကြီးမားသော

ခန္ဓာကိုယ်များကြောင့်လက်သီး၀ှေ့ရမ်းလိုက်သည့်အချိန်တိုင်းတွင် နဂါးတစ်ကောင်ဟိ

န်းဟောက်သကဲ့သို့အသံများထွက်ပေါ်လာစေ၏။ ထို့အပြင်သူတို့၏သိုင်းကွက်များသည်

လည်းအဆင့်မြင့်လွန်းလှသည်။ ဤသိုင်းကွက်နှစ်ခုသည် ကြယ်တာရာများကဲ့သို့ပင်

ရှေးကျကာ လျို့၀ှက်ဆန်းကျယ်၏။

တတိယထွက်ပေါက်တွင် အာရှဗင်ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထပ်တွင်မြင်တွေ့ခဲ့ဖူး

သည့် လှပသော မှော်လေးသည်တော်ကောင်မလေးတစ်ယောက်ပင်။ လွန်ခဲ့သည့်တ

စ်လခန့်နှင့်နှိုင်းယှဥ်ကြည့်ပါက ဤကောင်မလေး၏အစွမ်းသည်လေးဆခန့်ပင်မြင့်တ

က်သွားပြီဟုဆိုနိုင်သည်။ မုန်တိုင်းကဲ့သို့သောမြှားချက်များနှင့်မြှားများပေါ်တွင်ရှိနေသည့်

မှော်စွမ်းအင်များသည် အာရှဗင်အားသူမသည် သိုင်းကွက်တစ်ခုကိုအသုံးပြုနေခြင်းမ

ဟုတ်ကြောင်းပြောနေ၏။ ထိခိုက်စေနိုင်မှုတို့ကို လေးသည်တော်ကောင်မလေး၏မှော်

စွမ်းအင်တစ်ခုထဲဖြင့်သာ ဖန်တီးနေခြင်းဖြစ်သည်။ သိုသော် ဤကောင်မလေးသည်

ပထမထွက်ပေါက်ကို ကာရံထားသည့် ဆံပင်အနီရောင်နှင့် စစ်သည်ထက်အားနည်း

သည့်ပုံမပေါ်ချေ။

စတုတ္ထထွက်ပေါက်တွင်မူ ခန့်ညားသည့်ဆံပင်ရွှေရောင်နှင့်ကောင်လေးတစ်ယောက်ရှိ

နေသည်။ ဤကောင်လေး၏ လေးအစွမ်းသည်အနုပညာလက်ရာတစ်ခုကဲ့သို့ပင်။

လေးနှင့်မြှားများကိုအသုံးပြပစ်ခတ်နေသည့်အချိန်တွင် သူသည် လရောင်အောက်တွင်

ကခုန်နေသည့် နတ်သူငယ်တစ်ကောင်ကဲ့သို့ပင်။ ပို၍အံ့သြဖွယ်ကောင်းသည်မှာ ဤလူ

ငယ်ပစ်လွှတ်လိုက်သည့်မြှားများတွင် မှော်စွမ်းအင်များမပါရှိခြင်းပင်။ ထိုအစားလျို့၀ှ

က်သည့်စွမ်းအင်တစ်ခုပါ၀င်နေ၏။ ထိုစွမ်းအင်သည် မည်ကဲ့သို့သောစွမ်းအင်ဖြစ်သည်ကို

အာရှဗင်မသိရှိချေ။ သို့သော် ထိုမြှားများသည် မည်သည့်ချပ်၀တ်၊ မည်သည့်စွမ်းအ

င်အကာရံကိုမဆိုထိုးဖောက်သွားနိုင်သကဲ့သို့ခံစားနေရ၏။ ကြယ်လေးလုံးအဆင့်စစ်သ

ည်၏စွမ်းအင်အကာရံများကပင် ထိုမြှားများကို ဟန့်တားနိုင်ခြင်းမရှိပေ။ ဤလူငယ်

၏ဘေးတွင် ခပ်၀၀လူတစ်ယောက်လဲရှိနေသေး၏။ ဤလူသည်အစွမ်းပြခွင့်မရ

သေးသော်လည်း သူ၏ပတ်၀န်းကျင်တွင် အေးစက်ပြီးကြောက်မက်ဖွယ်ခံစားချက်များ

ကိုထုတ်လွှတ်နေ၏။ ထိုလူသည်လည်းကောင်းမွန်သည့်စစ်သည်တစ်ယောက်ဖြစ်သည်မှဦ

ထင်ရှားလှသည်။

ထွက်ပေါက်လေးခုနှင့် ကျွမ်းကျင်စစ်သည်ခြောက်ယောက်ပင်။

ဤကဲ့သို့စွမ်းအားများနှင့်စစ်သည်များသည် မြို့တော်စိန့်ပီတာစဘာ့တ်တွင်ရှိသည့်ဆွေ

ကြီးမျိုးကြီးများ၊ တပ်ဖွဲ့ကြီးများ၏ကမ်းလှမ်းလာမှုတို့ကိုပင် ခံလာရနိုင်၏။

“ဘယ်အချိန်ကတည်းက ဘုရင်အလတ်ဇန္ဒားက ဒီလိုစစ်သည်တွေကို ပျိုးထောင်

ပေးလိုက်တာလဲ။ ဘယ်အချိန်ကတည်းက ချမ်းဘော့ဒ်တိုင်းပြည်က အဲ့လိုအထင်

ကြီးလောက်တဲ့စွမ်းအားတွေကို ပိုင်ဆိုင်သွားတာလဲ....”

