အပိုင်း(၁၂၉)-အဲလိုလုပ်ရမယ့်အချိန်မဟုတ်ဘူး
Vol. 002 Ch. 129
တစ်နေ့လုံးအပြင်တွင် အလုပ်ရှုပ်ခဲ့ပြီး ညမှသာ ရှီမာလိုင်အိမ်ပြန်လာခဲ့ရာ သူ့စိတ်တွင် စိုးရိမ်မှုများ ခံစားလာရသည်။
“အိမ်တော်ထိန်း သခင်လေးတွေဘယ်မှာလဲ”
အိမ်တော်ထိန်းသည် အပြင်မှနေကာ ပြောလိုက်သည် “စစ်သူကြီး၊ အကြီးဆုံးသခင်လေးနဲ့ ဒုတိယမြောက်သခင်လေးက လင်းချန်းနိုင်ငံကို ကင်းလှည့်သွားပါတယ်၊ သုံးယောက်မြောက်သခင်လေးကတော့ အိမ်မှာပါ၊ လေးယောက်မြောက်နဲ့ ငါးယောက်မြောက်သခင်လေးကတော့ ကျောင်းမှာပါ”
“သူတို့အားလုံးပြန်လာဖို့ခေါ်လိုက်” ရှီမာလိုင်ပြောလိုက်သည်။
အိမ်တော်ထိန်းသည် ရှုပ်ထွေးသွားကာ ရှီမာလိုင်အားကြည့်လိုက်သည်။ ဒီနေ့ ပုံမှန်မဟုတ်တဲ့ တစ်ခုခုများဖြစ်လို့လား၊ ဘာလို့ရုတ်တရက်ကြီး သူတို့အားလုံးကို လာဖို့ပြန်ခေါ်လိုက်တာလဲ။
“စစ်သူကြီး၊ အခုသွားခေါ်ရမှာလား”
“အင်း အခုသွား၊ အကြီးဆုံးသခင်လေးနဲ့ ဒုတိယမြောက်သခင်လေးကို ညတွင်းချင်းပြန်လာခိုင်းလိုက်” ရှီမာလိုင်ပြောလိုက်သည်။
ရှီမာလိုင် အလောကြီးနေသည်ကို ကြည့်ကာ အိမ်တော်ထိန်းသည် တစ်ခုခုဖြစ်နေပြီဆိုသည်ကို သိလိုက်သည်။ သူပြောလိုက်သည် “ဒီအစေခံအိုကြီးအခုသွားလိုက်ပါမယ်”
အိမ်တော်ထိန်းထွက်သွားသည်နှင့် ရှီမာလိုင်အိမ်တွင်ထိုင်သော်လည်း အထိတ်တလန့်ဖြစ်နေခဲ့သည်။ သူတစ်အိမ်လုံးကို လှည့်ပတ်နေခဲ့သည်။
အိမ်တော်ထိန်းပြန်လာကာ ပြောလိုက်သည် “စစ်သူကြီး၊ အကြီးဆုံးသခင်လေးနဲ့ ဒုတိယမြောက်သခင်လေးကို ခေါ်ဖို့လူလွှတ်ပြီးပါပြီ၊ သူတို့မနက်ဖြန်မနက်ကို ရောက်ပါလိမ့်မယ်၊ လေးယောက်မြောက်သခင်လေးကတော့ ပြန်လာပါပြီ၊ ငါးယောက်မြောက်သခင်လေးကတော့ တံခါးပိတ်ကျင့်ကြံနေတော့ သူ့ကို မမြင်မိပါဘူး”
“မင်း ယူယူကိုမမြင်ခဲ့ဖူးလား” ရှီမာလိုင်မေးလိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော်တို့သွားတော့ သခင်လေးကျူက ငါးယောက်မြောက်သခင်လေးက မှာထားပါတယ်တဲ့သူ လူသူမရှိတဲ့နေရာကိုသွားမှာမို့လို့ သူ့ကို မနှောင့်ယှက်ပါနဲ့ဆိုပြီးပြောထားတယ်တဲ့ သူကျင့်စဉ်မှာ အတိမ်းစောင်းမခံနိုင်တဲ့အဆင့်ရောက်နေလို့ ကျွန်တော်ထင်တယ်” အိမ်တော်ထိန်းပြန်ပြောလိုက်သည် “ဒါပေမယ့် သူသွားတာ နှစ်ရက်ရှိပြီဆိုတော့ ဒီအချိန်လောက်ဆို ပြန်ရောက်လောက်ပါပြီ”
“အင်း… မနက်ဖြန်မနက်ကို ထပ်သွားပြီးကြည့်ရမယ်၊ ငါးယောက်မြောက်သခင်လေးပြန်ရောက်ရင် ချက်ချင်းပြန်လာဖို့ခေါ်ရမယ်” ရှီမာလိုင်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ စစ်သူကြီး” အိမ်တော်ထိန်းသည် အမိန့်အားလက်ခံပြီးထွက်သွားတော့သည်။
နောက်နေ့မနက်တွင် ရှီမာယူယူမှလွဲ၍ ရှီမာယူမင်၊ ရှီမာယူရွှီ၊ ရှီမာယူရန်နှင့် ရှီမာယူလီတို့သည် ရောက်ရှိလာကြသည်။
“အဘိုး ၊ကျွန်တော်တို့ကို ချက်ချင်းပြန်လာဖို့ဘာလို့ခေါ်တာလဲ” ရှီမာယူမင်ပြောလိုက်သည်။
“ဟုတ်တယ်၊ ဘာတွေအဲလောက်အလောကြီးရတာလဲ၊ ကျွန်တော်တို့ ဆိုင်ကစာရင်းတွေမကိုက်လို့လား” ရှီမာယူရွှီပြောလိုက်သည်။
“ကျွန်တော်လည်း ဒီနေ့အတန်းရှိတယ်” ရှီမာယူလီပြောလိုက်သည်။
“မင်းတို့အားလုံး အင်ပါယာမြို့တော်ကနေ ချက်ချင်းထွက်သွားရမယ်၊ မင်းတို့တစ်နှစ်အတွင်း ပြန်မလာကြနဲ့” ရှီမာလိုင်ပြောလိုက်သည်။
“ဘာကြီး”
“ဘာလို့လဲ”
“အဘိုး”
“ထွက်သွားရမယ်ဟုတ်လား”
ရှီမာလိုင်ပြောလိုက်သည်ကို လေးယောက်သား ကြက်သေသေသွားကြသည်။ ဘေးတွင် ရပ်နေသော အိမ်တော်ထိန်းပင်လျှင် ရှီမာလိုင်အား တုန်လှုပ်စွာကြည့်နေခဲ့သည်။
“အင်း… မင်းတို့အထုပ်တွေပြင်ပြီး ခဏနေထွက်သွားတော့၊ မင်းတို့တစ်နှစ်အတွင်းပြန်လာလို့မဖြစ်ဘူး” ရှီမာလိုင်ပြောလိုက်သည်။
“အဘိုး၊ ဘာတွေဖြစ်နေတာလဲ၊ ကျွန်တော်တို့ကို ဘာလို့သွားစေချင်တာလဲ” ရှီမာယူရန်မေးလိုက်သည်။
“မင်းငါပြောတာကို လိုက်နာရမယ်” ရှီမာလိုင်သည် တည်ငြိမ်စွာပြောလေသည်။
“အဘိုး ကျွန်တော်တို့ကိုရှင်းမပြရင် ကျွန်တော်တို့မသွားနိုင်ဘူး” ရှီမာယူလီပြောလိုက်သည်။
“မင်းတို့အားလုံး အဘိုးကို ဒေါသထွက်စရာမလိုဘူး” ရှီမာလိုင်ဟောက်လိုက်သည်။
“အဘိုး ကျွန်တော်တို့ကို ရှင်းမပြရင် ကျွန်တော်တို့ထွက်သွားရင်တောင် စိတ်ဖြောင့်မှာမဟုတ်ဘူး” ရှီမာယူရန်ပြောလိုက်သည်။
“ဟူး…” ရှီမာလိုင်သက်ပြင်းချပြီး ပြောလိုက်သည် “မင်းတို့ကတော့လေ…. ကောင်းပြီ မင်းတို့ကို အကြောင်းပြချက်ကိုပြောပြမယ်….”