စစ်မြေပြင်တွင် သေရေးရှင်ရေးအဖြစ်ပျက်များစွကြုံတွေ့ခဲ့ဖူးသည့် အာရှဗင်တစ်

ယောက်ပင်သူမြင်တွေ့နေရသည့်အရာများကြောင့်ထိတ်လန့်အံ့သြနေရ၏။

အံ့သြထိတ်လန့်မှုအပြင် အင်ပါယာထဲတွင် အလွန်အရှိန်၀ါကြီးမားသူတစ်ယောက်ဖြစ်

သည့် ဇီးနစ်စစ်ပွဲနတ်ဘုရားသည် ၀ေ၀ါးသည့်ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။

“ဒီလိုသာဆိုရင် ချမ်းဘော့ဒ်တိုင်းပြည်က ဇီးနစ်အင်ပါယာကိုရင်ဆိုင်နိုင်လောက်တဲ့အ

ထိကို အင်အားတောင့်တင်းလာနိုင်မလား...”

......

ကောင်းကင်ရံအမဲရောင်တိမ်တိုက်များပေါ်တွင်။

စကားများသည့် အင်ပါယာ၏နံပါတ်၁ခရီးသွားကဗျာဆရာမတ်-ရာဇီသည် အကြော

င်းတစ်စုံတစ်ရာကြောင့်စကားပြောနေခြင်းကို ရပ်တန့်လိုက်သည်။ သူသည် မျက်

လုံးများကိုကျဥ်းမြောင်းလိုက်ပြီး အောက်တွင်ရှိနေသည့်တိုက်ပွဲကို ကြည့်နေလျှက်ရှိသ

ည်။ သူသည် တိုက်ပွဲကိုအလွန်စိတ်၀င်စားလျှက်ရှိနေသဖြင့် ၀ိုင်သောက်ရန်ပင်မေ့

လျှော့နေတော့၏။ မီးတောက်များသည် ကြီးမားသည်ထက်ကြီးမားလာကာ သွေးစွန်း

ဂိုဏ်း၏နိဂုံးကိုပြသလျှက်ရှိသည်။ အဆုံးသတ်သွားသည်မှာ အနည်းငယ်ပင် မြန်ဆန်

လွန်းနေ၏။ ဤသည်မှာ မြန်ဆန်လွန်းလှသဖြင့် စကားများသည့် မတ်-ရာဇီကိုယ်တို

င်ပင် ဆွံ့အသွားသည်အထိပင်။

သို့သော် သူ၏ဘေးတွင်ရှိသည့်ခါဆစ်၏မျက်လုံးများမှာမူ လင်းလက်လျှက်ရှိသည်။

မတ်-ရာဇီထိုအရာကို သတိထားမိသွားသည်။

“မိတ်ဆွေဟောင်းကြီး။ ခင်ဗျားသဘောကျနေတယ်လို့ကျွန်တော်တော့ခံစားနေရတယ်။

ခင်ဗျားတကယ်ပဲအဲ့လိုလုပ်တော့မှာလား...” မတ်-ရာဇီမေးလိုက်သည်။

“အန်း...”

“ခင်ဗျားအခုချမ်းဘော့ဒ်တိုင်းပြည်က ခွန်အားကိုသိသွားပြီမလား။ အဲ့တာက အင်ပါ

ယာအတွက် ဘာအဓိပ္ပါတယ်ဆိုတာကိုရောခင်ဗျားသိတယ်မလား...”

“အန်း...”

“အဲ့လိုဆိုရင်တောင် ခင်ဗျားအဲ့တာကိုလုပ်ဦးမှာလား...”

“အချိန်...”

“အန်း...ဘ၀မှာ ထိန်းချုပ်လို့မရတာတွေအများကြီးရှိတာပဲ။ စွမ်းအားကြီးတော့

လဲဘာလုပ်လို့ရမလဲ။ ရာထူးကြီးတော့လဲ ဘာလုပ်လို့ရနိုင်တာမို့လို့လဲ။ လူတိုင်းက

လေးစားခံနေရရင်လဲ ဘာလုပ်လို့ရတာမို့လို့လဲ။ ဒါတွေက ကစားပွဲတစ်ခုပဲလေ။ စွ

မ်းအားအကြီးဆုံးလူတစ်ယောက်ကပဲ နောက်ဆုံးဆုလာဘ်ကိုရရှိသွားမာမလား...”