ရှီမာလိုင်သည် သူတို့မျိုးနွယ်၏ အကြောင်းကိုပြောပြ၍ သူ၏ စိတ်ထင့်နေမှုကိုလည်းပြောပြလိုက်သည်။
“အဘိုး ကျွန်တော်တို့မျိုးနွယ်ကလူတွေက ဒီကိုရောက်နေလောက်တယ်လို့ အဘိုးပြောတာလား” ရှီမာယူမင်သည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုကဲ့သို့ သမိုင်းကြောင်းရှိခဲ့လိမ့်မည်ကို သူမထင်ခဲ့ပေ။
“မနေ့က ငါခံစားရတာ တကယ်လေးနက်တယ်၊ သူတို့မကြာခင်ပဲရောက်လာတော့မယ်လို့ ငါခံစားရတယ်” ရှီမာလိုင်ပြောလိုက်သည် “သူတို့တွေက ရှီမာမျိုးနွယ်ရဲ့ မျက်နှာဖုံးတွေပဲ မင်းတို့အားလုံး သေချာပေါက်ထွက်သွားရမယ်၊ တစ်ခုခုဖြစ်လာရင် အဲဒါကပဲထွက်ပေါက်ဖြစ်မှာပဲ”
“အဘိုး ညီလေး၅ကိုဘယ်လိုလုပ်မလဲ” ရှီမာယူရန်မေးလိုက်သည်။
“ကျောင်းမှာပဲရှိသေးတယ်၊ တံခါးပိတ်ကျင့်ကြံနေတယ်၊ သူထွက်လာတာနဲ့ ခေါ်ဖို့လူလွှတ်ထားတယ်၊ သူလည်း ချက်ချင်းထွက်သွားရမှာပဲ” ရှီမာလိုင်ပြောလိုက်သည် “တော်ပြီ အချိန်ဖြုန်းလို့မဖြစ်ဘူး၊ မင်းတို့ချက်ချင်းထွက်သွားရမယ်”
“ဒါပေမယ့် အဘိုး အဲလူတွေတကယ်ရောက်လာရင် အဘိုးကို အိမ်မှာတစ်ယောက်ထဲထားခဲ့ရတာ ကျွန်တော်တို့ ဘယ်လိုလုပ် စိတ်ဖြောင့်မလဲ….” ရှီမာယူလီသည် ထွက်မသွားချင်ပဲ နေခဲ့ကာ ရှီမာလိုင်အားစောင့်ရှောက်နေချင်ခဲ့သည်။
“မဖြစ်နိုင်ဘူး” ရှီမာလိုင် ရုတ်တရက်အော်လိုက်သည် “အဲလူတွေတကယ်ရောက်လာခဲ့ရင် မင်းလက်ရှိစွမ်းအားနဲ့ သူတို့ရဲ့ ပြိုင်ဘက်ဖြစ်မယ်ထင်လား၊ အကြည့်တစ်ချက်နဲ့တင် မင်းမလှုပ်ရှားနိုင်ဖြစ်သွားမယ်၊ မင်းဘယ်လိုလုပ် သူတို့ကို ရင်ဆိုင်မလဲ၊ မင်းအသက်နဲ့လား”
“ဒါပေမယ့် သူတို့လာမယ်ဆိုတာ မသေချာ….” ရှီမာယူလီသည် ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့်ပြောလေသည်။
“အဘိုး ကျွန်တော်တို့နဲ့ ဘာလို့မလိုက်ခဲ့တာလဲ” ရှီမာယူရန်မေးလိုက်သည်။
“ငါက နိုင်ငံရဲ့ စစ်သူကြီးပဲ၊ မင်းတို့အားလုံးနဲ့ ဘယ်လိုလုပ်လိုက်ရမလဲ” ရှီမာလိုင်ခေါင်းခါလိုက်သည် “ဘာပဲဖြစ်ဖြစ် ပြန်မလာရဘူးဆိုတာ မင်းတို့အားလုံးမှတ်ထားပါ၊ အရေးအကြီးဆုံးက မင်းတို့အသက်ပဲ နားလည်လား”
“ကျွန်တော်တို့နားလည်ပါတယ် အဘိုး”
“တော်ပြီ မင်းတို့အတွက်ပစ္စည်းတွေကို ပြင်ပေးထားတယ်၊ တစ်ယောက်ချင်းစီ မှော်ဝင်လက်စွပ်ယူပြီးသွားတော့” ရှီမာလိုင်ပြောပြီးသည်နှင့် မှော်ဝင်လက်စွပ်လေးကွင်းအားထုတ်လိုက်သည်။
သူတို့လေးယောက်သည် ရှေ့ထွက်ကာ မှော်ဝင်လက်စွပ်အားယူပြီး သွေးများကို ထည့်လိုက်လေသည်။
ရှီမာလိုင် သူတို့လေးယောက်အားခေါ်က အပြင်ထွက်သည်နှင့် ရုတ်တရပ် စွမ်းအားအလုံးလိုက်အားခံစားမိကာ ချက်ချင်းပင် ကောင်းကင်ကိုမော့ကြည့်ပြီးပြောလိုက်သည်။
“သူတို့လာနေပြီ”
ရှီမာလိုင်ပြောပြီးသည်နှင့် စွမ်းအားပေါက်ကွဲမှုသည် မြိုု့တော်အပြင်မှ လွင့်ပျံလာသည်။
“မြန်မြန်ပြေးတော့” ရှီမာလိုင်သည် ဘေးတွင်ရှိသော ရှီမာယူမင်အားအလောတကြီးတွန်းလိုက်သည်။
“ဟားဟား မင်းပြေးချင်တာလား၊ နောက်ကျသွားပြီ” ပြင်းထန်သောအသံကြားရချိန်တွင် အင်ပါယာမြို့တော် တစ်မြို့လုံးသည် ကြက်သေသေသွားကြသည်။
ရှီမာလိုင်သည် စစ်သူကြီးအိမ်တော်အပေါ်တွင် ပျံတက်သွားကာ လူတစ်စုသည် သူ့အား ကြည့်နေခဲ့ကြသည်။ သူတို့မျက်နှာအမူအရာသည် တည်ကြည်လေးနက်မှုရှိမနေခဲ့ပေ။
သန်မာသော ကျွမ်းကျင်သူတို့ရောက်ရှိနေခြင်းကိုခံစားမိ၍ မြို့တော်မှ လူများသည် အပြင်သို့ထွက်ကာ ကြည့်ကြလေသည်။
“ရွှတ်”
“ရွှတ်”
ပုံရိပ်နှစ်ခုသည် လျင်မြန်စွာပင် လေထဲတွင် ရောက်လာကြသည်။ ထိုသူတို့မှာ ကျောင်းအုပ်ကြီနှင့် အင်ပါယာနန်းတော်မှ ကိုယ်ရံတော်တို့ဖြစ်ကြသည်။
ရှီမာလိုင်အားမြင်သည်နှင့် ကျောင်းအုပ်ကြီးသည် ပျံကာမေးလိုက်သည် “ဘာဖြစ်တာလဲ၊ ဝိညာဉ်အုပ်ချုပ်သူသုံးယောက်နဲ့ သူတော်စင်ဝိညာဉ်တွေရဲ့ ရောင်ဝါတွေပဲ… အဲလာတဲ့သူတွေက ဘယ်သူတွေလဲ”
ရှီမာလိုင် ကျောင်းအုပ်ကြီးအားကြည့်ကာပြောလိုက်သည် “ဒါက ငါတို့ရှီမာမျိုးနွယ်နဲ့ပတ်သတ်တဲ့ ပြဿနာပဲ မင်းနဲ့ လူအိုကြီး ဟွောင်တို့ဝင်မပါကြနဲ့”