မတ်-ရာဇီသည် ဘ၀အကြောင်းကို ကဗျာစပ်ဆိုသကဲ့သို့ပြောလိုက်၏။

“၀ှစ်...”

ခါဆစ်ရွေ့လျားလိုက်သည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး

ညအမှောင်ထုထဲတွင် ကွယ်ပျောက်သွားတော့၏။

.....

.....

“ဒွီး...”

ဖှေးနတ်ဆိုးဘုရင်၏ဗဟုသုတများကို လှမ်းယူရန်ကြိုးစားလိုက်သည့်အချိန်တွင် ငွေစွ

မ်းအင်လှိုင်းများတုန်ခါသွားကာ မမြင်နိုင်သည့်အကာရံတစ်ခုသည် ဖှေး၏လက်ချော

င်းများကို တားဆီးထား၏။

ဤစွမ်းအင်အကာရံ၏တွန်းကန်အားမှာ အလွန်ပြင်းထန်လှသဖြင့် ဖှေးကိုယ်တိုင်ပင်

လုံး၀ထိုးဖောက်၍မရနိုင်ပေ။

ဤအချိန်တွင် လေပေါ်တွင်ပြန်၀ဲနေသည့်ကျောက်မီးအိမ်ခြောက်ခုရှိနေသည်ကိုလည်း

ဖှေးအံ့သြဖွယ်ပင် သတိထားလိုက်မိသည်။ မီးအိမ်များထဲတွင် လောင်စာများရှိနေခြင်း

မရှိသော်လည်း အစိမ်းရောင်မီးတောက်များသည် အထဲတွင် တောက်လောင်နေကြ၏။

ထိုကျောက်မီးအိမ်ခြောက်ခုအား အပေါ်တွင်သင်္ကေတများစွာထွင်းထုထားသည့် သံချိ

န်းကြိုးတစ်ခုနှင့်တွဲဆက်ထား၏။ သူတို့သည် နတ်ဆိုးဘုရင်၏အသိပညာစာအုပ်ကို လ

မှကမ္ဘာမြေကို ၀န်းရံထားသကဲ့သို့၀န်းရံထားကြ၏။

ဖှေး၏အာရုံစိုက်မှုများသည် စာအုပ်ပေါ်သို့သာကျရောက်နေသည့်အတွက် မီးအိမ်များနှင့်

သံချိန်းကြိုးတို့ကို ယခုအချိန်မှသာသတိထားမိသွားခြင်းဖြစ်သည်။

သူသည်စာအုပ်ကိုယူရန်အကြိမ်ပေါင်းများစွာကြိုးစားကြည့်သော်လည်း လုပ်နိုင်ခြင်းမရှိ

ပေ။

ဖှေးအကြံစည်များကို စဥ်းစားကြည့်ရင်းဖြင့်မျက်မှောင်ကြုံ့လိုက်သည်။ သူသည် ဤ

နေရာတွင်ရှိနေသည့်အရာအားလုံးကို ရယူရမည်ဖြစ်သည်။ ရွှေရောင်အရိုးစု၊ နတ်

ဆိုးဘုရင်၏ဗဟုသုတများစာအုပ်၊ ကျောက်မီးအိမ်များနှင့် သံချိန်းကြိုးများ၊ နံရံပေါ်တွ

င်ရှိနေသည့် ငွေရောင်သင်္ကတများ...ဤအရာအများအားလုံးကိုတစ်ခြားလူ၏လက်

ထဲသို့အရောက်ခံလို့မဖြစ်သောကြောင့်ပင်။

မကြာမှီတွင် သူအကြံတစ်ခုရရှိသွား၏။

“ဒွီ....”

သူသည်နတ်ဘုရားပေးသည့် အစွမ်းတစ်ခုဖြစ်သည့် ဆင့်ခေါ်ခြင်းကိုအသုံးပြုကာပေါ်

တယ်တစ်ခုကို ဖန်တီးလိုက်သည်။

သူသည် ထိုပေါ်တယ်အတွင်းသို့လမ်းလျှောက်၀င်သွားကာ သူပုန်စခန်းသို့ရောက်ရှိသွား

သည်။

လျို့၀ှက်ထူးဆန်းသည့်ကျောက်တုံးအခန်းသည် ဖှေးအားသူ၏အစွမ်းများပေါ်တယ်များ

အသုံးပြုခြင်းကို တားဆီးထားပုံမရချေ။ ထိုအရာသည် အောင်မြင်သွားသဖြင့် ဖှေး

သူ၏အစီစဥ်ကို ဆက်လက်၍အကောင်ထည်ဖော်နိုင်ပြီဖြစ်သည်။

ဤအစီစဥ်အလုပ်ဖြစ်ပါက သူသည် ဤကျောက်တုံးမြေအောက်ခန်းကို သူတစ်ယော

က်တည်းအတွက် အပိုင်သိမ်းထားနိုင်မည်ဖြစ်၏။

All Chapters