ထို လူကြီးဟွောင်သည် ပုံမှန်ဆိုဝင်မပါတတ်ပါ၊ ရှီမာလိုင်ပြောသည်ကို ကြားသည်နှင့် ဝေးဝေးတွင်မတ်တတ်ရပ်လိုက်သည်။
“လိုင်…”
ရှီမာလိုင် လက်စွပ်ကို ထုတ်ကာပြောလိုက်သည် “ဒီဟာကို ယူယူကိုပေးပေး၊ သူမထွက်လာလို့ဖြစ်ဘူး၊ မင်းပြန်တော့”
ကျောင်းအုပ်ကြီးသည် လက်စွပ်အားယူကာ ဘေးသို့ပျံလိုက်သည် သို့သော် သူထွက်မသွားပေ။ သူအဝေးတွင် မတ်တတ်ရပ်ကာ စောင့်ကြည့်နေလိုက်သည်။
ရှီမာလင်းသည် ရှီမာခိုင်နှင့်တခြားသူများနှင့်အတူ အင်ပါယာမြိုု့တော်သို့လျင်မြန်စွာရောက်လာကြကာ လေတွင်ပျံတက်လိုက်ကြသည်။ ရှီမာလိုင်အားမြင်သည်နှင့် ရှီမာခိုင်သည် အံ့သြသွားကာ ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်သည် “မင်းတကယ်မသေဘူးကိုး”
ရှီမာလင်း၊ ရှီမာခိုင်နှင့် ရှီမာရှင်းတို့သုံးယောက်သည် သူတော်စင်ဝိညာဉ်များဖြစ်ကြသည်။ သူခေါင်းငုံ့ကာ အိမ်ထဲတွင်ရှိသော ရှီမာယူမင်နှင့် တခြားသုံးယောက်ကို ကြည့်လိုက်သည်။ သူဆုံးဖြတ်ချက်လျင်မြန်စွာချလိုက်သည်။
“ရှီမာလိုင် အဲအချိန်တုန်းက မင်းအပြစ်ပေးတာကို ရှောင်ပြီးလွတ်သွားခဲ့တယ်၊ မျိုးနွယ်က အားထုတ်ပေမယ့် မင်းကို ဖမ်းမမိခဲ့ဘူး၊ ဒီလိုနေရာမျိုးမှာ လာပုန်းနေလိမ့်မယ်လို့ငါမထင်ထားဘူး” ရှီမာခစ်ည် ရှီမာလိုင်အား နှစ်မြို့ဖွယ်မကောင်းသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။
သူတို့မလာခင်တွင် သူ ရှီမာခိုင်နှင့် တိုင်ပင်ပြီးသားဖြစ်သည်။ ဘယ်လိုပင်ဖြစ်ပါစေ သူ့အား အလွတ်မပေးပဲ မျိုးနွယ်ဆီသို့ အသက်ရှင်လျက်မပြန်ဟု… ဖြစ်နိုင်လျှင် သူတို့အားလုံးအားနေရာတွင် အမျိုးဖြုတ်ခဲ့မည်။
ရှီမာခိုင်သည် လူသတ်ချင်စိတ်ပြင်းပြသော မျက်လုံးများဖြင့် ရှီမာလိုင်အားကြည့်လိုက်သည်။ သူသည် ခြေခြောက်ချောင်းကြွက်နတ်ဆိုးရဲ့ အကိုက်ခံရတာတောင်မှ အသက်ရှင်နိုင်တာ၊ သူ့ရဲ့ အားကို အသိအမှတ်ပြုရမှာပေါ့။ သူထိုအကြောင်းအား ထုတ်ဖော်ခွင့်မပြုနိုင်ပါ၊ ဒါမှမဟုတ်ရင်…..